လူငယ်တစ်ဦးအား သတင်းအရစစ်ဆေးရှာဖွေရာမှ သိန်းငါးရာကျော်တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများ မန်းမှာ ဖမ်းဆီးရမိ

လူငယ်တစ်ဦးအား သတင်းအရစစ်ဆေးရှာဖွေရာမှ သိန်းငါးရာကျော်တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများ မန်းမှာ ဖမ်းဆီးရမိ ~~~~~~~~~~~~~~~~~~~~~~~~ မန္တလေး ဇွန် ၁၄ စောမွန်လှ ဘုရားနားမှာ ရပ်ပြီးစောင့်ဆိုင်းနေတဲ့ အသက်နှစ်ဆယ်ကျော်အရွယ်လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က သတင်းအရစစ်ဆေးရှာဖွေခဲ့ရာမှ ငွေကျပ်သိန်းငါးရာ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးဝါးတွေ ဖမ်းဆီးရမိလိုက်တဲ့ဖြစ်စဉ်တစ်ခု ယမန်နေ့က မန္တလေးမြို့မှာဖြစ်ပွားခဲ့ပါတယ်။ ယမန်နေ့(ဇွန် ၁၃ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းအပိုင်နယ်မြေ၊ အောင်ပင်လယ် ရပ်ကွက်၊ မန္တလေး-လားရှိုးလမ်း၊ စောမွန်လှဘုရားအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ ရဲအုပ်ကျော်မြင့်ထွန်း၊ ရဲအုပ်အောင်ဇေမျိုး၊ ရဲအုပ်ရွှေထန်း၊ ရဲဒုတပ်ကြပ်အောင်မျိုးခိုင်၊ ရဲတပ်သားပြည့်ဖြိုးကျော်တို့ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေရပ်ကွက်အုပ်ချုပ် ရေးမှူးတွေနဲ့အတူ အဲဒီမသင်္ကာဖွယ်ရာလူငယ်ကို သတင်းအရစစ်ဆေးရှာဖွေခဲ့တာမှာ စိတ်ကြွရူးသွပ်ဆေးပြားပေါင်းတစ်သောင်းကျော်နဲ့အတူ ဖမ်းဆီး နိုင်ခဲ့တာဖြစ်တယ်လို့ ရဲစခန်းတာဝန်ကျသူတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။ ရှာဖွေစစ်ဆေးမှုအရ ၄င်းလွယ်ထားတဲ့ကျောပိုးအိတ်အတွင်း အဖြူရောင်ကြွပ်ကြွပ်အိတ်နဲ့ထည့်ထားတဲ့ 88 […]

Continue Reading

ဝေါမြို့နယ်အတွင်း မိုးသည်းထန် လေပြင်တိုက်ခတ်မှုကြောင့် နေအိမ်အချို့ပြိုကျပျက်စီး လူ၂ဦးထိခိုက်ဒဏ်ရာရ

ဝေါမြို့နယ်အတွင်း မိုးသည်းထန် လေပြင်တိုက်ခတ်မှုကြောင့် နေအိမ်အချို့ပြိုကျပျက်စီး လူ၂ဦးထိခိုက်ဒဏ်ရာရ ********************** ဝေါ ဇွန် ၁၆ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ကံမြင့်ကျေးရွာ ၊ ကျုံရဲကျေးရွာနှင့် ဘုရာပျိုကျေးရွာ တို့တွင် ဇွန်လ(၁၄)ရက်နေ့ နံနက်၈ နာရီခန့်က မိုးသည်းထန် လေပြင်းထန်စွာတိုက်ခတ်မှုကြောင့် နေအိမ်အချိုပျက်စီးကာ လူနှစ်ဦး ထိခိုက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ မိုးသည်းထန်လေပြင်းတိုက်ခတ်မှုကြောင့် ကံမြင့်ကျေးရွာတွင် လူနေအိမ်(၅)အိမ် လဲပြိုကာ အမိုးလန်(၃)အိမ်ကံမြင့်(မူလွန်)ကျောင်း အမိုးလန်ကျောင်းခြံစည်းရိုး အုတ်တိုင် ကျိုးပျက်မှု ဖြစ်ပွားခဲ့ပြီး ကံမြင့်ကျေးရွာနေ ဒေါ်တင်ကြည် (၈၆)နှစ် ကျောရင်ဘက်အောင့်ဒဏ်ရာ နှင့် ဦးအောင်ကျော် အသက်(၈၀)နှစ် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိကာ ဝေါမြို့နယ်ဆေးရုံးဆေးကုသခံယူခဲ့ရပြီး ကျုံရဲ့ကျေးရွာ လူနေအိမ်(၂)အိမ်လဲပြိုမှုနှင့် အမိုးလန်(၂)အိမ်ဖြစ်ပွားခဲ့ ဘုရာပျိုကျေးရွာ လူနေအိမ် ၀ါးတဲအိမ်(၁) အိမ် လဲပြိုမှုနှင့် အမိုးလန်(၂)အိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ မိုးသည်းထန် လေပြင်းတိုက်ခတ်မှုကြောင့် […]

Continue Reading

ကျရှုံးသူမရှိတဲ့ စာမေးပွဲ

လောကီအတန်းစာမေးပွဲတွေ ဖြေတိုင်း ဂေဇက်ထွက်တဲ့အခါ အောင်ရှုံးဆိုတာ ရှိပါတယ်။ လောကုတ္တရာ ဗုဒ္ဓစာပေ စာမေးပွဲတွေမှာတော့ မအောင်တာပဲ ရှိတယ်။ ကျရှုံးတယ်ဆိုတာ မရှိပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ အဆုံးအမ ပိဋကတ်စာပေတွေဟာ တစ်ပိုဒ် တစ်ပုဒ်သည်ပင် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ အရှင်သာရိပုတ္တရာဟာ အရှင်အဿဇိရဟန်းမြတ်ထံမှ ယေ ဓမ္မာ ဟေတုပ္ပဘဝါ ဂါထာနှစ်ပိုဒ်ဖြင့် ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ ကိလေသာကို အောင်ပွဲခံ၍ သောတာပန်အရိယာဖြစ်ခဲ့ရတယ်။ လက်ဝဲတော်ရံ အရှင်မောဂ္ဂလာန်ကတော့ ထိုဂါထာတစ်ပုဒ်လုံးဆုံးမှ သောတာပန်အောင်ပွဲ ရခဲ့တယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက စာပေရဲ့ တန်ဖိုးကို သတ်မှတ်ရာမှာ ကိလေသာအပူကို မငြှိမ်းသတ်နိုင်သော ဘာသာရပ်ပေါင်း ထောင်ဂဏန်းထက် ကိလေသာအပူကို ငြှိမ်းသတ်နိုင်သော မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ဂါထာတစ်ပုဒ်က သာလွန်မြင့်မြတ် တန်ဖိုးကြီးတယ်လို့ ဟောကြားတော်မူပါတယ်။ […]

Continue Reading

ချစ်နှမခြင်း သားခြင်းစာနာ၍ပြောခြင်းမှတ်ပါ နားထဲကို အဆင်မပြေတာလေးတွေကြားနေရလို့ ဝင်ငံပါရစေ……

ချစ်နှမခြင်း သားခြင်းစာနာ၍ပြောခြင်းမှတ်ပါ နားထဲကို အဆင်မပြေတာလေးတွေကြားနေရလို့ ဝင်ငံပါရစေ…… အခု Sex Gp တွေထဲမှာပြန့်နေတဲ့…တပ်မတော် ကစစ်မေတစ်ယောက်ရဲ့ အဖော်အချွတ်နဲ့ ပတ်သက်လို့ပါ…. ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်မှာ ၂ဖက်စလုံးကို အရေးယူဖို့တွေ ရှိနေတယ်လို့ ကြားရတာတွေ ရှိပါတယ်… စစ်စည်းကမ်းတွေ အသာဘေးချိတ်လို့ တကယ်တမ်း အနစ်နာဆုံးသူဟာ အဲဒီမိန်းကလေးပါ…ဖို/မ သဘာဝအရ sex chat တယ်ဆိုတာ သူ့ privacy ပါ…ဒါကို ချိုးဖောက်ပြီး လိုင်းပေါ်တင်တဲ့ သူနဲ့ လိမ်လည်သူကသာ…အပြစ်လုံးဝရှိသူဖြစ်ပါတယ် ဒါကို ကိုယ်ရွတာ ကိုယ်ခံဆိုတဲ့ ကိုယ်ချင်းမစာမနာ ပြောသူတွေကို စောက်ရှက်တစ်ခါလောက်ကွဲဖူးစေချင်ပါတယ်…အခုလို အသံလေးတွေထွက်လာမလားလို့ပေါ့….ဒီလိုပြောသူအများဆုံးဟာ..ဖိုဝါဒီသမားတွေ အများဆုံးပါပဲ… အရှင်းဆုံး ပုံစံနဲ့ နားလည်ရမှာတွေရှိပါတယ်… လူတစ်ယောက်က လိင်စိတ်ကိုခံစားတာ အပြစ်ရှိတယ်လို့…ပြောလို့မရပါဘူး….လွန်ကဲတယ် ထန်တယ် ပိုတယ် လို့ပြောရလောက်အောင်…ဘယ်လိုအခြေအနေမျိုးက လွန်တယ် မလွန်ဘူး […]

Continue Reading

ဒီစာလေးကို စိတ်အရမ်းညစ်နေတဲ့ သူတွေ လက်ရှိ အခြေအနေ တစ်ခုမှာ အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးပေးထားလို့  ဖတ်ကြည့်စေချင်ပါတယ်။

ဒီစာလေးကို စိတ်အရမ်းညစ်နေတဲ့ သူတွေ လက်ရှိ အခြေအနေ တစ်ခုမှာ အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးပေးထားလို့  ဖတ်ကြည့်စေချင်ပါတယ်။ =========================== ” လောက ” မှာ… ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း ” ကိုယ်ပါပဲ ” ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း ” ကိုယ်ပါပဲ ” ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း ” ကိုယ်ပါပဲ ” ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း ” ကိုယ်ပါပဲ ” ” အဓိက ” က ကိုယ့်ရဲ့ ” စိတ် ” ပါပဲ စိတ် […]

Continue Reading

မန္တလေး အိမ်တော်ရာဆင်တံဆိပ်သင်္ကန်းတိုက်မီးလောင်ခဲ့

မန္တလေး အိမ်တော်ရာဆင်တံဆိပ်သင်္ကန်းတိုက်မီးလောင်ခဲ့ ————————————– မန္တလေးမြို့ ၂၇လမ်းနဲ့ ၂၈လမ်းကြား၊ ၈၆လမ်းနဲ့ ၈၇လမ်းကြား အိမ်တော်ရာ ဆင်တံတားထိပ်က ဆင်တံဆိပ်သင်္ကန်းတိုက်မှာ ဇွန်လ၁၄ရက် မနက် ၂နာရီ ၃၅မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးခရိုင် မီးသတ်ဦးစီးဋ္ဌာနရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။ မီးလောင်မှုကို မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးစီးပြီး မီးငြိမ်းသတ်ခဲ့တယ်လို့သိရပါတယ်။ တာဝန်ရှိသူတွေက မီးလောင်မှုကို စစ်ဆေးခဲ့ရာ ၂၀×၁၅ပေရှိ နံကပ် ၂ထပ် ပျဉ်ခင်း နေအိမ်အတွင်း သွယ်တန်းထားတဲ့ ဟောင်းနွမ်းဆွေးမြည့် ဝါယာကြိုးတွေရဲ့လျှပ်စီး ပတ်လမ်းတိုတောင်းရာကနေ ရှော့ဖြစ်ပြီး လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပျက်စီးဆုံးရှုံးမှုအနေနဲ့ ၁၀ ×၁၅ပေ နံကပ်ပျဉ်ခင်း နှစ်ထပ်ဆိုင်ခန်း၂ ခန်းနဲ့ သင်္ကန်း ပရိက္ခရာတွေ စုစုပေါင်း တန်ဖိုးအနေနဲ့ ကျပ် ၇သိန်းခန့် ပျက်စီးခဲ့တယ်လို့ […]

Continue Reading

(ကောင်းလွန်းလို့ တင်ပေးလိုက်ပါတယ် ။ ဖတ်ဖြစ်အောင် ဖတ်ပါ ။ ဖတ်ပြီးရင် ပြန်လည် မျှဝေပေးပါ )

(ကောင်းလွန်းလို့ တင်ပေးလိုက်ပါတယ် ။ ဖတ်ဖြစ်အောင် ဖတ်ပါ ။ ဖတ်ပြီးရင် ပြန်လည် မျှဝေပေးပါ ) တစ်နေ့မှာ လယ်သမားတယောက်ရဲ့ မြည်းဟာ ရေတွင်းပျက်ထဲ ပြုတ်ကျပါရော ။ မြည်းက စနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲဆိုတာ အကြံထုတ်နေခဲ့တယ် ။ မြည်းဟာ အိုနေပြီ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့လိုနေပြီ ၊ ဒါကြောင့်မြည်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ် ။ လယ်သမားဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီတောင်းခဲ့တယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြားကိုယ်ဆီကိုင်ပြီး ရောက်လာကြတယ် ။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ကြတယ် ။ ပထမတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ်ဆိုတာသိပြီး […]

Continue Reading

ဧရာဝတီတိုင်းတွင် မိုးကြီး၍ ကျောင်း ၇၀ နီးပါး ယာယီပိတ်

ဧရာဝတီတိုင်းတွင် မိုးကြီး၍ ကျောင်း ၇၀ နီးပါး ယာယီပိတ် ဧရာဝတီတိုင်း အင်္ဂပူ၊ ထူးကြီး၊ ကြံခင်း၊ မယ်ဇလီ၊ ဘက်ရဲစသည့် မြို့ ၅ မြို့တွင် ဇွန်လ ၁၁ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးနစ်မြုပ်ရာမှ စာသင်ကျောင်း ၇၀ နီးပါး ယာယီပိတ်ထားရကြောင်း ဧရာဝတီတိုင်း အစိုးရထံမှ သိရသည်။ တောင်ကျရေစီးဆင်းလာမှုကြောင့် ကြံခင်း၊ ဘက်ရဲ၊ အင်္ဂပူမြို့နှင့် အနီးဝန်းကျင် ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ကာ ဇွန်လ ၁၂ ရက်မှစ၍ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်းနှင့် မူလတန်းကျောင်း ၆၂ ကျောင်း စုစုပေါင်း ၆၉ ကျောင်းကို ယာယီပိတ်ထားရကြောင်း ဧရာဝတီတိုင်းဒေသကြီး […]

Continue Reading

ဖျာပုံတွင် ပင်လယ်ဒီရေလှိုင်းတိုက်စားမှုကြောင့် နေအိမ်(၁၉)လုံး ထပ်ပြို၊ သုံးရက်အတွင်း နေအိမ် (၃၉)လုံး ပျက်စီးဆုံးရှုံး

ဖျာပုံတွင် ပင်လယ်ဒီရေလှိုင်းတိုက်စားမှုကြောင့် နေအိမ်(၁၉)လုံး ထပ်ပြို၊ သုံးရက်အတွင်း နေအိမ် (၃၉)လုံး ပျက်စီးဆုံးရှုံး —— —— —— —– —– ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စုအတွင်း ပင်လယ်ကမ်းခြေ ကျေးရွာများတွင် ဇွန် (၁၄)ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က အနောက်တောင်မုတ်သုန်လေ တိုက်ခိုက်မှုကြောင့် ပင်လယ်ဒီရေလှိုင်းမြင့်တက်ပြီး နေအိမ် (၁၉) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၁) လုံး ရွှေ့ပြောင်းခဲ့ရကြောင်း သတင်းရသည်။ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတွင် နေအိမ် (၆)လုံး၊ ဘုရားလေးစုကျေးရွာမှာ နေအိမ် (၂)လုံး၊ ဗန်ဒါပင်ကျေးရွာတွင် နေအိမ် (၁)လုံး၊ ပက်ပြဲအေးကုန်းကျေးရွာတွင် နေအိမ် (၁၀)လုံး ပြိုကျပျက်စီးပြီး ပြောင်းရွေ့နေအိမ် (၁)လုံး စုစုပေါင်း […]

Continue Reading

တရားသိလျက် အကျင့်ခက်ဆိုတာ သိတော့သိတယ်။

တရားသိလျက် အကျင့်ခက် ◈◈◈◇◇◈◈◈◇◇◈◈◈◇◇◈◈◈◇◇◈◈◈◇◇◈◈◈◇◇◈◈◈◇◇ တရားသိလျက် အကျင့်ခက်ဆိုတာ သိတော့သိတယ်။ သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ မလွယ်ကူဘူးတဲ့။ သိတယ်ဆိုတဲ့နေရာမှာ သင်ထားလို့သိတဲ့ အသိက တစ်မျိုးပေါ့။ လက်တွေ့ကျင့်သုံးပြီး သိတဲ့အသိက တစ်မျိုးဖြစ်တယ်။ အဲဒီ ၂-မျိုးထဲမှာ သင်ထားလို့သိတဲ့ အသိက လက်တွေ့ကျင့်သုံးပြီးတော့ သိတဲ့အသိလောက် ခိုင်မာမှု, ရင့်ကျက်မှု မရှိဘူးတဲ့။ ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့ မကျင့်နိုင်ကြတာလဲ?ဆိုတော့ မကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေ လွှမ်းမိုးမှုက အားကောင်းပြီးတော့ အသိဥာဏ်က အားပျော့ သေးသိမ်နေလို့ပဲ ဖြစ်တယ်။ အကယ်၍သာ အသိဥာဏ်က လွှမ်းမိုးသွားမယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့်ခက်စရာ မရှိတော့ဘူးတဲ့။ သိတဲ့အတိုင်း […]

Continue Reading