FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှု တရားခံကို သေဒဏ်ချမှတ်

FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှု တရားခံကို သေဒဏ်ချမှတ် ရန်ကုန်၊ ဇွန် ၂၂ FDA ဝန်ထမ်းအမျိုးသမီးကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ Taxi ယာဉ်မောင်း မျိုးဇော်ဦးကို တရားရုံးကနေ ဒီကနေ့ သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒီကနေ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ရာမှာ အခုလို သေဒဏ်ချမှတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ မျိုးဇော်ဦးဟာ ပုဒ်မ ၃၀၂(၁)(ဂ) တို့နဲ့ တရားစွဲဆိုခံထားရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၁ ရက်နေ့က FDA ၀န်ထမ်း အမျိုးသမီး မရွှေရည်ဝင်း ဟာ အိမ်အပြန်ခရီးမှာ TAXI ငှားစီးရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ မရွှေရည်ဝင်းရဲ့အလောင်းကို ဒဂုံမြောက်ပိုင်း ငမိုးရိပ်ချောင်းကူးတံတားအနားမှာ မုဒိန်းပြုကျင့်အသတ်ခံထားရတဲ့လက္ခဏာတွေနဲ့ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စတင်အရေးယူတဲ့အခါတုန်းကတော့ မျိုးဇော်ဦးကို မုဒိန်းပြုကျင့်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပေမယ့် နောက်ပိုင်း မုဒိန်းပြုကျင့်ကြောင်းသက်သေမခိုင်လုံတာကြောင့် …

FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှု တရားခံကို သေဒဏ်ချမှတ်Read More »

အွန်လိုင်းဘောလုံးလောင်းကစား ထပ်ဆင့်လွှင့်စက်တပ်ဆင်သူနှင့် ပါဝင်ပတ်သက်သူများကို ထိုင်းနိုင်ငံက ဥပဒေနှင့်အညီ အရေးယူသွားမည်

အွန်လိုင်းဘောလုံးလောင်းကစား ထပ်ဆင့်လွှင့်စက်တပ်ဆင်သူနှင့် ပါဝင်ပတ်သက်သူများကို ထိုင်းနိုင်ငံက ဥပဒေနှင့်အညီ အရေးယူသွားမည် ============================== မယ်ဆိုင် ဇွန် ၂၁ ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဆိုင်မြို့၌ မြန်မာနိုင်ငံဖက်သို့ အွန်လိုင်းဘောလုံး လောင်းကစားသမားအား ဆက်သွယ်ထားသည့် အင်တာနက်အွန်လိုင်းနှင့် ထပ်ဆင့်လွှင့်စက်ကိရိယာ တပ်ဆင်သူ ထိုင်းနိုင်ငံသားနှင့် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်း ၂၁ ရက် ထိုင်းနိုင်ငံနေ့စဉ်ထုတ် ဒေးလီးနယူးစ်သတင်းစာဖော်ပြချက်အရသိရသည်။ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲ့၊ ဖါမိန်းအထူးလှုပ်ရှားတပ်မ လက်အောက်ခံတပ်ဖွဲ့နှင့် အစိုးရတယ်လီဖုန်း ဆက်သွယ်ရေး ဌာနမှ တာဝန်ရှိသူများက မြန်မာ-ထိုင်းနယ်စပ်မှ တစ်ကီလိုမီတာခန့်ရှိ မယ်ဆိုင်မြို့ပေါ် ၄ ထပ်တိုက်ခန်း တစ်ခုအား သတင်းအရဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ ၄င်းတိုက်ခန်းတွင်နေသူ ထိုင်းနိုင်ငံသား နိုင်းခဝမ်နရုန် ဆိုသူအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ …

အွန်လိုင်းဘောလုံးလောင်းကစား ထပ်ဆင့်လွှင့်စက်တပ်ဆင်သူနှင့် ပါဝင်ပတ်သက်သူများကို ထိုင်းနိုင်ငံက ဥပဒေနှင့်အညီ အရေးယူသွားမည်Read More »

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲကို ယူရိုငွေ ၂၅၉၈၂၃၉ ဖြင့် ရောင်းချနိုင်ခဲ့

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲကို ယူရိုငွေ ၂၅၉၈၂၃၉ ဖြင့် ရောင်းချနိုင်ခဲ့ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ နေပြည်တော် ဇွန် ၂၁ ၂ဝ၁၈ ခုနှစ် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲကို ယူရိုငွေ ၂၅၉၈၂၃၉ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ အခြေခံဈေးယူရိုငွေ ၅ဝဝ နှင့်အထက် တန်ဖိုးသတ်မှတ် ထားသည့် ပုလဲ အတွဲပေါင်း ၃၆ဝ ကို ဇွန် ၂ဝ ရက်နှင့် ၂၁ တို့တွင် နေပြည်တော်ရှိ မဏိ ရတနာကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေး ခဲ့ခြင်းဖြစ် သည်။ ယခုပြပွဲတွင် အမြင့်ဆုံးဈေးရရှိခဲ့သည့် ပုလဲအတွဲ၏ တန်ဖိုး မှာ …

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲကို ယူရိုငွေ ၂၅၉၈၂၃၉ ဖြင့် ရောင်းချနိုင်ခဲ့Read More »

တမလန်းသစ်များ တင်လာသည့် ကိုယ်ပိုင်ယာဉ်တစ်စီးကို (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိ

တမလန်းသစ်များ တင်လာသည့် ကိုယ်ပိုင်ယာဉ်တစ်စီးကို (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိ ============================== ပြင်ဦးလွင်၊ ဇွန် – ၂၁ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးကြီးမြို့နယ်အတွင်း တမလန်းသစ်များ တင်လာသည့် ကိုယ်ပိုင်ယာဉ်တစ်စီးကို တရားခံ (၁) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆) မိုင် စစ်ဆေးရေးစခန်း တာဝန်ကျဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့ရာ ဇွန် ၂၀ ရက်က ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်လမ်း၊ အလယ်)၊ (၁၆) မိုင် စစ်ဆေးရေးစခန်းနေရာ၌ ယာဉ်အမှတ် …

တမလန်းသစ်များ တင်လာသည့် ကိုယ်ပိုင်ယာဉ်တစ်စီးကို (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိRead More »

လှိုင်သာယာဈေးလမ်းဆုံ အမှိုက်ပုံတွင် မွေးကင်းစ ကလေးငယ်အား စွန့်ပစ် မှုဖြစ်ပွား

လှိုင်သာယာဈေးလမ်းဆုံ အမှိုက်ပုံတွင် မွေးကင်းစ ကလေးငယ်အား စွန့်ပစ် မှုဖြစ်ပွား ************************************* June 21, 2018 ပြည်တွင်းသတင်း လှိုင်သာယာမြို့နယ် အမှတ် ၂ ရပ်ကွက် ပီမိုးနင်းလမ်း ဈေးလမ်းဆုံ အမှိုက်ပုံတွင် ပေါင့်မပြည့် လမပြည့်သော မွေးကင်းစ ကလေးငယ် တစ်ဦးအားလာရောက်စွန့်ပစ်မှုဖြစ်ပွားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှသိရသည်။ ဇွန်လ ၂၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါ ကလေးငယ်အား ပိုင်ရှင်မဲ့ချက်ကြိုး နှင့် အချင်းပါရှိလျက် စွန့်ပစ်ထားသည် ကိုတွေ့ ရှိကြောင်း နှင့် ၎င်း ကလေးငယ်အား အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ကလေးသူငယ်ကာကွယ်ရေးအဖွဲ့ဝင်များမှ လှိုင်သာယာ ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်းသိရသည်။ “ချက်ကြိုးတန်းလန်း နဲ့တွေ့တော့ ကလေးကို …

လှိုင်သာယာဈေးလမ်းဆုံ အမှိုက်ပုံတွင် မွေးကင်းစ ကလေးငယ်အား စွန့်ပစ် မှုဖြစ်ပွားRead More »

ဒေါက်တာအေးမောင်အားဝိုင်းရံသူ ဦးအောင်သန်းဝေကို ပုဒ်မ(၂) ခုဖြင့် စစ်တွေတွင်ရဲက ဖမ်းဆီး

ဒေါက်တာအေးမောင်အားဝိုင်းရံသူ ဦးအောင်သန်းဝေကို ပုဒ်မ(၂) ခုဖြင့် စစ်တွေတွင်ရဲက ဖမ်းဆီး နိရဉ္စရာ၊ ဇွန် ၂၁ ဒေါက်တာအေးမောင်အား ၀ိုင်းရံနေသူ စစ်တွေမှ ဦးအောင်သန်းဝေကို ရဲက ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီ ဖြစ်သည်။ ယနေ့ည ၆ နာရီ ၂၅ မိနစ်က နိရဉ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ရာ ဦးအောင်သန်းဝေမှ မိမိအား ဖမ်းဆီးထားခြင်းမှာ မှန်ကန်ကြောင်း၊ ယခုအမှတ်(၁) ရဲစခန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားသည်။ ဦးအောင်သန်းဝေက “ ကျွန်တော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က လက်မှတ် ရေးထိုးပြီး တရားစွဲတာပါ။ ပုဒ်မက ၂ ခု ဖြစ်ပါတယ်။ တစ်ခုက ၆၆ (ဃ) အမှုတစ်ခု ဖြစ်ပါတယ်။ …

ဒေါက်တာအေးမောင်အားဝိုင်းရံသူ ဦးအောင်သန်းဝေကို ပုဒ်မ(၂) ခုဖြင့် စစ်တွေတွင်ရဲက ဖမ်းဆီးRead More »

ပါတီဗဟိုမှ ပေးပို့လှူဒါန်းတဲ့ အတွင်းခံများ မြှောက်ပြကာ လှူဒါန်းနေစဉ်ဆန္ဒဖော်ထုတ်

ပါတီဗဟိုမှ ပေးပို့လှူဒါန်းတဲ့ အတွင်းခံများ မြှောက်ပြကာ လှူဒါန်းနေစဉ်ဆန္ဒဖော်ထုတ် မြစ်ကြီးနား၊ ဇွန် ၂၁ ကချင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD (ဗဟို) လူမှုကူညီရေးကွန်ယက်မှ ပဲအိတ်၊ အိုင်အိုဒင်းဆားနှင့် အ၀တ်အထည်များအား ဇွန်လ ၁၉ ရက်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်ဘက်မှ နေရပ် တိမ်းရှောင် ထွက်ပြေးလာသော မိသားစုများ သည် နောင်နန်းကျေးရွာရှိ ဘုရားကျောင်းတွင် ၅၅၂ ဦး ၊ တန်ဖဲ ကက်သလစ်ဘုရားကျောင်းအတွင်း ၈၈၁ ဦးထံသို့ ရောက်ရှိနေပြီး တန်ဖဲစစ်ဘေးရှောင်စခန်းတွင် လိုအပ်သည့် ၊ ဆန်အိတ်များ၊ ပဲ၊ အိုင်အိုဒင်းဆားနှင့် အ၀တ်အထည်များ လိုအပ်ကြောင်း သိရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD (ဗဟို) လူမှုကူညီရေးကွန်ယက်မှ …

ပါတီဗဟိုမှ ပေးပို့လှူဒါန်းတဲ့ အတွင်းခံများ မြှောက်ပြကာ လှူဒါန်းနေစဉ်ဆန္ဒဖော်ထုတ်Read More »

ကချင်စစ်ရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်မှ စေ့ငှအောင်မထောက်ပံ့နိုင်

ကချင်စစ်ရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်မှ စေ့ငှအောင်မထောက်ပံ့နိုင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ကချင်ပြည်နယ်စစ်ရှောင်များကို ငွေကြေးထောက်ပံ့သည့်အစီစဉ်မှာ စခန်းတွင်းရှိ လူအရေအတွက်အတိုင်း ထောက်ပံ့နေသည့်အတွက် စစ်ရှောင်ပြည်သူများအားလုံး မရရှိနိုင်ကြောင်း စစ်ရှောင်ပြည်သူအချို့က ပြောသည်။ လက်ရှိအချိန်တွင် ကချင်ပြည်နယ်ကစစ်ဘေးဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းသုံးထောင် ထောက်ပံ့ပေးနေသည်။ ယင်း ငွေကြေးထောက်ပံ့မှုကို အိမ်ထောင်စုလူဦးရေအတိုင်းမဟုတ်ဘဲ လာရောက်စစ်ဆေးချိန် စခန်းတွင်းရှိလူစာရင်းအတိုင်း ပေးနေသည့်အတွက် စစ်ရှောင်စခန်းမှ ပြည်သူများ ရပ်ဝေးသို့ အလုပ်မလုပ်ကိုင်နိုင်ကြောင်း ဂျန်မိုင်ခေါင်းစစ်ရှောင်စခန်းမှ ဒေါ်ဂျာနန်ဆိုသည်။ “ကျွန်မတို့လည်း ကလေးတွေကို ပြည့်ပြည့်စုံစုံမကျွေးနိုင်ဘူးပေါ့။ မကျွေးနိုင်ဘူးဆိုတာ ကျွန်မတို့အပြင်မှာရှာလို့လည်း ပြန်မရ။ နေ့စား ဥပမာ တစ်ပတ်လောက်မှာ တစ်ရက်လောက်သွားလို့ရတဲ့ပိုက်ဆံကိုကျ ဒီကလေးတွေ ကျွန်မတို့လိုမျိုး ကလေးများတဲ့လူဆို ပိုပြီးတော့မှ ဆိုးတာပေါ့” ဟု ဒေါ်ဂျာနန်က ပြောပြသည်။ ကချင်စစ်ရှောင်စခန်းမှ …

ကချင်စစ်ရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်မှ စေ့ငှအောင်မထောက်ပံ့နိုင်Read More »

စစ်ကိုင်းတိုင်း သဘာဝဘေးအတွက် ၃ လအတွင်း ကျပ်သိန်း ၁၄၀၀ ကျော် ကူညီ

စစ်ကိုင်းတိုင်း သဘာဝဘေးအတွက် ၃ လအတွင်း ကျပ်သိန်း ၁၄၀၀ ကျော် ကူညီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈ ဧပြီ၊ မေ၊ ဇွန်လတွေအတွင်း လေပြင်းတိုက်၊ မိုးသီးကြွေ၊ မိုးကြီး၊ ကမ်းပါးပြို၊ မြေပြိုတာ၊ မီးလောင် စတဲ့သဘာဝဘေးကြောင့် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ငွေကျပ်သိန်း ၁၄၀၀ ကျော် ကူညီထောက်ပံ့ပေးခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ရရှိတဲ့ စာရင်းတွေအရ ၃ လတာကာလအတွင်း လေဘေး ၁၀၆ ကြိမ်၊ မီးဘေး ၁၆ ကြိမ်၊ မိုးကြိုးဘေး ၄ ကြိမ်၊ ကမ်းပြိုဘေး ၃ ကြိမ်နဲ့ ရေဘေး ၁၂ ကြိမ် စုစုပေါင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှု ၁၄၂ ကြိမ်ထိဖြစ်ပေါ်ခဲ့ပြီး …

စစ်ကိုင်းတိုင်း သဘာဝဘေးအတွက် ၃ လအတွင်း ကျပ်သိန်း ၁၄၀၀ ကျော် ကူညီRead More »

ဒေသဖွံ့ဖြိုးရေး ဦးစားပေးလုပ်ငန်းများ ကြိုတင်လေ့လာရန် လွှတ်တော်နာယက တိုက်တွန်း

ဒေသဖွံ့ဖြိုးရေး ဦးစားပေးလုပ်ငန်းများ ကြိုတင်လေ့လာရန် လွှတ်တော်နာယက တိုက်တွန်း လာမယ့်ဘဏ္ဍာနှစ်မှာ ဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေးလုပ်ငန်းတွေကို ကြိုတင် လေ့လာဖို့ ပြည်ထောင်စု လွှတ်တော်နာယက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းပြောပါတယ်။ ဇွန်လ ၂၁ ရက် ပြည်ထောင်စုလွှတ်တော်အစည်းဝေး နောက်ဆုံးနေ့မှာ အဋ္ဌမပုံမှန် အစည်းအဝေးကာလအတွင်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အခုလို ပြောတာပါ။ “နောက်လာမယ့် ဘဏ္ဍာရေးနှစ်အတွက် မဲဆန္ဒနယ်မြေအလိုက် ဦးစားပေးလုပ်ငန်းတွေ ကို ကြိုတင်လေ့လာ စိစစ်ထားကြစေလိုပါတယ်။ မြို့နယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ခွင့်ပြုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်တာ ၀န်ယူဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်ပြီးစီးတဲ့ လုပ်ငန်း အားလုံးအတွက် ငွေပေးချေတာအပါအ၀င် အထောက်အထားတွေစုံအောင် ထိန်းသိမ်းထားဖို့နဲ့ စနစ်တကျစစ်ဆေးမှုခံယူနိုင်ရေး အလေးထားဆောင်ရွက်ဖို့ မှာကြားလိုပါတယ်” ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ မဲဆန္ဒနယ်အလိုက်ဒေသ …

ဒေသဖွံ့ဖြိုးရေး ဦးစားပေးလုပ်ငန်းများ ကြိုတင်လေ့လာရန် လွှတ်တော်နာယက တိုက်တွန်းRead More »