လက်ပံတန်းအ.ထ.ကကျောင်း၌ ကျောင်းသားများအားဗိုလ်ချုပ်‌အောင်ဆန်း ဆံပင်ပုံစံထားရမည်ဟု ကျောင်းအုပ်ဆရာမကြီးညွှန်ကြားဟုဆို

လက် ပံတန်း၊ ဖေဖော်ဝါရီ၂၂ လက် ပံတန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားများအားဗိုလ်ချုပ်‌အောင်ဆန်းဆံပင်ပုံစံထားရမည်ဟု ကျောင်းအုပ်ဆရာမကြီး ညွှန်ကြားထားသည်ဟု ကျောင်းသားမိဘများထံမှသိရသည်။ ဗိုလ်ချုပ်ပုံဆံပင်ညှပ်ရမည်ဆိုကာ ကျောင်းသားများအားကပ်ကြေးဖြင့်ညပ်သော ကျောင်းအုပ်ဆရာမကြီးအပေါ် ဝေဖန်မှုများမြင့်တတ်နေကြောင်း ကျောင်းသားမိဘများအသိုင်းအဝိုင်းမှ သိရသည်။ “ကျွန်တော့ ကလေးကအရင်ကတည်းက ဆံပင်ကို အတိုပဲထားတာ။ အခုလို အညှပ်ခံလိုက်ရတော့ ကျောင်းတောင်မတတ်ခြင်တော့ဘူး ရှေ့နှစ်ကျကျောင်းတောင် အဲဒီကိုသွားမသင်ခြင်တော့ဘူး ပြောနေတော့ စိတ်ထဲမကောင်းဘူးဖြစ်သွားတာပေါ့။ ဒီကိစ္စနဲ့ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျောင်းအုပ်ဆရာမကြီးအနေနဲ့ ဒီလိုညှပ်လိုက်တိုင်း ဗိုလ်ချုပ်စိတ်ဓာတ် သွင်းပေးလို့ရတာမှ မဟုတ်ဘဲ”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးမျိုးကြီး(ဖိုက်တာ)မှ ပြောသည်။ လွန်ခဲသော နှစ်လခန့်က ဆံပင်တတိုတိုညှပ်ဖို့ကို ကျောင်းသားများထံ ကျောင်းတာဝန်ရှိသူများက အသိပေးပြောဆိုခဲ့ပေမယ့် ကျောင်းသားမိဘများကို တိုင်ပင်ပြောဆိုခြင်းမရှိခဲ့ဘူးလို့လည်းပြောဆိုနေကြခြင်း ဖြစ်သည်။ “စည်းကမ်းတင်းကြပ်တယ်တဲ့….ကိုယ်လဲအံ့ဩသွားတယ် စည်းကမ်းရှိတာ တင်းကြပ်တာ ကောင်းပါတယ်….နဲနဲတော့ လွဲနေသလားလို့၊ဗိုလ်ချုပ်ကေထက် ဗိုလ်ချုပ်စိတ်ဓာတ်ကို အတုယူတတ်အောင် သင်ရမှာ […]

Continue Reading

အိမ်ထောင်သည်တွေ ဖောက်ပြန်ရတဲ့အကြောင်း…

အိမ်​​ထောင်​သည်​များရဲ့ ​ဖောက်​ပြန်​ရ​သော ဆိုးကျိုး ​ခေတ်​​ကောင်း​တွေ ကုန်းဆုံး ​ခေတ်​ဆိုး​တွေ ​ရောက်​လာ​တော့ မ​ပြောသင့်​တာ ​ပြော​နေရတယ်​ ….မမြင်​အပ်​တာ မြင်​လာရတယ်​ မကြားသင့်​တာ ကြားလာရတယ်​ မကြားဖူးတာ​ရော ကြားလာရတယ်​ မ​ရေးချင်​တာ​ရော ချ​ရေး​​နေရတယ်​…။ ယခု ဒီစာ​စောင်​ကို ​မောင်​​မောင်​ကိုယ်​တိုင်​ ကိုယ်​ချင်းစာနာစိတ်​ များစွာဖြင့်​ ​ရေးသားခဲ့တယ်​….​ခေတ်​ပျက်​ ​ခေတ်​ယုတ်​ ​ရောက်​လာ​တော့လည်း ​ခေတ်​နဲ့ အညီ ​ရေးတာ မဆန်းကြည်​​တော့ဘူးလို့ ထင်​မိတယ်​…. ဒီစာ​စောင်​ကို ဖြစ်​ပြီးသူ ပြင်​ဆင်​နိုင်​​အောင်​ မဖြစ်​​သေးသူ အိမ်​​ထောင်​သည်​များ ဆင်​ခြင်​လို့ရပါ​စေ ဆိုတဲ့ စိတ်​ထားနဲ့ ​ရေးသား လိုက်​တာပါ…။ အိမ်​​ထောင်​သည်​ ​လောကမှာ ​ဖောက်​ပြန်​အား ကြီးလွန်းတာ အမျိုးသမီး​တွေထက်​ အမျိုးသား​တွေက ၁၀၀ မှာ ၇၀% ပိုများတာ ​တွေ့လာရပါတယ်​။အမျိုးသမီး ​တွေက​ရော မ​ဖောက်​ပြန်​ကြဘူးလား ဆရာလို့ ​မေးစရာရှိပါတယ်​။ […]

Continue Reading

ကွဲကွာနေတဲ့မိဘတွေတွေ့ရဖို့ လမ်းစားရိတ်အတွက်SUPER 100မှာ ဝင်ပြိုင်ခဲ့တဲ့ ထိုင်းရောက်မြန်မာမိန်းကလေးငယ်

ကွဲကွာနေတဲ့မိဘတွေတွေ့ရဖို့ လမ်းစားရိတ်အတွက်SUPER 100မှာ ဝင်ပြိုင်ခဲ့တဲ့ ထိုင်းရောက်မြန်မာမိန်းကလေးငယ် လူတိုင်းလူတိုင်းဟာ ချစ်ရတဲ့မိဘတွေနဲ့ အတူတူပဲမရှိအတူ ရှိအတူနေထိုင်ချင်ကြပါတယ်။ဒါပေမယ့် စီးပွားရေးအဆင်မပြေမှုတွေကြောင့် ဆင်းရဲလှတဲ့ မြန်မာနှစ်ဘနှစ်ဦးနဲ့ ငယ်စဉ်ကတည်းက ခွဲခွာပြီး ဦးလေးရှိရာ ထိုင်းနိုင်ငံကို နေထိုင်ခဲ့ရ မိန်ကလေး ရှိပါတယ်။ သူမရဲ့ နာမည်ကတော့ ပန်ပန်လို့အမည်ရပြီး ငယ်စဉ်ကတည်းက မိဘတွေနဲ့ ခွဲရလို့ ကိုယ့်ရဲ့အသက်တောင် မသိရရှာပါဘူး။သူမရဲ့ စိတ်ကူးအိမ်မက်ကတော့ ပိုက်ဆံတွေရှာပြီး မြန်မာနိုင်ငံက မိဘတွေကို ထောက်ပံ့ဖို့နဲ့ ၁၀နှစ်ကျော် ဝေးကွာနေတဲ့ မိဘရင်ခွင်ခိုလှုံဖို့ပါပဲ။ သူမရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ က်ြမွှေးမြူရေးလုပ်ငန်းမှာ အလုက်ကိုင်ကိုင်နေရင်း ထိုင်နိုင်ငံရဲ့ နာမည်ကြီးအစီအစဉ်ဖြစ်တဲ့ Super 100မှာ သူမရဲ့ ကျွမ်းကျင်မှုဖြစ်တဲ့ ကြက်ဥတွေကို အလေးချိန်ရွေုးပြပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ သူမရဲ့ မိဘတွေတွေ့ရဖို့ အိပ်မက်ဟာ ပြိုင်ပွဲဝင်ပြိုင်ရင်း အမှန်တကယ်ဖြစ်လာမလားဆိုတာ အောက်က […]

Continue Reading

လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ မီးငြှိမ်းသတ်နေတဲ့ ဓာတ်ပုံထဲက အရံမီးသတ်ရဲဘော် ဘဘကြီးအကြောင်း

နိုင်ငံအကျိုးပြု အရံမီးသတ်ရဲဘော် ဘဘ ဦးမော်စီ ဘဘ က အပြင်မှာ မျက်နှာလေးက ကြည်နေရော မြင်ရတာ တကယ်ကို အေးချမ်းလွန်းတယ်။ အရံမီးသတ် ဘဝကို လုပ်လာခဲ့တာ အနှစ် ၅၀ ကျော်ပီးလို့ သိရတယ်။ မီးလောင်ပီဆိုတဲ့ သတင်းကြားတာနဲ့ ရောင်းနေတဲ့ ဈေးကို ပစ်ခဲ့ပီး သွားရောက်ကူညီတာလိုလဲ သိခဲ့ရတဲ့အတွက် အရမ်းလဲ လေးစားရတယ်။ ဘဘက သားသမီး ၅ယောက်နဲ့ ဘဝကို ရုန်းကန်နေရတာပါ။ဘဘအသက် ၇၀ ရှိပါပီး ကျန်ရှိနေတဲ့ နေ့ရက်တွေကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းလို တက်နိင်သလောက်လေး ကူညီပေးကြရအောင်နော် ။ ( ကြည့်မြင်တိုင် ဘလုပ်ညွှန့် ရပ်ကွက် အိမ်အမှတ် ၆၃ ကံသာအေး ( ၂ ) လမ်း။ ဟိုဘက်ကမ်းရောက်ဖို စက်လှေတော့ စီးရပါတယ် […]

Continue Reading

ရပ်ထားတဲ့ဘုရားဖူးကားကို နောက်ကနေ ဖောကားမှဝင်တိုက်…

ရပ်ထားတဲ့ဘုရားဖူးကားကို အနောက်ကနေ ဖောကားမှဝင်တိုက် 24-2-2020 ရက်နေ နနက် 6 နာရီခန့် ဘီးလင်း ကျိုက်ကော်ကြား တောင်ကလေးကျေးရွာ သပတ်ဆွဲအပိုင် မော်လမြိုင် – ရန်ကုန်လမ်းမ မိုင်းတိုင် ၁၂၉ အနီး ရပ်ထာသော ဘုရာဖူးယာဉ်အား နောက်မှဖောကားမှ ဝင်တိုက်ခဲ့တာပါ….တစီး ချောက်ထဲကျ … မကွေးမှ ဘုရားဖူးကားဟု သိရပါတယ် …လူနာ 14 ဦး အား ဘီးလင်းဆေးရုံသို့ ပိုဆောင်ကူညီပေးခဲ့ပါတယ်…. ဝိုင်ဝင်းကူညီးပေကြသော အဖွဲ့များအားလုံအားအထူကျေးဇူးတင်ပါတယ်….။ ဘီးလင်းအရေပေါ်ကယ်ဆယ်ရေအဖွဲ့ အသင်ကား / ၃စီး ဘီးလင်းရှင်သန်ရေးနှစ်နာရေးကူညီမှုအသင် ကား/ ၁စီး Soe Soe Moe Moe unicode ရပျထားတဲ့ဘုရားဖူးကားကို အနောက်ကနေ ဖောကားမှဝင်တိုက် 24-2-2020 ရက်နေ နနက် 6 နာရီခန့် […]

Continue Reading

တရုတ်မယားလုပ်ရန် မြန်မာအမျိုးသမီးငယ်များ အသက်အရွယ်လိုက် ပေါက်ဈေး…

တရုတ်မယားလုပ်ရန် မြန်မာအမျိုးသမီးငယ်များ ပေါက်ဈေး သိန်း ၄၀ မှ ၈၀ အထိ ရှိနေ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကုန်ကူးသူအချို့မှ မြန်မာအမျိုးသမီးငယ်များကို တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် အတွက် ငွေကျပ်သိန်း ၄၀ မှ ငွေကျပ်သိန်း ၈၀ အထိ မက်လုံးပေးကာ လူကုန်ကူးမှုများပြုလုပ်လျှက်ရှိ ကြောင်းသိရသည်။ ယင်းသို့ လူကုန်ကူးမှုတွင် အသက်ငယ်ရွယ်ပြီး အိမ်ထောင်မရှိအပျိုဖြစ်ပါက ငွေကျပ်သိန်း ၈၀ နှင့်အထက်ပေးကာ အသက် အရွယ် အတော်အတန်ရှိ အိမ်ထောင်မရှိသည့် အမျိုးသမီးများကိုမူ ငွေကျပ်သိန်း ၄၀ ခန့်ပေးကာ စည်းရုံးမှုများရှိ နေကြောင်း လူကုန်ကူးခံရသည့် မိသားစုများနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းများထံမှ သိရသည်။ “မိန်းကလေးက အပျိုဆိုရင် သူတို့ပြောတဲ့စကားအရတော့ သိန်း ၈၀ လောက်ပေးတယ်။ တချို့လည်း ပိုက်ဆံပိုရတာ တွေရှိတယ်။ နောက် […]

Continue Reading

မြန်မာပြည်သူများအ တွင်းကို ရိုနာဗိုင်းရပ်စ် ကူးစက်ြ ဖစ်ပွားနိုင်သဖြင့် လူစုလူဝေးနေရာများကို ရှော င်ရှားရန် သတိပေး

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသူ ရုတ်တရက် တပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေထဲမှာ ကူးစက်ဖြစ်ပွားနိုင်တာကြောင့် ပွဲလမ်းသဘင်၊ လူစုလူဝေးတွေကို ရှောင်ကြဉ်ပြီး ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ကိုရိုနားဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ပတ်သက်ပြီးဖေဖော်ဝါရီ ၂၃ ရက် ညက အများပြည်သူတွေထံ ပန်ကြားချက် ထုတ်ပြန်လိုက် တာပါ။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ (COVID-19) ရောဂါဖြစ်ပွားသူလူနာ မတွေ့ရှိသေးပေမယ့် တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုတွေ ဆက်လက်မြင့်မားနေတယ်၊ COVID-19 ရောဂါလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့မှု (သို့မဟုတ်) ရောဂါဖြစ်ပွားရာ ဒေသနိုင်ငံတွေကို လတ်တလောသွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်စတဲ့ သိသာထင်ရှားတဲ့ အထောက်အထား မတွေ့ရှိရသူတွေ လည်း ရောဂါကူးစက်ခံရမှုတွေရှိနေတယ်လို့ဆိုပါ တယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူတွေ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေအတွင်း ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူတွေအနေနဲ့ အခုကာလအတွင်း […]

Continue Reading

မင်္ဂလာဦးညမှာ သတိပါလစ်သွားခဲ့ရတဲ့ သတို့သမီးရဲ့အဖြစ်…

မင်္ဂလာဦးညမှာပဲ သတိပါလစ်သွားခဲ့ရတဲ့ သတို့သမီးရဲ့အဖြစ် ” မင်္ဂလာဦး ည ရင်ခုန်သံ ” ” အားးးးးးး!!!” ​အော်​သံကြား​ပေမယ့် ဒါသဘာဝပဲ​လေဆိုပြီး အိမ်​သားများ မသိချင်​​ယောင်​​ ဆောင်​​နေလိုက်​သည်​​ ။ မင်္ဂလာဦးည​ပေကိုး…. အော်​သံကြားပြီး သိပ်​မကြာလိုက်​… လူပြိုကြီး​ Moe Aung အသံနက်​ကြီးဖြင့်​ ” အ​မေနဲ့အ​ဖေတို့ရေလာကြပါဦး ဘာဖြစ်​သွားလဲမသိဘူး ” “ဟာဒုက္ခ​တော့များပြီနဲ့တူတယ်​ ​ယောက်ျား​ရေ​…. တော့သားကို သွားကြည့်​ဦး´” သိပ်​မကြာလိုက်​ အ​ဖေဖြစ်​သူမှ ထပ်​​အော်​ပြန်​သည်​ ။ “ မင့်း​ချွေးမသတိမလည်​​တော့ဘူးဟ ဆရာဝန်​ အမြန်​​ခေါ် ” ” ဘာ​တွေဖြစ်​ကုန်​လဲမသိ ” ကိုယ်​လဲတက်​မကြည့်​ရဲ ​သွေးသန်​ရဲရဲ​တွေ မမြင်​ရဲဘူး အိမ်​ထဲကရုပ်​ရုပ်​သည်းသည်း အသံ​တွေ​ကြောင့်​ ဘေးအိမ်​ကလူများ ပါ​ရောက်​လာကြသည်​…. သိပ်​မကြာလိုက်​….“လမ်းဖယ်​လမ်းဖယ်​ ဆရာလာပြီ´” အ​ဖေကြီးက “မင်းဘယ်​လိုလုပ်​လိုက်​တာလဲ ဆရာ့ကို​ပြောပြလိုက်​´´” […]

Continue Reading

အမြင့်ဆုံး ထီဆုကြီးတွေနဲ့ အက္ခရာမတူဘဲ ဂဏန်းတူရင် ပေါက်မဲအဖြစ်သတ်မှတ်ပေးတော့မည် ..

အမြင့်ဆုံးထီဆုကြီးတွေနဲ့ အက္ခရာမတူဘဲ ဂဏန်းတူရင် ပေါက်မဲအဖြစ်သတ်မှတ်ပေးရန် ညှိနှိုင်းဆွေးနွေး ထီဆုကြီးကို အက္ခရာမတူ ဂဏန်းတူယုံနဲ့ ပေါက်မဲအဖြစ်သတ်မှတ်ပေးဖို့ အစီအစဉ်ရှိတာကြောင့် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီနေ့ပြောလိုက်ပါတယ်။ “ဆုမဲပြင်ဆင်တိုင်းဝယ်လိုအားမြင့်တက်ပါတယ်၊ အမြင့်ဆုံးအထူးဆုကြီး အက္ခရာမတူ ဂဏန်းတူ ဆုကြီးပေးဖို့ စီစဉ်နေတယ၊ ဦးစွာသုံးသပ်ဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်”လို့ ဦးမောင်မောင်ဝင်း က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က တစ်လတစ်ကြိမ်ဖွင့်တဲ့ အောင်ဘာလေထီဆုမဲတွေနဲ့ပတ်သက်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်ဖြေကြားခဲ့တာပါ။ “အမြင့်ဆုံးဆုကြီးတွေကို စိတ်ဝင်စားနေတာဖြစ်ကြတယ် အခြေခံပြည်သူ အက္ခရာတူ ဂဏ္ဍန်းခြောက်လုံးတူမှ ရမှာပါ ဒါကြောင့် အခု ထီဆုကြီး ကျပ်သိန်းတစ်သောင်းခွဲ၊ ကျပ်သိန်းတစ်သောင်း၊ ကျပ်သိန်း(၅၀၀၀)ကို […]

Continue Reading

စာမေးပွဲဖြေဖို့သွားတဲ့ ကျောင်းသားတွေ ယာဉ်တိုက်မှု့ဖြစ်ပြီး(၂)ယောက်သေ

ရှမ်းမြောက်မှာ စာမေးပွဲဖြေဖို့သွားတဲ့ ကျောင်းသားတွေ ယာဉ်တိုက်မှု့ဖြစ်ပြီး(၂)ယောက်သေ ဖေဖော်ဝါရီ(၂၄)ရက်၊ ၂၀၂၀။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျောင်းသားတွေ စာမေးပွဲဖြေဖို့ ဆိုင်ကယ်ဆီသွားဖြည့်ပြီးအပြန် ခြောက်ဘီးကားနဲ့တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ ကျောင်းသား(၂)ယောက် သေဆုံးသွားခဲ့ ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ(၂၄) ရက်နေ့၊ မနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ သိန္နီမြို့နယ်၊ ဟိုတာကျေးရွာ ပြည်ထောင်စု လမ်းကြီးပေါ်မှာ လမ်းပြောင်းပြန်မောင်းလာတဲ့ ကျောင်းသား(၃)ယောက် စီးလာတဲ့ ဆိုင်ကယ်နဲ့ ခြောက်ဘီးကား တို့ တိုက်ခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှု့ကြောင့် ဆိုင်ကယ်စီးလာတဲ့ ကျောင်းသား(၂) ယောက်သေဆုံးခဲ့ပြီး (၁)ယောက်တော့ ထိခိုက် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ကူညီပေးခဲ့တဲ့သူတွေက ပြောပါတယ်။ “ဆီဆိုင်က တစ်ဖက်ယာဉ်ကြောမှာရှိတော့ လမ်းပြောင်းပြန်ကြီး ဖြစ်နေတယ်။ အဲ့ဒီမှာတိုက်မိသွားတာနေမှာပါ။ အခုကတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိထားတဲ့ ကလေးကို ဆေးရုံးပို့ပြီးသွားပါပြီ”လို့ အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်း(သိန္နီ) ရဲ့ […]

Continue Reading