အကြွေးဆပ်လို၍ မြောက်ဒဂုံကဘဏ်ကို ရုပ်ရှင်ဆန်ဆန် ဓါးပြတိုက်ခဲ့ရတဲ့ အဖြစ်

အကြွေးဆပ်လို၍ မြောက်ဒဂုံကဘဏ်ကို ဓါးပြတိုက်ခဲ့ရတဲ့ အဖြစ် ၂၀၂၀ ဖေဖဝါရီလ ၁၃ ရက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်ပိုင်းမြို့နယ် (၃၅) ရပ်ကွက် ငွေပုလဲလမ်းနှင့် လောပိတလမ်းထောင့် ပင်လုံလမ်းနှင့် အဏ္ဏဝါလမ်းထောင့်က CB Bank ကိုပြီးခဲ့တဲ့ ဖေဖဝါရီလ (၇) ရက်နေ့မနက်ပိုင်း ပုံမှန်ဘဏ်ဖွင့်ပြီးမကြာခင်မှာဘဲ လူစိမ်းတစ်ဦးရောက်လာပြီး …. ဘဏ်ဝန်ထမ်းတွေကို သေနတ်ပြခြိမ်းခြောက်ကာ ဗုံးလို့ယူဆရတဲ့အရာဝတ္တု ( ၂ ) ခု ကိုလည်းကောင်တာပေါ်တင်ကာ ခပ်တည်တည်ဘဲ ငွေစက္ကူ ၁၀၀၀၀/ိတန် ငွေထုပ် ၆ ထုပ် ( သိန်းပေါင်း ၆၀၀ ) ကိုလုယူသွားတဲ့လုပ်ရပ်က ရုပ်ရှင်ဆန်တယ်လို့ဘဲပြောရမလား ? ပညာဆန်တယ်လို့ဘဲပြောရမလား ?ထိုင်းကဖြစ်စဉ်တွေကို အတုယူပြီးလက်ရဲဇက်ရဲ လုပ်လေသလား ဆိုပြီးတွေးမိပါတယ်..ဘဏ်ထဲဝင်ပြီးဓါးမြတိုက်ရဲတဲ့ သတ္တိကတော်ယုံသတ္တိမဟုတ်သလို တော်ယုံအခက်အခဲမဟုတ်လို့ ဒီလိုလုပ်ရဲတာလို့ဆိုနိုင်ပါတယ်.. ရုတ်တရက်ဆိုတော့ဘဏ်ဝန်ထမ်းတွေခင်မြာကြောက်လန့်ကြမှာဘဲလေ […]

Continue Reading

ကလောတွင် မိခင်က ဆိုင်ကယ်မဝယ်ပေးသဖြင့် သားဖြစ်သူမှ နေအိမ်အား မီးရှို့

ကလောတွင် မိခင်မှ ဆိုင်ကယ်မဝယ်ပေးဟုဆိုကာ နေအိမ်မီးရှို့မှုဖြစ်ပွား ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်က မိခင်က ဆိုင်ကယ်မဝယ်ပေးသဖြင့် သားဖြစ်သူမှ နေအိမ်အား မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဆိုင်ကယ်လိုချင်လို့ ဝယ်ခိုင်းတာ မဝယ်ပေးလို့ဆိုပြီး အခုလိုလုပ်တာလို့ သိရပါတယ်” ဟု ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။ ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ သာယာကုန်းရပ်နေ ဇင်ကိုဦး (၁၉ နှစ်) သည် ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မိခင်ဖြစ်သူအား ဆိုင်ကယ်ဝယ်ခိုင်းရာ မဝယ်ပေးသည့်အတွက် နေအိမ်အရှေ့ရှိ အမှိုက်ပုံအတွင်းမှ တာယာ အား ယူဆောင်ကာ နေအိမ်အား ၎င်းကိုယ်တိုင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ […]

Continue Reading

ကိုရိုနာဗိုင်းရပ်စ်သစ်ကို မြန်မာနိုင်ငံက ဂူအောင်းလင်းနို့များတွင်တွေ့ရှိထား…

ကိုရိုနာဗိုင်းရပ်စ်သစ်ကို မြန်မာနိုင်ငံက ဂူအောင်းလင်းနို့များတွင်တွေ့ရှိထား တကမ္ဘာလုံး တခြားဘယ်နေရာမှာမှ မတွေ့ဖူးသေးတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို မြန်မာနိုင်ငံက ဂူအောင်းလင်းနို့တွေဆီမှာ တွေ့ထားတယ်လို့ စမစ်ဆိုးနီးယန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဇီဝဗေဒဌာန ကမ္ဘာ့ကျန်းမာရေး အစီအစဉ်မှာ အလုပ်လုပ်နေတဲ့ တောရိုင်းတိရစ္ဆာန်ကု ဆရာဝန် မာ့ခ်ဗာလစ်တီတိုကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ဖေဖော်ဝါရီ ၉ ရက်မှာ ရေးပါတယ်။ ဗာလစ်တီတိုဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေကို အထူးပြု လေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ လင်းနို့တွေဆီက သွားရေနဲ့ မစင်နမူနာတွေကိုတင် စစ်တမ်းကောက်ခဲ့တာ မဟုတ်ဘဲ ဗိုင်းရပ်စ် ကူးစက်နိုင်လောက်တဲ့ နည်းလမ်းတွေကို နားလည်ဖို့ ဒေသတွင်း လူတွေရဲ့ အပြုအမူတွေကိုပါ လေ့လာခဲ့တာပါ။ မြန်မာနိုင်ငံအတွင်း ဂူတွေအများအပြားဟာ ဘာသာရေးအရ မြင့်မြတ်တဲ့ နေရာတွေအဖြစ် သတ်မှတ်ခံထားရပြီး […]

Continue Reading

သေမှာကို ကြိုသိ ကြိုနိမိတ်ဖတ်ပြီး မိမိအသက်ကို တိုင်းပြည်အတွက်သိသိကြီးနဲ့ ပေးဆပ်သွားတဲ့ ဒီလူကြီး…

ဒီလူကြီး စစ်ဗိုလ်ချုပ်တဦးဖြစ်ပေမဲ့ ဝတ်စရာအဝတ်သုံးစုံပဲ ရှိတယ်ဆိုတဲ့ ဒီလူကြီး…. ထမင်းမစားရတာ နှစ်ရက်ရှိပြီ ထမင်းနည်းနည်း လောက်ပေးပါဆိုပြီး တောင်းစားခဲ့ဘူးတဲ့ ဒီလူကြီး….. လမ်းဘေးမှာ ချမ်းချမ်းတီးတီးနဲ့ အိပ်နေတဲ့ လူတယောက်ကို မင်းဆင်းရဲတာ ငါနဲ့ ဆိုင်တယ်ဆိုပြီ ဝတ်ထားတဲ့အနွေးထည်ကို ချွတ်ပေးခဲ့တဲ့ ဒီလူကြီး…. အီတလီဘုန်းတော်ကြီး ဦးလောကနာထ ထံမှာ ရဟန်းဝတ်ပြီး သာသနာပြုဖို့  ခွင့်တောင်းတာကို မိခင်က ခွင့်မပြုလို့  သူ့ အတွက် တရားရနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံပြီး မြန်မာ ပြည်သူတွေအတွက် အသက်ပေးဆပ်သွားခဲ့ရ ရှာတဲ့ ဒီလူကြီး…. ဆွေမျိုးတွေက လက်ဆောင်ပေးတဲ့ ဆီဗုံးကို တတိုင်းပြည်လုံးဆင်းရဲနေတာ ငါဒီလိုစားရတာ စိတ်မသန့် ဘူးဆိုပြီး ဆီတွေကိုသွန်ပြစ်ခဲ့တဲ့ ဒီလူကြီး…. ရုပ်ရှင်ကြည့်တာတောင် ( ငါးမှုးတန်း ) ရှေ့ဆုံးတန်းကနေ […]

Continue Reading