စနေ သားသ္မီးများအတွက် အန္တရာယ်ကင်း၍ လာဘ်ရွှင်ရန် အကောင်းဆုံးယတြာ…

စ​နေသားသ္မီးများအတွက်​ အန္တရာယ်​ကင်း၍ လာဘ်​ရွှင်​ရန်​အတွက်​ …… အုန်းညွှန့်​ နှင့်​သ​ပြေညွှန့်​ကို ဘုရား​ပန်းအိုးတွင်​၄င်း ၊ တံခါး​ပေါက်​ တွင်​ ၄င်း ၊ ထိုးပါ ။( ၇ )ရက်​၁ကြိမ်​ ​ရေလဲ ပေးပါ ။ အိမ်​၏အ​နောက်​​တောင်​အရပ်​တွင်​ ထ​နောင်းပင်​ကို စိုက်​ထားပါ ။ စိုက်​ရမည့်​ နည်းမှာ တွင်းကို တစ်​​ထောင့်​ထွာ ခန့်​ တူးပြီး ​မြေကြီးထဲတွင်​ ​ကျောက်​​ရောင်​စုံ မျိုးစုံ ( ၇ )မျိုး ၊ ဆန်​တစ်​ဆုပ်​ ၊ ​မြေဇာမြက်​ တစ်​ဆုပ်​ ၊ ​ကြေးနီပိုက်​ဆံ တစ်​ပြား ၊ သံ​ချောင်း တစ်​​ချောင်းကိုရော၍ ထည့်​ပြီးလျှင်​ သစ်​ပင်​ကို ​ရွှေရည်​ ​ငွေရည်​ ​လောင်းပါ ။ သစ်​ပင်​စိုက်​မည့်​ ​နေ့တွင်​ ဥပုသ်​​စောင့်​နိုင်​လျှင်​​သော်​၄င်း […]

Continue Reading

အင်တာနက်ပေါ်မှာ အရမ်းကို လူကြိုက်များနေတဲ့ မြန်မာနိုင်ငံက ကျောင်းဆရာမလေးရဲ့ စိတ်ကူး ….

အင်တာနက်ပေါ်မှာ အရမ်းကို လူကြိုက်များနေတဲ့ မြန်မာနိုင်ငံက ကျောင်းဆရာမလေးရဲ့ စိတ်ကူး …. တကယ့်ကိုတန်ဖိုးရှိပြီး ချီးကျူးလေးစားဖွယ်လုပ်ရပ်လေ:…. ဆရာ/ဆရာမတွေဆိုတာ ကလေးတွေကို နာ ၃ နာနဲ့ စာသင်ကြားပေးနေသူတွေပါ… မိမိတို့အကျိုးအတွက်မဟုတ်ဘဲ အနာဂတ်မှာ အားကိုးရတဲ့ ခေါင်းဆောင်ငယ်လေးတွေဖြစ်လာနိုင်တဲ့ ကလေးတွေကို နိုင်ငံ့အကျိုးအတွက်ပါ ရည်ရွယ်ပြီး ပြုစုပျိုးထောင်ပေးနေကြသူတွေပဲ ဖြစ်ပါတယ်….   ဒါ့အပြင် မိဘတွေကိုယ်စား ပြုစုစောင့်ရှောက်ပေးကြသူတွေဆိုလည်း မမှားပါဘူး… ဒီလို ကျေးဇူးတွေရှိတဲ့ ဆရာ/ဆရာမတွေထဲက ဆရာမလေးတစ်ဦးရဲ့ ကလေးတွေအပေါ် ပြုလုပ်ပေးခဲ့တဲ့ စိတ်ကူးလေးက လူမှုကွန်ရက်မှာ ရေပန်းစားနေတာပါ….   လက်ရေးအလှဆုံးဆု၊ သင်္ချာအတော်ဆုံးဆု၊ အတိုးတက်ဆုံးဆု၊ အလှဆုံးအပြုံးဆု၊ တာဝန်ကျေပွန်ဆု၊ အကြိုးစားဆုံးဆု၊ တာဝန်ကျေပွန်ဆု စသဖြင့် ကလေးတစ်ယောက်ချင်းစီရဲ့ ထူးချွန်ရာကို ဆုတွေချီးမြှင့်ပေးခဲ့တာပါ….   ဆုက တန်ဖိုးမကြီးတဲ့ ခဲတံလေးသာဖြစ်ပေမယ့် ဆရာမ […]

Continue Reading

ဖုန်းဘေလ် ခိုးနေတဲ့ ဖုန်းအော်ပရေတာ ကုမ္ပဏီတွေကို လွှတ်တော်က တရားစွဲတော့မည်

ဖုန်းဘေလ် ခိုးနေတဲ့ ဖုန်းအော်ပရေတာ ကုမ္ပဏီတွေကို လွှတ်တော်က တရားစွဲတော့မည် ဖုန်းအသုံးပြုသူများ၏ သဘောတူခွင့်ပြုချက်မရှိဘဲ ငွေဖြတ်တောက်မှုများအတွက် အမျိုးသားလွှတ်တော်၏ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ရေးရာကော်မတီကတစ်ဆင့် တရားစွဲဆိုရန် လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးထွန်းထွန်းဦးက ပြောသည်။ အမျိုးသားလွှတ်တော်ရဲ့ ဆက်သွယ်ရေး ကော်မတီနဲ့ ညှိုနှိုင်းပြီးတော့ ဒါတရားစွဲဖို့ထိ လုပ်နေတယ်။ လိုအပ်ရင် အဲ့ဒီကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းတာမျိုး ဆက်သွယ်ရေး ဥပဒေ တကယ်တမ်းဆက်သွယ်ရေး ဥပဒေအရ ဦးတို့နားလည် တာကတော့ ဆက်သွယ်ရေး ဥပဒေ ဒီကွန်ယက်တစ်ခုကို အသုံးပြုပြီးတော့ ပြည်သူကိုလိမ်လည်တယ် လှည့်ဖျားတယ်။ ညာယူတယ်ဆိုရင် ဒါကသူခိုးပဲ အဲ့တာ အဒိန္နာဒါနကံမြောက်တယ်။ ဒီလူကိုထောင်ချလို့တောင်ရတယ်။ အဲ့တော့ ဒီကုမ္မဏီကြီးတွေကို ကြည့်နေစရာမလိုဘူး ပြည်သူဘက်ကရပ်တည်ပြီး တရားစွဲဖို့ စီစဉ်နေပါတယ်။Credit unicode ဖုန်းအသုံးပြုသူများ၏ […]

Continue Reading

လက်ဖဝါး မှာ ‘M’ အက္ခရာရှိသူတွေ ဟာ တမူထူးခြားနေသူတွေဖြစ်…

သင့်လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” သင်္ကေတပါရှိလား?လက်ဖဝါး မှာ ‘M’ အက္ခရာရှိသူတွေ ဟာ တမူထူးခြားနေသူတွေဖြစ်တယ်။ လက္ခဏာကြည့်တယ်ဆိုတာ လက်ဖဝါးကိုမြေပုံတစ်ခုလိုသဘောထားပြီး ဘဝအကြောင်းအစုံစုံကိုဖတ်ကြားရတဲ့ အတတ်ပညာမျိုးဖြစ်ပြီး တရုတ်နိုင်ငံရဲ့အမွေအနှစ်တစ်ခုဖြစ်တဲ့ ချင် (Ching)ဆိုတဲ့စာအုပ်ထဲမှာ ပထမဆုံးတွေ့မြင်သိကြားခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။ အတွေးအခေါ်ပညာရှင်ကြီး အရစ်စ်တိုတယ် (Aristotle) ဟာဆိုရင် လက္ခဏာဖတ်ရှု့ခြင်းရဲ့နောက်ကွယ်က အတတ်ပညာတွေကို အင်မတန်စိတ်ပါဝင်စားခဲ့ပီး လက်ဖဝါးပေါ်ကအရာတွေက လူတစ်ယောက်ရဲ့အနာဂတ်ကိုပြောပြနိုင်ကြောင်းယုံကြည်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကိုမယုံသူတွေရှိပေမယ့်ကမ္ဘာအနှံ့မှာ သက်ဝင်ယုံကြည်သူတွေကလည်းအများအပြားရှိနေဆဲပါပဲ။ ဒီလိုပဲ လက္ခဏာဖတ်ခြင်းအတတ်မှာလည်း ညဏ်ပညာ၊အတွေ့အကြုံနဲ့ပြည့်စုံပြီး ကျွမ်းကျင်တဲ့ဆရာသမားတွေရှိသလို စာအုပ်ဖတ်ပြီးအိယောင်ဝါးလုပ်ချတဲ့တတ်ယောင်ကားတွေကလည်းရှိပါလေရဲ့… ခုပြောပြမှာကတော့ လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” ပါရှိသူတွေအကြောင်းတစေ့တစောင်းပဲဖြစ်ပါတယ်။လက္ခဏာပညာကိုလုံးဝမသိသူတွေအတွက် ပြောရမယ်ဆိုရင်ဖြင့် အခြေခံသဘောတရားအရ လက်ဖဝါးပြင်မှာ ထင်ရှားတဲ့လမ်းကြောင်းကြီးလေးခုရှိပြီး… အဲဒါတွေကတော့ .. အသက်လမ်းကြောင်း၊နှလုံးလမ်းကြောင်း၊ ဥာဏ်လမ်းကြောင်းနဲ့ ကံလမ်းကြောင်းပဲဖြစ်ပါတယ်။ အဲဒီိလမ်းကြောင်းလေးခုထဲက ကံလမ်းကြောင်းကိုဖယ်ပြီး ကျန်တဲ့လမ်းကြောင်းသုံးခုကစပ်ဆက်သွားတဲ့အခါ လက်ဖဝါးပြင်ပေါ်မှာအင်္ဂလိပ်အက္ခရာ “M” ပုံသဏ္ဍာန်ပေါ်လာပါတယ်။ အဲဒီိပုံသဏ္ဍာန်ကလူတိုင်းမှာမရှိသလို ရှိတဲ့လူတွေဟာလည်း […]

Continue Reading

၂ဝ၂ဝ ခုနှစ် တနင်္ဂနွေသားသားသမီများအတွက် တစ်နှစ်စာ ကံကြမ္မာ အဆိုးအကောင်း ဟောစာတမ်း

တနင်္ဂနွေ သားသမီများတို့သည် မိမိတို့ ဘဝခိုင်မြဲစွာ ရပ်တည်နိုင်ရေးအတွက် အထူးကြိုးစား အားထုပ် လုပ်ကိုင်ရသောနှစ် ဖြစ်သလို့ မိမိအကြံအစည်များ အောင်မြင်မည်ဖြစ်၍ လုပ်ငန်း ကိစ္စရပ်များ ရှေ့ဆုံးမှဦးဆောင်ပြီးတော့ အကြံအစည်သစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်ပါသည်။ အိမ်၊ခြံ၊မြေ၊ အခန်း၊ ဌာနေ အပြောင့်အရွေ့၊ အလဲလှယ် အပြောင်းအလဲများ ရှိမည်။ ထီးပေါက်ကိန်းရှိသည်။ အကျိုးပေးအက္ခရာနှင့်ဂဏန်း- {ကခ၊ပ၊အ} {၁,ဝ,၄,၂} (၁) အစ, (၂) အဆုံး ထီးထိုးပေးပါ။ စီးပွားရေး..ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများ ရင်းနှီးမတည်ပြိး အားသွန်ခွန်စိုက် ရဲဝံ့စွန့်စား လုပ်ကိုင်ပါ။ ပြည်တွင်း, ပြည်ပဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ကွန်ပျူတာနှင့် တီထွင်ပညာရပ်များ ဆောင်ရွက်ခြင်းကောင်း၍ ထီး၊ဖိနပ်၊အထည်အလိပ်၊စက်ယက်ကန်း ရက်လုပ်ခြင်း၊အပန်းဖြေခရီး စခန်းဖွင့်လစ်ခြင်း၊ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့် စားသောက်ကုန် ပစ္စည်းများဖြန့်ချီခြင်း၊ မွေးမြူ ရေးလုပ်ငန်းများအကျိုးမြတ်ရရှိမည်။ အထူးအားဖြင့် တနင်္ဂနွေသားသမီများတို့သည် ဤနှစ် […]

Continue Reading

သင့် ခြေချောင်းလေးတွေက ပြောပြနေတဲ့ စိတ်ထားစိတ်အစွမ်းသတ္တိ…

ခြေချောင်းလေးတွေ တစ်ချောင်းခြင်းစီက ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြနေတယ်ဆိုတာ ယုံကြည်ပါရဲ့လား..? ခြေချောင်း ပုံသဏ္ဍန်အနေအထားတွေပေါ်မှာ မူတည်ပြီး မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြပါတယ်။ ခြေထောက်အဖျားပိုင်းရဲ့ ပုံသဏ္ဍန်ကို ရောမပုံစံ၊ လေးထောင့်ပုံစံ၊ ဂရိပုံစံနဲ့ ဖြန့်ကျက်ပုံစံ ဟူ၍ (၄)မျိုး ခွဲခြားထားပါတယ်။ ၁။ ရောမပုံစံ ခြေထောက် ခြေချောင်းအားလုံးထဲမှာ ခြေမက သိသိသာသာအကြီးဆုံးဖြစ်နေပြီး ကျန်တဲ့ခြေချောင်းလေးတွေက အချိုးညီစွာ ရှိနေမယ်ဆိုရင် “ရောမခြေထောက်” အဖြစ် သတ်မှတ်ပါတယ်။ အဲဒီလိုခြေထောက်မျိုးပိုင်ရှင်ဟာ ဖော်ရွေတတ်သူဖြစ်ပြီး၊ သြဇာညောင်းသူလည်း ဖြစ်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဖြစ်ပြီး လူတွေအများကြီးရှေ့မှာ စကားပြောကောင်းတဲ့သူလည်းဖြစ်လို့ ဒီလိုခြေထောက်ပိုင်ရှင်များဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တတ်ပါတယ်။ ၂။ လေးထောင့်ပုံစံ ခြေထောက် ခြေချောင်းလေးတွေအားလုံးကို စုကြည့်လိုက်မယ်ဆိုရင် ဖော်ပြပါပုံအတိုင်း လေးထောင့်ကျနေတာကို တွေ့ရပါလိမ့်မယ်။ သူတို့ဟာ အေးဆေးပြီးတော့ […]

Continue Reading

မြောက်ဒဂုံရှိ CB ဘဏ်ဓားပြတိုက်ခံရ၊ ဓားပြတိုက်သူများတွင် လက်နက်နှင့် လက်ပစ်ဗုံးပါရှိဟုဆို

မြောက်ဒဂုံရှိ CB ဘဏ်ဓားပြတိုက်ခံရ၊ ဓားပြတိုက်သူများတွင် လက်နက်နှင့် လက်ပစ်ဗုံးပါရှိဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ CB ဘဏ်ဓားပြတိုက်ခံရကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦး နိုင်ဇော်လင်းက ပြောဆိုသည်။ “ဖြစ်တာက အခုလေးတင်ပဲ။ မြို့နယ်မှူးလည်း ရောက်နေပြီ။ ဓားပြတိုက်မှုဖြစ်ပါတယ်။ CB ဘဏ်ပါ။ ကျနော်လည်း သွားမယ်။ အသေးစိတ်တော့ ဘာမှ မသိရသေးဘူး” ဟု ဦးနိုင်ဇော်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဘဏ်အနီးအနားတွင် ရောက်ရှိနေသူများ၏ ပြောဆိုချက်အရ ငွေကျပ် သိန်း ၆၀၀ ကျော်ပါရှိသွားပြီး ဓားပြတိုက်သူများတွင် လက်နက်နှင့် လက်ပစ်ဗုံးပါရှိကြောင်း သိရှိရသည်။ ဘဏ်အနီးတွင် ရောက်ရှိနေသူများ၏ ပြောဆိုချက်အရ အမျိုးသား နှစ်ဦး ဘဏ်အတွင်းသို့ ၀င်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ ငွေကျပ် […]

Continue Reading

ခုလိုဘဝတွေ ဘယ်လောက်များရှိမလဲဆိုတာ မမြင်နိုင် မသိနိုင်ပါ…

Aww လူ့တချို့ ဘဝတွေကလဲ ခါးလိုက်တာနော်… လူ့လောကကို မရောက်လာခင်က အမေဗိုက်ထဲ နေခဲ့ရပင်မဲ့ တကယ်တမ်း လူ့လောကကို ရောက်လာတော့ အမေနို့တောင်မစို့ရဘူး …အဘိုးဖစ်သူနဲ့ နေနေရတာ အဘိုးက ဝန်းထမ်းဖစ်ခဲ့ဖူးပင်မဲ့ အငြိမ်းစား ယူသွားရတော့ မြေးကိုစောက်ရှောက်နေရတာ …. ရွှေတိဂုံ ဘုရားဖူး သွားတော့ ကိုယ့်ဘေးနားမာ ကလေးတယောက်ဆော့နေတာကို အရမ်းချစ်စရာကောင်းတော့ ကိုယ်လဲ သူ့အဘိုးကို ပြောပီး ပွေ့ချီပီး ဆော့ပေးနေတာ ..ကလေးက မိခင်ရင်ငွေ့ကို မခံစားခဲ့ရတော့ ကိုယ်ရဲ့ ရင်ဘတ်ထဲမာမှီပီး ငြိမ်နေလိုက်တာ ကိုယ်လဲ စိတ်ထဲ မေးချင်စိတ်တွေဖစ်လာတော့ အဘိုးကိုမေးမိတယ် … သားသား အမေကောမပါဘူးလားဆိုတော့ အဘက မျက်နှာ မဲ့သွားတယ် ပီးမှ ပြောပြတယ်…ကလေး အမေက မွေးပီးရင် ဆုံးသွားတာတဲ့ အဖေကောဆိုတော့ ကလေးအဖေက သမီးမမွေးခင် […]

Continue Reading

သင်နေ့နာမ်အရ သင့်ကို ကံကောင်းစေမယ့် ရတနာကိုရော သိပြီးပြီလား …?

သင်နေ့နာမ်အရ သင့်ကို ကံကောင်းစေမယ့် ရတနာကိုရော သိပြီးပြီလား ? မှန်မမှန်ဆိုတာတစ်ပုံချင်း ထောက်ကြည့်ကြည့်နော် …. တနင်္ဂနွေသားသမီးတွေက သူများတွေနဲ့မတူပဲ ထူးခြားတဲ့ စရိုက်ကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ စိတ်ကြီးတယ် ၊ စိတ်ဆတ်တယ် မသိရင် မာနကြီးတဲ့ပုံပေါက်နေပေမယ့် တကယ်တမ်းတော့ ဝမ်းနည်းလွယ်ပြီး သနားတတ်တဲ့ သူလေးတွေပါ ။ သူတို့က ဒေါသကြီး ပေမယ့် နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေပါ ။ တစ်ဖက်သားကို စာနာသနားတတ်တဲ့ နေရာမှာ နှစိယောက် မရှိသူတွေ ဖြစ်ပါတယ်။ စိတ်ဆိုးပြီး ဒေါသနဲ့ ပြောလိုက်ရင် ပြောလိုက်ပေမယ့် ခဏပါပဲ ပြီးရင် စိတ်ထဲ မထားတော့ဘူး ။ ဒါပေမယ့် သူတို့ကို ရန်စမိရင် လွယ်လွယ်နဲ့ မမေ့တတ်ဘူး အမှတ်ကြီးတဲ့ သူလေးတွေရယ်။ သူတို့ဟာ ဗဟုသုတကိုလိုက်စားတယ် […]

Continue Reading