Day: June 9, 2019

ကျောင်းတက်​ချိန်ေ​​​​​နာက်​ကျသွား၍ တာဝန်​ကျဆရာမမှ ကျောင်းတံခါးဖွင့်​မ​ပေးလိုက်သောအခါ….

နေ့လည်​ပိုင်း​ကျောင်းတက်​ချိန် အချိန်နည်းနည်းေ​​​​​နာက်​ကျသွား၍ ကျောက်ဆည် မြို့မ​ကျောင်းမှ တာဝန်​ကျဆရာမမှ တံခါးဖွင့်​မ​ပေး​သော​ကြောင့်​ အိမ်​ပြန်​ရင်​လဲဆူခံရမှာစိုး​သောအခါ ​ကျောင်းဆင်းချိ​န်​ထိကျွန်​မတို့အိမ်​နားလမ်းကြား​လေး ထိုင်​​စောင့်​​နေ​သောသနားစရာက​လေး၃​ယောက်​ ​ရေဆာလို့ဆို၍ ကျွန်​မ​ရေဗူး​ပေးလိုက်​ပါတယ်​ … ဒီက​လေး​တွေသာ မ​တော်​လို့​ပျောက်​သွားခဲ့ရင်​ တာဝန်​အရှိဆုံးက ဘယ်​သူ​တွေဖြစ်​မလဲရှင်​ တချို့​သောဆရာ ဆရာမများ သားသမီးချင်းကိုယ်​ချင်းစာ​စေချင်​တယ်​ပါရှင်…. မူရင်းpost ပိုင်ရှင်ကကျောက်ဆည်ကပါ ….https://m.facebook.com/story.php?story_fbid=2216401371781623&id=100002353449579 (ဒါတွေက မဖြစ်သင့်တော့ဘူး) တကယ်ဆို ကလေးကို နားဝင်အောင် ရှင်းပြတတ်ရမှာ ….ယခင် ပညာရေးစနစ်ဆိုးတွေကြောင့် လူပေါင်းများစွာ ပညာမဲ့လို့ သေခဲ့ကြရပြီးပြီ….. ဆယ်တန်း ကျလို့ ဘဝသေပြီဟုယုံကြည်ကာ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည် လူပေါင်း သောင်းကျော်ခဲ့ပြီးပြီ… ပညာမဲ့လို လူမိုက် ဒုဇရိုက်သမားများ၏ သားကောင်ဘွ ရောက်၍ သေကြေခဲ့သူပေါင်း မနည်းလှပေ…. ပညာဆင်ခြင်ထုံတရားမရှိသောကြောင့် ဘာသာရေးမှိုင်းတိုက်ပြီး တရုတ်က နိုင်ငံရေးအမြတ်ထုတ်ယူသွားသည့် အမိမြေကျောက်မြတ်ရတာနာနှင်ရေ ဓါတ်ငွေ့ပါမကျန်ရေအရင်းမြစ်တွေပါ ဆုံးရှုံးမူ …

ကျောင်းတက်​ချိန်ေ​​​​​နာက်​ကျသွား၍ တာဝန်​ကျဆရာမမှ ကျောင်းတံခါးဖွင့်​မ​ပေးလိုက်သောအခါ….Read More »

အထူးကုခွဲစိတ်ဆရာဝန် အဖြစ် ရာထူးတိုးမြင့်ခန့်အပ်ခြင်းခံရတဲ့ ဒေါက်တာမြဝတ်ရည်

ရန်ကုန်၊ ဇွန် ၈ ရက်၊ ရွှေပြည်သာ မီးသတ် စခန်းရှေ့တွင် ကားရပ်တန့်ခဲ့သည်ဟုဆိုကာ အချင်းများခဲ့ရာမှ မီးသတ်ဌာနနှင့် အပြန် အလှန်တရားစွဲခဲ့သော ထန်းတပင် အလုပ် သမားဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာမြဝတ်ရည်အား လက်ထောက် ဆရာဝန်(ခွဲစိတ်)မှ အထူးကုဆရာဝန် (ခွဲ စိတ်)အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံ ရကြောင်း ၄င်းထံမှသိရသည်။ မေလ ၃ဝ ရက်တွင်ကျင်းပသော ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲ ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ် စဉ်(၅/၂ဝ၁၉)ဆုံးဖြတ်ချက်အရ လက်ထောက် ဆရာဝန်(ခွဲစိတ်)များမှ အထူးကုဆရာဝန် (ခွဲစိတ်) အဖြစ်တိုးမြှင့်ရာတွင် ဒေါက်တာ မြဝတ်ရည်ပါဝင်လာခြင်းဖြစ်ကြောင်း ကာယကံ ရှင်ကိုယ်တိုင် အတည်ပြုပြောကြားထားသည်။ ”ရာထူးတိုးတာဟုတ်တယ်။ နေရာမ ပြောင်းရဘူး။ အဲဒီဆေးရုံမှာပဲ။ အထူးကု ဆရာဝန်(ခွဲစိတ်)ဆိုတာ အတိုင်ပင်ခံသမား တော်အဆင့်ပဲ”ဟု ဒေါက်တာမြဝတ်ရည်က ဒီမိုကရေစီတူဒေးသို့ …

အထူးကုခွဲစိတ်ဆရာဝန် အဖြစ် ရာထူးတိုးမြင့်ခန့်အပ်ခြင်းခံရတဲ့ ဒေါက်တာမြဝတ်ရည်Read More »

သာသနာ့ဘောင်ကို အပြီးဝင်ရောက်တော့မယ့် အကြောင်းရင်းကို ပြောပြခဲ့တဲ့ အရှင်ကုဏ္ဍလ

စစ်ကိုင်း၊ ဇွန် ၈ -၂၀၁၉ မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ကျောင်းသားလေး မောင်အောင်ကောင်းဆက်ဟာ ဒီနှစ် တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပေမယ့် သာသနာ့ဘောင်ကို ရာသက်ပန် သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိစာပေတွေကိုပဲ သင်ယူသွားမယ်လို့ သိရပါတယ်။ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်း၊ မလှိုင်မြို့နယ် မလှိုင်မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဖြေဆိုခဲ့ပြီး အာင်စာရင်းမထွက်ခင် မေလ ၆ ရက်ကစလို့ စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက်မှာ အရှင်ကုဏ္ဍလ ဘွဲ့အမည်နဲ့ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။ ”သာသနာဘောင်ကို ဝင်ရတဲ့ အကြောင်းအရင်းက ကျေးဇူးဆပ်ချင်လို့ပါ။ ခုလို ဘဝရတာကလည်း အနန္ဒော၊ အနန္ဒငါးပါးရဲ့ ကျေးဇူးတွေကြောင့်ပါ။ အဲဒီ ကျေးဇူးတွေကို ဆပ်ချင်လို့ တနည်းအားဖြင့် ဘုရားရဲ့ ကျေးဇူးကိုလည်း ဆပ်ချင်လို့၊ အနန္ဒော အနန္ဒငါးပါးကျေးဇူးကို ကိုယ်တတ်နိုင်သလောက် …

သာသနာ့ဘောင်ကို အပြီးဝင်ရောက်တော့မယ့် အကြောင်းရင်းကို ပြောပြခဲ့တဲ့ အရှင်ကုဏ္ဍလRead More »