Day: June 3, 2019

အမေရိကမှာပြုလုပ်တဲ့ စက်ရုပ်တီထွင်မှုပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ အသက်၈နှစ်အရွယ် သမီးလေး မေဖူးပွင့်ဇွန်

အမေရိကမှာပြုလုပ်တဲ့ စက်ရုပ်တီထွင်မှုပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ အသက်၈နှစ်အရွယ် သမီးလေး မေဖူးပွင့်ဇွန် နေ့စဉ်နဲ့အမျှတိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာတော့ ကဏ္ဍအမျိုးမျိုးမှာလည်း ကျနော်တို့မသိလိုက်တဲ့ အဖြစ်ပျက်တွေကလည်း အရှိန်အဟုန်ကောင်းစွာနဲ့ တိုးတက်ပြောင်းလဲနေပါတယ် ။ အဲ့ဒီလိုပြောင်းလဲတိုးတက်မှုတွေထဲမှာ ကျနော်တို့မြန်မာနိုင်ငံကလည်းနောက်ကျကျန်မနေခဲ့ပါဘူး ။ နည်းပညာခေတ်ကြီးလို့ပြောလို့ရတဲ့ ယနေ့ကမ္ဘာကြီးမှာတော့ လူသားတွေရဲ့အတွေးအခေါ်တွေလည်း တိုးတက်ပြောင်းလဲလာခဲ့ပါတယ် ။ အခုကျနော်တို့့် မိတ်ဆွေတွေကိုတင်ဆက်ပေးချင်တဲ့ အကြောင်းအရာ တစ်ခုရှိပါတယ် ။ အမေရိကန်နိုင်ငံမှာ ပြီးခဲ့ရက်ပိုင်းကကျင်းပပြီးစီးခဲ့တဲ့ VEX Robotics World Championship 2019ခုနှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Judge’s Awards ရရှိခဲ့နိုင်တဲ့သမီးလေးတစ်ယောက်ရှိတယ်ဆိုတဲ့သတင်းလေးပါ ။ သူရဲ့ အိပ်မက်တစ်ခုကလည်း တချိန်ကျရင် နာဆာမှာ သိပ္ပံပညာရှင်တစ်ယောက်လည်းဖြစ်ချင်တယ်လို့ကြားသိရပါတယ် ။ သူရဲ့ယှဉ်ပြိုင်မှုကတော့ကမ္ဘာ့နိုင်ငံတွေအများကြီးနဲ့အတူယှဉ်ပြိုင်ခဲ့ရသလို အာရှဘက်ကလည်း ဂျပန်တို့လိုတခြားနည်းပညာမြင့်မားတဲ့ နိုင်ငံကြီးတွေကိုကျော်ဖြတ်ပြီး မှ ဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ် ။ တကယ်တော့ ကျနော်တို့မြန်မာတွေကလည်းကမ္ဘာနဲ့အတူရင်ဘောင်တန်းနိုင်တဲ့ဆိုတာကိုသက်သေပြခဲ့ညီမလေးကိုလည်း အားပေးစကားပြောပေးသွားကြပါဦးခင်ဗျ …

အမေရိကမှာပြုလုပ်တဲ့ စက်ရုပ်တီထွင်မှုပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ အသက်၈နှစ်အရွယ် သမီးလေး မေဖူးပွင့်ဇွန်Read More »

မွေးရပ်မြေမှ ရွာဦးကျောင်း ဆရာတော်အတွက် သိန်းတစ်သောင်းခွဲကံထူးရှင် ကိုဝင်းကျော် ကားဝယ်ထွက်

(၃.၆.၂၀၁၉) ApannPyay မွေးရပ်မြေမှ ရွာဦးကျောင်း ဆရာတော်အတွက် ကားဝယ်နေတဲ့ သိန်းတစ်သောင်းခွဲကံထူးရှင် ၁.၆.၂၀၁၉ မှာ ထွက်ရှိတဲ့ (၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကြီးမှ သိန်းတစ်သောင်းခွဲကံထူးရှင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် ဗ၂၃ ရပ်ကွက်မှ “ပွင့်သစ်” ကွမ်းယာဆိုင် ပိုင်ရှင်ဖြစ်တဲ့ ကိုဝင်းကျော် မှ ဆွတ်ခူးရရှိသွားတာပဲဖြစ်ပါတယ်..။ ကိုဝင်းကျော် ရဲ့ မွေးဖွားရာ ဇာတိမြေသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထိန်ကန်ကျေးရွာဖြစ်ပြီး လက်ရှိတွင် ကိုဝင်းကျော်ရဲ့ မိခင်ကြီးသည်လည်း ကိုဝင်းကျော်ရဲ့ မွေးရပ်မြေ ထိန်ကန်ကျေးရွာတွင် နေထိုင်လျှက်ရှိပါသည်။ ကိုဝင်းကျော်သည် အောင်ဘာလေထီ မပေါက်ခင် အချိန်ကတည်းက မွေးရပ်မြေမှ ရွာဦးကျောင်းထိုင်ဆရာတော်ထံ ကားလူရန်ဆန္ဒရှိနေခဲ့သော်လည်း မိမိရဲ့ စီးပွားရေး အခြေအနေကြောင့် ကားတစ်စီးလုံးကို ဝယ်လှူရန် မတတ်နိုင်သဖြင့် မိမိတတ်နိုင်သလောက် ဆရာတော်ဘုရား ကားဝယ်ပါက …

မွေးရပ်မြေမှ ရွာဦးကျောင်း ဆရာတော်အတွက် သိန်းတစ်သောင်းခွဲကံထူးရှင် ကိုဝင်းကျော် ကားဝယ်ထွက်Read More »

လမ်းဘေးဈေးသည်လေးတွေကို ဈေးမဆစ်ကြပါနဲ့

လမ်းဘေးဈေးသည်လေးတွေကို ဈေးမဆစ်ကြပါနဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက “မဆစ်နဲ့” ဆိုတဲ့ စကားလေး သမီးရဲ့။ ဟုတ်တယ် သူပြောဖူးတယ်…… ” မဆစ်နဲ့”လို့။ ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။ မကွေးဘက်လား၊ မုံရွာဘက်လား၊ ဒါမှမဟုတ် မတ္တရာဘက်လား၊ ဖေဖေ ကောင်း ကောင်း မမှတ်မိတော့ဘူး။ အဝေးပြေးကားကြီးနဲ့သွားကြရာက တစ်နေရာ ကားခဏထိုးရပ်လိုက်တဲ့အခါ ရေသန့်ဘူး ရောင်းတဲ့ ကလေးမ ကလေးတစ်ယောက် ကားအနားကို ကပ်လာပါလေရောလို့ ဆိုပါတော့။ ရေခဲစိမ်ထားလို့ထင်ပါရဲ့၊ သူ့လက်ထဲက ရေသန့်ဘူး သုံးလေးဘူးဟာ ရေတွေသီးလို့။ ခြစ်ခြစ်တောက်အောင်ပူတဲ့ အညာနေရဲ့ အောက်မှာ “ရေသန့်ဘူး၊ ရေသန့်ဘူး”ဆိုတဲ့ အသံလေးဟာ စာ နေတာပဲ။ နဂိုမူလ ညိုတဲ့အသားကလေးဟာ နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။ ထုံးစံအတိုင်း ဆရာချစ်ဦးညိုက ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။ …

လမ်းဘေးဈေးသည်လေးတွေကို ဈေးမဆစ်ကြပါနဲ့Read More »

ဂွေ့ကြီးချောင်းရေကျော်အား ဖြတ်သန်းမောင်းနှင်စဉ် မျောပါသွားသောKLUGER ကြီး

ဂွေ့ကြီးချောင်းရေကျော်တွင် ယာဉ်တစ်စီးမျောပါပြီး၊ သဲနစ်မြုပ်လျက်ရှိ တပ်ကုန်း ဇွန် ၃ နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်အတွင်း ဇွန် ၂ ရက် ညနေပိုင်းက မိုးကြီးစွာရွာသွန်းပြီး၊ တောင်ကျရေကြမ်းသည့် ဂွေ့ကြီးချောင်းရေကျဆင်းလာချိန်တွင် တပ်ကုန်းမှ ရန်ကုန်- မန္တလေးအမြန်လမ်းသို့ ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်း၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာအနီးရှိ ချောင်းကူး ရေကျော်တွင် ဖြတ်သန်းမောင်းနှင်သည့် ယာဉ်တစ်စီး ချောင်းရေနှင့် အတူ မျောပါသွားခဲ့သည်။ အဆိုပါယာဉ်နှင့်ယာဉ်မောင်းအား ကယ်ဆယ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းနိုင်နှင့်ဌာနဆိုင်ရာများ ၊မြို့နယ်မီးသတ်ဖွဲ့ဝင်များ၊ ဂွေ့ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသားများဖြင့် ကူညီ ကယ်ဆယ်ရေးများဆောင်ရွက်ပြီး၊ ချောင်းရေကျော် နေရာအား အန္တရာယ်ရှိသည့်အတွက် ယာဉ်ဖြတ်သန်းသွားလာမပြုရေးနှင့် ညတွင်းချင်းယာယီပိတ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များကို စောင့်ကြည့်တာဝန်ချထားပေးအပ်ခဲ့သည်။၎င်းရေကျော်တွင် မျော ပါသွားသည့် မော်တော်ယာဉ်မှာ တပ်ကုန်းမြို့နယ် အောင်ဇေယျ ရပ်ကွက်၊ ဦးမျိုးမင်းအောင် …

ဂွေ့ကြီးချောင်းရေကျော်အား ဖြတ်သန်းမောင်းနှင်စဉ် မျောပါသွားသောKLUGER ကြီးRead More »

ဦးကျော်သူ၏ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက် အားနည်းမူးလဲပြီး နားထင်အရိုးနုအက်သွားခဲ့ကြောင်းသိရှိရ

Zawgyi သတိထားကြဖို့ပါ။မနေ့က မူဆယ်၊မန္တလေးက ရန်ကုန်ပြန်ရောက်။ဒီနေ့ မနက်၅ နာရီထပြီး ကန်တော်ကြီးကွင်းပတ်စက်ဘီးစုပေါင်းစီးပွဲကို သွားနင်း။အိပ်ရေးကပျက်၊ အစာကလျော့စားထား၊ အသက်ကရလာတော့ မူးပြီးလဲ။ဖြည်းဖြည်းလေး လဲပေလို့ပေါ့ဗျာ။ဒူးပွန်းသွားတာက ထား…နားထင်အရိုးနုလေးအက်သွားခဲ့ရပြီ။ဒါတောင် စက်ဘီးစီးဦးထုပ်ဆောင်းထားလို့ပေါ့။ ခုတော့ ပါရမီဆေးရုံ(အရေးပေါ်) ကနေ ဒေါက်တာထူးမောင်အုံးနှင့် ဆရာ၊ဆရာမများက ဂရုတစိုက်စစ်ဆေးကုသပေးပြီး နေအိမ်ကိုရောက်ခဲ့ပါပြီ။ နေအိမ်မှာတစ်ပတ်လောက်နားပြီးမှ ဆက်လက်ကျန်းမာရေးစစ်ဆေးပြီး လိုအပ်ပါက ဆက်လက် ကုသရမည်။သတိထားကြပါဗျာ။ မော်တော်ကားပဲ မောင်းမောင်း၊ ဆိုင်ကယ်ပဲစီးစီး၊ စက်ဘီးပဲနင်းနင်း၊ လမ်းပဲလျှောက်လျှောက်၊ အားကစားပဲလုပ်လုပ် အိပ်ရေး၀၀အိပ်၊ အစာဝအောင် စားထား၊ သွေးပေါင်ကောင်းပြီး အသက်အရွယ်ကို မျက်ခြေမပြတ် သတိထားပြီး လုပ်ဆောင်ကြစေလိုပါတယ်ခင်ဗျာ။ ကျန်းမာရေးအတွက် လုပ်တယ်ဆိုပေမဲ့ မိမိကိုယ်တိုင် ကျန်းမာနေဖို့ အရေးကြီးပါတယ်။မမြင်နိုင်တဲ့ ခန္ဓာရဲ့ဖြစ်ပျက်တွေကို သတိ၊အသိဆောင်ထားဖို့ အဓိကပါခင်ဗျာ။ Credit – celeplatform Unicode Version ဖြင့်ဖတ်ရန် သတိထားကွဖို့ပါ။မနေ့က …

ဦးကျော်သူ၏ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက် အားနည်းမူးလဲပြီး နားထင်အရိုးနုအက်သွားခဲ့ကြောင်းသိရှိရRead More »

စစ်ကိုင်းမြို့ မြို့မဈေးကြီး၏ ၂၄ နာရီပျံကျဈေးအတွင်းဓားထိုးမှုဖြစ်ပွား

စစ်ကိုင်း ဇွန် ၃စစ်ကိုင်းမြို့ မြို့မဈေးကြီး၏ ၂၄ နာရီပျံကျဈေးအတွင်းဓားထိုးမှုဖြစ်ပွား။ စစ်ကိုင်းမြို့ မြို့မဈေးကြီး၏ ၂၄ နာရီပျံကျဈေးအတွင်း ဇွန် ၃ ရက်နေ့နံနက် ၆ နာရီက ဓားထိုးမှုတစ်ခုဖြစ်ပွားရာ ဓားထိုးခံရသူအမျိုးသမီးတစ်ဦးသေဆုးံခဲ့ကြောင်းသိရသည် ။ စစ်ကိုင်းမြို့ မိုးဇာရပ်ကွက်မြို့မဈေးကြီး၏ ၂၄ နာရီပျံကျဈေးဆိုင်တန်းဓားထိုးမှုဖြစ်ပွားကြောင်းသတင်းအရ မြို့မစခန်းမှူး ဒုရဲမှူးခိုင်စိုးထွန်းနှင့်အဖွဲ့ မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝေနှင့်အဖွဲ့တိုသည် သက်သေများ…. နှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးရာ ပျံကျဈေးတန်းတွင် အမဲသားရောင်းသည့် မဇင်မာဝင်း( ခ) မိမဲ အသက် ၃၂ နှစ် (ဘ) ဦးကိုဦးမွတ်စလင်/အစ္စလာမ် ပန်းဘဲတန်းရပ် စစ်ကိုင်းမြို့နေသူသည် ရင်ညွန့်/ ဝမ်းဗိုက်/ဝဲပေါင်ရင်း /လည်ဂုတ်/ထိုးသွင်းဒဏ်ရာများ ဝဲတံတောင်/အောက်နှုတ်ခမ်းပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေရှိရ၍ သုခကာရီလူမှုကူညီရေးအသင်းသို့ အကြောင်းကြားပြီး လူမှူကူညီရေးအသင်းကားဖြင့် စစ်ကိုင်းမြို့နယ်ပြည်သူဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုးံသွားခဲ့သည်။ ဖြစ်စဉ်မှာ သေဆုးံသူ မဇင်မာဝင်း(ခ)မမိမဲသည် ၂၄ နာရီပျံကျဈေး၌ …

စစ်ကိုင်းမြို့ မြို့မဈေးကြီး၏ ၂၄ နာရီပျံကျဈေးအတွင်းဓားထိုးမှုဖြစ်ပွားRead More »

ကိုယ်နဲ့ တညစာပျော်ဖို့ ခေါ်လာတဲ့ အပျော်မယ် မိန်ခလေးကို သူတောင်းစားကိုပေးပြီး ပျော်ခိုင်းလိုက်သောအခါ

ကိုယ်နဲ့ တညစာပျော်ဖို့ ခေါ်လာတဲ့ အပျော်မယ် မိန်ခလေးကို သူတောင်းစားကိုပေးပြီး ပျော်ခိုင်းလိုက်သောအခါ Zawgyi ဖြင့်ဖတ်ရန် ဘားတခုထဲကနေ အရက်တွေ အရမ်းကိုမူးနေတဲ့ လူတစ်ယောက် အရက်တစ်လုံး နဲ့ ညည့်ဌက်ကလေးတစ်ယောက် ဆွဲပြီး ထွက်လာသတဲ့ အဲ့ဒီမှာပဲ ဘားအရှေ့မှာ တောင်းရမ်း စားသောက်နေတဲ့ သူတောင်းစား တစ်ယောက်က ဗိုက်အရမ်းဆာနေတဲ့အတွက်ကြောင့် သူ့ကို အစားစားဖို့ ငွေစကြေးစ အနည်းငယ်လောက် စွန့်ကြဲဖို့ အမူးသမားကို တောင်းရမ်းပါတော့သတဲ့ အဲ့ဒီမှာပဲ အမူးသမားကလည်း ငါ့မှာ ပိုက်ဆံတော့ မကျန်တော့ဘူး မင်း သောက်ချင်ရင်တော့ ရော့..ငါ့ အရက် သာ သောက်လိုက်တော့လို့ အရက်ပုလင်း လှမ်းပေးရောအဲ့ဒီမယ် သူတောင်းစားက (ကျွန်တော် အရက် မသောက်တတ်ပါဘူးခင်ဗျ ထမင်းစားဖို့ ငွေသာလိုတာပါ) လို့ ပြန်ပြောသတဲ့ ဟာအဲ့ဒါဆိုလည်း ရော့ကွာ …

ကိုယ်နဲ့ တညစာပျော်ဖို့ ခေါ်လာတဲ့ အပျော်မယ် မိန်ခလေးကို သူတောင်းစားကိုပေးပြီး ပျော်ခိုင်းလိုက်သောအခါRead More »

မကြာခင်မှာ ၁၀တန်းအောင်စရင်းတွေော့မှာမို့ ကျောင်းသားကျောင်းသူများနှင့်မိဘများအား သိရှိစေရန် shareပေးကြပါ

၁၀တန်းကျောင်းသားကျောင်းသူများနှင့်မိဘများအားသိရှိစေရန် shareပေးကြပါ🖤🖤🖤 မကြာခင်မှာ ၁၀တန်းအောင်စရင်းတွေ ထွက်ပါတော့မယ်။၁၀တန်း ဆယ်တန်းကျောင်းသားများ နှင် မိဘများကို အသိပေးပါရစ။ကလေးရေ ၁၀တန်းဆိုတာ မင်းဘဝကြီးတခုလုံးမဟုတ်ပါဘူး။ အောင်မြင်တဲ့သူတေရှိသလို ရှုံးနိမ့်သူတေလည်းရှိမှာပဲ။ မင်းအောင်မြင်ရင်ပြုံးသလို ကျရှုံးရင်လည်းမငိုပါနဲ့။ ကိုယ်လုပ်ချင်တဲ့အရာတွေလည်း လုပ်ခဲ့pp။ဖြစ်ချင်တာတွေလည်းဖြစ်ခဲ့pp။နောက်ထက်လာမယ့်အရာကိုလက်ခံနိုင်ရမယ်လေ။တခုတော့မှတ်ထား ငါအကောင်းဆုံးတော့လုပ်ခဲ့တာပဲလို့။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးထွက်လာမယ့် resultအပေါ် အပြစ်မတင်စေချင်ပါဘူး။ သာသမီးတွေ ကိုနားလည်အောင်ပြောပြပေးပါ။သားသမီးကိုဆက်ကြိုးစားချင်အောင်အားပေးပါ။ကြိုးစားချင်စိတ်ကိုမရိုက်ချိုးလိုက်ပါနဲ့။အောင်ခြင်းရှုံးခြင်း အမှတ်များခြင်းနည်းခြင်နဲ့ပတ်သတ်ပြီး နားလည်ပေးစေလိုပါတယ်။ကိုသာသူနေရာမှာဆိုတဲ့ စိတ်လေးနဲ့ပေါ့။ ၁၀တန်းဟာ ဘဝတခုလုံးကိုမပြောင်းလဲပေးနိုင်ပါဘူး။ယနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ အောင်မြင်နေတဲ့ စီးပွားရေးပညာရှင်ကြီးတွေ အနုပညာရှင်ကြီးတွေ ဘောလုံးသမားကြီးတွေ ထဲမှာ ၁၀တန်းမအောင်ခဲ့တဲ့သူတေ ပါပါတယ်။သူတို့ဘာကြောင့်အောင်မြင်လာရသလဲ။သူတို့ရဲ့ အလုပ်သူတို့ရဲ့ဝါသနာတေကြောင့်သူတို့ကိုသူတို့အကောင်းဆုံးလုပ်ဆောင်ခဲ့လို့ပါပဲ။ အချိုမိဘတေရှိပါသေးတယ်။အောင်ရင်တောင်ဂုဏ်ထူးမပါလို့ဆူရတာနဲ့ အမှတ်မကောင်းလို့ငေါက်ရတာနဲ့ အောင်ဖို့ရာပင်ဘယ်လောက်ထိပင်ပန်းခဲ့လဲ ကျောင်းသားတွေ ကိုယ်တိုင်ပဲနားလည်ပါလိမ့်မယ်။ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်း၇ရက် ကဲ့ရဲ့၇ရက်ပါ။ ကြားစကားတေကိုနားမယောင်ပါနဲ့။မိဘတွေအနေနဲ့ ကိုယ်ဖြစ်စေချင်တာနဲ့ သားသမီးဝါသနာပါရာ ကိုဦးစားပေးသင့်ပါတယ်။ဒီကမ္ဘာပေါ်မှာ အင်ဂျင်နီယာတွေ ဆရာဝန်တွေကမှ အပျော်ဆုံးလူသားမဟုတ်ပါဘူး။ ကျောင်းသားတွေအနေနဲ့လည်း ငါဒီနှစ်မအောင်နောက်နှစ်အောင်ရမယ်ဆိုတဲ့အတွေးနဲ့ …

မကြာခင်မှာ ၁၀တန်းအောင်စရင်းတွေော့မှာမို့ ကျောင်းသားကျောင်းသူများနှင့်မိဘများအား သိရှိစေရန် shareပေးကြပါRead More »