Day: June 1, 2019
မန္တလေးလုံခြုံရေး ပစ်မိန့်ပေးထားပြီ
မန္တလေးမြို့လုံခြုံရေးနဲ့ပတ်သက်ပြီး လိုအပ်ရင်ပစ်ဖို့ အမိန့်ပေးထားတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို သေနတ်ပေးထားပြီး အောက်ပိုင်းကိုပစ်ဖို့ အမိန့်ပေးထားတယ်လို့ ဒီနေ့ မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း လုယက်မှုတွေ၊ ဓားခုတ်မှုတွေ မကြာမကြာဖြစ်ပွားနေတာကြောင့် ပုံစံအသစ်နဲ့ ပြုလုပ်ပြီး မှုခင်းမဖြစ်ပွားအောင် ထိန်းသိမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသိပေးတင်ပြပြီး ဆောင်ရွက်တာလို့လည်း ရဲမှူးချုပ် စိန်လွင်က ပြောပါတယ်။ ပြည်သူအချို့ဟာ အပြင်သွားတဲ့အခါမှာ လုံခြုံရေးအတွက် တုတ်၊ လက်နက်လိုအရာမျိုးကိုဆောင်ပြီး သွားနေတဲ့အနေအထားဖြစ်နေလို့ အဲဒီလိုဖြစ်နေတဲ့ အခြေအနေကို တိုက်ဖျက်လိုတာဖြစ်တယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။ အခုလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်းမှာဆိုရင် စုစုပေါင်းအမှု ၂၅၄ မှု အရေးယူနိုင်ခဲ့ပြီး အမျိုးသား ၃၁၀ …
မန္တလေးလုံခြုံရေး ပစ်မိန့်ပေးထားပြီRead More »
ပွင့်သစ်ကွမ်းယာဆိုင်ပိုင်ရှင်ဇနီးမောင်နှံ ကိုဝင်းကျော်နှင့် မသီတာအေးတို့ရဲ့ ကံထူးခြင်းဖြစ်ရပ်
မန္တလေး ၁ ဇွန် လေးကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးကို မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်၊ ဗ(၂၃)တွင် နေထိုင်သည့် ပွင့်သစ်ကွမ်းယာဆိုင်ပိုင်ရှင်ဇနီးမောင်နှံ ကိုဝင်းကျော်နှင့် မသီတာအေးတို့က ဆွတ်ခူးခဲ့ကြောင်းသိရသည်။ ထီပေါက်သူဇနီးမောင်နှံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ထိန်ကန်ရွာကျေးရွာ ဇာတိဖြစ်ပြီး မန္တလေးမြို့တွင် ရောက်ရှိနေထိုင်လာခဲ့သည်မှာ ၁၅ နှစ်ရှိပြီဖြစ်သော်လည်း ပွင့်သစ်ကွမ်းယာဆိုင်ကို ဆယ်နှစ်လောက်ရှိပြီဖြစ်ကာ ၎င်းတို့တွင် သားနှစ်ယောက်နဲ့ မိသားစု လေးယောက်အတူနေထိုင်လျက်ရှိသည်။ ” အစကတော့ မယုံဘူးပေါ့။ ဒီလောက်ထိ ကံကောင်းလိမ့်မယ် မထင်ဘူးလေ။ ဒါနဲ့ထီပြန်တိုက်ကြည့်တော့ ဟုတ်နေတာ အရမ်းလည်းပျော်သွားတယ်။ အရင်ဆုံးသတိရတာကတော့ ရွာဦးကျောင်းပေါ့ ရွာဦးကျောင်းကို လှူမယ် ။ ကားဝယ်ပေးမယ် ။ နောက်ပြီး နှစ်ဖက်မိဘကို ကန်တော့မယ် ။ သားနှစ်ယောက်ကို အလှူပေးမယ် “ဟု သိန်းတစ်သောင်းခွဲ ကံထူးရှင် မသီတာအေးက ပြောသည်။ ထီပေါက်ဂဏန်းမှာ …
ပွင့်သစ်ကွမ်းယာဆိုင်ပိုင်ရှင်ဇနီးမောင်နှံ ကိုဝင်းကျော်နှင့် မသီတာအေးတို့ရဲ့ ကံထူးခြင်းဖြစ်ရပ်Read More »
ရဲလုပ်ငန်းသည် ထီးတော်မိုးမဟုတ်
ရဲလုပ်ငန်းသည် ထီးတော်မိုးမဟုတ် ရဲတပ်ဖွဲ့သည် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြယုဒ်ဖြစ်သည်… အခုလို နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို အခုလိုထီးမိုးပေးစရာမလိုဘူးလို့ ထင်ပါတယ်… ကိုယ့်နိုင်ငံက ရဲတပ်ဖွဲ့အပေါ် သူတို့အမြင် ဘယ်လိုရှိမလဲ ? မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်ထိခိုက်သွားမလဲ…? အိမ်နီးချင်းနိုင်ငံတွေဆီ ကျနော်ရောက်ဖူးပါတယ် သူ့ဖာသာ ဘယ်နိုင်ငံကလာလာ ဘာကောင်ကြီးဖြစ်ဖြစ် ရဲကရဲအလုပ်ပဲ လုပ်တယ်…ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်တာတော့ရှိတယ်…သူတို့ယူနီဖောင်းနဲ့ သူတို့တာဝန်ကို အထိခိုက်မခံကြဘူး… မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလဲ သူတို့လိုပဲ smart ဖြစ်စေချင်တယ် သူ့ဖာသာဘယ်လောက်ချမ်းသာ ချမ်းသာ ထီးမိုးပေးရတဲ့အထိ ကိုယ့်ယူနီဖောင်း နဲ့ ကိုယ့်တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်ဘူး…. တာဝန်ရှိသူများ သတိလေးထားကြစေချင်ပါတယ်… နိုင်ငံတကာကို ပျံ့နှံ့သွားတဲ့ ဓာတ်ပုံကြောင့် ကိုယ့်နိုင်ငံက ရဲတပ်ဖွဲ့ကြီးကို အထင်သေးသွားနိုင်ပါတယ်… မြတ်သူဟိန်း ဓာတ်ပုံသတင်း- (မန္တလေး-မြို့သာစက်မှုဥယျာဉ်စီမံကိန်းသို့ တရုတ်နိုင်ငံ Hubei Industrial Construction Group …
ရဲလုပ်ငန်းသည် ထီးတော်မိုးမဟုတ်Read More »
(၄) ကြိမ်မြောက် အောင်ဘာလေထီ သိန်းတစ်သောင်းခွဲ ကံထူးရှင် ထွက်ပေါ်လာပါပြီ…….
(၄) ကြိမ်မြောက် အောင်ဘာလေထီ သိန်းတစ်သောင်းခွဲ ကံထူးရှင် ထွက်ပေါ်လာပါပြီ…….Read More »
ဖောက်ပြန်တဲ့ မိန်းမကြောင့် အစ်ကိုရင်း က ညီအရင်းအား ဓါးနဲ့ လည်ပင်း ထိုးသတ်
ဖောက်ပြန်တဲ့ မိန်းမကြောင့် အစ်ကိုရင်း က ညီအရင်းအား ဓါးနဲ့ လည်ပင်း ထိုးသတ် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့သန်ကျေးရွာလယ်တဲအတွင်း လည်ပင်းတွင် ဓါးဖြစ်ထိုးသွင်းဒါဏ်ရာ ဖြင့် ညီဖြစ်သူသေဆုံးနေကြောင်း အစ်ကိုဖြစ်သူမှ တရားလိုပြုလုပ်၍ တိုင်တန်းမှုအား ရဲတပ်ဖွဲ့ဝင်များနာရီ(၄၀) အတွင်းစုံစမ်းဖေါ်ထုတ်ခဲ့ရာမှ သတ်သူမှာတရားလိုဖြစ်နေကြောင်း မေလ (၃၁) ရက်နေ့က သထုံမြို့မရဲစခန်းမှ သိရှိရသည်။ ဖြစ်စဉ်မှာ သထုံမြို့နယ် ၊လိပ်အင်းရပ်ကွက်၊ အုန်းခြံလမ်းနေ၊ ဇော်မျိုး(ခ) မျိုးထွန်း(ခ) ဂျီဝါးနှင့် ညီအရင်းဖြစ်သူ ဇော်ထူးတို့ဂေါ့ကျေးရွာအုပ်စု ကော့သန်လယ်တဲအတွင်း၊ အတူအိပ်ယာဝင်စဉ် မေလ (၂၉) ရက် နံနက် (၁) နာရီခန့်က ညီဖြစ်သူဇော်ထူးအားလည်ပင်းတွင် ဓါးဖြင့်ထိုးသတ်သွားသည်ကို တွေ့ရှိပြီး ၄င်း၏ အစ်ကိုဖြစ်သူများအား ဖုန်းဖြင့် အကြောင်းကြားပြီး သထုံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။ လူသတ်မှုအား ပြည်နယ်၊ ခရိုင်နှင့် …
ဖောက်ပြန်တဲ့ မိန်းမကြောင့် အစ်ကိုရင်း က ညီအရင်းအား ဓါးနဲ့ လည်ပင်း ထိုးသတ်Read More »
မြန်မာလုပ်သား ၅ သိန်းအထိ ဂျပန်က တရားဝင်ခေါ်ယူမည်…..
ဂျပန်နိုင်ငံအစိုးရ အသိအမှတ်ပြု one heart ကော်ပရေးရှင်းနှင့် မြန်မာနိုင်ငံအစိုးရ အသိအမှတ်ပြု ပြည်ပလုပ်သားစေလွှတ်ရေး ကုမ္ပဏီငါးခုတို့ ပေါင်းစပ်ကာ ဂျပန်တွင် မြန်မာများ လုပ်ကိုင်ခွင့်ရရှိရေးအတွက် မေ ၂၉ ရက်နေ့က ရှန်ဂရီလာဟိုတယ်တွင် MOU လက်မှတ်ရေးထိုးခဲ့ကြသည်။ အခမ်းအနားတွင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာလုပ်သား၅သိန်းခန့်အထိ အလုပ်ခန့်ထားရန် ရည်မှန်းထားကြောင်း one heart ကော်ပရေးရှင်းတာဝန်ခံ မစ္စတာအိရှိနိကပြောသည်။ဂျပန်ကုမ္ပဏီများက ကျွမ်းကျင်လုပ်သားများကို ပိုမိုအလိုရှိကြောင်း၊ ဂျပန်သည် လူလိုနေသည့်နိုင်ငံဖြစ်ရာ လူပိုနေသည့်မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းဖြစ်ကြောင်း၊ မြန်မာများကလည်း ပိုက်ဆံရသည့်အလုပ်ဖြစ်ရင် ပြီးရောဆိုသည့်စိတ်ဓါတ်မထားဘဲ ကျွမ်းကျင်လုပ်သားများဖြစ်ရန် ကြိုးပမ်းစေလိုကြောင်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးကျော်စွာစိုးက ဂုဏ်ပြုစကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် အစိုးရခွင့်ပြုထားသည့် ဝန်ဆောင်ခနှုန်းထားအတိုင်းသာ ပေသွင်းရမှာဖြစ်ပြီး အာမခံချက်အပြည့်ရှိသော စက်ရုံအလုပ်ရုံများ စိုက်ပျိုးရေးလုပ်ငန်းများ … ITနည်းပညာဆိုင်ရာလုပ်ငန်းများကို နှစ်သက်ရာရွေးချယ်နိုင်ကြောင်း …
မြန်မာလုပ်သား ၅ သိန်းအထိ ဂျပန်က တရားဝင်ခေါ်ယူမည်…..Read More »
ကိုယ့်အိမ်မှာရှိတဲ့ ဘုရားကျောင်းဆောင် သေးသေးလေး ဆိုပြီး မပေါ့ဆကြပါနဲ့…..
မပေါ့ဆကြပါနဲ့ …ဖတ်ကြည့်နော်… ကိုယ့်အိမ်မှာရှိတဲ့ ဘုရားကျောင်းဆောင် သေးသေးလေး ဆိုပြီး မပေါ့ဆကြပါနဲ့။ ဗုဒ္ဓက…..သဒ္ဓါတရားကသာ အဓိကကျတာပါတဲ့။ ဘုရားကျောင်းဆောင် ကြီးပေမဲ့ ပြုလုပ်တဲ့အခါ သဒ္ဓါတရား မထက်သန်ဘူး ဆိုရင် အကျိုးပေး မကြီးကျယ်လှပါဘူး။ ဘုရားကျောင်းတော်ရာအမှတ်နဲ့  နှလုံးသွင်း ဆင်ခြင်ပြီး သောက်တော်ရေကပ် ပန်းကပ် ဆီမီးကပ်…. အမွှေးနံ့သာ မျက်နှာသစ်တော်ရေ ခြေဆေးတော်ရေကိုသာ သက်ရှိထင်ရှား ဘုရားရှင်အဖြစ် နှလုံးသွင်းပြီး…. ရိုရိုသေသေ လေးလေးစားစား သန့်သန့်ရှင်းရှင်း ဖြစ်အောင် ပြုလုပ်ပြီး ကပ်လှူ ပူဇော်ပါ။ ဆွမ်းကပ်တဲ့အခါမှာလည်း…သက်ရှိထင်ရှား ဘုရားရှင်ကို ကပ်သလိုမျိုးပဲ။ဖွယ်ဖွယ်ရာရာနဲ့ စနစ်တကျ ကပ်ပါ။ အဲဒီလိုအလှူတွေက…နိဗ္ဗာန်အထိ အကျိုးပေးပါတယ်။ နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမဲ့နိဗ္ဗာန်ရောက်ဖို့အကြောင်းအထောက်အပံ့ကတော့ သေချာပေါက်ဖြစ်စေပါတယ်။ ပရိတ် ပဋ္ဌာန်း ပူဇော်တဲ့အခါမှာလည်းသဒ္ဓါတရားကောင်းကောင်းနဲ့သာရိုရိုသေသေ ရွတ်ဖတ် ပူဇော်ပါ။အကျိုးပေးက မသေးလှပါဘူး။ ဂူထဲက မထေရ်ကြီးတစ်ပါးရဲ့ …
ကိုယ့်အိမ်မှာရှိတဲ့ ဘုရားကျောင်းဆောင် သေးသေးလေး ဆိုပြီး မပေါ့ဆကြပါနဲ့…..Read More »
(၄) ကြိမ်မြောက် အောင်ဘာလေ ထီပေါက်စဉ် တိုက်ရန်
( ၄ )ကြိမ်မြောက် ကျပ်သိန်း (၁၅၀၀၀) ဆု သိန်း ၁၅၀၀၀ ကခ ၅၅၅၂၈၁ ( ၄ )ကြိမ်မြောက် ကျပ်သိန်း ( ၁၀၀၀၀) ဆု သိန်း ၁၀၀၀၀ င ၂၄၈၈၄၅ ( ၄ )ကြိမ်မြောက် ကျပ်သိန်း ( ၅၀၀၀) ဆု သိန်း ၅၀၀၀ ဋ ၃၂၃၉၉၈ သိန်း ၅၀၀၀ မ ၉၅၉၄၇၃ ( ၄ )ကြိမ်မြောက် ကျပ်သိန်း ( ၂၀၀၀) ဆု သိန်း ၂၀၀၀ ဓ ၉၅၄၆၈၀ သိန်း ၂၀၀၀ ကစ ၅၀၇၆၉၉ သိန်း ၂၀၀၀ ဘ ၃၇၂၇၄၂ …
(၄) ကြိမ်မြောက် အောင်ဘာလေ ထီပေါက်စဉ် တိုက်ရန်Read More »
ယနေ့ထွက်သော အောင်ဘာလေထီ ဖွင့်ပွဲ တိုက်ရိုက်ကြည့်ရှုရန်….
1.6.2019 (၄)ကြိမ်မြောက် ထီပေါက်စဉ် (ကျန်ဆုများ ဒီ Post အောက်မှာပဲ ထပ်ပေါင်းတင်ပေးပါမည်) သိန်းတစ်သောင်းခွဲ ကခ ၅၅၅၂၈၁ သိန်းတစ်သောင်း င ၂၄၈၈၄၅ သိန်းငါးထောင် ဋ ၃၂၃၉၉၈ မ ၉၅၉၄၇၃ သိန်းနှစ်ထောင် ဓ ၉၅၄၆၈၀ ကစ ၅၀၇၆၉၉ ဘ ၃၇၂၇၄၂ ကဇ ၆၆၃၅၆၀ သိန်းတစ်ထောင် တ ၉၅၀၄၆၆ ဇ ၈၇၅၅၉၁ ကက ၇၃၅၈၇၁ ဍ ၃၇၅၃၆၈ ဒ ၂၀၅၂၆၃ ဆ ၆၂၄၈၀၀ ဝ ၇၉၈၆၃ သိန်း(၅၀၀) ဟ ၈၅၄၇၃၆ ဝ ၆၅၆၂၃၄ ကဆ ၅၉၅၀၃၁ ဓ ၈၇၀၅၈၆ ယ ၈၅၆၁၅၃ ဘ …
ယနေ့ထွက်သော အောင်ဘာလေထီ ဖွင့်ပွဲ တိုက်ရိုက်ကြည့်ရှုရန်….Read More »
မမ နဲ့ မောင်လေး လို့ သတင်းတွေ ထွက်နေတဲ့ မထက်နဲ့ သန်းပိုင်
မမ နဲ့ မောင်လေး လို့ သတင်းတွေ ထွက်နေတဲ့ မထက်နဲ့ သန်းပိုင် မထက်ဟာ ဆိုရင်တော့ ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရထားတဲ့ မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်သလို မော်ဒယ်သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ မထက်က မကြာသေးမီ ကမှ သူ့ရဲ့ပထမဆုံး ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပို်င်ဆိုင်ထားတယ် ဆိုရင်လည်း မမှားပါဘူး။သန်းပိုင်ကတော့ ပြည်သူချစ် ဘောလုံးသမားတစ်ဦး ဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်တွေမှာလည်း အောင်မြင်မှုတွေ ရရှိထားတဲ့ ကစားသမားကောင်း တစ်ဦး ဖြစ်ပါတယ်။ အခုတလော လူမှုကွန်ယက်တွေမှာပျံ့နှံနေတဲ့ ကောလာဟလတွေ အရတော့ ပရိသတ်တွေက မထက်နဲ့ သန်းပိုင်တို့ကို သို့လောသို့လော စိတ်ဝင်စားနေကြတယ် လို့ သိရပါတယ် ။ မထက်ဟာ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လာရင် အင်မတန် …
မမ နဲ့ မောင်လေး လို့ သတင်းတွေ ထွက်နေတဲ့ မထက်နဲ့ သန်းပိုင်Read More »