Day: May 30, 2019

ခြင်ရိုက်ဘတ်တံမှ ဓာတ်ဆီပုလင်းအား မီးကူးစက်လောင်ကျွမ်းပြီး အမျိုးသမီး နှစ်ဦး သေဆုံး

ကလောမြို့၌ လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစားရာမှ မီးပွင့်၍ ဓာတ်ဆီပုလင်းအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ဖြစ်စဉ်မှာ မေ ၂၉ ရက် ည ၇ နာရီ ၂၀ မိနစ်က ရှမ်းပြည်နယ်၊ ကလောမြို့၊ (၅)ရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း(၅၀)နှစ်သည် နေအိမ်၌ ဆိုင်ကယ်ဆီဖြည့်စဉ် မြေးဖြစ်သူ မစိုးမြတ်နိုးဝတီ(၃)နှစ် မှ လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစား၍ မီးပွင့်သွားရာမှ ဓာတ်ဆီပုလင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး/ပျဉ်ခင်း/ပျဉ်ကာ နေအိမ်တစ်လုံး၊ မော်တော်ယာဉ် တစ်စီးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့သည်။မီးလောင်မှုကြောင့် ဒေါ်စန်းစန်းဝင်းနှင့် ၎င်းအိမ်မှအလုပ်သမား မမေသဇင်ဦး(၂၂)နှစ်တို့ နှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် သုံးဦးနှင့် မစိုးမြတ်နိုးဝတီ တို့တွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်မှ သေဆုံးသူ အိမ်ရှင် ဒေါ်စန်းစန်းဝင်းအား ကလောမြို့မရဲစခန်း …

ခြင်ရိုက်ဘတ်တံမှ ဓာတ်ဆီပုလင်းအား မီးကူးစက်လောင်ကျွမ်းပြီး အမျိုးသမီး နှစ်ဦး သေဆုံး Read More »

လူမဆန်တဲ့ကောင်.. ဒီဈာပနကိုမင်းမြင်မှာပါ…တူသောအကျိုးမပေးပါစေနဲ့လို့ဆုတောင်းပါတယ်

လူမဆန်တဲ့ကောင်.. ဒီဈာပနကိုမင်းမြင်မှာပါ…တူသောအကျိုးမပေးပါစေနဲ့လို့ဆုတောင်းပါတယ် ကားစီးနိုင်ပြီး လမ်းစည်းကမ်းမသိ ဘာမှမသိ လမ်းပြောင်းပြန်မောင်းလာပြီး စည်းကမ်းရှိရှိမောင်းနှင်လာတဲ့ လင်မယားကိုတိုက်မိပြီး ထွက်ပြေးသွာတယ်..သူတို့ခင်မြှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြတယ် လူမမယ်သမီးငယ်လေးလူ့လောကမှာကျန်ရစ်ခဲ့တယ်..😢😢 မြင်ကွင်းကရင်ထဲမချိဘူးဗျာ လူမဆန်တဲ့ကောင်.. ဒီဈာပနကိုမင်းမြင်မှာပါ…တူသောအကျိုးမပေးပါစေနဲ့လို့ဆုတောင်းပါတယ်.. Credit: Ko Si Thu Maung credit: Tarchilake News ယနေ့ နေ့လည် ( ၁ ) နာရီတွင် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှ နေ၍ ကွယ်လွန်သူ ဇနီးမောင်နှံနှစ်ဦးဖြစ်သူ( ကိုဇော်မင်း + မမြင့်မြင်အး) တို့၏နာရေးအား မြို့ မသုဿန်သို့ပို့ဆောင်ခါ ဆရာတော် သံဃာတော်များဖြင့် ရေစက်ချအမျှအတန်းပေးဝေခါကောင်းမွန်စွာမီးသင်္ဂြိုလ်ပေးခဲ့ ပြီးဖြစ်ပါတယ်ခင်ဗျာနာရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များအားလုံး အစမှအဆုံးတိုင် သေသပ်စွာဆောင်ရွက်ပေးခဲ့ ကြပါတယ် ခင်ဗျာ~~ကောင်းရာသုဂတိလားကြပါစေ 30-5-2019. Pm. 1:45. မိနစ်

ဘယ် မယားကြီးမှ မယားငယ်ကို ကြောက်စရာ မလိုတော့တဲ့ ….မယားငယ်အပျိုကို အာမခံ မရဘဲ ထောင်တန်းချလို့ရတဲ့ မြန်မာပြည်က ဥပဒေ

စနိုက်ကျော် မယားငယ်အပျိုကို အာမခံ မရဘဲ ထောင်တန်းချလို့ရတဲ့ မြန်မာပြည်က ဥပဒေ မြန်မာပြည်မှာ မယားငယ်အပျိုကို ထောင်ချလို့ရတဲ့ ဥပဒေ……. မယားငယ်အပျိုကို ထောင်ချလို့ရတဲ့ ဥပဒေ မြန်မာပြည်မှာရှိပါတယ်။ နိုင်လွတ် ဥပဒေ ပုဒ်မ ၈(စ) ဥပဒေနဲ့ပါ။ အဲ့ဒီ့ဥပဒေနဲ့ မယားကြီးဖြစ်သူက မယားငယ်ကို တရားစွဲရင် အချုပ်တန်းကျပါတယ် အာမခံ လုံးဝ (လုံးဝ) မရပါ။ မြန်မာပြည်က မယားငယ်တိုင်းသည် နိုင်လွတ် ဥပဒေ ပုဒ်မ ၈(စ)နဲ့ ငြိနေသလို တစ်လင်တမယားဥပဒေကို အားပေး အားမြှောက်မှု့ ရာဇသတ်ကြီး ပုဒ်မ (၁၁၄)နဲ့ပါ ငြိနေကြပါသည်။ အဲ့သလို မယားငယ်ကို တရားပြန်စွဲနိုင်တဲ့ မည်သည့် မယားကြီးမဆို မယားငယ်ရဲ့ နိုင်လွတ်ဥပဒေ ပုဒ်မ (၁၀)နဲ့ ကန်းတက် တရားစွဲဆို ခံရဖို့ …

ဘယ် မယားကြီးမှ မယားငယ်ကို ကြောက်စရာ မလိုတော့တဲ့ ….မယားငယ်အပျိုကို အာမခံ မရဘဲ ထောင်တန်းချလို့ရတဲ့ မြန်မာပြည်က ဥပဒေ Read More »

ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျပြီး အသက်ဆုံးသွားခဲ့တဲ့ မစိမ့်ထက် အလောင်းကို ပူတာအိုမှာ မီးသဂြိုဟ်

သတင်း မစိမ့်ထက် အလောင်းကို ပူတာအိုမှာ မီးသဂြိုဟ် ဓာတ်ပုံ – ချစ်လှိုင် ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျပြီး အသက်ဆုံးသွားခဲ့တဲ့ မစိမ့်ထက် ရုပ်ကလပ်ကို မေလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီမှာ ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် သချိုင်းမှာ မိသားစုဝင်များ၊ နာရေးကူညီမှုအသင်း၊ ခမ်းတီလုန်လူငယ် ပရဟိတအသင်းနဲ့ ရပ်မိရပ်ဖ တောင်တက် အဖွဲ့ကယ်ဆယ်ရေး အဖွဲ့များမှ မီးသဂြိုဟ်ခဲ့ပါတယ်။ အရိုးပြာတွေကို ရန်ကုန်အထိ သယ်ဆောင်သွားမယ်လို့ ကယ်ဆယ်ရေးအဖွဲ့မှ လိုက်ပါလာတဲ့ အဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ မစိမ့်ထက်ဟာ အဖွဲ့ဝင် ၂၁ ဦးပါတဲ့ “The Summiter” တောင်တက်အဖွဲ့နှင့်အတူ ဧပြီ ၃ရက်နေ့ကစပြီး တောင်တက်ခဲ့ပြီး ဧပြီ ၁၂ ရက်နေ့မှာ ရေခဲတောင်ပေါ်က ခြေချော်ကျပြီး အသက်သေဆုံးသွားခြင်း …

ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျပြီး အသက်ဆုံးသွားခဲ့တဲ့ မစိမ့်ထက် အလောင်းကို ပူတာအိုမှာ မီးသဂြိုဟ် Read More »

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်မှာ မြန်မာလူငယ် ၁၀၀ တုတ်ဓားကိုင်ပြီး အုပ်စုဖွဲ့ပွဲကြမ်းခဲ့တဲ့ဖြစ်ရပ်…..

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်၊ ပါတောင်ကမ်းခြေမှာ တုတ်ဓားကိုင်ပြီး အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်တဲ့ မြန်မာလူငယ် ၁၀၀ နီးပါးကို ထိုင်းရဲတပ်ဖွဲ့က လူစုခွဲဖြိုခွင်းခဲ့ရတယ်လို့ မတီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်…. မေလ ၂၆ နဲ့ ၂၇ ရက်အကြား ညဥ့်သန်းခေါင်ကျော်အချိန်လောက်မှာ ဖူးကတ်မြို့နယ် ပါတောင်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ နယ်မြေလုံခြုံရေးစောင့်ကြပ်နေစဉ် လိုမာမြူနီစီပယ်ပန်းခြံနဲ့ ဘောလုံးကွင်းတဝိုက်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေဟာ…… လက် ထဲ မှာ လည်း ဓား တို၊ ဓား ရှည် တုတ် တွေ ကိုင် ဆောင် ထား တာ ကြောင့် တာ ဝန် ရှိ သူ တွေ က ဝင် ရောက်ဖမ်း ဆီး ရာ မှာ တ ချို့ …

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်မှာ မြန်မာလူငယ် ၁၀၀ တုတ်ဓားကိုင်ပြီး အုပ်စုဖွဲ့ပွဲကြမ်းခဲ့တဲ့ဖြစ်ရပ်….. Read More »

မိုင်တိုင် ၁၅၂/၃ ဖြစ်စဉ် သတင်း ဆက်.. ဘာကြောင့်သတ်ခဲ့ရတယ်ဆိုတာ တရားခံ ထွက်ဆိုချက်များ

မိုင်တိုင် ၁၅၂/၃ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နောက်ဆက်တွဲသတင်းများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရုံးမှ ထုတ်ပြန်ကြော်ငြာထားခဲ့ပါသည်။ မိုင်တိုင် ၁၅၂/၃ ဖြစ်စဉ် သတင်း ဆက် တရားခံ အမည်. ဖိုးစီ အသက်. (၂၀)နှစ်. (၂၀၁၉) မိဘအမည်. ဦးမောင်တုတ် + ဒေါ်စု အလုပ်အကိုင်. —- လူမျိုး/ဘာသာ. ဗမာ/ဗုဒ္ဓ ပညာအရည်အချင်း — နေရပ်. နေပူကုန်းကျေးရွာ တောင်ငူမြို့ နယ် ဖြစ်စဉ်အကျဉ်း ၂၀၁၉ ခုနှစ်. မေလ(၂၈)ရက် ည(၁၂၀၀) ချိန်ခန့်တွင်. ရဲတပ်သား အောင်စိုးဝေ သည် ရဲကင်း နယ်မြေ တလျောက် ဆိုင်ကယ် လှည့်ကင်း ဆောင်ရွက်ပြီး ရဲကင်းသို့ ပြန်လာစဉ်. မိုင်တိုင် ၁၅၀ အနီးတွင် တရားခံ ဖိုးစီ …

မိုင်တိုင် ၁၅၂/၃ ဖြစ်စဉ် သတင်း ဆက်.. ဘာကြောင့်သတ်ခဲ့ရတယ်ဆိုတာ တရားခံ ထွက်ဆိုချက်များ Read More »

အမှိုက်ပုံအရောက် ဆိုင်ကယ်ဆီကုန်လို့ ဆိုင်ကယ်ပေါ်ကဆင်းပြီး တွန်းမယ်အလုပ်… အမှိုက်ပုံကြီးအတွင်းမှာ လူနှစ်ယောက်ကို လှမ်းတွေ့ လိုက်သောအခါဝယ်….

အမှိုက်ပုံကြီးအတွင်းက ဘဝတွေ ပြုံးပန်းဝေနိုင်ဖို့ အောင်ပန်းအဝင်လမ်းမကြီးဘေးက အနံ့ပေါင်းစုံနဲ့ အမှိုက်ပုံကြီးကို အားလုံးသိကြမယ်ထင်ပါတယ်. … ကျနော်ကတော့ အာ့နေရာရောက်ရင် အသက်အောင့်ပြီး မောင်းပြေးနေကျဗျ….. ဒီနေ့တော့….အာ့အမှိုက်အနားအရောက် ကျနော့်ဆိုင်ကယ်ဆီကုန်လို့ ထိုးရပ်သွားတယ် …..မိုးကလည်းကျ…… ဆိုင်ကယ်ပေါ်ကဆင်းပြီး တွန်းမယ်လုပ် အမှိုက်ပုံကြီးအတွင်းမှာ လူနှစ်ယောက်ကို လှမ်းတွေ့ လိုက်တယ်….. ကျနော်လမ်းဘေးကနေ လှမ်းအော်ခေါ် ပြီး စကားပြောကြည့်တော့. . သူတို့သားအမိက ဒီအမှိုက်ပုံကြီးထဲမှာ နေထိုင်ပြီး ဗူးခွံ သံစ ရောင်းလို့ရတဲ့ ပစ္စည်းတွေ ကောက်ရောင်းပြီး နေလာတာ တစ်နှစ်ပြည့်ပြီတဲ့….. ကလေးမလေးကို ကျောင်းမနေချင်ဘူးလားဆိုတော့ …..ကျောင်းနေချင်တယ် သမီးက က ကြီးခခွေးရေးတတ်တယ်တဲ့….. တကယ်တော့….ကျနော်က ဒီညနေ ၆နာရီကားနဲ့ ရန်ကုန်ကို အလုပ်ကိစ္စနဲ့သွားမှာဗျ ပိုက်ဆံက ငါးသောင်းပဲပါတယ်…. တစ်သောင်းခွဲဖိုး ကလေးအတွက် အဝတ်အစားဖိနပ်ဝယ် ….ခြောက်ထောင့်လေးရာဖို့ မုန့်နဲ့ …

အမှိုက်ပုံအရောက် ဆိုင်ကယ်ဆီကုန်လို့ ဆိုင်ကယ်ပေါ်ကဆင်းပြီး တွန်းမယ်အလုပ်… အမှိုက်ပုံကြီးအတွင်းမှာ လူနှစ်ယောက်ကို လှမ်းတွေ့ လိုက်သောအခါဝယ်…. Read More »

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်မယ့်နေ့ကို တရားဝင် ကြေညာ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်မယ့်နေ့ကို ကြေညာ ၂၀၁၉ – ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကို (၈ – ၆ – ၂၀၁၉) ရက် ၊ တနင်္ဂနွေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည် ၁။ ၂၀၁၉ – ခုနှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကို (၈ – ၆ – ၂၀၁၉) ရက် ၊ တနင်္ဂနွေနေ့ နံနက် (၀၆:၀၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။ ၂။ အဆိုပါအောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ …

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်မယ့်နေ့ကို တရားဝင် ကြေညာ Read More »

အဆိပ်သင့်သွားတဲ့ မိသားစုကို သဲအုပ်ပေးပြီး အရေးပေါ်ကုသ ပေးနေတဲ့ မှိုအဆိပ်ကုထုံး…

မှိုအဆိပ်ကုထုံး May 30 ,2019 လာအိုနိုင်ငံမှာ အဆိပ်၇ှိတဲ့ အက်ဖလာတောဆင်aflatoxin ဓါတ်ပါ မှိုစားမိလို့  အဆိပ်သင့်သွားတဲ့ မိသားစုကို သဲအုပ်ပေးပြီး အရေးပေါ်ကုသ ပေးနေတာဖြစ်ပါတယ်။ အဆိပ်သင့်မှိုစားပြီး လေးနာ၇ီမှ ခြောက်နာ၇ီအတွင်း အဆိပ်တက်လာပြီဆိုရင် မှိုဆိပ်ဟာ အစာအိမ်နဲ့  သွေကြောတွေ မှာ ရောက်သွားပြီးရင်…. (၁) ၀မ်းဗိုက်က မခံနိုင်အောင်း အောင့်လာမယ်။ (၂)ခေါင်းကိုက် (၃)အစာတွေပြန်အန်မယ် (၄) ၀မ်းတွေ(မစင်-)အကြိမ်ကြိမ်သွားမယ်။ (၅) ကိုယ်အပူချိန်မြင့်တက်မယ်။ (၆) တကိုယ်လုံးအဖုအပိန့် များထွက်ခြင်း- ဆေးရုံနဲ့  ဝေးတဲ့ဒေသတွေမှာ ကုသမှု လွဲရင် အသက်သေဆုံးမှု အများဆုံး ဖြစ်နေတဲ့ မှိုအဆိပ်ပါ။ ကမ္ဘာပေါ်မှာ မှိုအမျိုးပေါင်း ၃၈၀၀၀ ကျော်ရှိနေတာကြောင့် စာကောင်းမှိုနဲ့  အဆိပ်ရှိ မစားသင့်မှိုကို …

အဆိပ်သင့်သွားတဲ့ မိသားစုကို သဲအုပ်ပေးပြီး အရေးပေါ်ကုသ ပေးနေတဲ့ မှိုအဆိပ်ကုထုံး… Read More »

ခက်ခဲကြမ်းတမ်းတဲ့ ရေခဲတောင်ခရီးမှာ မစိမ့်ထက်ကို သွားရောက်ရှာဖွေပေးခဲ့တဲ့ သူရဲကောင်း (၈)ဦး

ခက်ခဲကြမ်းတမ်းတဲ့ ရေခဲတောင်ခရီးမှာ မစိမ့်ထက်ကို သွားရောက်ရှာဖွေပေးခဲ့တဲ့ သူရဲကောင်း (၈)ဦး ၂၀၁၉ မေ လ ၂၅ ရက်နေ့က ဖန်ဂရန်ရာဇီရေခဲတောင်၌ ညီမငယ်စိမ့်ထက်ရဲ့ ခန္ဓာကိုယ်ကို သွားရောက်ရှာဖွေတွေ့ရှိခဲ့ပြီး၊ ပူတာအိုမြို့သို့အရောက် ပြန်လည်သယ်ဆောင်ပေးလာကြတဲ့ ပူတာအို/ကချင် ဒေသခံတိုင်းရင်းသား ရဝမ်လူမျိုးများ ဖြစ်ကြတဲ့ (၈) ယောက်အဖွဲ့အား ကာယကံရှင်မိသားစုကိုယ်စား၊ ညီမငယ်စိမ့်ထက်ကို ဝိုင်းဝန်းကိုယ်ချင်းစာနာ ထောက်ထားပေးကြတဲ့ လူထုကိုယ်စား အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။ ၎င်းအဖွဲ့ဝင် (၈) ယောက်တို့မှာ ဦးလန်ဝမ်ထိန် ပေလဂ ဂျုံရှင်း ဆင်ချန်းဇိန် ဦးမလောင်ဆားရ် ဦးဖရန်ကန်ဆင် ဖရန်ကန်ခင်ဆားရ် ဆန်ဒေါင်းဖုန်ဆားရ် ဖုန်မောင်ဂျုံ တို့ဖြစ်ကြပါတယ်။ မိသားစု၏ စီစဉ်မှုနှင့်အတူ၊ ဦးကျင်ဦးနှင့်အဖွဲ့မှ အကြံပေး/ညွန်ကြားပေးခဲ့သော ဒုတိယအကြိမ်မြောက် ရှာဖွေကယ်ဆယ်ရေးခရီးစဉ်ကို ဒေသခံ (၈) ယောက်ဖြင့် ထပ်မံဖွဲ့စည်း၍ မေလ …

ခက်ခဲကြမ်းတမ်းတဲ့ ရေခဲတောင်ခရီးမှာ မစိမ့်ထက်ကို သွားရောက်ရှာဖွေပေးခဲ့တဲ့ သူရဲကောင်း (၈)ဦး Read More »