Day: May 28, 2019
အမေရိကားက စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက်ကပေးတဲ့ သင်္ခန်းစာ….
အမေရိကန်ချွေးမ အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။ (၁) မစားရင် အဆာခံပါ မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။ ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။ (၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ …
အမေရိကားက စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက်ကပေးတဲ့ သင်္ခန်းစာ…. Read More »
ဖမ်းဝရမ်းအတည်ပြုပြီးပါက ဦးဝီရသူကိုညတွင်းချင်းဖမ်းရမည်ဟုရဲတပ်ဖွဲ့ ပြော
Zawgyicode ဖမ်းဝရမ်းအတည်ပြုပြီးပါက ဦးဝီရသူကိုညတွင်းချင်းဖမ်းရမည်ဟုရဲတပ်ဖွဲ့ ပြော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူကို ရန်ကုန်မြို့ ၊ အနောက်ပိုင်း ခရိုင် တရားရုံးမှ တွဲဖက် တရားသူကြီး ဦးကျော်ကျော်က ဖမ်းဝရမ်း ထုတ်လိုက်သဖြင့် ဆရာတော် ဦးဝီရသူကို ဖမ်းဆီးပေးရမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထံမှ သတင်း ရရှိသည်။ဆရာတော် ဦးဝီရသူကို ဖမ်းဆီး အရေးယူရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက ရာဇသတ် ကြီး ပုဒ်မ ၁၂၄ (က)ဖြင့် အရေးယူပေးရန် တရားလို ပြုလုပ်တိုင်ကြားလာခြင်း ဖြစ်ကြောင်း နေပြည်တော်မှ ဒုတိယ ရဲမှူးကြီး တဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။ “ဝရမ်း အတည်ပြုရမယ့် နေရာက …
ဖမ်းဝရမ်းအတည်ပြုပြီးပါက ဦးဝီရသူကိုညတွင်းချင်းဖမ်းရမည်ဟုရဲတပ်ဖွဲ့ ပြော Read More »
ရရှားမှာ ပညာတော်သင်ဖို့ ရွေးချယ်ခံထားရတဲ့ ဗိုလ်ကြီး တိုက်​ပွဲတွင် ကျဆုံး
ရခိုင် ​မှာ တိုင်းပြည်​တာဝန်​ထမ်း​ဆောင်​ရင်း ငယ်​ငယ်​ရွယ်​ရွယ်​​လေးနဲ့ အသက်​​ပေးလှူသွားပြီဗျာ မိသားစုနဲ့ထပ်​တူ​ကြေကွဲရပါတယ်​။စစ်​ကိုင်းတိုင်း​ဒေသကြီး က​လေးခရိုင်​ မင်း​ကင်းမြို့နယ် ​တောင်​တွင်းေ​ဒသ ကြာပင်​ရွာမှ ဦးတိုး​ကျော်​-​ဒေါ်သန်းလှတို့ရဲ့သား​ထွေး​လေး ဗိုလ်​ကြီးချမ်းသာဝင်း မ​နေ့ညက တိုက်​ပွဲကျသွားခဲ့ပါတယ်​၊ရှရှားကို ပညာ​တော်​သင်​​ရွေးချယ်​ထားခြင်းခံထားရတဲ့သူပါ၊ဒီတစ်​ပတ်​​ရှေ့တန်းကပြန်​ခဲ့ရင်​ ရှရှားကိုသွားရမှာပါ။ ငယ်​ငယ်​​လေးထဲကစ လိမ္မာပြီးစာ​တော်​တယ်​၊ မူလတန်း​ကျောင်းသား​လေးဘဝထဲကစ နွားနှစ်​​ကောင်​ကို​ရှေ့တစ်​​ကောင်​​နောက်​တစ်​​ကောင်​နဲ့ကျမတို့အိမ်​​ရှေ့လမ်းက နွား​မောင်းပြီး လယ်​​တောကိုနွား​ကျောင်းသွားတိုင်း ကျမ သူ့ကိုအမြဲစ​လေ့ရှိပါတယ်​။ လွန်​ခဲ့တဲ့တစ်​ပတ်​​ကျော်​​လောက်​ကပဲသူ့အိမ်​နဲ့ph ဆက်​​တော့ ကျမအ​မေကို အ​မေကြီး​နေ​ကောင်းရဲ့လား အ​မေကြီးကို ဂရုစိုက်​ဖို့ ကျမတို့ကိုသူကမှာတဲ့အ​ကြောင်း သူ့အစ်​မက​ပြောပြတယ်​၊မကြာ​သေးခင်​ကလည်းသူ့ရဲ့လစာထဲက သူ့အိမ်​ကို​ငွေ ၅ သိန်းလွှဲ​ပေးပြီးရွာထဲကသက်​ကြီးရွယ်​အို​တွေကို ကန်​​တော့ခိုင်းပြီးကျန်​တဲ့​ငွေကို ​ကောင်းမှုကုသိုလ်​ လုပ်​ခိုင်းပါတယ်​။ ကျမတို့ရွာက ​တောသူ​တောင်​သား​တွေရဲ့အသိ စိတ်​ဓာတ်​က ၁၀ တန်း​အောင်​ပြီးရင်​ မိဘကို​ငွေကုန်​မှာ အရမ်းစိုးရိမ်​ကြတယ်​၊ ချမ်းသာဝင်း​လေး ၁၀ တန်း​အောင်​​တော့ မိဘ​ငွေကုန်​မှာစိုး​တော့ DSA ကိုရ​အောင်​ ​ဖြေမယ်​၊ဝါသနာလည်းပါတယ်​ဆိုပြီး​ဖြေခဲ့တာ DSAလည်းရခဲ့တယ်​၊ဒီ​နေ့မှာ​တော့တစ်​ရွာလုံးဆူဆူညံညံ ငိုသံ​တွေနဲ့ …
ရရှားမှာ ပညာတော်သင်ဖို့ ရွေးချယ်ခံထားရတဲ့ ဗိုလ်ကြီး တိုက်​ပွဲတွင် ကျဆုံး Read More »
ပြဿနာဖြစ်နေတဲ့ဆရာဝန်မလေးဟာ ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်ဖြစ်နိုင်ကြောင်း ဆရာဝန်တစ်ဦးပြောပြီ
Zawgyi ဖြင့်ဖတ်ရန် မပါချင်လည်း ပါရပြန်ပြီ။ကလေးမကို သနားလို့ပါ။အခုဆိုသူသည် စိတ်ကျန်းမာရေးအားနည်းလာပြီဆိုတာ သိသာမြင်သာ ထင်ရှားလာနေပြီမဟုတ်လား၊ပထမအဆင့်အနေနဲ့ အဲ့ဒါကိုအရင်လက်ခံပေးကြပါ။အခြေခံအကြောင်းတရားတွေတော့ ရှိမှာပေါ့၊ မည်သည့်အခြေခံအကြောင်းတရားပင်ဖြစ်စေ အကျိုးတရားတွေကတော့ မြင်နေရပြီလေ။ တစ်လောကလုံးနဲ့ တစ်ယောက်ဆိုကတည်းက ရှင်းနေပြီ။သူ့ကို လူနာတစ်ယောက်အဖြစ်လက်ခံပေးကြပါ။ ကျန်းမာခြင်း (Health) ဆိုတဲ့စကားရပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကြည့်ပါ။“A state of complete physical, mental and social well-being and not merely an absence of disease or infirmity.” တဲ့ရှင်းတယ်နော်။ သူ့မှာ mental နဲ့ social well-being မရှိဘူး၊ သိသာတယ်၊ အဲ့ဒီတော့ သူသည်လူမမာတစ်ယောက်ဖြစ်တယ်။အခု social media မှာ ဖြစ်ပျက်နေတာက ရေနစ်တဲ့သူကို ဝါးကူလို့ထိုးနေတဲ့သဘောမျိုး …
ပြဿနာဖြစ်နေတဲ့ဆရာဝန်မလေးဟာ ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်ဖြစ်နိုင်ကြောင်း ဆရာဝန်တစ်ဦးပြောပြီ Read More »
လှိုင်သာယာမြို့နယ်မှာ ဖြစ်သွားတဲ့ လုယက်ဓါးထိုးမှု
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုံတွင် လုယက် ဓါးထိုးမှုဖြစ်ပွား တင်နိုင်ထွန်း (လှိုင်သာယာ) အမှုမှာ ၂၈. ၅. ၂၀၁၉ ရက်နေ့ ၀၄၄၀ အချိန်ခန့်တွင် တရားလို ဒေါ်———သည် ဇာတိမြို့ဖြစ်သည့် ၊ မြန်အောင်မြို့သို့ ပြန်ရန်အတွက် အတူနေခင်ပွန်းဖြစ်သူဦးမြင့်စိုး(၅၄)နှစ်(ဘ)ဦးရွှေ၊ မပတ-မရှိဗမာ/ဗုဒ္ဓ၊ ကျဘမ်းနှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)လမ်းဆုံသို့သွားရောက်ခဲ့ရာ (၁၄)လမ်းဆုံ အရောက်တွင် Outside ကားများဖြစ်သော ယာဉ်အမှတ်မသိ 1.iglittruck ကားအားမီးခဲ့ရာ အဆိုပါကားထဲရှိ ကားနောက်တွင် တရာလိုနှင့် ၎င်း၏ခင်ပွန်း ဦးမြင့်စိုး- အခြားအမည်မသိ(၃)ဦးတို့ပါဝင်ပြီး ရွှေပြည်သာတံတားအဆင်း၊ အလယ်ရွာထိပ်အရောက်တွင် ယာဘက်ရှိ လမ်းထဲသို့ ချိုးကွေ့သွားသောကြောင့် ခင်ပွန်းဖြစ်သူမှ လမ်းမှား နေကြောင်းပြောဆိုရာ ၎င်းတို့မှ သွားစရာခဏလေးရှိလို့ဟု ပြောဆိုကာ ကားအား ရပ်ပေးခြင်းမရှိဘဲ ဆက်လက်သွားနေသဖြင့် တရာလို၏ …
လှိုင်သာယာမြို့နယ်မှာ ဖြစ်သွားတဲ့ လုယက်ဓါးထိုးမှု Read More »
ကွာရှင်းပြီးတဲ့ နောက်မှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ….
အမျိုးသားမိတ်ဆွေတစ်ဦးဟာ ကျွန်တော်နဲ့တွေ့တော့ သူကွာရှင်းပြီးတဲ့ နောက်မှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ ကျွန်တော့်ကို ပြောပြပါတယ်။ သူ့အမျိုးသမီးနဲ့သူ မကွာရှင်းခင်မှာ အိမ်က အိမ်သာအိုးကို နေ့တိုင်းတိုက်ဆေးရတယ်ဆိုတာကိုသူမသိခဲ့ကြောင်း၊ သားသမီးတွေကို ပြုစုပျိုးထောင်ရတာ ဒီလောက်စိတ်ပင်ပန်းတယ်ဆိုတာကို သူမသိခဲ့ကြောင်း၊ မိသားစု တာဝန်ကြောင့် လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ ကြောင်းတွေ ပြောပြပါတယ်။ ““ခင်ဗျား အရင်မိန်းမအဆင်ပြေ နေလား””လို့ သူ့ကို ကျွန်တော်မေးတော့.. ““ကျွန်တော်နဲ့ ကွာရှင်းပြီးကတည်းက အဆက်အသွယ်မလုပ်ခဲ့တော့ဘူး”လို့ သူက ဆိုပါတယ်။ ““ကလေးတွေကို သူလာမကြည့် ဘူးလား””လို့ ကျွန်တော်ဆက်မေးတော့ သူခေါင်းခါပြပါတယ်။ ““သူမွေးထားတဲ့ကလေးကို သူ မချစ်ဘူးလား””လို့ ကျွန်တော်နားမလည်စွာ မေးတော့ မိတ်ဆွေက သူနဲ့သူ့အမျိုးသမီးရဲ့ ယခင်ကအကြောင်းတွေ ကျွန်တော့်ကို ရင် ဖွင့်ပါတော့တယ်။ သူ့အမျိုးသမီးက မဆိုးဘူးလို့ဆို ရမယ်.. သူနဲ့ မယူခင်တုန်းက အပျော်အပါး လေးတွေရှိတတ်ခဲ့ပေမယ့် …
ကွာရှင်းပြီးတဲ့ နောက်မှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ…. Read More »
ကွန်ဂိုတွင် သင်္ဘောမတော်တဆ နစ်မြုပ်မှုကြောင် ၃ဝ သေဆုံး ၂ဝဝကျော် ပျောက်ဆုံးနေ
ကွန်ဂိုတွင် သင်္ဘောမတော်တဆ နစ်မြုပ်မှုကြောင် ၃ဝ သေဆုံး ၂ဝဝကျော် ပျောက်ဆုံးနေ KK(IR) ကင်ရှာဆာ မေ ၂၈ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံအနောက်ဘက်ရှိMaiNdo- mbe ကန်ကြီးတွင်သင်္ဘောတစ်စင်း မတော်တဆ နစ်မြုပ်မှုဖြစ်ပွားခဲ့ ပြီး အနည်းဆုံး လူ ၃ဝသေဆုံးခဲ့ ကြောင်း ဒေသတွင်းသတင်းဌာန များ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါသင်္ဘောသည် လူ၎ဝဝ ကျော်တင်ဆောင်လာခြင်းဖြစ် ကြောင်းနှင့် ၄င်းတို့ထဲမှ ၁၇ဝကို ကယ်တင်ထားနိုင်ခဲ့ပြီးဖြစ်ကာ၂ဝဝ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်း၌လည်း Kivu ကန်ကြီးတွင် သင်္ဘောနှစ်စင်း မတော်တဆနစ်မြုပ်မှုများကြောင့် ၁၆၇ ဦးသေဆုံးခဲ့ရသည်ဟု သိရ သည်။ ယခုမတော်တဆဖြစ်မှု၏ အကြောင်းအရင်းကို ရှင်းလင်း တိကျစွာမသိရှိရသေးသော်လည်း ခရီးသည်များကိုခံနိုင်ဝန်အားထက် ပိုမိုတင်ဆောင်ခဲ့သည့်အတွက် ဖြစ် မည်ဟု …
ကွန်ဂိုတွင် သင်္ဘောမတော်တဆ နစ်မြုပ်မှုကြောင် ၃ဝ သေဆုံး ၂ဝဝကျော် ပျောက်ဆုံးနေ Read More »
” လူဆိုတာ ကံကောင်းနေတဲ့အချိန်မှာ ကုသိုလ်အလုပ် များများလုပ်ထားရမယ် “
” လူဆိုတာ ကံကောင်းနေတဲ့အချိန်မှာ ကုသိုလ်အလုပ် များများလုပ်ထားရမယ် “ Read More »
အမှုမှာ ရှုံးနိမ့်ခဲ့ရင် Live လွှင့်ပြီး သမ္မတအထိ လိပ်မူပြီး ကိုယ့်ကိုယ်သတ်သေပြမယ်
အမှုမှာ ရှုံးနိမ့်ခဲ့ရင် Live လွှင့်ပြီး သမ္မတအထိ လိပ်မူပြီး ကိုယ့်ကိုယ်သတ်သေပြမယ် ပွဲတိုင်းကျော်တဲ့မတ်မတ် ဆိုပြီး လူပြောများနေတဲ့ ဒေါက်တာမမြဝတ်ရည် က မနေ့က Live Video တစ်ခုထပ်တင်ခဲ့တယ်။ အဲ့ဒါကတော့ ရွှေပြည်သာမီးသတ်ရှေ့မှာ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မီးသတ်ဦးစီး နဲ့ သူမတို့က တရားရုံးမှာ အပြန်အလှန်တရားစွဲထားကြပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ တရားစွဲထားတဲ့အမှုမှာ သူမရှုံးနိမ့်ခဲ့ရင် Live လွှင့်ပြီး ကိုယ့်ကိုယ်ကို သတ်သေပြမယ်လို့ ကြိမ်းဝါးလိုက်တာပါ။ အဲ့ဒီလိုသတ်သေတဲ့အခါကျရင်လည်း သမ္မတဆီကို လိပ်မူပြီးမှ Live လွှင့်ပြီးသတ်သေပြမယ်လို့ပြောခဲ့တာပါ။ ဒီနိုင်ငံမှာနေရတာရှက်လို့၊ ကိုယ့်ရဲ့နစ်နာမှုကိုတောင် ကာကွယ်မှုမပေးနိုင်တာမို့လို့ သမ္မတကြီးဆီကို လိပ်မူပြီး သတ်သေပြမယ် လို့ Live Video ထဲမှာ အတိအလင်းပြောကြားခဲ့တာပါ။ အခုဆိုရင် အဖြေက ပေါ်ဖို့သိပ်မကြာတော့ပါဘူး။ မီးသတ်ဦးစီးကရော၊ သူမဘက်ကပါ နှစ်ဖက်စလုံးဦးတိုက်ပြီး တရားစွဲထားကြတာဖြစ်ပြီး …
အမှုမှာ ရှုံးနိမ့်ခဲ့ရင် Live လွှင့်ပြီး သမ္မတအထိ လိပ်မူပြီး ကိုယ့်ကိုယ်သတ်သေပြမယ် Read More »
Chat Box မှာ ညစ်ညမ်းပုံပို့သူကို ဘလော့ပေးဖို့ တတိယနှစ်ကျောင်းသားကို အကူအညီတောင်းရာမှ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်ရပ်……
မိုးညှင်း မေ ၂၇ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ နန့် ရင်းကျေးရွာတွင် မြစ်ကြီးနားတက္ကသိုလ် ဘူမိဗေဒဘာသာရပ်(တတိယနှစ်) ကျောင်းသားတစ်ဦးမှ အသက်(၄၃)နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအား အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် ဟိုပင်နယ်မြေရဲစခန်းတွင်အမှုဖွင့်ထားခဲ့ကြောင်းသိရှိရသည်။ ဖြစ်ပွားပုံမှာ လွန်ခဲ့သော(၂)လခန့် ကဟိုပင်မြို့ နန့် ရင်းကျေးရွာ အရှေ့ ပိုင်းရပ်ကွက်နေဒေါ်——— သည် ဖေ့ဘွစ်ခ် သုံးနေစဉ် အကောင့်တစ်ခုမှ ညစ်ညမ်းပုံနှင့်စာသားများပေးပို့ လာခဲ့သည်သဖြင့် ၎င်းအကောင့်အား Block ပေးရန်တရပ်ကွက်တည်းနေ ဇွဲသက်ထွန်း ဆိုသူအား အကူအညီတောင်းခံခဲ့ရာ ဇွဲသက်ထွန်းသည်ဒေါ်——-၏ နေအိမ်မီးဖိုဆောင်အတွင်း ရောက်ရှိလာပြီးအလိုမတူဘဲ ဒေါ်—- အား သားမယားအဖြစ်ပြုကျင့်ခဲ့သည်။ ဒေါ်————သည် တရပ်ကွက်တည်းနေထိုင်သူများဖြစ်သည့် အပြင်မိဘများလည်း အရှက်ရမည်စိုးသဖြင့်အဆိုပါဖြစ်ရပ်အား မည်သူ့ ကိုမျှမပြောဘဲနေလာခဲ့ရာ မေလ(၂၅)ရက်နေ့ ည(၁၁)နာရီ(၅၀) မိနစ် အချိန်ခန့် တွင်ဒေါ်———- သည် ဖေ့ဘွစ်ခ်သုံးနေစဉ် ဇွဲသက်ထွန်းမှ …
Chat Box မှာ ညစ်ညမ်းပုံပို့သူကို ဘလော့ပေးဖို့ တတိယနှစ်ကျောင်းသားကို အကူအညီတောင်းရာမှ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်ရပ်…… Read More »