Day: May 21, 2019

မနေ့တစ်နေ့ကမှပြောင်းလာတဲ့မန်နေဂျာအသစ်က ပင်စင်စား( ၆၀ )ကျော်တွေကို တန်းဆီစနစ်ဆိုပြီးပြောင်းပြီး တန်စီခိုင်းလိုက်သောအခါ….

ဒီနေ့ပင်စင်ပေးတဲ့နေ့မှာဒီလိုအဖြစ်တွေနဲ့ကြုံခဲ့ရပါတယ်….ငယ်ငယ်လေးတွေတစ်ယောက်မှမပါပါဘူးအားလုံး၆ဝနဲ့အထက်တွေချည်ပါပဲ့…. တိုကင်ပေးနေရင်းကနေပြီးအဆင်ပြေနေတဲ့ဟာကိုမနေ့တစ်နေ့ကမှပြောင်းလာတဲ့မန်နေဂျာကတန်းဆီစနစ်ဆိုပြီးပြောင်လိုက်တာရာက်လိုက်တဲ့ဒုက္ခတွေပုံမှာမြင်ရတဲ့အတိုင်းပါပဲ…. လူကြီးတွေမကျိုးရုံမပဲ့ရုံပါပဲဘယ်လို့ဦးနှောက်နဲ့များဒီလို့လုပ်လိုက်တာပါလိမ့်မနက်၎နာရီမတိုင်ခင်ထဲကကို့လုပ်အားခလေးရဖို့အတွက်ဒီလောက်တောင်ရင်းနေရပါတယ်…. ကမာရွတ်မြန်မစီးပွာရေးဘဏ်ပါတစ်ချို့တွေဆိုည၁၁နာရီထဲကနေလာပြီးစောင့်နေရတယ်လို့ပြောပါတယ်…..တိုကင်ပေးပြန်တော့လဲတိုကင်ပေးတဲ့လူကတစ်ယောက်ကို၅ဝဝယူပြီးဖုန်းတွေနဲ့ချိတ်ပြီးလုပ်စားနေသေးတယ်….ဒါကိုဘယ်လိုတွေလုပ်ကြမလဲပြောကြပါအုံး…. မြန်မာစီးပွာရေးဘဏ်ကဝန်ထမ်းအရာရှိကနေအောက်ချေအထိကြည့်ကောင်းလို့ကြည့်နေကြတယ်ထင်ပါရဲ့တစ်နေ့ရှင်တို့တွေလဲဒီအသက်အရွယ်ကိုရောက်ကြအုံးမှာဒီလိုတွေမကြုံကြပါစေနဲ့လို့ဆုတောင်းပေးပါတယ်……။ Khin Sandar Aye unicode ဒီနေ့ပင်စင်ပေးတဲ့နေ့မှာဒီလိုအဖြစ်တွေနဲ့ကြုံခဲ့ရပါတယ်….ငယ်ငယ်လေးတွေတစ်ယောက်မှမပါပါဘူးအားလုံး၆ဝနဲ့အထက်တွေချည်ပါပဲ့…. တိုကင်ပေးနေရင်းကနေပြီးအဆင်ပြေနေတဲ့ဟာကိုမနေ့တစ်နေ့ကမှပြောင်းလာတဲ့မန်နေဂျာကတန်းဆီစနစ်ဆိုပြီးပြောင်လိုက်တာရာက်လိုက်တဲ့ဒုက္ခတွေပုံမှာမြင်ရတဲ့အတိုင်းပါပဲ…. လူကြီးတွေမကျိုးရုံမပဲ့ရုံပါပဲဘယ်လို့ဦးနှောက်နဲ့များဒီလို့လုပ်လိုက်တာပါလိမ့်မနက်၄နာရီမတိုင်ခင်ထဲကကို့လုပ်အားခလေးရဖို့အတွက်ဒီလောက်တောင်ရင်းနေရပါတယ်…. ကမာရွတ်မြန်မစီးပွာရေးဘဏ်ပါတစ်ချို့တွေဆိုည၁၁နာရီထဲကနေလာပြီးစောင့်နေရတယ်လို့ပြောပါတယ်…..တိုကင်ပေးပြန်တော့လဲတိုကင်ပေးတဲ့လူကတစ်ယောက်ကို၅ဝဝယူပြီးဖုန်းတွေနဲ့ချိတ်ပြီးလုပ်စားနေသေးတယ်….ဒါကိုဘယ်လိုတွေလုပ်ကြမလဲပြောကြပါအုံး မြန်မာစီးပွာရေးဘဏ်ကဝန်ထမ်းအရာရှိကနေအောက်ချေအထိကြည့်ကောင်းလို့ကြည့်နေကြတယ်ထင်ပါရဲ့တစ်နေ့ရှင်တို့တွေလဲဒီအသက်အရွယ်ကိုရောက်ကြအုံးမှာဒီလိုတွေမကြုုံကြပါစေနဲ့လို့ဆုတောင်းပေးပါတယ်……။ Khin Sandar Aye

ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လမ်းလယ်ကျွန်း ဒီဇိုင်းကို ဆွဲပေးခဲ့သူရဲ့ ရင်ဖွင်သံ

ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လမ်းလယ်ကျွန်း ဒီဇိုင်းကို ဆွဲပေးခဲ့သူရဲ့ ရင်ဖွင်သံ ဒီဇိုင်း တခု ၏ တန်ဘိုး ပုံမှန်အတိုင်းဆို ဒီလို Post မျိုး မတင်လိုပါ။ ကိုယ်တိုင်သိပြီး ပီတိ စားနေရတာ အရသာ ရှိပါဘိ။ အခုတော့ တန်ဘိုးမသိကြ။ ဆက်လုပ်ချင်စိတ်လည်းမရှိတော့ တန်ဘိုးသိအောင်တော့ ရေးပါရစေ။ သည်းခံ၍ ဖတ်ကြည့် ပေးကြပါ။ ပုံ ၁ ရဲ့ ဒီဇိုင်း၊ ဒိုင်မေးရှင်း၊ Specification ကျနော် “အခမဲ့” ရေးဆွဲပြီး စည်ပင် ကိုပေးသည်။ (ပြန်ဖြုတ်လို့ မခက်ဘူးနော်)။ တဆက်ထဲ (ပြတ်တောင်းပြတ်တောင်း မဟုတ်) တည်ဆောက်ဘို့ပြောသည်။ ဘတ်ဂျက် အရ တဆက်ထဲမဆောက်နိုင်။ ခုလည်း ဘာမှမဖြစ်။ Drainage တောင်ပိုကောင်းနေသေး ဒီအတိုင်း စလုပ်တော့ ဟို “တုံး” …

ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လမ်းလယ်ကျွန်း ဒီဇိုင်းကို ဆွဲပေးခဲ့သူရဲ့ ရင်ဖွင်သံ Read More »

လောင်းကစားဝိုင်းရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် စခန်းမှူးနှင့်နယ်ထိန်းကို အရေးယူမည်

ပဲခူးတိုင်း မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် လောင်းကစားလုပ်နေကြောင်း စစ်ဆေးတွေ့ရှိလျှင် ယင်းနေရာအပိုင် စခန်းမှူးနှင့်နယ်ထိန်းကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပဲခူးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြောကြားသည်။ မေလ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ရွှေတောင်မြို့နယ် အမှတ် ၂ တိုင်းလွှတ်တော်အမတ် ဦးအုန်းသွင်၏ လောင်းကစားဝိုင်းများ လုပ်နေသော ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နယ်ခံရဲတပ်ဖွဲ့ဝင်များကို မည်သို့အရေးယူကြောင်း မေးခွန်းကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “နယ်မြေခံရဲစခန်းအလိုက် နယ်ထိန်းတွေ အပိုင်နယ်မြေ သတ်မှတ်ပေးထားတယ်။ လောင်းကစားမှုတွေကိုလည်း သတင်းအရဖြစ်စေ၊ တိုင်ကြားမှုအရဖြစ်စေ ဖမ်းဆီးအရေးယူနေတယ်။ တကယ်လို့ တာဝန်ရှိသူအထက်ဆင့်က ဝင်ဖမ်းရင်၊ တိုင်လို့ဖမ်းမိခဲ့ရင် အပိုင်ရဲစခန်းမှူးနဲ့ နယ်ထိန်းကို ရဲစည်းကမ်းဥပဒေနဲ့ အရေးယူနေတယ်”ဟု …

လောင်းကစားဝိုင်းရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် စခန်းမှူးနှင့်နယ်ထိန်းကို အရေးယူမည် Read More »

ဖေ့ဘွတ်ကြောင့် မိသားစုပြိုကွဲပြီး အသက်ပါပေးလိုက်ရတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်

တကယ်ရှိတယ် Fbကြောင့် မိသားစုပြိုကွဲပြီး အသက်ပါပေးလိုက် ရတဲ့ ကျနော့်သူငယ်ချင်း (ဖြစ်ရပ်မှန် ) သူတို့မိသားစုဘဝထဲကို ဝင်ရောက်ဖျက်စီး သွားတဲ့အရာတခုက Fbမှာပါတဲ့ messenger လေးတခု ဆိုရင် မမှားပါဘူးး။ ဒီနေ့ခေတ် Online အသုံးပြုသူ တချို့ဟာ Fbဆိုတဲ့ ဆိတ်ကွယ်ရာ အရပ်ကနေ အိမ်ထောင်ရှိ တာ မရှိတာ နားမလည်ကြပဲ ဒု သ န သော ဆိုတဲ့ အပြစ်ကို လူမသိ သူမသိ တချို့တွေ ကျူးလွန် နေကြခြင်း ဖြစ်ပါတယ်။ ကျနော့် သူငယ်ချင်းးအကြောင်းးဆက်ရအောင်….. သူ့နာမည် ကျော်မြင့် သူတို့မိသားစုက ဝန်ထမ်းတွေပါ….သမီးလေးတစ်ယောက် ရှိပါတယ်…..ဖြစ်ပုံက ဒီလိုပါ…. သူ့မိန်းမ Fb သုံးရင်းနဲ့ ယောက်ျားလေးတယောက်နဲ့စပြီး ခင်ပါတယ်….. အစကတော့ ရိုးရိုးသားသားပါ….” …

ဖေ့ဘွတ်ကြောင့် မိသားစုပြိုကွဲပြီး အသက်ပါပေးလိုက်ရတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် Read More »

အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ပြီ

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ယမန်နေ့က စတင်ဝင်ရောက်လာ ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်လက်ဝင်ရောက်နေ ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ ယခုနှစ် မိုးရာသီတွင် အနောက်တောင်မုတ်သုံလေ၀င် ရောက်မှု ၁၅ ရက်ခန့်နောက်ကျခဲ့ပြီး တနင်္သာရီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်ပါဝင်သော မြန်မာနိုင်ငံတောင်ပိုင်းဒေသ များသို့ မေလ ၂၀ ရက်မှသာ ၀င်ရောက်ခဲ့သည်။ ‘‘မုတ်သုံက ကျန်ဒေသတွေကို ရက်ပိုင်းအတွင်း ဆက် တိုက်ဆက်တိုက် ၀င်ပါလိမ့်မယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင် ပိုင်းဒေသသို့ဝင်ရောက်ပြီးနောက် မြစ်ဝကျွန်းပေါ်၊ အလယ်ပိုင်းဒေ သများသို့ ခပ်မြန်မြန်ဝင်ရောက် နိုင်ပြီး မေလကုန်ဇွန်လဆန်းတွင် အထက်ပိုင်းဒေသများသို့ ၀င် ရောက်နိုင်ကြောင်း ၎င်းကဆို သည်။ အနောက်တောင်မုတ်သုံ လေ၀င်ရောက်ရာလမ်းကြောင်း တစ်လျှောက် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းတို့ …

အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ပြီ Read More »

သံဃာတော်တစ်ပါး အပါအဝင် လူ(၄)ဦးသေဆုံးရတဲ့ ဖြစ်ရပ်ဆိုး

တီးတိန်မြို့အနီး ချောက်ထဲကားထိုးကျ သံဃာတော်တစ်ပါးအပါအဝင် လူ(၄)ဦးသေဆုံး ရန်ကုန်မြို့ကနေ တီးတိန်မြို့သို့ ကိုယ်ပိုင်ကားနဲ့တက်လာတဲ့မော်တော်ယာဉ်ဟာ တီးတိန်မြို့မရောက်ခင် (၆)မိုင်အလိုမှာ လမ်းဘေးချောက်ထဲထိုးကျလို့ သံဃာတော်တစ်ပါးပျံလွန်တော်မူပြိး လူ(၃)ဦးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။ ယင်းကားဟာ မံဆွောင်းတံတားအကျာ် လမ်ဇန်ရွာအနီး လမ်းကွေ့တစ်နေရာမှာ အခုလို ပေ (၆၀၀)ခန့်အနက်ချောက်ထဲထိုးကျသွားတာဖြစ်ပါတယ်။ တီးတိန်မြို့အခြေစိုက် Shalom လူငယ်လူမှုကူညီရေးအသင်းမှ ကိုပွီးယာက “အခု တီးတိန်ပြည်သူ့ဆေးကို အလောင်း သုံးလောင်းပို့လိုက်ပြီ။ အောက်မှာ အလောင်းတစ်လောင်းကျန်သေးတယ်။ ရဲတွေက သူတို့မှတ်ပုံတင်တွေ၊ ဖုန်းတွေကိုစစ်ဆေးတော့ ရန်ကုန်ကလို့သိရတယ်။ သူတို့ဆွေမျိုးတွေကိုလည်း အကြောင်းကြာထားလိုက်ပြီ။ ဘာလို့ကားမှောက်တာလဲဆိုရင် ထင်တာကတော့ ကားဘရိတ်ပေါက်သွားတယ်လို့ပဲယူဆတယ်။ လမ်းဘေးကားထားတဲ့ သံတိုင်တွေလည်း ကားကဝင်တိုက်သေးတယ်” လို့ပြောပါတယ်။ အလောင်းတွေဟာ အနံ့တွေထွက်နေပြီး ကားလည်း ရစရာမရှိအောင် ကျေမွနေတယ်လို့ အခင်းဖြစ်ပွားရာသို့သွားရောက်တဲ့ Shalom လူငယ်လူမှုကူညီရေးအသင်းမှ ကိုမုန်နိုးကဆိုပါတယ်။ ကားမှောက်တာက မေလ (၂၀)ရက်မနက် ၈ …

သံဃာတော်တစ်ပါး အပါအဝင် လူ(၄)ဦးသေဆုံးရတဲ့ ဖြစ်ရပ်ဆိုး Read More »

မိုးကုတ်-ပြင်ဦးလွင်လမ်းမှာ ကားတွေကို သေနတ်နဲ့ချိန်ပြီး ဆက်ကြေးတောင်းနေတဲ့ အဖွဲ့

မိုးကုတ်-ပြင်ဦးလွင်လမ်းမှာ ကားတွေကို သေနတ်နဲ့ချိန်ပြီး ဆက်ကြေးတောင်းနေတဲ့ အဖွဲ့တဖွဲ့ ဒီနေ့ ၁၀:၃၅လောက် ပြင်ဦးလွင်နဲ့မိုးကုတ်လမ်း ဟိုခိုအကျော်လောက် လမ်းအချိုးမှာ ကားကွေ့လိုက်တယ်ဆို ဗြုန်းခနဲ လူတစ်စုထိုင်နေတာတွေ့လိုက်တယ်ဗျ ရုတ်တရက်ဆိုတော့ သူလိုကိုယ်လိုသာမာန်ပဲထင်တာပေါ့။ သေချာကြည့်မှ လက်နက်ကိုင်တွေဗျ။ ပြောက်ကျားဝတ်စုံတွေနဲ့ထိုင်နေရာကထပြီး ကားရှေ့ရပ်ပီးတားတယ် ၈ယောက်လောက်ရှိမယ် အကုန်သေနတ်တွေနဲ့ပဲဗျ။ ကျနော်က ရှေ့/ခေါင်းခန်းမှာဆိုတော့ ကားမောင်းတဲ့ဦးလေးကိုတစ်ယောက် ကျနော့်ဘက်ကိုတစ်ယောက်လာရပ်တယ် ကြားဖူးနားဝ ရှိထားတော့ တအားကိုလန့်တာပေါ့ဗျာ။ ကားသမားဦးလေးကတော့ တည်တည်ငြိမ်ငြိမ်ပဲ ၁ထောင်တန်လေး ၃ရွှက်ထင်တယ် ထုပ်ပေးတော့ ဗမာလိုမပီတပီနဲ့မေးတယ် ဘယ်လဲတဲ့ ကားသမားဦးလေးကလဲ မိုးကုတ်တဲ့ ကျနော်လဲ ပေးရမယ် ထင်ပြီးငွေထုပ်တော့ (ဝန်ခံတယ်ဗျာ ကျနော့်တစ်ကိုယ်လုံး တုန်နေတာပါ) ကားသမားဦးလေးကြီးက မသိမသာ လက်နဲ့တို့ပီးတားတယ် ဒါနဲ့ကျနော်လဲမပေးပဲနေလိုက်တာ သွားတော့တဲ့ ကားဆက်မောင်းပီး ပေ၂၀လောက်ကျ နောက်ထပ်တွေ့တယ် လူ၂၀လောက်ရှိမယ်။ အသက်ကအလွန်ဆုံးရှိ ၁၆/၁၇ပဲဗျ အသက်သာငယ်တာ …

မိုးကုတ်-ပြင်ဦးလွင်လမ်းမှာ ကားတွေကို သေနတ်နဲ့ချိန်ပြီး ဆက်ကြေးတောင်းနေတဲ့ အဖွဲ့ Read More »

သမီး ၃ ယောက် နဲ့ လူရှုပ်လူလည်တစ်ယောက်ရဲ့ ဇာတ်လမ်းက

သမီး ၃ ယောက် နဲ့ လူရှုပ်တစ်ယောက် တစ်ခါက ရွာတစ်ရွာမှာ သမီး ၃ ယောက်မွေးထားတဲ့ အဒေါ်ကြီးတစ်ယောက်ရှိသတဲ့။ အဲဒီရွာမှာပဲ မြို ကရောက်လာတဲ့ အင်မတန်အပြောကောင်းပြီး အလုပ်မလုပ်ပဲ လိမ်ညာစားသောက်နေတဲ့ ပတ်ချွဲနှပ်ချွဲ လူရှုပ်တစ်ယောက်လည်း ရှိသတဲ့။ ကျေးလက်ဒေသရဲ့ဓလေ့စရိုက်အရ ရွာသူရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြပါတယ်တဲ့။ ဒီလိုနဲ့ အဒေါ်ကြီးရဲ့ သမီးအကြီးဆုံးဟာလူရှုပ်နဲ့ အကြောင်းပါပါလေရော။ လူရှုပ်လူလည်ကလည်း သူ့ထုံးစံအတိုင်း ယောက်ခမ နဲ့ ခယ်မတွေကိုပါ အဆင်ပြေအောင်ပြောဆိုစည်းရုံးပြီး တစ်အိမ်လုံးရဲ့မေတ္တာကို ရအောင်ယူထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာလူရှုပ်ရဲ့ဇနီးဟာ အမျိုးသမီးရောဂါနဲ့ရုတ်တရက်ကွယ်လွန်ပါတယ်။ မိန်းမဖြစ်သူရဲ့အသုဘမှာလူရှုပ်ဟာ အမျိုးမျိုးသောအလွမ်းအဆွေး တမ်းတမှုတွေနဲ့ကျူကျူပါအောင်ငိုပါတယ် ယောက်ခမခယ်မတွေသာမက အသုဘလာကြတဲ့ ပရိသတ်ကြီးလည်းလူရှုပ်ရဲ့ အလွမ်းအသောလေးတွေကိုနားထောင်ရင်းကရုဏာဖြစ်မိကြတယ်။ ဒီလိုနဲ့အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့အခါ အမျှဝေရင်းလူရှုပ်ကသူရဲ့ နောက်ဆုံးငိုကြွေးတမ်းတခြင်းကို ဟန် အပြည့်နဲ့လုပ်ဆောင်ခဲ့ပါတယ်။ အောက်မလေး မောင့်အချစ်ရဲ့မင်းနောက်ဆုံးအချိန်မှာ တတွတ်တွတ်မှာကြားခဲ့ …

သမီး ၃ ယောက် နဲ့ လူရှုပ်လူလည်တစ်ယောက်ရဲ့ ဇာတ်လမ်းက Read More »

လူပြောများနေသည့်နေရာအားရဲတပ်ဖွဲ့ မှအင်အားသုံး၍ ဖမ်းဆီးလိုက်ပါပြီ…

လူပြောများနေသည့်နေရာအားရဲတပ်ဖွဲ့ မှအင်အားသုံး၍ မူးယစ်ဆေးဝါးဖမ်းဆီး တနိုင်း မေ ၂၁ တနိုင်းမြို့နယ်အတွင်းရှိ လူမှုကွန်ယက်နှင့်အရပ်သတင်းများအရ မိုင်ခွန်ကျေးရွာအုပ်စု ရေနံကုန်းရွာအနီး ထန်ပလားမှော်သွားရာလမ်း၌ မူးယစ်ဆေးဝါးများအကြီးကျယ်ရောင်းချနေကြောင်း တနိုင်းရဲတပ်ဖွဲ့ မှသတင်းအတည်ပြုရယူရန် စုံစမ်းမှုပြုလုပ်ခဲ့ပြီး ၎င်းနေရာသည် လုံခြုံရေးစိတ်မချရသည့်နေရာဖြစ်သော်လည်း မို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး- ဝင်းညွန့်အနီးကပ်ကြည့်ကြပ်မှုဖြင့်လိုက်ပါလျက် ၂၀၁၉-ခု မေလ (၂၀)ရက်နေ့ နံနက်ပိုင်းက ၎င်းနေရာသို့ မြို့နယ်မှူး/စခန်းမှူး/နယ်ထိန်းများ တပ်ဖွဲ့ ဝင် (၂၅)ဦးနှင့်မိုင်ခွန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲလွင် ရေနံကုန်းရွာ သက်ဝေကျော်တို့နှင့်အတူ ၎င်းနေရာအား ဝင်ရောက်စီးနင်းချိန် ထွက်ပြေးကုန်ကြရာမှ (၄ )ဦးနှင့် မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ မှလည်း ထွက်ပြေးနေသူများနောက် လိုက်နေစဉ် လုံခြုံရေးစိတ်မချရသဖြင့် မလိုက်တော့ အရောင်းဝယ်ပြုလုပ်နေသည့် တဲများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါနေရာတွင်ဖမ်းဆီးရမိသူ နေဂျာ (၃၀)နှစ် ဂျိုဆာဒီရွာ-တနိုင်းမြို့နယ်/ငွါးဆာယော် (၁၉)နှစ် …

လူပြောများနေသည့်နေရာအားရဲတပ်ဖွဲ့ မှအင်အားသုံး၍ ဖမ်းဆီးလိုက်ပါပြီ… Read More »

ကလေးက ည ၂ နာရီလောက်မှာ ရုတ်တရက်ထထိုင်ပီးတော့ ကယောင်ကတမ်းတွေပြောနေလို့ဆိုပီး ဆေးရုံရောက်လာတယ် …

ကလေးက ည ၂ နာရီလောက်မှာ ရုတ်တရက်ထထိုင်ပီးတော့ ကယောင်ကတမ်းတွေပြောနေလို့ဆိုပီး ဆေးရုံရောက်လာတယ် … ရောက်လာတဲ့ချိန်က မနက် ၁၀ နာရီကျော်လောက် … ပျို့အန်နေတယ် … အဖျားရှိတယ်.. မျက်လုံးပြူးပီး တဆတ်ဆတ်နဲ့တုန်ပီး ကယောင်ကတမ်းပြောနေတယ် … သွားရည်တွေလဲကျနေတယ် … သူတို့ကတော့ အပမှီတာ လိုလို စုန်းကိုင်တာလိုလို ပြောနေကြတယ် … အရင်က ဘာရောဂါမှ မဖြစ်ဖူးသလို ဆေးရုံ ဆေးခန်းတောင်မှ မပြရလောက်အောင် မာ တဲ့ ကလေး …တဲ့ … ကျတော် အားလုံး စမ်းသပ်ကြည့်တော့ စိတ်ထဲ မဟုတ်သေးပါဘူး … ထင်နေတာတစ်ခု သေချာမေးကြည့်အုံးမှ ဆိုပီး မေးကြည့်တယ် … ” ကလေးက အရင်က ခွေးတို့ကြောင်တို့ ကိုက်ခံရဖူးလားဗျ …

ကလေးက ည ၂ နာရီလောက်မှာ ရုတ်တရက်ထထိုင်ပီးတော့ ကယောင်ကတမ်းတွေပြောနေလို့ဆိုပီး ဆေးရုံရောက်လာတယ် … Read More »