လိပ်ရွှေရွှေ စားဖူးလား….အုန်းမွှေးလုံး စုပ်ဖူးလား…M ကွန်ပါဗူးတစ်ဗူးကိုရော မဲနှိုက်ယူရတဲ့ခေတ်ကို မင်း မကြုံဖူးခဲ့ရင် ဖတ်ကြည့်လိုက်ပါ…

လိပ်ရွှေရွှေ စားဖူးလား ။ အုန်းမွှေးလုံး စုပ်ဖူးလား ။ M ကွန်ပါဗူးတစ်ဗူးကိုရော ကျောင်းသား ၆၀ လောက် မဲနှိုက်ယူရတဲ့ခေတ်ကို မင်း ကြုံဖူးလိုက်သလား ။ အဲ့ဒီခေတ်က ဟောင်းပါတယ် ။ နိုင်ငံရေးလွတ်လပ်မှုဆိုတာလည်း ဇစ်အသေပိတ်ထားတဲ့ ပါးစပ်တွေလို တီးတိုးတီးတိုးတောင် သဖန်းပိုးလို့မရခဲ့ဘူး ။ ပညာရေးသိုး ၊ အိပ်မက်သိုး ၊ ကုန်ကုန်ပြောရရင် အနာဂါတ်တွေတောင် သွန်မပစ်ရရုံတမယ် သိုးလုသိုးခင် ဖြစ်ခဲ့တယ် ။ အဆိုးထဲက အကောင်းလေးရှာပြောပါဆိုရင်တော့ အဲဒီ့ခေတ် ကလေးတစ်ယောက်ရဲ့ အချိန်လက်တံဟာ အရွေ့နှေးခဲ့တာပဲ ။ အခုခေတ်အခုအခါလို မိုးစုံးစုံးချုပ်အောင်ထိ ဘယ်ကလေးမှ ကျူရှင်တွေ မတက်ရဘူး ။ အလွန်ဆုံးတက်ရ တစ်တန်းတစ်လေပေါ့ ။ နာရီဝက် ၊တစ်နာရီပေါ့ ။ ဒါပြီးရင် ဆော့ပါလေ့ […]

Continue Reading

ကားအဝင်အထွက်ရှိသည်ဆိုသော ဒီလို ဆိုင်းဘုတ်ချိတ်ထားတဲ့ အိမ်ရှင်များ အခွန်ဆောင်ရမည်…..

ယာဉ်မရပ်ရ ဆိုင်းဘုတ်ချထားသည့် အိမ်ပိုင်ရှင်များ အခွန်ဆောင်ရတော့မည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အိမ်ခြံဝင်းများ အရှေ့၌ ယာဉ်မရပ်ဟူသော ဆိုင်ဘုတ်များ ချထားပါက အခွန်ပေးဆောင်ရတော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုလိုက်သည်။ “ငါ့အိမ်ရှေ့ယာဉ်မရပ်ရ။ ယာဉ်အ၀င်အထွက် ရှိသည်။ နေရာမျိုးတွေမှာ သူတို့ကိုအခွန်ဆောင်ခိုင်းမယ်။ အဲဒီမှာ မျဉ်းဝါနဲ့ ဆွဲခိုင်းမယ်။ ဒါတွေက နိုင်ငံတကာမှာ ရှိတဲ့ စံနှုန်းတွေပါ” ဟု ဒေါက်တာရဲလွင်ကပြောသည်။ ယာဉ်မရပ်ရဟူသော ဆိုင်ဘုတ်များအား မန္တလေးမြို့လမ်းမပေါ်ရှိ အိမ်ပိုင်ရှင်များက အများဆုံးထားရှိပြီး ယင်း လာရောက်ရပ်နားလျှင် ရပ်နားသူအား မချေမငံပြောခြင်း၊ မည့်သည့် အခွန်မျှ ပေးဆောင်ခြင်းမရှိဘဲ မိမိတို့ ပိုင်သည့် ပုံစံမျိုး လုပ်ဆောင်နေခြင်းတို့ကြောင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “လမ်းမတွေပေါ်မှာ ယာဉ်မရပ်ရဆိုပြီး ဆိုင်ဘုတ်အနီတွေနဲ့ ကပ်ထားတဲ့နေရာတွေ တော်တော်များတယ်၊ အဲဒီ […]

Continue Reading

ဘုန်းကြီးကျောင်းရှေ့က ဖြတ်သွားရင်း ပဋ္ဌာန်း​တရားသံကြားပြီး တရားနာချင်လို့ပါဆိုပြီး လိုက်ပို့ခိုင်းတဲ့ နိုင်ငံခြားသားတစ်ဦး

ပုံထဲကလူ ဘာသာခြားတစ်ယောက်ပါ လမ်းသွားရင်း ကျောင်းတစ်ကျောင်းက ပဋ္ဌာန်း​တရားသံကြားပြီးနာချင်လို့ပါဆိုပြီး လိုက်ပို့ခိုင်းသတဲ့…. နောက်​တ​နေ့လဲ ပြန်ရောက်လာပြီးလာနာသတဲ့.. ဦးဇင်းတွေ ဘုရားကန်တော့တာတွေ့တော့သူလည်း လိုက်​ကန်တော့တယ်တဲ့ဘာသာတရားကို စူးစမ်းခြင်တာ လေ့လာခြင်တာ မဟုတ်ပဲ တရားသံကိုထပ်ခါတလဲလဲကြားခြင်တာက ဗုဒ္ဓအလိုအရ ပါရမီ အထုံပါလာတဲ့သဘော(သမီးရည်းစားလိုဆို မြင်မြင်ခြင်းချစ်သွားတာက ဖူးစာပေါ့) ပြီးတော့ ဗုဒ္ဓရဲ့ တရားးအေးချမ်းမှုကို ဘာသာခြားတစ်ယောက်က ခံစားလို့ ရတယ်ဆိုရင်ဘာသာတူတွေက ပိုခံစားတတ်ရမှာ မဟုတ်ဘူးလား? ခုက ပေါလွန်းလို့  ဗုဒ္ဓကို တန်ဖိုးမထားကြသလိုပဲ…မြန်မာတွေကတော့ ဘာသာရေးမှာ တဖြည်းဖြည်းအားနည်းလာသလိုပဲ ဗုဒ္ဓဘာသာ ကမ္ဘာအနှံ့ ပျံ့နှံ့ပါစေသာ် Nay Ni

Continue Reading

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် စင်္ကာပူ၌ ကွယ်လွန် ဆိုသည့် သတင်းမှာ မဟုတ်မမှန်သတင်းဖြစ်ကြောင်း…..

ပြည်သူ့အချစ်တော် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်….ဆိုသည့်သတင်းမှာမမှန်ကန်ကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်သည် ဆိုသည့်သတင်း မဟုတ်မှန် – ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်သည် ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး(ငြိမ်း) သည် ပြင်ဦးလွင်မြို့တွင် ကျန်းမာစွာ ရှိနေကြောင်း….. မကြာမီ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ သြဝါဒဖြင့် ဒုလ္လဘ ရဟန်းပြုရန်ရှိကြောင်း သမ္မတ(ငြိမ်း)၏ တပည့်တစ်ဦးဖြစ်သူ ဦးအောင်ပိုင်မင်းက သူ၏ လူမှုကွန်ယက်အကောင့်တွင် ရှင်းလင်းပြောကြားထားသည်။ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသော ကောလဟလများနှင့်ပတ်သက်၍ သမ္မတ(ငြိမ်း) ကျန်းမာစွာရှိကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြနေခြင်းများလည်း ရှိသည်။ အောက်ပါပုံများမှာ ၁၈.၅.၂၀၁၉ ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ ဖလန်တောင်၊ မဟာဝိဇယဘုရားသို့ သမ္မတကြီး(ငြိမ်း) မိသားစု ဘုရားဖူး လာရောက်ပြီး အလှူငွေများ လှူဒါန်းခြင်းဖြစ်ကြောင်း အရှင် […]

Continue Reading

နိုင်ငံခြားသူတွေရဲ့ မိုက်ရိုင်းမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ (ရုပ်/သံ) …

နိုင်ငံခြားသူတွေရဲ့ မိုက်ရိုင်းမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ (ရုပ်/သံ) … ထိုင်းနိုင်ငံက ခရီးသွားအမျိုးသားတစ်ဦးဟာ ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးငယ်တစ်ဦးရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကြောင့် ကိုယ့်နိုင်ငံမှာ ကိုယ်ကိုလာစော်ကားသလို ခံစားခဲ့ရကြောင်း လူမှုကွန်ယက်တွင် ဗီဒီယိုမှတ်တမ်းနှင့်တစ်ကွ ရေးသားဖော်ပြခဲ့ပါတယ် …။ အသက် ၂၁ နှစ်အရွယ် Narong Thaopanya ဆိုသူ ထိုင်းအမျိုးသားတစ်ဦးက ဘန်ကောက်ကနေ ဆူခိုထိုင်းဒေသကို အဝေးပြေးဘတ်စ်ကားနဲ့ ခရီးသွားခဲ့ရာ သူ၏ နောက်ခုံတွင် ထိုင်နေသော ခရီးသည် နိုင်ငံခြားသူ အမျိုးသမီး(ပြင်သစ် ဖြစ်ဟန်တူ) တစ်ဦးက နံဟောင်နေ့သည့် ခြေအိတ်ကို ဝတ်ဆင်ထားကပြီး သူမ၏ ခြေထောက်ကို ထိုင်းအမျိုးသား၏ လွတ်နေသော ဘေးခုံ ခေါင်းမှီနေရာတွင် ခြေထောက်တင်လျှက် လိုက်ပါလာသည် ။ သူမ၏ ခြေထောက်နှင့် သူ့မျက်နှာမှာ တစ်တန်းထဲဖြစ်နေပြီး ခြေအိတ်အနံ့ဆိုးများကြောင့် မခံနိုင်ဖြစ်ကာ […]

Continue Reading

Heavy Weight ချန်ပီယံကို…ထိုးသတ်ဖို့ …အပြင်းထန်လေ့ကျင့်နေတဲ့… အောင်လအန်ဆန်(ရုပ်သံ)

အောင် လ အန် ဆန်လို့ ပြောလိုက်တာနဲ့ မြန်မာဂုဏ်ဆောင် MMA Fighter တယောက် ဆိုတာကို လူတိုင်းသိကြမှာပါ။ အောင်လအန်ဆန်ကတော့ အမြဲတမ်းလိုလို ကမ္ဘာ့ထိပ်တန်း ပွဲစဉ်တွေကို ထိုးသတ်ရလေ့ရှိပြီး အမြဲတမ်းလိုလိုလည်း တဖက်ပြိုင်ဖက်ကောင်းကို အနိုင်ယူ ထိုးသတ်နိုင်ခဲ့ပြီး မြန်မာ့ ဂုဏ်ဆောင်နေတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။ ဒီ လို မျိုး မြန်မာ့ဂုဏ်ဆောင်ပြီး ဂုဏ်ယူစရာကောင်းလောက်တဲ့ အရာတွေကို အမြဲပြုလုပ်ပေးလေ့ရှိတဲ့ အောင်လအန်ဆန်ကတော့ ပရိသတ်ဝန်းရံမှုကိုလည်း အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်အနေနဲ့ ပြီးခဲ့တဲ့ မတ်လတုန်းက နာမည်ကြီး ဖိုက်တာ တယောက်ဖြစ်တဲ့ ကန် နဲ့ ဂျပန်နိုင်ငံမှာ သွားရောက်ထိုးသတ်ခဲ့တဲ့ ပွဲမှာတော့အောင်လအန်ဆန်ကိုတော့ ဖိလစ်ပိုင် နိုင်ငံသား Heavy Weight Champion တယောက်ဖြစ်တဲ့ ဘရန်ဒန်ဗီရာ က […]

Continue Reading

ဓါးရှည်လွယ်၍ ဆိုင်ကယ်စီးနင်းသွားလာနေသူအား အသွင်ယူ လှည့်ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီး

ဓါးရှည်လွယ်၍ ဆိုင်ကယ်စီးနင်းသွားလာနေသူအား အသွင်ယူ လှည့်ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီး မေလ ၁၈ရက်နေ့ ည၉နာရီအချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၀×၇၃လမ်းထောင့်တွင် ဓါးရှည်တစ်ချောင်းအားလွယ်၍ ဆိုင်ကယ်စီးနင်းသွားလာနေသူအား အသွင်ယူလှည့်ကင်းလှည့်နေသည့် အမှတ်(၈)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အမှတ်(၈)မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထင်လင်းကျော်နှင့် တပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များနှင့်အတူ နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် အသွင်ယူ၍ အထူးစုံစမ်းဆောင်ရွက်နေစဉ် ၃၀x၇၃လမ်းထောင့်၌ အမျိုးသားတစ်ဦးမှ ဓားရှည်တစ်ချောင်းအား လွယ်၍ ဆိုင်ကယ်ဖြင့်သွားလာနေသည်ကို တွေ့ရှိရသဖြင့် လိုက်လံ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၄င်းအား စစ်ဆေးမေးမြန်းခဲ့ရာ ရန်နိုင်ဦး၊ (၃၃)နှစ်၊ (ဘ) ဦးလှဦး၊ ကျပန်း၊ ဆေးရုံကြီးဝင်း၊ စိတ္တရမဟီရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ကြောင်း သိရှိရပြီး အများပြည်သူသွားလာနေသည့် လမ်းပေါ်တွင် ပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်စေရန် လူ့အသက်ကို သေစေနိုင်သော အရိုးအသွား […]

Continue Reading

ကားနဲ့ချိတ်မိပြီး ခြေတစ်ဖပ်ပါသွားတာကို မြန်မာဆိုပြီး ကားသမားက ရော်ကြေးပြန်တောင်းနေတယ်

ထိုင်း​​ရောက်​လုပ်​သား​တွေ ခရီးသွားသွားလာလာ အလုပ်ကအသွား​​ အလုပ်ကအပြန်​​ဆိုင်​ကယ်​ကိုယ်​ပိုင်​ဝယ်​စီးသူ​တွေ သတိအမြဲထားပြီး ခရီးသွားလာရန်​AAC အဖွဲ့ မှ အထူးသတိ​ပေး Post ငါ့တို့ ကမှန်​လည်းမှား သူတို့ ကမှားလည်းအမှန်​ပကျန်​ဝမ်​​ရေးထားတဲ့ ဖြစ်​ရပ်​​တွေကထု နဲ့ ​ဒေး ရဲစခန်းတိုင်း​​အမြဲတမ်းကြုံ​နေရတယ်​။ 16-5-2019 ပရဟိတသမီးငယ်​​လေး ဘန်​ခယ်​ ဖက်​ကစင်​ လမ်းမှာ​ပြေးဆွဲ​နေ​သော ၈၄ လိုင်းကားကြီးက လမ်း​ဘေးပရ​ဖေါင်းအနီးမှာ ကားဖြင့်​ကပ်​ချိပ်​မိသွားတာမ​သေကောင်းမ​ပျောက်​​ကောင်း ကံ​ကောင်းလို့ ​ခြေတဖက်​ထဲပါသွားတာ အဲဒိ​လောက်​ခံရတဲ့သမီးငယ်​​လေးကို မြန်​မာဆိုပြီး ကားဆရာကပြန်​​လျှော်ေ​ကြး​​တောင်း​နေလို့ AAC အဖွဲ့ သား​တွေ နယ်​​မြေခံရဲစခန်းမှာအမှုဖွင့်​တိုင်​ကြား​ပေးရင်း မြန်​မာဖြစ်​ရတာဂုဏ်​ယူမိတယ်​ တရားရုံးမှာပြန်​စုံကြတာ​ပေါ့။ AAC ဒါရိုက်​တာ ခိုင်​ကြီး Unicode ထိုင်း​​ရောက်​လုပ်​သား​တွေ ခရီးသွားသွားလာလာ အလုပ်ကအသွား​​ အလုပ်ကအပြန်​​ဆိုင်​ကယ်​ကိုယ်​ပိုင်​ ဝယ်​စီးသူ​တွေ သတိအမြဲထားပြီး ခရီးသွားလာရန်​ AAC အဖွဲ ့မှ အထူးသတိ​ပေး Post […]

Continue Reading

ဆေးကုမှုစရိတ်မရှိ၍ မိခင်ဖြစ်သူက မွေးခင်းစ ကလေးငယ်ကို စွန့်ပစ်

ဆေးကုမှုစရိတ်မရှိ၍ မိခင်ဖြစ်သူက မွေးကင်းစ ကလေးငယ်အား စွန့်ပစ် ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် မွေးကင်းစ ၆ ရက်သား ကလေးတဦးကို မိခင်ခင်ဖြစ်သူက ဆေးကုသစရိတ်မရှိလို့ စွန့်ပစ်ခဲ့ကြောင်း သိရပါတယ်။ မေလ ၁၈ ရက် မွန်းလွဲပိုင်းမှာ (၅) လမ်းနဲ့ ဘုရင့်နောင်လမ်းထိပ်ရှိ ညပိုင်းမှထွက်တဲ့ ခေါက်ဆွဲကြော်ဆိုင် ဆိုင်ခုံဘေး ကြမ်းပြင်မှာ မွေးကင်းစ ကလေးငယ်တဦး လာရောက်စွန့်ပစ်ထားကြောင်း တွေ့ရှိလို့ ဖျာပုံမြို့မ ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ ဖျာပုံမြို့၊ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က ပြောပါတယ်။ ဖျာပုံရဲစခန်းတာဝန်ရှိသူတွေ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဖျာပုံမြို့နယ် ရင်ခွင်မဲ့ကလေးငယ်လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့မှ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ကြည့်ရှုခဲ့ရာ ကလေးငယ်မှာ ဝဲဘက်မျက်လုံးမပါ၊ နှာခေါင်းပေါ်မှာ အသားပို ကွမ်းသီးလုံးခန့်ပါရှိပြီး အသက်ရှင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဖြစ်စဉ်နဲ့ […]

Continue Reading

ဒီနေရာ (၇)ခု မှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံးဝ လက်လွှတ်မခံနဲ့နော်

မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။ မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ခ်ျ တစ်ခုစီရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုကြပါတယ်။ ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာရှိတဲ့မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်း စိမ်ဥစ္စာကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့။ နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့ အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် ။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ်အရမ်း ကို မြန်မြန် ဆန်ဆန်ေ အာင်မြင်တတ် တဲ့သူတွေ ဖြစ်ပါတယ်။ နှာခေါင်းပေါ်မှာရှိတဲ့မှဲ့ နှာခေါင်းရဲ့တစ်ဘက်တစ်ချက်မှာမှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါပေမဲ့ အော င်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ်။ ညာဘက်ပါးပြင်ပေါ်ကမှဲ့ ညာဘက်ပါးပေါ်မှာ […]

Continue Reading