Day: May 17, 2019
ကြားဘူးတာတွေ မြင်ရတော့မယ်….
ကြားဘူးတာတွေ မြင်ရတော့မယ် သြော် – – -မိစ္ဆာဒိဋ္ဌိတွေ အင်အားများတဲ့အခါတိုင်း ကပ်သုံးပါးဆိုက်တဲ့အကြောင်းတွေ စာပေတွေ အမြောက်အများ ဖတ်ရှု့ဘူးခဲ့ပါတယ်။ အစာရေစာ ရှားပါးတဲ့ကပ် လက်နတ်တွေနဲ့ မညှာမတာ သတ်ကြဖြစ်ကြတဲ့ကပ် ရောဂါအမျိုးမျိုး ကျရောက်ပြီ လူတွေသေတဲ့ကပ် အဲဒီကပ်သုံးပါးဆိုက်ပြီဆိုရင် စစ်ဖြစ်လို့ သေကြရတယ် …ဆယ့်နှစ်နှစ်မိုးခေါင်တာတို့  ဆယ်နှစ်မိုးခေါင်တာတို့ စတဲ့ သဘာဝတရားရဲ့ ဒါဏ်ခပ်မှု့ကြောင့် အစာရေစာရှားပါးတာတို့ ….. အစာရေစာရှားပါးမှု့ကြောင့်ရောဂါမျိုးစုံဝင်ပြီး သေကြ ကြေကြတာတို့  ကိုစာပေတွေမှာ အများကြီးဖတ်ရှု့ခဲ့ဘူးတယ်။ အခုတော့ အဲဒီကပ်သုံးပါး နဲ့  လက်တွေ့ ရင်ဆိုင်ရတော့မယ် ထင်ပါရဲ့…. သီဟိုဠ်မှာ ဗုဒ္ဓဘာသာဝင်ပေါင်းသန်းနဲ့ ချီပြီးသေခဲ့တာတွေ သာသနာတော်မြတ်ကြီးကို အသက်နဲ့ ရင်းပြီး ကာကွယ်စောင့်ရှောက်ခဲ့လို့ ….. ရဟန်းသံဃာတော်တွေအမြောက်အများ အသက်ပေးဆပ်ခဲ့ရတာတွေဟာ ကြားပဲကြားဘူးပေမဲ့ အခုတော့ …
ကြားဘူးတာတွေ မြင်ရတော့မယ်….Read More »
နိုင်ငံပေါင်း (35) နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အင်္ဂလိပ်စာ အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ သမီးလေး ဆုစန္ဒီဆွေ…..
Italy နိုင်ငံ Lido di Jesolo မြို့တွင် ကျင်းပပြီးစီးခဲ့သော HIPPO 7th International English Language Olympiad Competition တွင် မြန်မာနိုင်ငံမှ သမီးငယ်ဆုစန္ဒီဆွေ(PEC Private High School, Pathein )သည် Hippo 1 Finalist အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ Hippo 1 Second Prize Winner ဆုကို ရရှိခဲ့သည်။ HIPPO 7th International English Language Olympiad Competition သည် နိုင်ငံပေါင်း 35 နိုင်ငံမှ Preliminary round တွင် ပြိုင်ပွဲဝင် 36000 ယောက် ၊ Semi-Final round တွင် …
နိုင်ငံပေါင်း (35) နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အင်္ဂလိပ်စာ အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ သမီးလေး ဆုစန္ဒီဆွေ…..Read More »
နမ့်ခမ်းမြို့မှာ မိသားစုလိုက် လူကုန်ကူးမူအဖြစ်ရောင်းစားခံရ…..
နမ့်ခမ်းမြို့မှာ မိသားစုလိုက် လူကုန်ကူးမူ ကျူးလွန်သူများအား ဖမ်းမိ မေ ၁၇ မူဆယ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊မိုင်းယုလေးရွာတွင်နေထိုင်သည့် သားမိလေးယောက်ကို နမ့်ခမ်းမြို့နယ်တွင်နေထိုင်သည့် လီမိန်းကျိန်းဆိုသည့် အမျိုးသမီးမှဦးဆောင်ပြီး တရုတ်ပြည်သို့လူကုန်ကူး အဖြစ်ရောင်းစားခဲ့တာကြောင့် …… ကျူးလွန်သူလေးဦးကို မိသားစုဝင်များက သတင်ရရှိပြီး ပြည်သူစစ်များအကူအညီနှင့် ဖမ်းဆီရမိကြောင်း မိသားစုဝင်များထံမှသိရသည်။ “ကလေးနှစ်ယောက်နဲ့သူအမေကို ရောင်းစားလိုက်တာ ….. ဒီနှစ် နှစ်လပိုင်းကပါ သူအဖေကအလုပ်သွားနေတာ အိမ်မှာ မရှိဘူး ….အခုရောင်းစားခံရတဲ့ သားမိသုံးယောက်က ကျနော် တူရဲ့ မိန်းမနဲ့ကလေးတွေပါ။ ရောင်းတာတော့ သားမိလေးယောက်လုံး ရောင်းတာ သားအငယ်နှစ်ယောက်နဲ့ သူအမေကိုပဲ တရုတ်တွေက၀ယ်တယ်တဲ့ သမီးအကြီးလေးကို မ၀ယ်တော့ ရောင်းစားတဲ့ သူတွေက နမ့်ခမ်းပြန်ပို့ထားလို့ အခုလိုဖမ်းမိတာပါ” ဟု ရောင်းစားခံသူ၏ ဦးလေးဖြစ်သူကပြောသည်။ ရောင်းမရလို့ ကျန်ခဲ့တဲ့ ကလေးကို ရောင်းစားသူတွေရဲ့အိမ်မှာထားပြီး ၀ယ်သူမရှိသေးလို့ …
နမ့်ခမ်းမြို့မှာ မိသားစုလိုက် လူကုန်ကူးမူအဖြစ်ရောင်းစားခံရ…..Read More »
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို ယခုနှစ်ကုန်ထုတ်မည်…
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ ယခုနှစ်ကုန်ထုတ်မည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ကျပ်ငွေစက္ကူတွေကို အခုနှစ်ကုန်ပိုင်းမှာ ထုတ်ဝေသွားမယ်လို့ နိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။ နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ နိုင်ငံတော်အစိုးရရဲ့ တတိယတနှစ်တာကာလ သတင်းစာရှင်းလင်းပွဲမှာ ဒုဥက္ကဋ္ဌက ပြောခဲ့တာ ဖြစ်ပါတယ်။ “ဗိုလ်ချုပ်ငွေစက္ကူက ထုတ်ကို ထုတ်မှာပါ၊ လုပ်နေတာလည်း တော်တော်ခရီးရောက်နေပါပြီ၊ ဒီနှစ်ကုန်လောက် ထုတ်ဝေနိုင်မှာပါ။” ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို အနာဂတ်ကာလ ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေဖို့ အစိုးရအား တိုက်တွန်းတဲ့အဆိုကို ၂၀၁၈ ခုနှစ်က ပြည်သူ့လွှတ်တော်တရပ်မှာ တင်သွင်းခဲ့ပြီး ဆွေးနွေးအတည်ပြုခဲ့ပါတယ်။ အဲ့ဒီနောက် အစိုးရရဲ့ ဒုတိယ တနှစ်တာသတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူတွေကို အခုအစိုးရသက်တမ်းအတွင်း ထုတ်ဝေသွားမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်ပွဲတုန်းက …
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို ယခုနှစ်ကုန်ထုတ်မည်…Read More »
ပစ္စည်းခိုးရုံမက မိုက်ကြေးပါခွဲပြီး ရွာသားများကို စိန်ခေါ်လိုက်သောအခါ…..
ပစ္စည်းခိုးရုံမကမိုက်ကြေးပါခွဲတော့ခံပေါ့ ရေဦးမြို့နယ် မကြီးတောရွာ စတားလိုက်စားသောက်ဆိုင်အတွင်း ဝင်ရောက်၍ 16.5.2019 9:00 PM က ဖုန်း ဝင်ရောက် ခိုးသူတစ်ဦးအား ဆိုင်အနီးနား၌တွင် ကျေးရွားသားများမှ ဖမ်းဆီးရမိခဲ့သည်။ သူခိုးတစ်ဦးအား ဖမ်းဆီးရမိစဉ် နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လူသုံးဦးက ဖမ်းဆီးသူများအား စိန်ခေါ်ခဲ့သည်။ မကြီးတော မှ ဘိလိယက်ထိုးနေသော လက်ဖက်ရည် ဆိုင်ထိုင်နေသော ကျေးရွာသား အားလုံးက စိန်ခေါ်သော သုံးဦးအား ဝိုင်းလိုက်ရာ ဘူတာအနီးတွင် အပြန်အလှန် သတ်ပုတ်ကြရပြီး….. ကျေးရွာဘက်မှ လူများလာသောအခါ လယ်ကွက်ထဲ ဆင်းပြေးစဉ် ဖမ်းဆီးရမိ ခဲ့ပါသည်။အနီရောင် အကျ င်္ီဝတ်ဆင်ထားသူ ထံမှ လည်ပင်းတွင် ချိတ်ဆွဲထားသော သော့တွဲများစွာ တွေ့ရှိခဲ့ပါသည်။ အကျ င်္ီ မပါသူ မှ လယ်ကွက်ထဲအထိ ပြန်လှန် သတ်ပုတ်သည်ဟု …
ပစ္စည်းခိုးရုံမက မိုက်ကြေးပါခွဲပြီး ရွာသားများကို စိန်ခေါ်လိုက်သောအခါ…..Read More »
ဦးကြည်(သို့) အငြိမ်းစား အမှိုက်သိမ်းသမားကြီးတစ်ယောက်
ဦးကြည်(သို့) အငြိမ်းစား အမှိုက်သိမ်းသမား အမြင့်လေးပေခန့်ရှိ ဘီးတပ်အစိမ်းရောင်အမှိုက်ပုံးတစ်လုံးကိုရှေ့မှ လက်ဖြင့်နောက်ပြန်ဆွဲကာစစ်ကိုင်းမြို့တွင်းလမ်းများ၌ နံနက်ပိုင်းအချိန်များတွင်နေ့စဉ် ဖြေးညင်းစွာသွားလာလှုပ်လျားနေသော အသက်၇ဝကျော် အဘိုးအိုတစ်ဦးကိုတွေ့မြင်နေရသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ချေပြီ။ ထိုအဘိုးအို ကား ဘယ်လိုရည်ရွယ်ချက်နဲ့ အမှိုက်ပုံးတစ်လုံးကို ဆွဲကာ မြို့တွင်းလမ်းများမှာ သွားလာလှုပ်ရှားနေရသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ ထိုအဘိုးဘိုသည်တစ်ချိန်ကစည်ပင်သာယာဝန်ထမ်းတစ်ဦးဖြစ်ခဲ့ကာ အသက်ရွယ်ကြီးမြင့်လာ၍ စည်ပင်မှ သက်ပြည့်ပင်စင်ယူထားသည့်ပင်စင်စားတစ်ဦးဖြစ်လေသည်။ ပင်စင်ယူပြီးသည့်တိုင် ဆယ်စုနှစ်တစ်စုကျော်ကြာ စစ်ကိုင်းမြို့ပေါ်၌အမှိုက်သိမ်းခြင်းလုပ်ငန်းအား ကိုယ့်အသိစိတ်ဖြင့်ဆက်လက်လုပ်ကိုင်နေသောအသက် ၇၂နှစ်အရွယ် ဦးကြည်ဝင်း(ခ)ဦးကြည်ဖြစ်လေသည်။ လက်ဖက်ရည်ခွက်ကို လက်ဖြင့်ကိုင်မသောက်ပဲခေါင်းငုံ့ကာလေးငါးခါလောက် စုတ်ယူပြီးလက်ဖက်ရည် တစ်ဝတ်ရောက်သောအခါ လက်နှစ်ဖတ်ဖြင့် တုန်တုန်ရီရီ မော့သောက်ပြီးလက်ဖက်ရည်ခွက်ကိုချကာ” အသက် သုံးဆယ်ကတည်း အမှိုက်သိမ်းလာတာ။လမ်းပေါ်အမှိုက်တွေ မမြင်ခြင်ဘူး။ အမှိုက်တွေမရှိတာကောင်းတာပေါ့၊ မိုးရွာရင်တော့ အပြင်မထွက်ဖူး”ဟုခပ်တိုတို ခပ်ပြတ်ပြတ် ဖြေညင်းစွာ ဦးကြည် ကပြောပြလေသည်။ နေ့စဉ် မနက် ငါးနာရီတွင်နေအိမ်မှစထွက်ကာတာရိုးလမ်း၊တာရိုးလမ်းမှတစ်ဆင့်ဈေးလမ်းအတိုင်းဖြေးညင်းစွာ အမှိုက်ပုံးအားနောက်ပြန်ဆွဲ၍ မြို့မဈေးပတ်လည်နှင့်ပိုးတန်း၊နန်းတော်ရာ၊အပ်ချုပ်စုစသည့်ရပ်ကွက်များအတွင်းနံနက်ဆယ်နာရီထိလှည့်လည်အမှိုက်သိမ်းကာ အမှိုက်များကို ဈေးထာင့်ရှိစည်ပင်အမှိုက်ကားပေါ်သို့တင်ပေးပြီး …
ဦးကြည်(သို့) အငြိမ်းစား အမှိုက်သိမ်းသမားကြီးတစ်ယောက်Read More »
ရေခဲတောင်တွင် ပြုတ်ကျသေဆုံးသွားသည့် အမျိုးသမီးနှင့်ပတ်သက်၍ အထက်လမ်းဆရာ ပြောပြီ
ရေခဲတောင်တွင် ပြုတ်ကျသေဆုံးသွားသည့် အမျိုးသမီးနှင့်ပတ်သက်၍ အထက်လမ်းဆရာ ဘာပြောသလဲ ရေခဲတောင်တက်ရာတွင် ပြုတ် ကျသေဆုံးခဲ့ပြီဟု ယူဆနေကြသည့် အမျိုးသမီးနှင့်ပတ်သက်၍ အထက်လမ်းပညာဆရာ ဘာပြောသလဲ ကျနော်ကိုယ်တိုင်က သွားဆေးတက်နေပါတယ်။ အလုပ်သင်ဖြစ်တော့မှာပါ။ ခုတတ်မြောက်လိုက်စားနေတဲ့လောကီ ပညာနဲ့ ငွေကြေးလုံးဝမတောင်းဘဲ စစ်ဆေးကုသပေးလျက်ရှိပါတယ်ခရိယာန်ဘာသာဝင် ၊အစ္စလာမ်ဘာသာ၊ ဗုဒ္ဓဘာသာရယ်မခွဲခြားဘဲ လူအသက်ကယ်ကောင်းတော့ ..မြွေကိုက်လူနာ ၊ ရောဂါရှာမရဘဲ ဒုက္ခဖြစ်ငွေကုန်ဖြစ်တဲ့ ပယောလူနာတွေ ၊ ရောဂါကြောင့်မဟုတ်ဘဲ ရူးသွပ်နေတဲ့သူတွေကို ကုသပေးတာအကုန်လူကောင်းပတိဖြစ်ခဲ့ပါတယ်။ ဘယ်လိုမှအဖြေရှာ မရ၊ သူ့ မ body ဘယ်မှာရှိလဲ ဆိုတာဘယ်သူမှရေရေရာရာ တောင်မသိနိုင်ပါဘူး။ ၁။ သူ့အကျီင်္ စုတ်ပြတ်သက်နေတဲ့ကိစ္စ။ ၂။ မုန့်စားခဲ့တဲ့ ကိစ္စ (မုန့်စားထားတာထင်တဲ့ ကိစ္စ) ၃။ မုန့်နားမှာ ၊အကျိံင်္အနား၊မျက်မှန်အနား အလောင်းရှာမရတဲ့ကိစ္စ။ ၄။အကျီင်္မှာ သွေးတစ်စက်မှ မပေခဲ့တာ။ ၅။သူမ …
ရေခဲတောင်တွင် ပြုတ်ကျသေဆုံးသွားသည့် အမျိုးသမီးနှင့်ပတ်သက်၍ အထက်လမ်းဆရာ ပြောပြီRead More »
စစ်​ကိုင်းတိုင်း​ ကန့်ဘလူမြို့တွင် လူခြောက်ကလေး မွေးဖွား
လူခြောက်ကလေး မွေးဖွား မည်သူမဆို ရှယ်ယူသွားနိုင်ပ့ါသည်။ 17.5.2019 ၂၀၁၉-ခုနှစ် မေလ(၁၆)ရက်နေ့ ည(၇:၃၀)နာရီခန့်တွင် စစ်​ကိုင်းတိုင်း ကန့်​ဘလူခရိုင်​ ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်နေ (ဘ)ဦးအောင်ကျော်မြင့်(မိ)ဒေါ်သဇင်စိုးတို့မှ မွေးဖွားသော ကလေးသည် လူခြောက်ကလေးအဖြစ် မွေးဖွားကြောင်း သိရှိပါသည်။ ဝိုင်းဝိုင်း ကန့်ဘလူမြို့ လူခြောက်ကလေး မွေးဖွား 17.5.2019 လူခြောက်-ဟူသည် ဘုံဘ၀ တစ်မျိုးမှ သတ္တဝါ မဟုတ်ပါ၊ ခန္ဓာငါးပါး ရှိသည့် လူ့ဘ၀ ၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြ သူများ ဖြစ်ပါသည်။ အမိ ဝမ်းတွင်း ငါး {၅} ပတ် အလွန် တွင် အမိဝမ်းတွင် ကွယ်လွန် ခဲ့ပါသည်။ ၎င်း၏ အသက် ဝိညာဉ် သည် ၁၀ ၊ ၁၂- ပတ် အတွင်း …
စစ်​ကိုင်းတိုင်း​ ကန့်ဘလူမြို့တွင် လူခြောက်ကလေး မွေးဖွားRead More »
လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား……
လှိုင်သာယာ၌ ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်းမှုပြုကျင့်မှုဖြစ်ပွား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့၊ (၄)ရပ်ကွက်၊ပင်ရွှေထီလမ်းတွင် ဖင်ခင်ဖြစ်သူမှ သမီးအရင်း(၂)ဦးအား သားမယားပြုကျင့်မှုဖြစ်ပွားကြောင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ တရားလိုသမီးကြီးမှာ၂၀၁၀ခုနှစ်၊ အသက်(၁၄)နှစ် အရွယ်ခန့်က မောင်ဖြစ်သူတွင် ကျောက်ကပ်ရောဂါဖြင့် မိခင်ဖြစ်သူနှင့်အတူ အင်းစိန်ဆေးရုံတွင် တစ်လခန့် ဆေးကုသနေစဉ်…. ဖခင်ဖြစ်သူမှ သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်စဉ်ငြင်းဆန်ခဲ့သော်လည်းဆူပူကြိမ်းမောင်း၍ ရိုက်မည်ပြုသဖြင့် ကြောက်၍ ထိုနေ့တွင် (၁)ကြိမ် ဖခင်ဖြစ်သူမှ သားမယားအဖြစ် ပေါင်းသင်းဆက်ဆံ နေထိုင်ခဲ့ရသည့်အပြင် ….. ဖခင်ဖြစ်သူမှ ၄င်းနှင့် သားမယားအဖြစ်ပေါင်းသင်းဆက်ဆံရန် လက်မခံပါကရိုက်သဖြင့် ကြောက်၍ (၁)ရက်ခြားတစ်ခါ၊(၂)ရက်ခြား တစ်ခါ၊ ဖခင်ဖြစ်သူ သားမယားအဖြစ်ပေါင်းသင်းဆက် ဆံခဲ့၍ ကိုယ်ဝန်(၁) ကြိမ်ပျက်ကျဖူးသည့်အပြင် ….. နောက်ထပ်သမီးမိန်းကလေးတစ်ဦးမှာမွေးဖွားပြီး(၅၄) ရက်အကြာတွင် သေဆုံးခဲ့ပြီး ယခုအခါတွင်လည်း ဖခင်ဖြစ်သူနှင့်ရရှိသော (၄)နှစ်အရွယ် သမီး(၁)ဦး မွေးဖွားခဲ့တယ်။ …
လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား……Read More »
တရုတ်ရဲများမှ မြန်မာဘက်ထိ ဝင်ဖမ်းဆီမှုကြောင့် အခြေအနေပိုဆိုးကာ ပွဲကြမ်းနေ (ရုပ်သံ)