အကြီးဆုံးက အသက် (၁၀၂)နှစ်ရှိပြီး အငယ်ဆုံးက (၈၃) နှစ်ရှိပြီဖြစ်တဲ့ မောင်နှမ (၇) ဦး….

ဖွားသက်ရှည်နှင့်ဖိုးသက်ရှည်မောင်နှမ(၇)ဦး ယနေ့ခေတ်မှာသက်တမ်းစေ့(သို့)သက်တမ်းကျော်လွန်ပြီးသက်ရှည်ကျန်းမာစွာနေထိုင်နိုင်သူများရှားပါးလာပါတယ်။သို့သော်ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာမွေးဖွားခဲ့တဲ့ မောင်နှမ(၇)ဦးကတော့ဒီထူးခြားတဲ့ဆုလဒ်နဲ့ပြည့်စုံပြီး…… ယနေ့အချိန်အထိ မောင်နှမအားလုံးကျန်းကျန်းမာမာနဲ့သက်ရှိထင်ရှားရှိနေကြပါတယ်။လေးဦးကတော့မွေးရပ်ဇာတိဖြစ်တဲ့တောင်ကြီးမြို့မှာနေထိုင်ပြီး ကျန်သုံးဦးကတော့ ရန်ကုန်မြို့မှာနေထိုင်ကြပါတယ်။ သူတို့ထဲမှာအကြီးဆုံးအဖွားခင်ကအသက်(၁၀၂)နှစ်ရှိပြီးအငယ်ဆုံးဖြစ်တဲ့အဖွားထွေးကတော့အသက်(၈၃)နှစ်ရှိပြီလို့ဆိုပါတယ်။မွေးချင်းခုနှစ်ဦးမှာအလတ်ကသားယောင်္ကျားလေးဖြစ်ပြီးသူကတော့အသက်(၉၁)နှစ်ရှိပြီဖြစ်တဲ့အဖိုးသိန်းဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ သက်ရှည်ကျန်းမာခြင်းရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။မောင်နှမအားလုံး မာန်မာနကင်းပြီးအေးဆေးစွာနေထိုင်တတ်ကြပါတယ်။ ကြီးသူကို ငယ်သူကရိုသေလေးစားစွာဆက်ဆံပြီး အသားထက်အသီးအနှံကိုပိုကြိုက်နှစ်သက်ကြပါတယ်။ မောင်နှမ အားလုံး နေ့စဉ်ဝိပဿနာတရား လေးကြိမ်ထိုင်ခြင်း၊ ဥပုသ်နေ့တိုင်း သီလဆောက်တည်ခြင်း၊ ညစဉ်၇နာရီမှာပုံမှန် အိမ်ယာဝင်ပြီး မနက်စောစော ၄ နာရီမှာထပြီး ဘုရားရှိခိုးခြင်းတို့ကိုပြုလုပ်ကြတယ်လို့ဆိုပါတယ်။ The longest living siblings Rare are those who live longer than their lifespan in good health nowadays. However, seven siblings born and bred in Taunggyi, Shan State are said […]

Continue Reading

အရွယ်နဲ့မမျှ သူငယ်​ချင်း ရေနစ်လို့ဝင်ကယ်ရင်း ကိုယ်တိုင်ရေနစ် သေဆုံးခဲ့ရတဲ့ ၈ နှစ်အရွယ် သမီးငယ်လေး….

ဝဋ်ကြွေးတွေ ကျေပါစေ သမီးငယ်လေး မထားထားနွယ် အရွယ်နဲ့မမျှ သူငယ်​ချင်း ရေနစ်လို့ဝင်ကယ်ရင်း ကိုယ်တိုင်ရေနစ် သေဆုံးခဲ့ရတဲ့ ၈ နှစ်အရွယ် သမီးငယ်လေး…. မိုးကုတ်မြို့နယ်အရံမီးသတ်ရုံးသို့ သတင်းဝင်ချိန်….10:56…..   ဖုန်းသတင်းအရ…မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု ပိတ်စွယ်ဟိုမှိုင်းရပ်ကွက် အတွင်းရှိ ကျောက်မျက်လုပ်ကွက် အင်းဗြဲအင်းအတွင်း ကလေးတဦး ရေနစ်နေနေကြောင်းအကြောင်းကြား၍ ….   ဖြစ်စဉ်နေရာသို့ အချိန်နှင့်တပြေးညီ သ​န္ဓေ /အရန်​ မီးသတ်​တပ်​ဖွဲ့ဝင်​များ ကြက်​​ခြေနီတပ်​ဖွဲ့ဝင်​များနှင့်​ ရပ်ကွက်သူရပ်ကွက်သားတို့ ဝိုင်းဝန်းရှာဖွေကြရာ…..   ရေနစ်သူ (ဘ)ကိုအလေး(မိ)မဗျာမလေး လယ်ဦး(ရှမ်းရွာ)နေတို့၏သမီး မထားထားနွယ် အသက်​ (၈)နှစ် ၏ သေဆုံး dbအား နေ့လည် 1:30အချိန်ခန့်ရှာဖွေတွေ့ရှိခဲ့၍.dbအား မိုးကုတ်ကုတင် ၁၀၀ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်….   မိဘပြည်သူအပေါင်းတို့ မိမိတို့၏ ရင်နှစ်သည်းချာ ရင်သွေးငယ်လေးတို့အား ဂရုစိုက်ကြပါဗျာ … သင်ခန်းစာယူနိုင်ကြပါစေ […]

Continue Reading

မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ စေတီတော်ရှိ ရွှေအချို့ ကွာကျခဲ့ပြီး CCTV စောင့်ကြည့်ထိန်းချုပ်ခန်းမှ System Unite ပုံး လောင်ကျွမ်းမှုဖြစ်ပွား

ကျိုက်ထီးရိုးတောင်တစ်ဝိုက်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ စေတီတော်ရှိ ရွှေအချို့ ကွာကျခဲ့ပြီး CCTV စောင့်ကြည့်ထိန်းချုပ်ခန်းမှ System Unite ပုံး လောင်ကျွမ်းမှုဖြစ်ပွား အောင်မြင့်ထွန်း (မြစ်မခ)သထုံ၊ မေ ၁၆ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တစ်ဝိုက်တွင် မေ ၁၅ ရက်၊ ညက မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ ကျိုက်ထီးရိုးစေတီတော်ရှိ ရွှေအချို့ကွာကျခဲ့ပြီး CCTV စောင့်ကြည့်ထိန်းချုပ်ခန်းမှ System Unite ပုံး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရှိရသည်။ “ည ၁၀ နာရီလောက်က မိုးတော်တော်ရွာတယ်။ မိုးကြိုးလည်း သုံးကြိမ်လောက်ပစ်တယ်။ မိုးကြိုးစက်ကွင်း မ လွတ်တဲ့ သဘောပါ။ ဘုရားကတော့ အများကြီး ထိခိုက်ပျက်စီးတာမရှိဘူး။ ရွှေဖတ်တွေ ကွာကျသွားတယ်။ ကွာကျသွားတဲ့နေရာကို သရိုးကိုင်ပြီးတော့ ပြန်လုပ်သွားမှာပါ။ အခုမနက်(မေ […]

Continue Reading

အခုလေးတင် YBS-35 ပေါ်မှာ ဖြစ်တာပါ မိန်ကလေးများ အထူးသတိထား ရှောင်ရအောင်အတွက်ပါ

ခုလေးတင်YBS35ပေါ်မှာ ဖြစ်တာပါ။ သူလဲ မြောက်ဥက္ကလာက တက်လာတယ့်ကောင်ပါပဲ။ ညီမကအစနေရာမရလို့ မတ်တပ်ရပ်နေတာ ခနနေတော့ နေရာလွတ်သွားလို့အနောက်မှာ သွားထိုင်တယ်။ အဲ့ကောင်လဲ ဘေးနားလာထိုင်ပါတယ်။ အစကတော့ ကွမ်းစားလိုက် ကွမ်းတံတွေးထုပ်ကို လွတ်ပစ်လိုက်နဲ့ ပြီးလဲ ပြီးရော ထမလိုလို အရှေ့ပဲတိုးမလိုလိုနဲ့ ညီမ လွယ်အိတ်ကြားကနေ Boob ကိုလာကိုင်ပါတယ်။ ညီမလဲ ခါးပိုက်နှိုက်တယ် ထင်လို့လွယ်အိတ်ကိုယူတယ့်အချိန်မှာ သူလက်က ရောက်နေပြီ ကိုယ်လဲ ၆ယောက်ထိုင်နေရတာကျပ်တယ် အထင်နဲ့ပါ ပြီးတော့ညီမထလဲထလိုက်ပြီး အဲ့ကောင်ကိုဓာတ်ပုံရိုက်တာ သူတောင်းစားက သူ့ရိုက်နေမှန်းသိလို့ ရှောင်နေတယ်။ ညီမလဲ မရရအောင်ရိုက်ခဲ့လိုက်တယ်။ အဲ့ကောင်ကိုတွေ့ရင် သတိထားပါ။ ၃၅စီးတယ့်မိန်းကလေးတွေလဲ သတိထားကြပါ။ Edit: ဘေးနားက လူတွေကိုလဲ ပြောလိုက်ပါသေးတယ်။ ညီမသင်တန်းကအစ်မတွေကိုလဲ မှတ်တိုင်မှာ လာကြိုဖို့ ဖုန်းကြိုဆက်ထားပါတယ်။ သူ့မျက်ခွက်ကို ရိုက်ပြီးတစ်ခုခုလုပ်ဖို့ဆိုတာ ကြောက်နေတယ့် အချိန်ဖြစ်နေတယ့်အတွက် […]

Continue Reading

အကြော်တစ်ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက်…..မရလို့ပါကွယ်…..၂၀၀ ဖိုး ၅ ခုတော့ ထားလိုက်ပါလို့ ပြောလိုက်သောအခါ….

“ကျွန်တော်နဲ့အကြော်သည်အမေကြီး” အမှတ်တမဲ့ပါပဲ..နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ..အကြော်တစ်ခုကို ဘယ်လောက်လဲ ? ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက်(ငွေကြေးပြည့်စုံတဲ့ အသိုင်းအ၀ိုင်းက ပုံစံမျိုးပါပဲ).အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ… အကြော်တစ်ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက်…..မရလို့ပါကွယ်…..၂၀၀ ဖိုး ၅ ခုတော့ ထား.././…./ တအောင့်လောက်နေတော့..နောက်ထပ်ကြား လိုက်ရတယ်…”လာ..သားး..အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး…မစားချင်နဲ့..သား”..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်… ကျွန်တော် စိတ်ဝင်စားသွားတယ်…သေချာလှမ်းကြည့်လိုက်တော့…အသက်(၆၀)ကျော် အမေကြီးတစ်ယောက်​ အ​ကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ.. သြော်..လူတွေများ ..ခက်လိုက်တာဗျာ…အကြော်ဝယ်ဖို့..ဈေးဆစ်လို့မရတော့..ညစ်ပတ်တယ်….မစားနဲ့လို့ ပြောသွားတယ်…. ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့.အကြော်သည် အ​မေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ထွက်သွားတယ်… ” ဟောဒီက…အကြော်ပူပူလေး… :”……ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်….ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ်…. အမေကြီး..ခဏနေပါအုံးဗျ..အကြော်ဝယ်ချင်လို့ပါ….ပြန်လှည့်လာပြီး..အကြော်ဗန်းကို ချပေးတယ်…. ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ…ဗန်းထဲမှာ စားချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ.. (စဉ်းစားမိတယ်.းနေရဲ့ […]

Continue Reading

ဒီလိုလူမျိုးတွေ ရှိနေတဲ့ အိမ်ဟာ သေချာပေါက် ဆင်းရဲနေတဲ့အိမ်ပဲ……

ဒီလိုလူမျိုးတွေ ရှိနေတဲ့ အိမ်ဟာ သေချာပေါက် ဆင်းရဲနေတဲ့အိမ်ပဲ ဘယ်လိုအိမ်တွေ ဆင်းရဲလဲဆိုတော့…….. (၁) သီလလုံခြုံမှု မရှိသူတွေ နေတဲ့အိမ်၊ (၂) မိဘနှစ်ပါးရဲ့ စီမံခန့်ခွဲ၊ ဆုံးမသွန်သင်မှု ညံ့ဖျင်းတဲ့အိမ်၊ (၃) မိဘနှစ်ပါး အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့အိမ်၊ (၄) မိသားစုဝင် အချင်းချင်း လေးစားမှု မရှိဘဲ ရန်ဖြစ်နေတဲ့အိမ်၊ (၅) မိသားစုကို ချစ်တတ်တဲ့သူတွေ ရှိမနေတဲ့အိမ်၊ (၆) လက်ကြောမတင်း၊ ပျင်းရိတဲ့သူတွေ ရှိနေတဲ့အိမ်၊ (၇) လောင်းကစားနှင့် မူးယစ်ဆေး စွဲလမ်းသူတွေ ရှိနေတဲ့အိမ်၊ (၈) အိမ်တွင်းသူခိုးတွေ ရှိနေတဲ့အိမ်၊ (၉) အပျော်အပါး လိုက်စားသူတွေ ရှိနေတဲ့အိမ်၊ (၁၀) လူမှုရေး ဖောက်ပြန်သူတွေ ရှိနေတဲ့အိမ်၊ (၁၁) ကိုယ်ချင်းစာတရား မရှိဘဲ၊ တကိုယ်ကောင်းဆန်သူတွေ များနေတဲ့အိမ်၊ […]

Continue Reading

မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်သော့ကိုင်က ဘဏ်ငွေတိုက်ထဲမှ သိန်း ၄၀၀၀ ခိုးသွား

မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်သော့ကိုင်က ဘဏ်ငွေတိုက်ထဲမှ သိန်း ၄၀၀၀ ခိုးသွား ကျိုက်ထို၊ မေ ၁၅(သတင်းတမန်) မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်သော့ကိုင် တစ်ဦးက ဘဏ်ငွေတိုက်ထဲမှ ကျပ်သိန်း ၄၀၀၀ ခိုးယူသွားမှု မေ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျူးလွန်သွားသူမှာ မြန်မာ့ စီးပွားရေးဘဏ်(ကျိုက်ထို)မှ ငွေကိုင်(၃) အသက် ၄၄ နှစ်အရွယ် ကျော်မိုးဝင်း ဆိုသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှသိရသည်။ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ရှင်မြင့်ထွေး ဆိုသူသည် မေလ ၁၄ ရက်နေ့ ၀၈၃၀ အချိန် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်မှ ငွေထုတ်ယူရန် ဆောင်ရွက်စဉ် ငွေတိုက်သော့ကိုင် တစ်ဦးဖြစ်သူ ကျော်မိုးဝင်းမှာ ရောက်မလာသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိဘဲ အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်မှ […]

Continue Reading

အရန်ကစားသမား အဖြစ်တောင်ပါဝင်မလာတော့တဲ့ အောင်သူအခြေနေတွေကို ပြောပြလာတဲ့ ကျော်ကိုကို

အောင်သူရဲ့ ကလပ်မူထောင်နဲ့ ကျော်ကိုကိုရဲ့ ကလပ် ဆာာမတ်ပရာကန်တို့ ကစားခဲ့တဲ့ ထိုင်းလိဂ်(၁)ပွဲစဉ် အပြီးမှာ ကျော်ကိုကိုက အောင်သူကိုသွားရောက်အားပေးနှစ်သိမ့်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းလိဂ်(၁)ကလပ် မူထောင်အသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးနေပြီး ခြေစွမ်းပိုင်းကျဆင်းနေတဲ့ အောင်သူနဲ့ ပတ်သက်ပြီး ဆာမတ်ပရာကန်အသင်းမှာကစားနေတဲ့မြန်မာ့လက်ရွေးစင် တိုစစ်မှူး ကျော်ကိုကိုက Duwun Sportsက တဆင့် အခုလိုပဲ အားပေးစကားပြောခဲ့ပါတယ်။ “ ဟိုနေ့က ပွဲပြီးတော့ ကျွန်တော်အောင်သူနဲ့တွေ့ဖြစ်တယ်၊စကားတွေလည်း အများကြီးပြောဖြစ်တယ်။ အားပေးစကားတွေလည်း ပြောဖြစ်တယ်၊ အဓိက ပြသနာတစ်ခုကိုသိလိုက်ရတာက သူကစားချင်တဲ့ နေရာ မကစားရဘူးဖြစ်နေတယ်လို့သိရတယ်။ ဒါကြောင့် စိတ်ကြိုက် မကစားနိုင်ဘူးဖြစ်နေတယ်၊ နောက်ပိုင်းကျတော့ နည်းပြနဲ့အံမ၀င်တော့ဘူးလို့ ပြောရမှာပေါ့၊ အသင်းတစ်သင်းနဲ့တစ်သင်းဖြတ်သန်းရပုံကတော့ မတူဘူးပေါ့၊မနှစ် ကPolice Teroအသင်းမှာက မိသားစုဆန်တယ်၊ အစစအရာရာ လိုလေသေးမရှိသူ့ကို ပံ့ပိုးတယ်၊သူပြောသမျှ လုပ်သမျှအဆင်ပြေခဲ့တယ်၊အခုမူထောင်မှာတော့ ပရော်ဖက်ရှင်နယ်ပဲ သူလုပ်နိုင်မှ […]

Continue Reading

ရန်ကုန်တိုင်းအစိုးရခွင့်ပြုထားသည့် အစ္စလမ်ဘာသာ ဥပုဒ်လ ၀တ်ပြုနေရာကို လူ ၂၀၀ ဖြင့်ဝိုင်း၍ ပိတ်ခိုင်း..

ရန်ကုန်တိုင်းအစိုးရခွင့်ပြုထားသည့် အစ္စလမ်ဘာသာ ဥပုဒ်လ ၀တ်ပြုနေရာကို လူ ၂၀၀ ဖြင့်ဝိုင်း၍ ပိတ်ခိုင်း ရန်ကုန်၊ မေ ၁၅ ရန်ကုန်တိုင်းဒေသကြီးအစိုးရက အစ္စလမ်ဘာသာဝင်များ၏ ဥပုဒ်လအတွက် တရားဝင် ၀တ်ပြုခွင့်ပြုထားသော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရှိ ၀တ်ပြု အဆောက်အအုံတစ်ခုကို မေလ ၁၄ ရက်နေ့ ညပိုင်းက လူ ၂၀၀ ခန့်က လူအုပ်စုဖြင့် ဝိုင်းဝန်းပြီး ဖိအားပေးသဖြင့် ၀တ်ပြုခွင့် ပိတ်ပင်ခံရ ကြောင်း သိရှိရသည်။ အစ္စလမ်ဘာသာရေးအတွက် ဒဂုံမြို့သစ်တောင်ပိုင်းတွင် ၀တ်ပြုခွင့် ၁၆ နေရာ တောင်းခံ တင်ပြခဲ့သော်လည်း ရန်ကုန်တိုင်းအစိုးရက ၃ နေရာကိုသာ တရားဝင် ၀တ်ပြုခွင့် နေရာအဖြစ် ခွင့်ပြုခဲ့ကြောင်း၊ တိုင်းအစိုးရ တရားဝင် ခွင့်ပြုပေးသော ၀တ်ပြုနေရာ ၃ ခုတွင် […]

Continue Reading