Day: May 10, 2019
မကြွားတတ်ဘူး…လမ်းကြုံလို့ မုန့်ဖိုး ၂၅ သိန်း ပေးသွားတယ်ဆိုတဲ့ လူကြီး…
ကျုပ် သိပ်ကြည့်မရတဲ့ထဲမှာအကြွားသန်တဲ့ဟာတွေလည်းပါတယ် …… ဘယ့်နှယ် …..စဉ်းစားကြည့် ..… ကျုပ်၁၀တန်းအောင်တုန်းက ဂုဏ်ထူး၅ဘာသာပါတယ်.. ခုချိန်ထိဘယ်သူ့မှ မပြောပြဖူးဘူး အာ့နဲ့ ဖေဖေက ၅ကျပ်သားဟမ်းချိန်းလေးလုပ်ပေးတယ် ကြွားတယ်ထင်မှာစိုးလို့ မဝတ်ဘူး .. ဟိုတလောက အပျင်းပြေ ရောက်ရင်နေဖို့ ပြင်ဦးလွင်မှာ အိမ်နဲ့ခြံဝယ်လိုက်တာ သိန်း ၆၀၀၀ ပေးရတယ် ဘယ်သူမှမသိဘူး .. ကျုပ် အိုင်ဖုန်း 7 ကိုဖုန်းပြောဖို့ Note 7 ကိုလိုင်းသုံးဖို့ဝယ်တုန်းကရော အွန်လိုင်းမှာ ရေးပီးကြွားဖူးလားပြော ???? ကြွားရမှာ ကျုပ်အရမ်းရှက်တာ …… အိမ်မှာ စီးပွားရေးတက်လို့ Lexus လေး တစ်စီးဝယ်တယ် ဘယ်တော့မှ လူရှေ့သူရှေ့ကားရှိတယ်လို့ ထုတ်မပြောဘူး မစီးဘူး မကြွားတတ်တာကိုက ငယ်ငယ်တည်းက အကျင့်လေ .. .. Shopping တစ်ခါထွက်ရင် …
မကြွားတတ်ဘူး…လမ်းကြုံလို့ မုန့်ဖိုး ၂၅ သိန်း ပေးသွားတယ်ဆိုတဲ့ လူကြီး…Read More »
ညဘက် အိမ်သာတက်သွားစဉ် ၁၅ နှစ် အရွယ် မိန်းကလေး မတူဘဲသားမယားအဖြစ်ပြုကျင့်ခံရ…..
ထီးချိုင့်မြို့နယ်မှာ ဖြစ်ပြန်ဘီဗျာ ထီးချိုင့် မေ ၁၀ ၂၀၁၉ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ——-ကျေးရွာတွင် အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးညပိုင်းအချိန်အိမ်သာသွားစဉ် အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးမှအလို မတူဘဲသားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူထားခဲ့ပေသည်။ ဖြစ်ပွါးပုံမှာ မေလ(၈)ရက်နေ့ ည(၁၀) နာရီအချိန်ခန့် တွင် ထီးချိုင့်မြို့နယ်——- ကျေးရွာနေ မ——–(၁၅)နှစ်သည် ညီမဖြစ်သူ မ——–နှင့်အတူ အိပ်နေစဉ် ဝမ်းဗိုက်အောင့်သဖြင့် အိမ်သာတက်ရန်လက်ကိုင်ဖုန်းမီးအားအသုံးပြု၍ အိမ်သာဘက်သို့ သွားရောက်ခဲ့သည်။ မ——–သည်အိမ်သာတက်ရန် အိမ်သာတံခါးအားဆွဲဖွင့်စဉ် လူတစ်ဦးမှ မ——-၏ လက်အားဆွဲ၍အိမ်သာဘေးသို့ ခေါ်ဆောင်ကာလက်နှစ်ဖက်အား ချုပ်ပြီးမ ———— ဝတ်ဆင် ထားသောဘောင်းဘီနှင့် အတွင်းခံဘောင်းဘီအားဆွဲချွတ်ခဲ့သည်။ ထို့ နောက်အဆိုပါလူမှ မ——အားဆွဲလှဲကာအလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ရာ လမ်းမီးတိုင်မှ အလင်းရောင်ကြောင့် ရွောတည်းနေ အောင်ကျော်ကိုဖြစ်ကြောင်းသိရှိရစဉ် မ——၏ ဖခင်ဖြစ်သူ ဦး——-မှာနေအိမ်ပေါ်မှဆင်းလာသည်ကိုတွေ့ ရ၍ …
ညဘက် အိမ်သာတက်သွားစဉ် ၁၅ နှစ် အရွယ် မိန်းကလေး မတူဘဲသားမယားအဖြစ်ပြုကျင့်ခံရ…..Read More »
တောင်ကြီးမြို့၊ ဈေးဆိုင်အတွင်းသို့ ကားတစ်စီး အရှိန်လွန်ကာ ဝင်ရောက်မှုဖြစ်ပွား
တောင်ကြီးမြို့၊ (၂၁၂) ဆက်သွယ်ရေးတပ်အနီး ဈေးဆိုင်အတွင်းသို့ မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ဝင်ရောက်တိုက်မိမှု ဖြစ်ပွား 10-5-2019 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ပေါက် အနီးရှိ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင်အတွင်းသို့ ယနေ့ မေလ ၁၀ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်အတက်လမ်းမှ အနောက်မြို့ပတ်လမ်းသို့ မောင်းနှင်လာသော Isuzu Bighoon အမျိုးအစား မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ (၂၁၂) ဆက်သွယ်ရေးတပ်ရင်း ဂိတ်ပေါက်ဘေးရှိ ကုန်စုံဆိုင်နှင့် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဖြစ်စဉ်နဲ့ ပတ်သက်လို့ အခုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ သွားနေပါတယ်။ ဘာမှတော့ မသိရသေးပါဘူး” ဟု အမှတ် …
တောင်ကြီးမြို့၊ ဈေးဆိုင်အတွင်းသို့ ကားတစ်စီး အရှိန်လွန်ကာ ဝင်ရောက်မှုဖြစ်ပွားRead More »
မကွေးမြို့ တွင် ဒေါ်အောင်ဆန်းစုကြည်တည်းခိုရာဟိုတယ်နှင့် မိုင်ဝက်ခန့်အကွာတွင် သေနတ်ကျည်ဆံအများအပြား သိမ်းဆည်
မကွေးမြို့ တွင် ဒေါ်အောင်ဆန်းစုကြည်တည်းခိုရာဟိုတယ်နှင့် မိုင်ဝက်ခန့်အကွာတွင် သေနတ်ကျည်ဆံအများအပြား သိမ်းဆည်းရမိ မကွေးမြို့ ၊ ဆားစည်ရပ်ကွက်၊ ကမ်းနားလမ်း၊ ကျောက်သားဥယျာဉ်အနီး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော ၅.၅၆ ကျည်ဆံ ၇၈၂ တောင့်အား ယနေ့ (မေ ၁၀ ရက်) နံနက်ပိုင်းက ဆေးသုတ်သမားများကတွေ့ရှိအကြောင်းကြားသဖြင့် တာဝန်ရှိသူများက စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သတင်းရသည်။ ကျည်ဆံများတွေ့ရှိရာ ကျောက်သားဥယျာဉ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မေလ ၉ ရက်နေ့က ရောက်ရှိခိုနားခဲ့သည့် နန်းထိုက်သူဟိုတယ်နှင့် မိုင်ဝက်ခန့်သာဝေးကြောင်း၊ နန်းထိုက်သူဟိုတယ်နှင့် ကျောက်သားဥယျဉ်မှာ လမ်းတလမ်းထဲပေါ်တွင်တည်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်းခရီးစဉ် သွားရောက်လျက်ရှိရာ မကွေးမြို့မှ နတ်မောက်မြို့သို့ထွက်ခွာသွားပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ကျည်ဆံများကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ “ကျွန်တော် မြို့မစခန်းမှာ စခန်းမှူးအဖြစ်တာဝန်ယူနေတဲ့အချိန်မှာ ကျော်လက်ဖက်ရည်ဆိုင်ကနေ ဖုန်းဆက်ပြီးအကြောင်းကြားပါတယ်။ လက်ဖက်ရည်ဆိုင်နားက ကျောက်သားဥယျာဉ်နားမှာ ကလေးတွေ …
မကွေးမြို့ တွင် ဒေါ်အောင်ဆန်းစုကြည်တည်းခိုရာဟိုတယ်နှင့် မိုင်ဝက်ခန့်အကွာတွင် သေနတ်ကျည်ဆံအများအပြား သိမ်းဆည်Read More »
၁၀၀၀ မှာ ၁ ယောက်မရှိတဲ့ ကောက်ညှင်းထုပ်သည် ဦးလေးကြီး….
ဒီလို လူမျိုးတွေ များများပေါ်ပေါက်ပါစေ ကောက်ညှင်းထုပ်ရောင်းပြီးအပြန် ဆိုင်မှာဈေးလာဝယ်နေတဲ့ ဦးလေး ကောက်ညှင်းထုပ်စားချင်လို့ ကုန်သွားပြီလား ဦးလေး….. တခါတခါ လာရောင်းတာမတွေ့မိဘူးလို့ မေးတော့ လယ်တွေ ကိုင်းတွေလည်း လုပ်ရတယ်လေတဲ့….. သားရော သမီးရော သူပါ ကောက်ညှင်းထုပ်ကို မြို့မှာလည်းရောင်း ရွာစဉ်လှည့်ပြီးလည်း ရောင်းကြတယ်….. အမျိုးသမီးက အိမ်မှာကောက်ညှင်းထုပ် ဒိုင်ခံထုပ်ပေးပေါ့…. အိမ်ရှိလူကုန် အလုပ်လုပ်နေတာ သူဌေးမဖြစ်သေးဘူးလားလို့ မေးတော့….. သူဋ္ဌေးဖြစ်ဖို့နေနေသာသာ ငါ့လယ် ၂ ကွက်ကုန်သွားပြီတဲ့…. ဘာဖြစ်လို့တုန်းမေးတော့ ရွာနဲ့ရွာနီးချုပ်စပ်က ကလေးတွေ…. စာနားမလည်တာတွေ…နားလည်ဖို့ စာသင်ကျောင်းက ကလေးတွေကို…. အချိန်ပို သင်ဖို့ ကျောင်းက ဆရာမတွေကို အချိန်ပိုကြေးပေးပြီး စာသင်စေတာပါ….. စာအုပ်စာတန်း မဝယ်နိုင်တဲ့ကလေးတွေ စာအုပ်စာတန်း ထောက်ပံ့ဖို့..ငါတို့ မိသားစုရှာနေတာပါတဲ့…. ရွာက စာသင်နေတဲ့ ကလေးတွေ …
၁၀၀၀ မှာ ၁ ယောက်မရှိတဲ့ ကောက်ညှင်းထုပ်သည် ဦးလေးကြီး….Read More »
ထောင်ထဲမှ LIVE လွှင့်ခဲ့သူ နဲ့ ဖုန်းရောင်းခဲ့တဲ့ ထောင်ဝန်ထမ်းကို အရေးယူပြီ…..
ထောင်ထဲမှ LIVE လွှင့်ခဲ့သူ နံ ဖုန်းရောင်းခဲ့တဲ့ ထောင်ဝန်ထမ်းကို အရေးယူပြီ ရွှေဘို အကျဉ်းထောင်တွင်းမှ ဖုန်းဖြင့် Live လွှင့်ခဲ့သူနှင့် ယင်းဖုန်းရောင်းချခဲ့သည့် အကျဉ်းထောင်ဝန်ထမ်းကို အရေးယူထားကြောင်း စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောသည်။ ‘’ဒီနေ့ပဲ အရေးယူလိုက်ပါတယ် “ ဟု ၄င်းက ပြောသည်။ထို့အပြင် ထောင်တွင်း ဖုန်းရောင်းချမှုများနှင့် ဆက်စပ်နေသော ကိစ္စရပ်များကိုပါ စုံစမ်းမှုများ ပြုလုပ်နေကြောင်း ရွှေဘို ထောင်ပိုင်ကြီးကလည်း ပြောသည်။ မေ ၈ ရက်နေ့ ညပိုင်းက ရွှေဘိုအကျဉ်းထောင်တွင် ထောင်ဆူပူမှု ဖြစ်ခဲ့မှုကြောင့် အာဏာပိုင်များက ဖြိုခွင်းရာတွင် လူ လေးဦး သေဆုံးခဲ့ကာ ဒဏ်ရာ ရသူအချို့ ရှိခဲ့သလို ထောင်ဆူပူမှုကြောင့် ရဲတပ်ဖွဲ့အပြင် တပ်မတော်မှ ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ …
ထောင်ထဲမှ LIVE လွှင့်ခဲ့သူ နဲ့ ဖုန်းရောင်းခဲ့တဲ့ ထောင်ဝန်ထမ်းကို အရေးယူပြီ…..Read More »
မူးယစ်မှုနဲ့ ထောင်(၁၀)နှစ်ကျပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသော်လည်း (၁၀)ရက်အတွင်း မူးယစ်မှုနဲ့ ပြန်အဖမ်းခံရ
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်က ပင်လည်ဘူးမြို့နယ်၊ ပင်ကြိုင်းကျေးရွာအုပ်စု၊ စေတီဦးကျေးရွာတွင် နေထိုင်သူ ဖိုးမဲ(ခ)ချစ်ဌေးသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတ၏ ဒုတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာခဲ့ပြီးနောက် မေ ၄ ရက်တွင်ပင် လည်ဘူးမြို့နယ်ရဲတပ်ဖွဲ့နှင့် ဒေသတွင်းဖွဲ့ စည်းထားသည့် မိုးသောက်ကြယ် မူးစိတ်တား အဖွဲ့တို့က မူးယစ်ဆေးဝါးသတင်းအရ အဆိုပါကျေးရွာသို့ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ဖိုးမဲ(ခ)ချစ်ဌေးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆ဝနှင့် ဘိန်းဖြူအမှုန့် ၄ ဂရမ်တို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးရမိသူက မူးယစ်ဆေးဝါးအမှုနဲ့ပဲ ၂၀၁၇ ခုနှစ်က ထောင်ဒဏ်ဆယ်နှစ် ကျခံနေရတဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ …
မူးယစ်မှုနဲ့ ထောင်(၁၀)နှစ်ကျပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသော်လည်း (၁၀)ရက်အတွင်း မူးယစ်မှုနဲ့ ပြန်အဖမ်းခံရRead More »
မြောင်းမြ သုဿန်​မှဘိုးပိုက်​ဆံအုတ်​ဂူ၏ ထူးခြားဖြစ်​စဉ်​….
ရွှေဘိုအကျဉ်းထောင်ဆူပူမှုနှင့် ပတ်သတ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှု အပြည့်အစုံ
ရွှေဘိုအကျဉ်းထောင်ဆူပူမှုနှင့် ပတ်သတ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှု အပြည့်အစုံ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်တွင် လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်သည့် ဆူပူလှုပ်ရှားမှုများ ထိန်းသိမ်းနိုင်ခဲ့မှု အခြေအနေ (၈-၅-၂၀၁၉)ရက်နေ့ (၁၆၃၀)အချိန်တွင် ရွှေဘိုအကျဉ်းထောင်၌ အကျဉ်းသူ/အကျဉ်းသားများမှ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်၍ တန်းတူညီမျှမှု ရရှိရေး ဆူပူလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအကျဉ်းသူ/ အကျဉ်းသားများမှ မူးယစ်မှုဖြင့် အကျဉ်းကျခဲ့သူ မိုးအောင်ရင် လွတ်မြောက်ခဲ့မှုအပေါ် ရွှေဘိုထောင်ရှိ မူးယစ်အမှုဖြင့် ထောင်ကျနေသူများကိုပါ လွတ်ငြိမ်းခွင့်ပြုရန်၊ တန်းတူညီမျှမှု အခွင့်အရေး ရရှိရေး၊ မှန်မှန်ကန်ကန် ဖြစ်စေရေး အော်ဟစ် ဆူပူလျက်ရှိသဖြင့် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူးတို့ ဦးစီး၍ ထောင်အတွင်း အိပ်ဆောင် (၁)ခုချင်း အလိုက် လိုက်လံ ထိန်းသိမ်းခဲ့ပါသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ (၈-၅-၂၀၁၉)ရက်နေ့ (၁၈၃၅) အချိန်တွင် …
ရွှေဘိုအကျဉ်းထောင်ဆူပူမှုနှင့် ပတ်သတ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှု အပြည့်အစုံRead More »