အထူးသတိထားကြပါနော်.. ပဲခူးမြို့မှာ အပူလျှပ်၍ (၁၀) ဦး ဆေးရုံတက်ရာ (၄) ဦးသေဆုံး
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း နေ့အပူချိန်များမြင့်တက်လာခဲ့ပြီးနောက်ပိုင်း ဧပြီလ ၂၂ ရက်မှ ၃၀ ရက်ထိ တစ်ပတ်ကျော်အတွင်း အပူလျှပ်ခြင်း (Heat Stroke) ကြောင့် တက်ရောက်ကုသမှုခံယူရသူ အရေအတွက် ၁၀ ဦး အထိရှိခဲ့ပြီး ယင်းအနက် ၄ ဦးသေဆုံးခဲ့ကြောင်း ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးထံမှ သိရှိရသည်။ ပဲခူးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက “သေဆုံးသူအရေအတွက် ၄ ဦးရှိပြီး သေဆုံးသူတွေထဲမှာ တစ်ဦးက အကျဉ်းဦးစီးဌာနက လာရောက်ပို့သကုသမှုခံယူတာဖြစ်ပြီး ဆေးရုံးရောက်လာချိန် သေဆုံးနေပါပြီ။ သုံးဦးက ဆေးရုံမှာ သေဆုံးတာဖြစ်ပြီး ကျန်တဲ့လူတွေကို ဆက်လက်ပြုစုကုသပေးနေပါတယ်”ဟု ပြောကြားသည်။ ပဲခူးဆေးရုံကြီးတွင် Heat Stroke ရောဂါဖြင့် တက်ရောက်ကုသမှုခံယူနေရသူများကို လေအေးပေးစက် တပ်ဆင်ထားသည့် သီးခြားအခန်းတစ်ခုတွင် ကုသမှုပေးနေပြီး ကျန်းမာရေဦးစီးဌာနကလည်း အဆိုပါရောဂါနှင့်ပတ်သက်ပြီး သင်ကြားပို့ချမှုများ ပြုလုပ်ထားကြောင်း ယင်းဆေးရုံကြီးထံမှ သိရှိရသည်။ […]
Continue Reading
တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​ဖြေဆိုထားတဲ့ ကျောင်းသားလေး မင်းမဲ့စရိုက်​ဆန်​စွာ အနိုင့်​အထက်​ပြုကျင့် သတ်ဖြတ်ခံရမှု
“မင်​မဲ့စရိုက်​ဆန်​စွာ အနိုင့်​အထက်​ပြုကျင့်၍အုပ်​စုဖွဲ့လူသတ်​မှု့ကျူးလွန်​သူများအား ဥပ​ဒေနှင့်​အညီ အ​ရေးယူ​ဆောင်​ရွက်​​ပေးပါရန်​” ကျွန်​​တော်​၏သား​ ​မောင်​​အေးချမ်း​ကျော်​သည်​ အသက်​(၁၅)နှစ်​သာရှိ​သေးပြီး တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​ဖြေဆိုထားသူလည်းဖြစ်​ပါသည်​။ တရားသူကြီး ၊ ဥပ​ဒေအရာရှိ ၊ မူးယစ်​ ဒုရဲအုပ်​ ၊ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဒုဦးစီး ရာထူးများအတွက်​ ရည်​မှန်းထားသူလည်းဖြစ်​ပါသည်​။ ၅.၄.၂၀၁၉ ည၁၁း၃၀ခန့်​အချိန်​တွင်​ မန္တ​လေးမြို့၊ချမ်းမြသာစည်​မြို့နယ်​ ၊ မြို့သစ်​(၄) ၆၅လမ်းနှင့်​​အောင်​မင်္ဂလာလမ်း​ဒေါင့်​ ​တွင်​ မည်​သည့်​ရန်​ငြိုး မည်​သည့်​အပြစ်​မှမရှိပါဘဲ ဆိုင်​ကယ်​​မောင်​နှင်​လာသည်​ကို မူးရူးရမ်းကား​နေ​သော (တက်​တူးထိုးသည့်​လုပ်​ငန်းလုပ်​ကိုင်​သူ) တက်​တူး​ကျော်​ကြီးနှင့်​အ​ပေါင်းပါ လူ၁၅ခန့်​ဦးမှ တားဆီး၍ ဒူး​ထောက်​ထိုင်​ခိုင်းခြင်း ထိုင်​၍ကန်​​တော့ခိုင်းခြင်းများပြုလုပ်​​စေကာ ဦး​ခေါင်းရိုးများကျိုး​ကျေသည်​အထိရိုက်​နှက်​ခဲ့​သော​ကြောင့်​ ​သေဆုံးခဲ့ရ ပါသည်​။ ၄င်းကိစ္စနှင့်​ပါတ်​သတ်​၍ တရားခံများထဲမှ အကြီး​လေး အငယ်​​လေးဆိုသူ နှစ်​ဦး၏ ဖခင်​ ဦး​ကျော်​​ငွေသည်​ အရက်​ဆိုင်​ဖွင့်​လှစ်​ထားပြီး ခရိုင်​ရဲတပ်​ဖွဲ့ရုံးနှင့်​နီးကပ်​​သော​ကြောင့်​ ခရိုင်​ရဲတပ်​ဖွဲ့ရုံးမှ​အောက်​​ခြေရဲဝန်​ထမ်းများဝင်​ထွက်​လျှက်​ ရင်​နှီးခင်​မင်​မှု့များရှိကာ ၄င်းရပ်​ကွက်​အပိုင်​ဖြစ်​​သော မြို့သစ်​(၄)နယ်​ထိန်း ​ကျော်​ဝင်းထွန်း ၊ ရဲသတင်း​ပေး […]
Continue Reading
ဝမ်းနဲစရာကောင်းတဲ့….. တောင်ကြီးမြို့လေးလောင်းပြိုင်ဈာပနမြင်ကွင်း…
တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ (၁၄)၊ မင်္ဂလာလမ်း ၊ အိမ်အမှတ် (၁၁၈) ရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက်နေအိမ်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့ နံနက် ၀၂:၀၀ အချိန်ခန့် ၌ အမည်မသိလူသတ်သမား၏ ရက်စက်စွာသတ်ဖြတ်ခြင်းခံခဲ့ရသည့်အတွက် ….   လူမမယ်အရွယ် မောင်စိုင်းဖဖ (၇) လသား ၊ ဖခင်ဖြစ်သူစိုင်းဆေးမွန်း အသက်(၂၇) နှစ် ၊ မိခင်ဖြစ်သူ မနန်းခမ်းလှိုင် အသက် ( ၂၄ ) နှစ်နှင့် အိမ်အကူဖြစ်သူမအေးမိုး အသက် ( ၁၇ ) နှစ်တို့သည်ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ကြပြီးကြွင်းကျန်ရစ်သောရုပ်ကလပ်များကို ….   ဧပြီလ ၃၀ ရက်နေ့ နေ့လည် ၁၃:၀၀ ချိန်တွင် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ( ရင်ခွဲရုံ) မှ […]
Continue Reading
ငွေသားနှင့် လက်ဝတ်ရတနာ စုစု​ပေါင်းတန်​ဖိုး​ငွေကျပ်​(၁၄၁၈)သိန်းကို ခိုးယူထွက်ပြေးသွားသူအား သတင်းပေးနိုင်ပါက ထိုက်​တန်​စွာဆု​ငွေ​ချီးမြှင့်မည်
မြဝတီမြို့ရဲစခန်းမှ​ဖော်​ပြပါတရားခံ​ပြေးအားအလိုရှိပါ သည်​။ ​တွေရှိပါကနီးစပ်​ရာရဲစခန်းနှင့်​​အောက်​​ဖော်​ပြပါဖုန်း နံပါတ်​များသို့သတင်း​ပေးနိုင်​ပါသည်​။ ထိုက်​တန်​စွာဆု​ငွေ​ပေးပါမည်​။ မှုခင်းဖြစ်​ပွားပုံမှာ…………. မြဝတီမြို့၊အမှက်​၅ရပ်​ကွက်​၊မြတ်​လင်း​အေးမြိုင်​လမ်း​နေ (အားမာန်​)ကားပစွည်းဆိုင်​ပိုင်​ရှင်​မသူဇာမြင့်​မြင့်​ဇင်​မှ ရန်​ကုန်​မြို့သို့မသွားမှီမိမိ​နေအိမ်​ရှိခင်​မွန်းသည်​အပါ အဝင်​မိသားစုဝင်​များနှင့်​အလုပ်​သမား​ကျော်​​ကျော်​(ခ) အဏ္ဏဝါ(ခ)ဟာဆန်​(ခ)အငယ်​​ကောင်​(၂၂)တို့နှင့်​အတူ မြဝတီမြို့၊အင်​ကြင်းမြိုင်​​ကျေးရွာ၊​ရေ​ပေါ်​ဈေးသို့ကိုယ်​ ပိုင်​ကားဖြစ်​အလည်းသွား​ရောက်​​ရေးကစားစဉ်​ တရားလိုမှမိမိခ​လေးအရမ်းငိုး​နေလို့မိမိအလုပ်​သမား အားကား​သော့​ပေး၍နို့ဗူးသွား​ရောက်​ယူခိုင်းရာပြန် မလာ​တော့ဘဲကား​ပေါ်ပါစိန်​​၊​ရွှေ၊​ငွေ၊ရတနာများအား ခိုးယူထွက်​​ပြေးသွားခြင်းဖြစ်​သည်​။ တရားခံခိုးယူသွား​သောပစွည်းများမှာ…….. (က)စိန်​​လော့ကပ်​သီးအကြီး(၂)ခု…..တန်​ဖိုး(၇၀)သိန်း (ခ)​ရောင်​စုံမိုးကုတ်​စိန်​​လော့ကပ်​သီးအကြီး(၁)ခု……. တန်​ဖိုး(၂၅)သိန်း (ဂ)​ရွှေကလစ်​အကြီး(၁)ခု………….တန်​ဖိုး(၁၇)သိန်း (ဃ)​ရွှေကလစ်​အ​သေး(၄)ခု……….တန်​ဖိုး(၁၅)သိန်း   (င)စိန်​​လောကပ်​အ​သေး(၄)ခု……တန်​ဖိုး(၆၅)သိန်း (စ)စိန်​လက်​စွပ်​အကြီးအ​သေး (၁၄)ကွင်း……တန်​ဖိုး (၅၄)သိန်း (ဆ)မီးလင်းကြိုးကြီး(၅ကျပ်​သား၂ကုံး)…… တန်​ဖိုး(၉၀)သိန်း (ဇ)မီးလင်းကြိုးလတ်​(၂ကျပ်​သား၃ကုံး)တန်​ဖိုး(၆၀)သိန်း (ဈ)လက်​​ကောက်​(၅ကျပ်​သား၂ကွင်း)တန်​ဖိုး(၁၀၀)သိန်း (ည)လက်​​ကောက်​(၃ကျပ်​သား၂ကွင်း)တန်​ဖိုး(၆၅)သိန်း (ဋ)မီးလင်းလက်​​ကောက်​(၂ကျပ်​သား၂ကွင်း)တန်​ဖိုး (၄၅)သိန်း (ဌ)ပုလဲတစ်​ဆင်​စာ(အစုံ)တန်​ဖိုး…….(၆၆)သိန်း (ဍ)ပတ္တမြားတစ်​ဆင်​စာနှင့်​လက်​စွပ်​(၃)ကွင်း…တန်​ဖိုး (၆၅)သိန်း (ဎ)ခရမ်းစွဲ(နာကပ်​၊ဟန်းချိန်း၊လက်​စွပ်​၊​လောက်​ကပ်​) တန်​ဖိုး(၄၀)သိန်း (ဏ)နီလာ(နာကပ်​၊​လောကပ်​၊လက်​စွပ်​၃ကွင်း)တန်​ဖိုး (၁၉)သိန်း (တ)​ရွှေတွင်းဝါ(နားကပ်​၊လက်​စွပ်​၊​လောကပ်​)တန်​ဖိုး (၄၈)သိန်း (ထ)စိန်​တစ်​ဆင်​စာ(စိန်​နားကပ်​ကြီး၊လက်​စွပ်​ကြီး စိန်​လက်​​ကောက်​၊စိန်​ဘယက်​ကြီး)တန်​ဖိုး(၁၃၅)သိန်း (ဒ)ကျားဝတ်​စိန်​လက်​စွပ်​ကြီး(၂)ကွင်း တန်​ဖိုး(၄၈)သိန်း (ဓ)က​လေးဝတ်​​ရွှေဆွဲကြိုး​လော့ကပ်​ပါ(၁)ကုံး တန်​ဖိုး(၁၂)သိန်း (န)၁၅ပဲ​ရည်​ကြိုးလုံးကြီး၃ကျပ်​သားတစ်​ကုံး တန်​ဖိုး(၃၄)သိန်း (ပ)ကျားဝတ်​(၁၅)ပဲရည်​၂ကျပ်​သားတစ်​ကုံး တန်​ဖိုး(၂၀)သိန်း (ဖ)ပလပ်​တီနမ်​ကြိုးကြီး(၂)ကုံး….တန်​ဖိုး(၃၅)သိန်း […]
Continue Reading
မြမြ ဝိညာဉ်ဝင်ပူးခံရသည့် မဇာခြည်လွင် နဲ့ မဝေဇင်ထွန်း တို့ ပြောပြီ….
မြမြ၀င်ပူးခံရသူ မဇာခြည်လွင် နဲ့ မဝေဇင်ထွန်း တို့ ပြောပြီ ဒီနေ့ပြုလုပ်တဲ့ ကျောက်စိမ်းစက်ရုံတာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ မှာ မြမြ၀င်ပူးခံရသူ မဇာခြည်လွင် နဲ့ မဝေဇင်ထွန်း တို့ရဲ့ ပြောကြားချက်များကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။ “ညီမကိုလည်း လုပ်ကြံပြီးလုပ်တယ်ပြောတယ်၊ ညီမကိုယ်ချင်းစားလို့ ကူညီတာပါ၊ ညီမကို ရူးတယ်လို့လည်းပြောကြတယ်၊ အခုသတင်းစာရှင်းလင်းပွဲရှိတယ်ပြောလို့လာတာပါ၊မြမြဆိုတာကို ညီမလည်း မသိပါဘူး၊ ဦးနှောက်ထဲမှလည်း မရှိပါဘူး၊ ဝင်ပူးခံရပြီးနောက် ဗီဒီယိုဖိုင်ပြန်ကြည်တော့မှသိတာပါ။” ဟု ယင်းစက်ရုံတွင်အလုပ်လုပ်ကိုင်ပြီး ပထမဆုံးဝင်ပူးခံရသည် စက်ရုံအလုပ်သမား မဇာခြည်လွင်ကပြောသည်။ “ကျွန်မကို ဘုန်းကြီးကိုယ်တိုင်ကထုတ်ပေးတာပါ၊ ညီမတို့က အမှန်တရားကို ဖော်ထုတ်ပေးမယ့် ငွေအင်အားမရှိဘူး၊ လူအင်အားမရှိဘူး၊ ဒီသတင်းစာရှင်းပွဲလုပ်တာလည်း ညီမတို့ကို ဖိတ်ခြင်းလည်းမရှိဘူး။ ညီမတို့က ညီမတို့လိမ်တာမဟုတ်ဘူးဆိုတာကို လာရှင်းတာ…သူတို့ပြောသွားတဲ့စကားကလည်း ညီမတို့က သက်သက်မယ့်လုပ်ကြံတယ်ဆိုပြီးပြောတာ၊ အခု လိုင်းပေါ်မှာအဆဲခံနေရတာအများကြီး၊ ညီမတို့ဘက်မှာ ဘယ်သူမှမရှိဘူး။ ဒီစက်ရုံမှ […]
Continue Reading
ယနေ ည နေ၃၀-၄-၂၀၁၉( ၅း၅၃)နာရီ မုန်တိုင်းသတင်း
မုန်တိုင်းသတင်း၃၀-၄-၂၀၁၉ည နေ( ၅း၅၃)နာရီ။ အားအလွန်ကောင်းသောဆိုင်ကလုန်းFANI သတင်းထုတ်ပြန်ချက်(၃၀-၄-၂၀၁၉)ရက် ည နေ (၅း၅၀) အချိန်ထုတ်ပြန်ချက်။ လွန်ခဲ့သော(၆)နာရီအတွင်းက ဆိုင်ကလုန်းမုန်တိုင်းကြီးသည် အ နောက်မြောက်ဖက်သို့ 11 Knots( 13 mph) နှုန်းဖြင့်ေ ရွ့လျှားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့ အ နောက်တောင်ဖက်ယွန်းယွန်း 612 Km အ ကွာ ပင်လယ်ပြင်ကိုရောက်ရှိနေပါတယ်။ (၃၀-၄-၂၀၁၉)ရက် ည နေ(၀၃း၃၀)နာရီအချိန်တိုင်းတာချက်အရ မုန်တိုင်း ကြီးဟာ Lat:12.8°N, Long.:85.5°E တွင် ဗဟိုပြုနေပြီး၊ ဗဟိုချက်အနီး အ များဆုံးလေတိုက်နှုန်းမှာ 90 Knots (104 mph) ခန့်ရှိနေပါတယ်။ နောက်(၂၄)နာရီအကြာ တွင် မုန်တိုင်းကြီးသည် […]
Continue Reading
ယနေ့ လူငါးဦး မိုးကြိုးပစ်ခံခဲ့ရသော ရောင်းမော်ကျေးရွာမှ မတော်တဆမှုကြီး…..
ရောင်းမော်ကျေးရွာတွင် လူငါးဦး မိုးကြိုးပစ်ခံရ၊ နှစ်ဦးသေဆုံး ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာတွင် ဧပြီလ ၃၀ ရက် နေ့လယ် ၃ နာရီခန့်က က လူငါးဦး မိုးကြိုးပစ်ခံခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ရောင်းမော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာတွင် ညနေ ၃ နာရီခန့်က မိုးကြိုးပစ်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၄ နှစ် နှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။ မိုးကြိုးပစ်ခံရသူငါးဦးအနက် တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်လေးဦိးကို ထားဝယ်ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၎င်းက ပြောသည်။ မိုးကြိုးပစ်ခံရသူများမှာ အုတ်ဖိုလုပ်ငန်းတွင် လာရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး မနီးမဝေးတွင်ရပ်ထားသည့် ထော်လဂျီ နှစ်စီးပေါ် ရှိနေစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ […]
Continue Reading
မြမြဝိညာဉ်ပူးကပ်မှု တရားဝင် ရှင်းပါပြီ…..
Continue Reading
မြမြဝိဥာဉ်ဝင်ပူးခံရသည့် စက်ရုံအလုပ်သမနှစ်ဦးအား ထပ်မံဝင်ပူးခံရပါက အရေးယူမည်
မြမြဝိဥာဉ်ဝင်ပူးခံရသည့် စက်ရုံအလုပ်သမနှစ်ဦးအား ထပ်မံဝင်ပူးခံရပါက အရေးယူမည် ဟု စက်ရုံတာဝန်ရှိသူ ပြော ဧပြီ ၃၀ သော်လင်းထက် /ဝေယံ ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမနှစ်ဦးထံသို့ မြမြဆိုသည့် ၀ိဥာဉ်မှဝင်ပူးကာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရ ကြောင်း ပြောကြားမှုနှင့်ပတ်သက်၍ ၄င်းမြမြဆိုသူမှာ ကျောက်စိမ်းဖိနပ်စက်ရုံတွင်မရှိသည့်အတွက် ယင်းအလုပ်သမနှစ်ဦးအနေဖြင့် ၀ိဥည်ဝင်ပူးခြင်းဖြစ်စဉ် ထပ်မံဖြစ်ပေါ်ပါက အလုပ်ရှင်၊အလုပ်သမားစာ ချုပ်(EC)အရ အရေးယူသွားမည်ဖြစ် ကြောင်း ကျောက်စိမ်းဖိနပ်စက်ရုံ၏ HR မန်နေဂျာဖြစ်သူ ကိုဇော်ဇော်အောင်က ပြောကြားလိုက်သည်။ ယနေ့ နေ့လည်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးစက်မှုမြို့ရှိ ကျောင်းစိမ်းဖိနပ်စက်ရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျောက်စိမ်းစက်ရုံ၏ HR မန်နေဂျာဖြစ်သူ ကိုဇော်ဇော်အောင်ကပြောကြား ခဲ့ခြင်းဖြစ်သည်။ “ဒီဟာကနှစ်ပိုင်းရှိတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရရှိတယ်။ဥပဒေအရရှိတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ဒီလုပ်ဆောင်ချက်တွေသည် ဘယ်လိုမျိုးအပြစ်ပေးလို့ရတယ်။ အရေးယူလို့ရတယ်ဆိုတာကို ကျွန်တော်တို့က ECစာချုပ်ကို အသေအချာလေ့လာရမှာပေါ့” ဟု စက်ရုံမန်နေဂျာ ကိုဇော်ဇော်အောင်က ပြောကြားသည်။ […]
Continue Reading
၎ လောင်းပြိုင်လူသတ်မှုမှ သေဆုံးသူများ၏ ရုပ်အလောင်းများအား တိုင်းရင်းသားပေါင်းစုံ သုဿာန်သို့ ပို့ဆောင်မီးသဂြိုဟ်
၎ လောင်းပြိုင်လူသတ်မှုမှ သေဆုံးသူများ၏ ရုပ်အလောင်းများအား တိုင်းရင်းသားပေါင်းစုံ သုဿာန်သို့ ပို့ဆောင်မီးသဂြိုဟ် ကမ္ဘောဇတိုင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဧပြီလ ၂၈ ရက်က ဖြစ်ပွားခဲ့သော အသက် ၇ လအရွယ် ကလေးငယ် တစ်ဦး အပါအဝင် ၄ လောင်းပြိုင်လူသတ်မှုမှ သေဆုံးသူများ၏ ရုပ်အလောင်းများအား ယနေ့ ဧပြီလ ၃၀ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ သုဿာန်သို့ ပို့ဆောင် မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈) ရှိ မြင်းဖြူနှစ်ကောင် ဆေးတိုက်တွင် ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းက အလုပ်ဝင်ရန် လာရောက်သည့် အလုပ်သမား အမျိုးသမီးတစ်ဦးမှ နေအိမ်သို့ရောက်ရှိစဉ် နေအိမ် အောက် ထပ်၌ […]
Continue Reading