အကြွေးနဲ့ထီရောင်းပေးတဲ့ထီသည်ကြီးရဲ့ အိမ်ပြန်ခရီးကို ပျော်ရွှင်စရာတွေနဲ့ ဖန်တီးပေးလိုက်တဲ့ အဘွားဒေါ်ခင်တင့်ရဲ့ စေတနာ လေးစားစရာပါ….
Continue Reading
ရရှားမှာ ပညာတော်သင်ဖို့ ရွေးချယ်ခံထားရတဲ့ ဗိုလ်ကြီး တိုက်​ပွဲတွင် ကျဆုံး
ရခိုင် ​မှာ တိုင်းပြည်​တာဝန်​ထမ်း​ဆောင်​ရင်း ငယ်​ငယ်​ရွယ်​ရွယ်​​လေးနဲ့ အသက်​​ပေးလှူသွားပြီဗျာ မိသားစုနဲ့ထပ်​တူ​ကြေကွဲရပါတယ်​။စစ်​ကိုင်းတိုင်း​ဒေသကြီး က​လေးခရိုင်​ မင်း​ကင်းမြို့နယ် ​တောင်​တွင်းေ​ဒသ ကြာပင်​ရွာမှ ဦးတိုး​ကျော်​-​ဒေါ်သန်းလှတို့ရဲ့သား​ထွေး​လေး ဗိုလ်​ကြီးချမ်းသာဝင်း မ​နေ့ညက တိုက်​ပွဲကျသွားခဲ့ပါတယ်​၊ရှရှားကို ပညာ​တော်​သင်​​ရွေးချယ်​ထားခြင်းခံထားရတဲ့သူပါ၊ဒီတစ်​ပတ်​​ရှေ့တန်းကပြန်​ခဲ့ရင်​ ရှရှားကိုသွားရမှာပါ။ ငယ်​ငယ်​​လေးထဲကစ လိမ္မာပြီးစာ​တော်​တယ်​၊ မူလတန်း​ကျောင်းသား​လေးဘဝထဲကစ နွားနှစ်​​ကောင်​ကို​ရှေ့တစ်​​ကောင်​​နောက်​တစ်​​ကောင်​နဲ့ကျမတို့အိမ်​​ရှေ့လမ်းက နွား​မောင်းပြီး လယ်​​တောကိုနွား​ကျောင်းသွားတိုင်း ကျမ သူ့ကိုအမြဲစ​လေ့ရှိပါတယ်​။ လွန်​ခဲ့တဲ့တစ်​ပတ်​​ကျော်​​လောက်​ကပဲသူ့အိမ်​နဲ့ph ဆက်​​တော့ ကျမအ​မေကို အ​မေကြီး​နေ​ကောင်းရဲ့လား အ​မေကြီးကို ဂရုစိုက်​ဖို့ ကျမတို့ကိုသူကမှာတဲ့အ​ကြောင်း သူ့အစ်​မက​ပြောပြတယ်​၊မကြာ​သေးခင်​ကလည်းသူ့ရဲ့လစာထဲက သူ့အိမ်​ကို​ငွေ ၅ သိန်းလွှဲ​ပေးပြီးရွာထဲကသက်​ကြီးရွယ်​အို​တွေကို ကန်​​တော့ခိုင်းပြီးကျန်​တဲ့​ငွေကို ​ကောင်းမှုကုသိုလ်​ လုပ်​ခိုင်းပါတယ်​။ ကျမတို့ရွာက ​တောသူ​တောင်​သား​တွေရဲ့အသိ စိတ်​ဓာတ်​က ၁၀ တန်း​အောင်​ပြီးရင်​ မိဘကို​ငွေကုန်​မှာ အရမ်းစိုးရိမ်​ကြတယ်​၊ ချမ်းသာဝင်း​လေး ၁၀ တန်း​အောင်​​တော့ မိဘ​ငွေကုန်​မှာစိုး​တော့ DSA ကိုရ​အောင်​ ​ဖြေမယ်​၊ဝါသနာလည်းပါတယ်​ဆိုပြီး​ဖြေခဲ့တာ DSAလည်းရခဲ့တယ်​၊ဒီ​နေ့မှာ​တော့တစ်​ရွာလုံးဆူဆူညံညံ ငိုသံ​တွေနဲ့ […]
Continue Reading
အယ်နီရှိုင်းရဲ့”နှလုံးသားမှလှုပ်ရှားလာသောငလျင်” သီချင်းဗီဒီယို
နားထောင်မိတိုင်း မျက်ရည်ကျစေမယ့် အဆိုတော် အယ်နီရှိုင်းရဲ့”နှလုံးသားမှလှုပ်ရှားလာသောငလျင်” သီချင်းဗီဒီယို မိခင်ဆိုတာ သားသမီးတွေရဲ့နှလုံးသားထဲက သက်ရှိဘုရားတစ်ဆူမို့ ကလေးငယ်တွေရဲ့ အားကိုးချစ်ခင်မှုကို အပိုင်ဆိုင်ရဆုံးသော လူသားတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မမြဲတဲ့ လောကဓံတရားနဲ့ ရင်ဆိုင်ရပြီး ချစ်ရတဲ့ မိခင်နဲ့ ခွဲခွာရတဲ့အခါ သားသမီးတွေရဲ့ရင်မှာ ဖြေမဆည်နိုင်အောင် ခံစားရတတ်တာ ကြုံဖူးသူတိုင်း သိကြမှာပါ။ လတ်တလောမှာတော့ သူကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ ခံစားချက်ကို ရေးသားသီဆိုထားတဲ့ အဆိုတော်မလေး အယ်နီရှိုင်းရဲ့”နှလုံးသားမှလှုပ်ရှားလာသောငလျင်” သီချင်းဗီဒီယိုလေးက မိခင်ကိုချစ်တဲ့သူတိုင်း ရင်ထဲနင့်နေအောင် ခံစားရစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အယ်နီရှိုင်း တို့မိသားစုရဲ့ ခံစားချက်အဖြစ်မှန်ကို ရေးဖွဲ့သိဆိုထားတဲ့ ” နှလုံးသားမှလှုပ်ရှားလာသောငလျင် ” သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဆိုပါသီချင်းဗီဒီယိုလေးထဲမှာတော့ အဆိုတော် အယ်နီရှိုင်းတစ်ယောက် မိခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ အခန်းလေးက အနမ်းပေးနေတဲ့ ကြည့်ရှုကြရတဲ့ ပရိသတ်တွေရဲ့ရင်ကို […]
Continue Reading
တိုင်းပြည်အတွက် မင်းဘာလုပ်ပေးခဲ့လဲ….အသက်တောင် သူမယူလို့ ကျုပ်ပြန်ရလာတာ….သေလိုက်ရင်လည်း ကောင်းသား….
တိုင်းပြည်အတွက် မင်းဘာလုပ်ပေးခဲ့လဲ….. ဟုတ်ကဲ့ …အသွေး လည်း လှူပြီးပြီ… အသားလည်း လှူပြီးပြီ….ကိုယ်အင်္ဂါလည်း လှူပြီးပြီ….အသက်တောင် သူမယူလို့ ကျုပ်ပြန်ရလာတာ။ (သေလိုက်ရင်လည်း ကောင်းသား။) အလံကိုင် နဖူးစည်းပြီး ဆူးလေကို တစ်ပတ် ပတ်ပြမှ လူထင်ကြီးတဲ့ ခေတ်ဆိုတော့…. ခင်များတို အမြင်မှာ ကျုပ်ဟာ သားနားမယ် မထင်ပါဘူးလေ။ ဒုက္ခိတဖြစ်နေလို့ ပင်စင်လေး မျှော်မိရင်တောင် ဟိုဟာကို ဒီလိုဖြတ်….ဒီဟာကို ဟိုလိုတိ ရိတိတိနှင့် ခြိန်းခြောက်တာ ခံရသေးတယ်။ ( ပင်စင် သိမ်းခံ ထိမယ်တဲ့)   လုပ်စားဖို့လည်း အင်္ဂါ မပြည့်စုံ တောင်းစားဖို့ အရှိန်အဝါ မပြည့်စုံ…ဒီလူ့ဘုံ ရောက်နေမှတော့ ခါးစည်း ခံကြရုံပေါ့ဗျာ….။ သူမွေးပေးတော့ ကိုယ်အင်္ဂါအစုံအလင်ပြန်ရောက်လာတော့ မစုံမလင် ကတုန်ကရင် နွားတင်းကုတ်မှာ အမေ မျက်ရည်တွေ […]
Continue Reading
“ငွေတိုးယူပြီး ဆေးမကုပါနဲ့ဗျာ…ဆေးရုံကြီးသာရောက်အောင်လာခဲ့ပါ ကူညီပါ့မယ်”
မုံရွာ ပြည်သူ့ဆေးရုံကြီး မှာ ဆေးရုံတက်ရင်း ဆေးဖိုးအတွက် ငွေကြေးအခက်ခဲဖြစ်နေလားကျွန်တော့် ဆီကိုဆက်သွယ်လိုက်ပါ စီစစ်ပြီး တကယ် နွမ်းပါးလူနာဖြစ်ပါက ရေချမ်း ဆေးဆိုင်မှာ ဘေ ဖွင့်ပေးပြီး လူနာရေးရုံဆင်းသည်အထိ တာဝန်ယူပေးပါမယ်ခဗျာလက်ရှိ ကူညီပေးနေတဲ့ လူနာနှစ်ယောက်ကတော့ဆေးရုံဆင်းသွားကြပါပြီ။ လူနာနှစိဦးအတွက် စုစုပေါင်းဆေးဖိုး ၁၄၂၆၀၀ ရှင်းပေးခဲ့ပါပြီခဗျ။တကယ်ကို နွမ်းပါးပါက တကယ်ကူညီပေးပါမယ်မိတ်ဆွေကိုယ်တိုင်ဖြစ်စေ ဒါမှမဟုတ် မိတ်ဆွေအသိမိတ်ဆွေဖြစ်စေ မိတ်ဆွေပတ်ဝန်းကျင်မှာ နွမ်းပါးလူ တွေ့သည်ဖြစ်စေဆက်သွယ်လို့ရပါတယ်ခဗျာ။ အကူညီလို လို့ခေါ်ရင် ပထမဦးစွာ လိုက်ကြည့်ပါတယ် လိုက်ကြည်တိုင်းတော့ မကူညီပါဘူးခဗျ ကူညီထိုက်မှ တကယ်နွမ်းပါးမှ သာ ကူညီမှာပါခဗျာ(မုံရွာ မြို့တစ်မြို့တည်းသာ) စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းမြို့များဖြစ်တဲ့ဖောင်ပြင် မော်လိုက် ကလေး မင်းကင်း ဟုမ္မလင်းခန္တီး အစရှိတဲ့မြို့များကနေ မုံရွာ ဆေးရုံကြီးကိုလွဲတဲ့အခါဆေးဝါးအတွက် ငွေကြေးအခက်ခဲဖြစ်ရင်လဲ ဆက်သွယ်ပါနော့ မုံရွာ ဆေးရုံကြီး ကိုသာရောက်အောင်လာခဲ့ပါ […]
Continue Reading
အားလုံးကောင်းပါသည်ခင်ဗျားဆိုပြီး ဝိုင်းလိမ်တာကို လုံးဝလက်ခံမည်မဟုတ်ဟု သမ္မတဦးဝင်းမြင့် ပြော
အားလုံးကောင်းပါသည်ခင်ဗျားဆိုပြီး ဝိုင်းလိမ်တာကို လုံးဝလက်ခံမည်မဟုတ်ဟု သမ္မတဦးဝင်းမြင့် ပြော နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မတ်လ ၂၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင်ပြုလုပ်သော တိုင်း အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာများတွင် တွေ့ဆုံပွဲတွင် အားလုံးကောင်းပါသည် ခင်ဗျားဆိုပြီး ဝိုင်းလိမ်တာကိုလက်ခံမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ”ကျွန်တော်တို့ တာဝန်ရှိတဲ့ခေါင်းဆောင်ပိုင်းများအနေနဲ့ သွားတဲ့အရပ်ဒေသမှာ မည်သည့်နေရာမဆို တိုင်ကြားစာ ဌာနဖွင့်ထားတာဖြစ်ပါတယ်။ အမှန်အတိုင်းသိချင်တယ်။ အမှန်အတိုင်းမြင်ချင်တယ်။ အမှန်အတိုင်းသိ၊ အမှန်အတိုင်း မြင်မှ အနာသိမှ ဆေးရှိမှာ ဖြစ်ပါတယ်။ အားလုံးကောင်းပါသည်ခင်ဗျားဆိုတာလို ဝိုင်းလိမ်တာကိုတော့ ကျွန်တော်တို့ ခံမှာ မဟုတ်ပါဘူး။ ဒါရိုးရိုးပဲ ကျွန်တော်ပြောပါ့မယ်။ ဒါကြောင့်မို့လို့ ဒီလိုအုပ်ချုပ်ရေးမျိုး ဖြစ်စေချင်တယ်။ ဒီလိုယန္တရားဖြစ် စေချင်တယ်”ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်နေသည့် အုပ်ချုပ်ရေးသည် ပြည်သူကိုမျက်နှာမူသည့် အုပ်ချုပ်ရေး၊ ပြည်သူ့အကျိုးကိုမျက်နှာမူသည့် […]
Continue Reading
နယ်ကလူတွေ အပင်ပန်းခံပြီး ရန်ကုန်ထိတက်လာစရာ မလိုတော့တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ပတ်စပို့ရုံး တွေရဲ့ လိပ်စာ
မြန်မာနိုင်ငံမှာရှိတဲ့ပတ်စပို့ရုံးတွေရဲ့ လိပ်စာတွေကို နယ်မှာရှိတဲ့သူတွေသိရအောင် ဝေမျှလိုက်ပါတယ်။ ဒါဆို နယ်ကလူတွေ အပင်ပန်းခံပြီး ရန်ကုန်ထိတက်လာစရာ မလိုတော့ပါ ရန်ကုန်-ဆရာစံလမ်း နှင့် စက်မှု (၁)လမ်းထောင့်၊ ဗဟန်းမြို့နယ်။ နေပြည်တော် –ပခ/၄ဝ-၄၁၊ နေပြည်တော်ကောင်စီလမ်း၊ကံလှရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။ မန္တလေး –အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်။ မကွေးတိုင်း –ရွာသစ်ပွဲကြိုရပ်ကွက်၊ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။ ပဲခူးတိုင်း –အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။ ဧရာဝတီတိုင်း –သစ္စာလမ်း၊ (၅)ရပ်ကွက်၊ ပုသိမ်မြို့။ စစ်ကိုင်းတိုင်း –ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။ တနသာင်္ရီတိုင်း –သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။ မွန်ပြည်နယ် –အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။ […]
Continue Reading
ဒီည ၈ နာရီခန့်မှာ အုတ်ဖိုရဲစခန်းနှင့်ညောင်ချောင်း ရဲစခန်းကို ၀င်ရောက် စီးနင်း တိုက်ခိုက်နေ ရဲတပ်ဖွဲ့ ဝင် ၄ ဦး ကျဆုံးဟု သတင်းထွက်
အုတ်ဖိုရဲစခန်းနှင့်ညောင်ချောင်း ရဲစခန်းကို AA ၀င်စီး တိုက်ခိုက် ညောင်ချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင် ၄ ဦး ကျဆုံးဟု သတင်းထွက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ က ယနေ့ ( မတ် ၁၀ ) ည ၈ နာရီခန့် တွင် ဘူးသီးတောင်​မြို့နယ်​မှ အုတ်ဖိုရဲစခန်းနှင့်ညောင်ချောင်း ရဲစခန်းကို ၀င်ရောက် စီးနင်း တိုက်ခိုက်နေ သည်ဟု သတင်းများထွက်ပေါ်လာသည်။ ညောင်ချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင် ၄ ဦး ကျဆုံးသွားပြီဟုလည်း သတင်းများကြားသိရသည်။ အတည်ပြုနိုင်ရေးအတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။ ညောင်ချောင်းရဲစခန်းနားတွင် သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သောင်းရွှေက The […]
Continue Reading
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မုံရွာခရီးစဉ်မှာ လိုက်ပါစောင့်ရှောက်ရင်း ကားပေါ်ကအဆင်းမှာ မတော်တဆဖြစ်ခဲ့တဲ့ ချယ်ရီထက်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်လို့ လူသိများတဲ့ မချယ်ရီထက်ဟာ ဒီနေ့ စစ်ကိုင်းတိုင်းခရီးစဉ် မုံရွာလမ်းကြောင်းမှာ ကားဘေးနားက တွယ်လိုက်ရင်း ခုန်အဆင်းလဲကျသွားတဲ့ မြင်ကွင်းကို လူမှုကွန်ရက်ပေါ်မှာလည်း လူပြောများနေပါတယ်။   မိန်းမသားတစ်ယောက် အထူးလေးကျင်ထားပေမယ့် သူကြောင့် လမ်းကြောင်းမှ ရပ်တန့်သွားမှာစိုးလို့ ကားသမား အရှိန်လျောပေးလို့မပြောပဲ ကားဘေးကနေ့ သူအတွက်မငဲ့ပဲ ဆင်းလိုက်တာ ဖြစ်ပါတယ်. .ဆင်းပြီးတဲ့နောက် အရှိန်မထိန်းနိုင်ဘဲ လဲကျသွားခဲ့တာဖြစ်ပါတယ်။ Video ကြည့်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီမြို့ကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံလူထုနဲ့တွေ့ဆုံတုန်း ပတ်ဝန်းကျင်မှာ အမှိုက်တွေ ပြန့်ကျဲနေတာတွေ့လို့ ဒေသခံပြည်သူတွေကို ကိုယ့်အမှိုက်ကိုယ်သိမ်းသင့်တယ်လို့ ပြောလိုက်ပါတယ်။ ဒေသခံပြည်သူတွေက ရဟတ်ယာဉ်ကြောင့် အမှိုက်တွေပွနေတာလို့ ပြောတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်အမှိုက်ကိုယ်သိမ်းရမယ်လို့ ရီရီမောမောနဲ့ ပြန်ပြောခဲ့ပါတယ်။ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ခန္တီး၊ လဟယ်နဲ့ ဟုမ္မလင်းမြို့တို့က […]
Continue Reading
ကမ္ဘာ့အသက်အကြီးဆုံး အပြာသရုပ်ဆောင်အဖြစ် ဂရင်းနစ်စံချိန်ဝင်ထားသူ အသက်(၈၂)နှစ်အရွယ် ဂျပန်အပြာမင်းသားကြီး. . .
(Zawgyiဖြင့် ဖတ်ရန်) ဂျပန်၊ အမေရိကန်၊ ဂျာမဏီ၊ ရုရှား အစရှိတဲ့နိုင်ငံတွေမှာ အပြာကား သရုပ်ဆောင်တွေကို အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းလုပ်ကိုင်သူများစာရင်းမှာ ထည့်သွင်းထားပါတယ်။ တရားဝင် ရိုက်ကူးခွင့်တွေလည်း လွတ်လပ်စွာ ခွင့်ပြုထားပြီး၊ နိုင်ငံရဲ့ အခွန်ငွေများစွာ ရရှိတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ အခု ဖော်ပြမှာကတော့ ဂျပန်နိုင်ငံရဲ့ အပြာဇာတ်ကားတိုင်းလိုလိုမှာ သက်ကြီးသရုပ်ဆောင်အဖြစ် ပါဝင်လေ့ရှိတဲ့ မင်းသားကြီး ရှီဂီယိုတိုကူဒါ(Shigeo Tokuda)ရဲ့ အကြောင်းပါ။ တိုကူဒါဟာ အသက် (၈၂)ဖြစ်ပြီး လက်ရှိအချိန်ထိ သက်ရှိထင်ရှား ဝါရင့်သရုပ်ဆောင်ကြီးပါ။ တိုကူဒါဟာ အပြာလောကမှာ နှစ်ပေါင်း (၂၀)အတွင်း ဇာတ်ကားပေါင်း (၄၀၀)မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ အခန်းတိုဇာတ်ကားပေါင်းကတော့ ထောင်နဲ့ချီ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပင်ကိုယ် အသားရေမှာ Spot တွေ၊ ပါးပျဉ်းတွဲကျမှု၊ အသက်အရွယ် စတဲ့ […]
Continue Reading