ရန်ကုန်မြို့က ထူးခြားတဲ့ တက္ကစီ ကားဆရာ

ထူးခြားတဲ့ တက္ကစီ ကားဆရာ ဒီနေ့မနက် ဗဟို စည်ကနေ ပါရမီ သွားဖို့ သပ်သပ်ရပ်ရပ် ရှိတဲ့ အငှား ယာဉ် တစီး ကိုတားလိုက်တော့ မလှမ်းမကမ်းမှာရပ်ပါတယ်။ ပါရမီ ကို ဘယ်လောက်လဲ လို့ မေးတော့ ဘာမှမ ဖြေပဲကား ပေါ်တက် ဖို့ ပဲ လက်ပြ လို့ ဝင်ထိုက်လိုက်ပါတယ်။ ကား ထိုင်ခုံ တွေ ကလည်း သပ်ယပ်သန့်ရှင်း လို့ အဲယားကွန်းကလည်း အေးလို့ ကားဆရာကလည်း မွန်မွန်ရည်ရည် သန့်သန့်ပြန့်ပြန့်…. နောက်ကားပေါ်မှာ စကားပြောဖြစ်တော့ အံ့သြရပါတယ်။ကါးခက အဆင်ပြေသလို သာပေးပါတဲ့ …. ကျွန်တော်က တော့ ခရီးသွားလို ရာ လိုက်ပို့ လိုက် တာပါပဲတဲ့ ….ဘုန်းကြီးတွေ သီလရှင်တွေ ကိုယ်ဝန်ဆောင်မိခင် […]

Continue Reading

မုဒိတာ အသင်းကားမှန်ကို တပ်မတော်အရာရှိမှ ရိုက်ခွဲတဲ့ ကိစ္စ နောက်ဆက်တွဲ သတင်း

(​ရေလှူရန်​သွားသည့်​​ပရဟိတကားကို စစ်​ကား​ပေါ်မှ့ဗိုလ်​ကြီးအဆင့်​ရှိသူတစ်​ဦးက ဆင်းလာပြီး ဆဲဆိုကာ ကားမှန်​ကိုထု့ခွဲဖျက်​ဆီးသွားသည့်​သတင်း ​နောက်​ဆက်​တွဲ ) ယနေ့ (၂၅.၅.၂၀၁၉) ညနေ(၄:၄၀)တွင် ခလရ (၁၆)မှ ဗိုလ်ကြီး သစ်လွင်ဦး စီးနင်းလာသော စစ်သုံးမော်တော်ယာဉ်နှင့်ဆယ်အိမ်တန်းကျေးရွာသို့ ရေအလှူသွားရောက်သောမုဒိတာအသင်းမှကားတို့ ထန်းပင်ချောင်ကွေ့တွင် ဆုံကြရာ ဗိုလ်ကြီးသစ်လွင်ဦးမှ ကိုက်၂၀၀ခန့်အကွာ တပ်ကားပေါ်မှ ပြေးဆင်းလာကာ ဆဲဆိုပြီး အသင်းကားမှန်အား အနီးမှ ကျောက်ခဲဖြင့် အကြိမ်ကြိမ်ထုခွဲခဲ့ပါသည်။ ဓာတ်ပုံရိုက်နေသော ဖုန်းတစ်လုံးအားလဲလုယူ၍ ” ရိုက်ရင် ရိုက်ခွဲပြစ်မယ် “ဟု ဆဲဆိုခံခဲ့ရပါသည်။ ထိုဖြစ်စဉ်အား တင်ပြထားခဲ့ပြီး စစ်တပ်အရာရှိကြီးများသိရှိကာ ဖုန်းဖြင့်ဆက်သွယ်ညှိနှိုင်းခဲ့သလို ဆယ်အိမ်တန်းကျေးရွာသို့ ဒုတပ်ရင်းမှုး ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့ ကိုယ်တိုင်လာရောက်ညှိနှိုင်းတောင်းပန်ခဲ့ပါသည်။ ထိုဖြစ်စဉ်သည် စစ်တပ်နှင့် ဖြစ်သောဖြစ်စဉ်ဟု အသင်းမှမယူဆသလို မူးနေသော ဗိုလ်ကြီးတစ်ဦး၏ အပြုအမူကြောင့်လဲ အခြားသူများကိုမထိခိုက်စေလိုပါ။ ထို့ကြောင့် အမှုဖွင့်မည့်ကိစ္စကိုလည်းကျေအေးပေးခဲ့သလို တပ်မှ […]

Continue Reading

သင်္ကြန်ကာလအတွင်း သတိပြုလိုက်နာရမယ့် အချက် ၃၀ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်…..

Zawgyicodeဖြင့်ဖတ်ရန် သင်္ကြန်ကာလအတွင်း ကာမရာဂကို နှိုးထစေတဲ့ ဆေးတွေရောင်းချသုံးစွဲတာ မလုပ်ကြဖို့ အပါအ၀င် သတိပြုလိုက်နာရမယ့် အချက် ၃၀ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။သင်္ကြန်ပွဲတော်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဘေးအန္တရာယ်မဖြစ်ပွားစေ ရေး သတိပြုရမယ့် အချက် ၇ ချက်၊ ယာဉ်မောင်းသူများလိုက်နာရမယ့် အချက် ၁၀ ချက်နဲ့ မှုခင်းတွေ မဖြစ်ပွားစေဖို့ သတိပြုရှောင်ကြဉ်ရမယ့် အချက် ၁၃ ချက်တို့ ပါဝင်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ပတ်သက်လို့ ရေပက်ခံကားမောင်းသူတွေ အရက်သောက် ထားတာနဲ့ မူးယစ်ဆေးဝါးသုံးစွဲတာ မရှိစေဖို့ သတိပြုဖို့၊ မူးယစ်ဆေးဝါးတွေ စိတ်ပြောင်းဆေးဝါး တွေ ထိန်းချုပ်ဆေးဝါးတွေနဲ့ တံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ၀င်ရောက်လာတဲ့ ကာမဆန္ဒ နှိုးဆွစေတဲ့ ဆေးဝါးတွေသောက်တာ ရှောင်ကြဉ်ကြဖို့နဲ့ မြူဆွယ်တိုက်ကျွေးပြီး အန္တရာယ် ပေးနိုင်တာကိုလည်း သတိပြုဆင်ခြင်ကြဖို့ အသိပေးထားပါတယ်။မိန်းကလေးတွေ ဆွေမျိုးသားချင်းမဟုတ်တဲ့သူတွေနဲ့ […]

Continue Reading

တစ်မြို့လုံးနီးပါးလောင်ကျွမ်းတဲ့ တောင်ကိုရီးယားမီးလောင်မှု ဗွီဒီယိုဖိုင်…

အမျိုးသား သဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာလိုက်ရတဲ့ တောင်ကိုရီးယား တောမီး ကိုလင်း (အကုန်သိ သတင်းဌာန) တောင်ကိုရီးယားနိုင်ငံမှာ ဧရာမတောမီးလောင်ကျွမ်းမှုကြီးဖြစ်ပွားနေတာကြောင့် အာဏာပိုင်တွေက ရှာရှားပါးပါး အမျိုးသားသဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း Channel News Asia သတင်းမှာ ဖော်ပြပါတယ်။ တောမီးကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီဖြစ်ကာ လူ ၄၀၀၀ ကျော် ဘေးလွတ်ရာ ပြေးခဲ့ရပြီဖြစ်ပါတယ်။ နိုင်ငံအရှေ့ မြောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံနဲ့ နယ်စပ်အနီး တောင်တန်းဒေသမှာ လောင်ကျွမ်းနေတဲ့ မီးတောက်မီးလျှံတွေကို နိုင်ငံတ၀န်းက မီးသတ်သမားတွေ စေလွှတ်ငြိမ်းသတ်နေကြကာ စစ်သား ထောင်ပေါင်းများစွာဟာလည်း မီးသတ်ရာမှာ ကူညီပါဝင်နေပါတယ်။ အဓိက မီးလောင်ပြင်နေရာကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမယ့် အခြားနေရာတွေမှာ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း တာဝန်ရှိသူ တွေက ပြောဆိုပါတယ်။ နိုင်ငံတ၀န်းက မီးသတ်ကား ၈၀၀ […]

Continue Reading

စက်ဘီးနှင့်တိုက်မိသော ကြက်လေးကို ဆေးကုသဖို့ ဆေးရုံသို့ယူဆောင်လာတဲ့ ကောင်လေး နာမည်ကြီးနေ

စက်ဘီးနှင့်တိုက်မိသော ကြက်လေးကို ဆေးကုသဖို့ ဆေးရုံသို့ယူဆောင်လာတဲ့ ကောင်လေး နာမည်ကြီးနေ ချင်းပြည်နယ်နှင့် နယ်စပ်ချင်းထိဆက်သည့် မိဇိုရမ်ပြည်နယ်မှာ ၆နှစ်အရွယ် ကလေးငယ်တစ်ယောက်က စက်ဘီးနှင့် ကြက်ကလေးကိုတိုက်မိပြီး ဆေးကုသပေးဖို့ အဆိုပါကြက်ကလေးကို အိန္ဒိယငွေ Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့ပါတယ်။ ဤအဖြစ်ပျက်ကို Sanga ဟုခေါ်သော ဆေးရုံသူနာပြုဝန်ထမ်းတစ်ဦးက Facebook မှာတင်တဲ့အခါမှာ ကလေးငယ်လေးရဲ့ဖြူစင်ရိုးသားလွန်းတဲ့စိတ်ဓါတ်ကို လူအများအပြားကချီးကြူးကြပြီး မီဇိုရမ်အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ တိုက်မိတဲ့ကြက်ကလေးကို Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့တဲ့ ကလေးငယ်ဟာ မိဇိုရမ်ပြည်နယ်၊ ဆိုင်ရန်မြို့မှာ ရဲတာဝန်ထမ်းဆောင်နေသူ Dhiraj Chhetri ရဲ့သားငယ် Derek C. Lalchhanhima ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖခင် Dhiraj Chhetri က “သူတိုက်မိတဲ့ ကြက်ကလေးကိုအိမ်ကို ယူလာပြီး ဆေးရုံသို့ပြပေးပါလို့ အဖေနဲ့အမေကို […]

Continue Reading