Myanmar Got Talent မှာ Winner ဆု ကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တဲ့ ၅နှစ်သားလေး

မြန်မာ့သိုင်းပြောင်းပြန်ကိုယ်လုံပညာကို အရွယ်နဲ့မလိုက်အောင် စွမ်းရည်ပြခဲ့ပြီး Myanmar’s Got Talent 2019 Winner ဆုကို ရရှိခဲ့တဲ့ ၅ နှစ်သားလေး ဘုန်းမြတ်မင်း / Monday, September 16, 2019 ၅ နှစ်သားလေး ဘုန်းမြတ်မင်းရဲ့ ကစားဟန်တွေဟာ 2019 Globel Got Talent မှာ မျက်လုံးပြူးစရာအကောင်းဆုံး အန္တရာယ်ရှိသောစတန့်ပြနိုင်တဲ့ ကလေးပြိုင်ပွဲဝင် ၅ ဦးထဲမှာ မကြာသေးခင်ကရရှိထားခဲ့သူပဲဖြစ်ပါတယ်။ မနေ့က ဖိုင်နယ်လာရောက်မယှဉ်ပြိုင်ခင်လေးမှာတင် တုပ်ကွေးဖျားတာပျောက်ကာစ ၂ ရက်ပဲရှိနေခဲ့သလို ဒီပြိုင်ပွဲအတွက် ဆေး ၂ ချောင်းထိုးထားပြီး လာယှဉ်ပြိုင်ခဲ့တဲ့ အာဂချစ်စရာ ပါရမီရှင် သားလေးဖြစ်ပါတယ်။ သိုင်းပညာရှင်လေး ဖုန်းမြတ်မင်းဟာ Myanmar Got Talent 2019 ဗိုလ်လုပွဲတွင် တုတ်သိုင်း၊ ဓားသိုင်းစွမ်းရည်တို့အပြင် […]

Continue Reading

အမေရိကန် စစ်သင်္ဘောပေါ်က အတော်ဆုံးရေတပ်သားဆုရခဲ့တဲ့ မြန်မာအမျိုးသမီး

အမေရိကန် စစ်သင်္ဘောပေါ်က အတော်ဆုံးရေတပ်သားဆုရခဲ့တဲ့ မြန်မာလူမျိုး မဆုရည်အောင် / Sunday, September 15, 2019 အမေရိကန်က သင်္ဘောသား ရာနဲ့ချီပြီး တာဝန်ထမ်းဆောင်နေတဲ့စစ်သင်္ဘောပေါ်မှာ မြန်မာလူမျိုး မဆုရည်အောင်က ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်း တာဝန်ထမ်းဆောင်ပြီး အတော်ဆုံးရေတပ်သား ဆုတွေဘွဲ့တွေရခဲ့တဲ့အပြင် ရာထူးတိုးသွားပါပြီတဲ့။   US Navy က စစ်သင်္ဘော John P Murthaသင်္ဘောပေါ်မှာPetty Officer First Class (E 6) ရာထူးကနေ (E 7) promotion ရလို့Chief Petty Officer ဖြစ်သွားပါပြီ။ Chief Petty Officer ရာထူးတက်ကြတဲ့(၆)ယောက်မှာ မဆုရည်အောင်တယောက်တည်းသာမိန်းခလေးဖြစ်ပြီး၊ကျန်တဲ့ (၅) ယောက်ကယောင်္ကျားလေးတွေဖြစ်ပါတယ်။   အဖေ့လိုသင်္ဘောသားဘဝကိုမြတ်နိုးလို့ US Navyမှာတာဝန်ထမ်းဆောင်ခဲ့တာ (၁၀)နှစ်နဲ့၈လရှိပါပြီ။ […]

Continue Reading

မည်သည့် ဈာပနပွဲမျှမလုပ်ခိုင်းဘဲ ရုပ်ကလပ်တော်ကို ဆေးတက္ကသိုလ်သို့ နေ့ချင်း လှူဒါန်းခိုင်းခဲ့သော ဆရာတော်.

မနက်၉နာရီ၄၅ မိနစ်က ပျံလွန်တော်မူပြီး မွန်းလွဲပိုင်း ၂နာရီတွင်(ပျံလွန်တော်မူပြီးလေးနာရီအတွင်းမှာပဲ) ဈာပနကိစ္စအားလုံး အချိန်တိုအတွင်းပြီးစီး ယနေ့(၁၃၈၁-ခုနှစ် တော်သလင်းလပြည့်ကျော် (၂)ရက် တနင်္ဂနွေနေ့ (15-9-2019) အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော် ဥုးဇနပ္ပတိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာသနာ့ဓဇသိရီပဝရဓမ္မာစရိယ အင်္ဂုတ္တရနိကာယပါဠိပါဂူ သက္ကတဆေက၊ ဂန္ထကာရက(ကျမ်းပြု) (မဟာဂန္ဓာရုံတရာတော်ကြီးနှင့်အတူ ဘာသာဋီကာကျမ်းစာ(၁၄)ကျမ်းကျော် အတူပြုစုပေးခဲ့ပါသည်။) မြို့နယ်သံဃမဟာနာယက သက်တော် (၇၆-နှစ်) သိက္ခာတော် (၅၆)ဝါရှိ ယခုလွန်တော်မူသည့် ဆန္ဒတော်အရ ဆေးတက္ကသိုလ်တွင် ရုပ်ကလာပ် လှူဒါန်းလိုက်ပါသည်။ ကိစ္စအားလုံး အကျဉ်းချုပ်၍ အချိန်တိုအတွင်း ဈာပနကိစ္စ ပြီးစီး ချုပ်ငြိမ်းသွားပါသည်။ လွယ်ကူစွာ အသက်မွေးခြင်းသည် မိမိကြောင့် တစ်ပါးသူတို့ တာဝန်မတက်စေခြင်းသည် သူတော်ကောင်းတို့ဂုဏ်ပါတည်း။ ဝိနည်းလည်းလေးစား စာပေလည်းအလုံးစုံတတ်ပြီး မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကျမ်းစာများကိုလည်း အတူရေးသားပြုစုပေးတော်မူခဲ့သလို…. ​ ကိုယ်ဝတ်သင်္ကန်းဆိုလို့လည်း နှစ်စုံမျှသာ […]

Continue Reading

အလုပ်ခေါ်စာနဲ့ ပြည့်တန်ဆာခေါ်တဲ့ တရုတ်(၅)ဦးကို ယနေ့ နေ့လည် ၂ နာရီအချိန်မှာ ဖမ်းလိုက်ပါပြီတဲ့

အလုပ်ခေါ်စာနဲ့ ပြည့်တန်ဆာခေါ်တဲ့ တရုတ်(၅)ဦးကို ယနေ့ နေ့လည် ၂ နာရီအချိန်မှာ ဖမ်းလိုက်ပါပြီတဲ့ … မူဆယ်မြို့ အလယ်ပေါက်လို့ခေါ်တဲ့ နေရာအနီးက အဆောက်အဦး တခုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာပါ။ အလုပ်လုပ်လိုသူ မိန်းကလေးတွေကို လာရောက်ပို့ဆောင်ပေးပါက ပွဲစားခအနေနဲ့ မိန်းကလေးတစ်ဦးရရင် နှစ်သောင်းကျပ်မှ လေးသောင်း ကျပ်အထိ ပေးတာလို့ ဆိုပါတယ်။ ပြည့်တန်ဆာ အလုပ်လုပ်ဖို့ မိန်းကလေး ၁၀ ဦးလောက်ထိ ရထားပြီး လို့တောင် သိရပါတယ်။ ဒါပေမဲ့ ရဲသွားဖမ်းတဲ့အချိန်မှာ မိန်းကလေး တွေ မတွေ့ရပါဘူးတဲ့။ အသက် ငယ်ရင်ငယ်သလို ဈေးပိုပေးပြီး အသက် ၃၀ ကျော် မိန်းကလေးတွေကို မသုံးပါဘူးတဲ့။ဘာပဲပြောပြော လိုင်းပေါ်ပွလာတာနဲ့ ချက်ချင်း ဖမ်းပေးလိုက်တာ ကိုတော့ ကျေးဇူးတင်ပါတယ်။ မြန်မာပြည်ကြီး ဖာနိုင်ငံ မပေးဖြစ်ပါနဲ့တော့။ကိုယ်နိုင်ငံ […]

Continue Reading

သိန်း ၃၀၀ နီးပါး တစ်​ဦးတည်းအကုန်​အကျခံပြီး လမ်းခင်းပေးခဲ့တဲ့ ကုသိုလ်ရှင်…

သိန်း ၃၀၀ နီးပါး တစ်​ဦးတည်းအကုန်​အကျခံကာ ပြည်သူများသွားလာရေးအဆင်ပြေရန်လမ်းခင်းပေးခဲ့တဲ့ကုသိုလ်ရှင် သိန်း ၃၀၀ နီးပါး တစ်​ဦးတည်းအကုန်​အကျခံကာ လမ်းခင်းတဲ့ မြဝတီမြို့ မှ အလှူရှင်​….။အမည်​က…ဒေါ်ခင်​ကြူတာ မြဝတီမြို့ အမှတ်​(၄)ရပ်​ကွက်​က ထိပ်​တန်းစား​သောက်​ဆိုင်​ပိုင်​ရှင်​​ပေါ့။     .ဒေါ်ခင်​ကြူတာဟာ ဒီလမ်းပေါ်မှာ သွားနေတဲ့ ကျောင်းသူကျောင်းသားလေးတွေ ၊မိခင်နဲ့ ကလေး စောင့်ရှောက်ရေး ရုံးကို သွားလာနေကြတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ နှင့် အများပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ဒီလမ်းကို ကွန်ကရစ် ခင်းပေးခဲ့တာဖြစ်ပါတယ်….။ လမ်းအကျယ် 22 ပေ ရှိပြီး အရှည်က ပေ 700 လောက်ရှိတယ်လို့ သိရပါတယ်. ..၄င်းလမ်းကို ထုထည် 6 လက်မထူတဲ့ ကွန်ကရစ်လမ်းခင်းပေးခဲ့တာဖြစ်ပါတယ်…..။ စေတနာအ​လျှောက်​ သဒ္ဓါ​ပေါက်​လို့ နတ်​.လူ သာဓု​ခေါ်မှာပါ…….။နေ​နော်​(မြဝတီ) unicode […]

Continue Reading

သိန်းပေါင်း(၂)သောင်းကျော်အကုန်အကျခံ ဆောက်လုပ်လှူဒါန်းသော ဇနီးမောင်နှံ

သိန်းပေါင်း(၂)သောင်းကျော်အကုန်အကျခံ ဆောက်လုပ်လှူဒါန်းသော သိမ်တော်ကြီး ရေစက်ချအခမ်းအနား ယနေ့ ပြင်ဦးလွင်မြို့ သမိုင်းဝင် မဟာရွှေမြင်တင်စေတီတော်မြတ်ပရဝုဏ်အတွင်း သံဃသာမဂ္ဂီ(ဝိသုံဂါမ)မဟာသိမ်တော်မြတ်ကြီး သိမ်သမုတ်ခြင်းနှင့်ရေစက်ချအခမ်းအနားသို့…. ဘုရားကြီး ဆင်မင်းဆရာတော် မဟာဂန္ဓာရုံ ယောဆရာတော် မဟာဂန္ဓာရုံ နာယကချုပ်ဆရာတော် ဖားအောက်တောရ ဆရာတော် သီတဂူ အဓိပတိ ဆရာတော် ဝိသုဒ္ဓါရုံ စည်ရှင် ဆရာတော် ပါမောက္ခချုပ် ဆရာတော်နှင့် ထေရ်ကြီးဝါကြီး သံဃာတော်များကြွရောက် ချီးမြှောက်တော်မူကြပါသည်။ သိန်းပေါင်း (၂)သောင်းကျော် အကုန်အကျခံဆောက်လုပ်လှူဒါန်းသော သိမ်တော်ကြီးအလှူရှင် ကိုဇော်မင်းဦး+မမီမီထွေး….. သား-မောင်ဖြိုးသန့်ကိုကို ၊ သမီး- မစံပယ်ဦး၊မမိုးပွင့်ဦး ဇော်မင်းဦး ရွှေဆိုင် မိသားစု ကောင်းမှုကုသိုလ်တော်…..။crd#       unicode သိန်းပေါင်း(၂)သောင်းကျော်အကုန်အကျခံ ဆောက်လုပ်လှူဒါန်းသော သိမ်တော်ကြီး ရေစက်ချအခမ်းအနား ယနေ့ ပြင်ဦးလွင်မြို့ သမိုင်းဝင် မဟာရွှေမြင်တင်စေတီတော်မြတ်ပရဝုဏ်အတွင်း သံဃသာမဂ္ဂီ(ဝိသုံဂါမ)မဟာသိမ်တော်မြတ်ကြီး […]

Continue Reading

မြန်မာမတွေ တဏှာကြီးကြောင်း ရိုက်ကူးပြထားလို့ ပွဲဆူခံနေရတဲ့ ဗီဒီယို

ပရိသတ်ကြီးရေ မြန်မာနိုင်ငံဟာ အခုလက်ရှိအချိန်မှာ တလင်တမယား စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုဟာ မြန်မာနိုင်ငံကိုအကြီးအကျယ် စော်ကားလိုက်တဲ့အတွက် လူမှုကွန်ရက် အသုံးပြုသူတွေကြားထဲမှာ ပေါက်ကွဲခဲ့ကြပါတယ်။ 缅甸男人的天堂 !很多中国男人找不到老婆都跑到缅甸去啦,而且还三妻四妾呢!( တရုတ်နိုင်ငံသားတွေမိန်းမ မရရင် မြန်မာနိုင်ငံကိုသွားပါ။ ဗမာတွေက မိန်းမသုံးယောက်ယူထားကြတာလေ ။ ဘယ်လောက်ကောင်းတဲ့ နိဗ္ဗာန်ဘုံလဲ ) ဆိုပြီး Tik Tok ဗီဒီယိုတွေကို တင်ထားကြတာပါ။ဇာတ်လမ်းထဲက ဗမာမတွေဟာ တရုတ်စကားကို ကောင်းကောင်းတတ်ကျွမ်းကြတဲ့ ဆစ်ဆောင်ပန်းနား ဒေသက ရှမ်းမတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။ ဗီဒီယိုထဲမှာ မိန်းမသုံးယောက် ယူပြီး မြန်မာနိုင်ငံမှာ ကောင်းစားနေတာတွေ၊ တရုတ်နိုင်ငံသားဆို ဗမာမတွေက အသေရရ အရှင်ရရဆိုတာတွေ၊ ဗမာမတွေက တဏှာကြီးတယ် ဆိုတာတွေကို ရိုက်ကူးပြထားတာတွေ့ရပါတယ်။ ဒီလိုဗီဒီယို ရိုက်ထားတဲ့အတွက် ဗမာနိုင်ငံသားတွေက […]

Continue Reading

ဘယ်အချိန်များတံခါးဝကနေ အမေလို့ခေါ်လေမလဲလို့ ဈေးတောင်းလေးချသားလေးကိုပဲ မျှော်နေတာ

အမေကြီးကိုသနားရင်ဒီပို့လေးကို ပြန်မျှပေးကြပါနော်…. အရမ်းသနားဖို့ကောင်းပါတယ်…မိခင်ရဲ့သားသမီးအပေါ်မှာထားတဲ့မေတ္တာ ကြီးမားလွန်းပါတယ်… ညနေဈေးရောင်းကပြန်လာရင် ဈေးတောင်းလေးချသားလေးကိုပဲ မျှော်နေတာ။ ဘယ်အချိန်များတခါးဝကနေ အမေလို့ခေါ်လေမလဲ…အမေလို့ခေါ်သံကြားရင် သားလေးလား အမြဲလှည့်ကြည့်မိတယ်။ အမေ့ ဆွေနီးမျိုးစပ်တွေကနေတဆင့် ထိုင်းကို အလုပ်သွားလုပ်တာ သူတို့ကိုသွားမေးတော့ သူတို့လဲမသိဘူးတဲ့ … ပထမတစ်နှစ်တော့ သားလေးက ပုံမှန်ဆက်သွယ်တယ်။အဲနောက်ပိုင်း ဘာအဆက်အသွယ်မှမရတော့ဘူး။ သားလေးဘာတွေများ ဖြစ်နေပီလဲ…ရှိကောရှိသေးရဲ့လားမသိဘူး….အမေ့ကို ကူညီပေးပါလားသားလေးရယ်….. အခုကအင်တာနက်မှ အဲလိုတင်လိုက်ရင် ဝိုင်းကူညီကြတယ် ….မိသားစုတွေပြန်ဆုံကြတယ်လို့သိရတယ် …. အမေတစ်ယောက်ထဲ ဘယ်ကိုလိုက်လို့လိုက်ရမန်းလဲမသိဘူး…. အားကိုးရာမဲ့ အကူအညီတောင်းလာတယ်….အမေကြီးရယ် သနားဖို့ကောင်းလိုက်တာ…. အွန်လိုင်းပေါ်မှာမိတ်ဆွေသူငယ်ချင်းတွေကို အကူအညီတောင်းပီးရှာပေးပါ့မယ် အမေရယ်… အမေကြီးနာမည်က ဒေါ်လှမြင့်တဲ့….သားလေးနာမည်က မောင်အုန်းလှိုင်…. မကွေးတိုင်း ချောက်မြို့နယ် တွင်းလတ်အုပ်စု အမေကြီးဖုန်းနံပတ်က 09776843795…. ဒီညီလေးသတင်းတွေသိတာကြားတာ မြင်တာရှိရင်လဲ ကျွန်တော့် စီမှာပြောလာလဲရပါတယ်ခင်မျာ…. လိုအပ်တဲ့အကူအညီတွေလည်းပြောလာလို့ရပါတယ်… မြန်မာပြည်ကမောင်နှမများနဲ့ထိုင်းကမောင်နှမများ ဝိုင်းရှာပေးကြပါနော် …အမေကြီးကိုသနားလို့ပါ…. သတင်းမကြား […]

Continue Reading

မော်​လမြိုင်​မြို့ကြီးတွင် ​လေဆင်​နှာ​မောင်းဝင်ရောက်တိုက်ခတ်သွား

ည…၁၀ နာရီ ၂၀ မိနစ်​ လောက်​မှာ မော်​လမြိုင်​မြို့ကြီးကို….​လေဆင်​နှာ​မောင်းဝင်​​ဝှေ့သွားပါတယ်​…. ​ရေ​ဘေးက…မပြီး​သေးဘူး……​လေ​ဘေးကပါ…..ထပ်​​ဆော်​လိုက်​တာ…. အမှတ်​ ( ၈ ) မိန်းက​လေး​ကျောင်းပိတ်​ လိုက်​ရပြီး..​လော​လောဆယ်​……   ​ထောင်​အ​ရှေ့….လမ်း​တွေပိတ်​ကုန်​ပြီး သစ်​ပင်​​တွေ..ဓာတ်​တိုင်​​တွေ…လဲကျ…… ပျက်​စီးရှုံးဆုံးမှု….များပြား…​လောလောဆယ်​..မခန့်​မှန်းနိုင်​​သေး……   ​မော်​လမြိုင်​မြို့..​နေရာ​တော်​​တော်​များများ…​လေ​ဘေးနှင့်​ကြုံ.​တွေ့​နေရ…….. အနှစ်​…၅၀. အတွင်း….​ရေ​ဘေး​ရော….လေ​ဘေး​တွေပါ……မြို့ သူမြို့ သားများခံစား​နေရ………   မှတ်​တမ်းဓာတ်​ပုံလည်း..လိုက်​မရိုက်​နိုင်​​တော့ပါ……များလွန်းလို့……ယုံ​တောင်​…မယုံဘူး…….။ ကိုဝင်းကို…..​(ရွှေဝါဝင်း)   unicode ည…၁၀ နာရီ ၂၀ မိနစ်​ လောက်​မှာ မော်​လမြိုင်​မြို့ကြီးကို….​လေဆင်​နှာ​မောင်​းဝင်​​ဝှေ့သွားပါတယ်​…. ​ရေ​ဘေးက…မပြီး​သေးဘူး……​လေ​ဘေးကပါ…..ထပ်​​ဆော်​လိုက်​တာ…. အမှတ်​ ( ၈ ) မိန်​းက​လေး​ကျောင်​းပိတ်​ လိုက်​ရပြီး..​လော​လောဆယ်​……   ​ထောင်​အ​ရှေ့….လမ်​း​တွေပိတ်​ကုန်​ပြီး သစ်​ပင်​​တွေ..ဓာတ်​တိုင်​​တွေ…လဲကျ…… ပျက်​စီးရှုံးဆုံးမှု….များပြား…​လောလောဆယ်​..မခန်​့မှန်​းနိုင်​​သေး…… ​မော်​လမြိုင်​မြို့..​နေရာ​တော်​​တော်​များများ…​လေ​ဘေးနှင်​့ကြုံ.​တွေ့​နေရ…….. အနှစ်​…၅၀. အတွင်​း….​ရေ​ဘေး​ရော….လေ​ဘေး​တွေပါ……မြို့ သူမြို့ သားများခံစား​နေရ……… မှတ်​တမ်​းဓာတ်​ပုံလည်​း..လိုက်​မရိုက်​နိုင်​​တော့ပါ……များလွန်​းလို့……ယုံ​တောင်​…မယုံဘူး…….။ ကိုဝင်​းကို…..​(ရွှေဝါဝင်​း)

Continue Reading

ကျောင်းအထွေထွေလုပ်သားအဖြစ် ဆက်လုပ်သွားမယ်ဆိုတဲ့ သိန်းတစ်သောင်းခွဲဆုရှင်

ကျောင်းခန်််းမဆောင််ဆောက််လှူမယ်ဆို်ိတဲ့ သိန်းတစ်သောင်းခွဲဆုရှင်် ကျောင်းစောင့့်ဝန်ထမ်းမိသားစု ၇ ကြိမ်မြောက်် အောင်ဘာလေ ကျပ်သိန်း တစ်သောင်းခွဲဆုကို မွန်ပြည်နယ် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်မှာနေထိုင်တဲ့ ကျောင်းစောင့်တစ်ဦးဖြစ်သူ ကိုမျိုးဝင်းကဆွတ်ခူးရရှိခဲ့ပါတယ်။ အသက် ်၃၈ နှစ်အရွယ်ရှိတဲ့ ကိုကျော်မျိုးဝင်းခေါ် အုန်းသီးဟာ ငန်းတေးအထကခွဲကျောင်းမှာ ကျောင်းစောင့်အဖြစ် အလုပ်လုပ်နေတာပါ။ ကိုိကျော်မျိုးဝင်းဟာ မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေထီဆိုင်ရဲ့ ထီစောင် ၅ စောင်တွဲကနေ ထီဆုကြီးဆွတ်ခူးရရှိခဲ့တာပါ။သူူဟာ အဲဒီ ထီ ၅ စောင်တွဲကို အကြွေးနဲ့ ထီရောင်းပေးနေတဲ့ ကိုယ်စားလှယ်တစ်ဦးဆီကနေ ဝယ်ထိုးခဲ့တာဖြစ်ပါတယ်။ အခုလိုသိန်းဆုကြီးပေါက်ခဲ့တဲ့အတွွက် ကိုကျော်မျိုးဝင်းဟာ သူအလုပ်လုပ်နေတဲ့ကျောင်းမှာ ကျောင်းဆောင်ခန်းမဆောင်တစ်ခုကို တည်ဆောက်ပေးသွားမယ်လို ပြောကြားခဲ့ပါသေးတယ်…. ထီးဆုကြီးပေါက်သွားတဲ့အတွက်် တခြား ရှေ့ဆက်လုပ်ဆောင်မယ့်အရာတွေကိုတော့ အခုလောလောဆယ်မှာ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ လောလောဆယ်မှှာ တော့ ထီဆုကြီးပေါက်သွားပေမယ့် ယခုလက်ရှိလုပ်နေတဲ့ ကျောင်းစောင့်အလုပ်ကိုပဲ ဆက်လက်လုပ်သွားမှာလို့ဆိုပါတယ်။ကိုကျော်မျိုးဝင်းဟာ အရင်ကတည်းက […]

Continue Reading