သတင်းစုံ

ကချင်စစ်ရှောင်ဒုက္ခသည်တွေ ကြုံနေရဆဲအခြေအနေ

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ဒီ ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေး ဦးဆောင်လုပ်ကိုင်နေတဲ့ ကချင်တိုင်းရင်းသားများ ပူးပေါင်းလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဂွမ်ရှာအောင်ကို ကိုဇော်ဝင်းလှိုင်က VOA Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ ။ အခုလတ်တလေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကချင်မှာ ဖြစ်နေတဲ့ကိစ္စတွေဟာ တနိုင်ငံလုံးတင်မကဘူး၊ ကမ္ဘာကပင် အာရုံစိုက်သွားတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ ဒုက္ခသည်တွေ ရာနဲ့ချီထွက်ပြေးကြတယ်။ ရွာလုံးကျွတ် ထွက်ပြေးတာတွေလည်းရှိတယ်။ တောထဲမှာ ဒုက္ခရောက်ကြတယ်။ ကျန်းမာရေးလည်း ချို့ တဲ့ကြတဲ့လူတွေလည်းပါတယ်။ ဒါပေမဲ့ အဲဒီလူတွေကို အကူအညီပေးဖို့၊ သွားပြီးတော့ ကယ်ထုတ်ဖို့ကိစ္စတွေမှာ တပ်မတော်က အဟန့်အတားတွေ ရှိတဲ့အတွက် ထိပ်တိုက်ရင်ဆိုင်ရာတာတွေလည်းရှိတယ်။ ဆိုတော့ အဲဒီလိုတွေ အကူအညီပေးဖို့ အဟန့်အတားတွေ ရှိနေတာ ဘာကြောင့်လဲလို့ …

ကချင်စစ်ရှောင်ဒုက္ခသည်တွေ ကြုံနေရဆဲအခြေအနေ Read More »