ရှင်ဘုရင်ကိုတောင် အရေးမစိုက်ပေမယ့် စစ်​ကိုင်းက ကိုရင်​လေးတစ်​ပါး ဆုံးမတာကို နာခံတဲ့ ဆရာတော်ကြီး

ရှင်ဘုရင်ကိုတောင် အရေးမစိုက်ပေမယ့် ကိုရင်လေး ဆုံးမတာကို နာခံတဲ့ ဆရာတော်ကြီး အင်းဝခေတ် နန်းမတော်မယ်နု ကိုးကွယ်တဲ့ ဆရာ​တော်​ ဦး​ဗုဓ်​ဆီကို စစ်​ကိုင်းက ကိုရင်​လေးတစ်​ပါး လာပါတယ်​။ ဘုရားရှိခိုးတယ်​။ သင့်​​လျော်တဲ့ေ​နရာမှာ ထိုင်​တယ်​။ ဆရာ​တော်​ဦး​ဗုဓ်​က လုံးဝ မကြည့်​ဘူး။ သူ့စာသူ ဖတ်​​နေတာ၊ လုံးဝ ဂရုမပြုဘူး။ ကြာလာ​တော့ ကိုရင်​​လေးက ​ပြောတယ်​ ” မြတ်​စွာဘုရားကို သတိရလိုက်​တာ”….တဲ့။ ဆရာ​တော်​ဦး​ဗုဓ်​ နည်းနည်းတွန့်​သွားတယ်​။ ဂရုမပြုလို့ မဖြစ်​​တော့ဘူး။ မြတ်​စွာဘုရားဆိုတဲ့အသံကို ကြားလိုက်​တာကိုး။ ကိုရင်​က ဆက်​​ပြောတယ်​… “မြတ်​စွာဘုရားကို သတိရလိုက်တာ အာဝါသိကဝတ်​ကို မသိတဲ့​ကျောင်းတိုက်​ကို ​ ရောက်တဲ့အခါ အာဂန္တုတွေ အ​နေရခက်​တယ်​လို့ ​ မိန့်တော်မူခဲ့တာ မှန်လိုက်တာ….”တဲ့။ ဘုရား​ဒေသနာအတိုင်း ​ကျောင်း​နေရဟန်းဝတ်​ ​ပြောတာကို ဆရာ​တော်​​ဗုဓ်​ကြား​တော့… ပြာပြာသလဲ “ထိုင်​ပါကိုရင် […]

Continue Reading

ရွှေစက်တော်မှ အစောင့်နဂါး

လွန်ခဲ့တဲ့ ၁၀နှစ်ကျော် အချိန်တုန်းက ဖြစ်ရပ်မှန်လေးပေါ့။ ရွှေစက်တော်ဖွင့်ပွဲ မလုပ်ခင် နှစ်ပတ်လောက် အလိုမှာတော့ သာသနာပြု အဖွဲ့တဖွဲ့ဟာ ရွှေစက်တော်ဘုရားက အရန်စေတီကလေးများကို ရွှေဆေးင်္သကန်းကပ်ရန် သွားကြလေသည်။ စုစုပေါင်း ကား၃စီးပါကာ ကားသေးနှစ်စီးနှင့် ကားကြီးတစီး ပါလေသည်။ လူကလဲ အားလုံးပေါင်း ၃၀ဦးလောက် ပါလေသည်။ထိုအဖွဲ့မှ နောက်ဆုံး ကားလေးတစီးသည် လမ်းတွင် ရွာတရွာဝင်နေ၍ ရှေ့ကားများနှင့် မျက်ခြေ ပြတ်သွားလေသည်။ နေကလဲစောင်းကာ တဖြေးဖြေး မှောင်လာပြီဖြစ်သည်။ ကားမီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်၍ မောင်းလာကာ ရွှေစက်တော်တောကြီးထဲ ရောက်တော့ တောထဲ မျက်စိလည်နေသည်။ လမ်းကလဲမကျွမ်းတော့ ဘယ်တွေရောက်နေမှန်းပင် မသိကြပါ။ မေးရမည့်သူလဲ တစ်ယောက်မှ မရှိသော တောကြီးထဲ ရောက်နေကြသည်။ ထိုအခါ ကားပေါ်ပါလာသူများက ရွှေစက်တော်ဘုရားအား တိုင်တည်ကာ တောစောင့်နတ် တောင်စောင့်နတ်များအား […]

Continue Reading

ထိုင်းတွေမမေ့တဲ့ မြန်မာမိဖုရားဆုပန်ကလျာ…

ယိုးဒယားမင်းသမီး ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီး ကိုယ်တော်တိုင် ထီးဖြူပေး၍ အယုဒ္ဓယဘုရင်အဖြစ် ခန့်အပ်ပေးခဲ့သော ဗြမဟာဓမ္မရာဇာမင်းနှင့် မိဖုရား ဗြဝိသုဒ္ဓိကေသထရီတို့၏ သမီးတော်ဖြစ်ပါသည်။ ရွှေအဆင်းကဲ့သို့ အသားအရေချောမွေ့သူ (ဗြသုဝဏ္ဏဒေဝီ) အဖြစ် ယိုးဒယားရာဇဝင်များက မှတ်တမ်းတင်ခဲ့ကြပြီး မြန်မာရာဇဝင်များကလည်း ထိုအချက်ကို အစွဲပြုကာ ဗြသဝန် ဟု သုံးနှုံးမှတ်တမ်း တင်ခဲ့ကြပါသည်။ ၁၅၆၉ ခုနှစ်တွင် ဘုရင့်နောင်ကိုယ်တော်တိုင် အယုဒ္ဓယသို့ ချီတက်သိမ်းယူကာ မိမိသစ္စာခံ ဗြမဟာဓမ္မရာဇာကို နန်းတင် ပေးတော်မူခဲ့ပါသည်။ ဗြမဟာဓမ္မရာဇာ ကလည်း မိမိ၏ ဆယ့်ခုနစ်နှစ်အရွယ် သမီးတော် ဆုပန်ကလျာကို ဘုရင့်နောင်ထံ ဆက်သခဲ့ပါသည်။ ဆုပန်ကလျာသည် ဘုရင့်နောင် မင်းကြီးနှင့် သမီးတော်တစ်ပါး ရရှိခဲ့ပါသည်။ မင်းအထွေး ဟု မြန်မာမှတ်တမ်းများက တညီတညွတ်တည်း ပြဆိုကြပါသည်။ ယိုးဒယားတို့ကမူ ဆုပန်ကလျာသည် ကိုယ်ဝန်အရင့်အမာဖြင့် ရှိနေစဉ် […]

Continue Reading

စစ်သူကြီး​သတိုးသုဓမ္မမဟာဗန္ဓုလ ရဲ့ နှုတ်ခမ်းမွေးပြဿနာ

ဓနုဖြူမြို့ ကိုရောက်ရောက်ချင်း အရင်ဦးဆုံးသွားဖြစ်တာက မြို့ မြောက်ဘက်မှာရှိတဲ့မဟာဗန္ဓုလကြေးရုပ်ရှိတဲ့ပန်းခြံကြီးဆီကိုပါ ။ ပန်းခြံထဲရောက်ပြီဆိုတာနဲ့ မဟာဗန္ဓုလကြေးရုပ်ကြီးဆီအပြေးကလေးသွားလို့ အနီးကပ်ရောက်တဲ့အခါမော့ကြည့်လိုက်ပြီးတစ်ခုခုကိုရှာနေမိတယ် ။ ကျွန်တော်ရှာနေတာက မဟာဗန္ဓုလမျက်နှာပေါ်က နှုတ်ခမ်းမွေးကိုပါ ။ ဒီကြေးရုပ်ကြီးမှာနှုတ်ခမ်းမွေးရှိမရှိကိုသိချင်နေမိသလို ဖတ်ဖူးတဲ့မှတ်တမ်းထဲကအတိုင်း နှုတ်ခမ်းမွေးတစ်ခုတည်း အဖြုတ်အတတ်လုပ်လို့ရအောင်အရှင် လုပ်ထားတာမျိုးလားလို့လည်း သိချင်နေမိပါတယ် ။ တကယ်တော့ ကျွန်တော်လေ့လာခဲ့ရတဲ့ဓနုဖြူကမဟာဗန္ဓုလကြေးရုပ်မျက်နှာပေါ်မှာနုတ်ခမ်းမွေးပါရှိနေပါတယ် ။ စစ်သူကြီးရဲ့ နှုတ်ခမ်းမွေးကို ထင်ထင်ရှားရှားကြီးမြင်နေရတာပါ ။ တချိန်တုန်းက ဒီကြေးရုပ်နဲ့ပက်သက်ပြီး ဂရက်ရိုက်ခတ်မှုတွေ အတော်လေးပြင်းထန်ခဲ့တယ်လို့သိထားပါတယ် ။ အဓိကအကြောင်းအရင်းကတော့ မဟာဗန္ဓုလမှာနုတ်ခမ်းမွေးရှိမရှိဆိုတဲ့ကိစ္စပါ ။ ဓနုဖြူကမဟာဗန္ဓုလကြေးရုပ်မှာ နုတ်ခမ်းမွေးထည့်သင့် မထည့်သင့်ဆိုတာကို ဝေဖန်ပြောဆိုမှုတွေနဲ့ ငြင်းပွားမှုတွေရှိခဲ့ကြောင်းဖတ်ခဲ့ရဖူးလို့ ဒီကြေးရုပ်ကြီးဆီရောက်တုန်းသေသေချာချာကြည့်နေမိတာဖြစ်ပါတယ် ။ ဓနုဖြူကမဟာဗန္ဓုလကြေးရုပ်ကြီးရဲ့ နုတ်ခမ်းမွေးပြသာနာအကြောင်းကိုပြောရင်တော့ ရန်ကုန်မြို့ ကမဟာဗန္ဓုလပန်းခြံနဲ့ မဟာဗန္ဓုလလမ်းဖြစ်ပေါ်လာပုံမူလအစကနေပြောမှ ပိုပြည့်စုံမယ်လို့ထင်ပါတယ် ။ ရန်ကုန်မြို့ မှာအင်္ဂလိပ်နဲ့နာမည်ပေးထားခဲ့တဲ့လမ်းတွေထဲက ပထမဆုံး မြန်မာနာမည်ကိုပြန်ပြောင်းလိုက်တဲ့လမ်းဟာ ဦးဝိစာရလမ်း […]

Continue Reading

ဘီလ်ဂိတ်ဟာ သူ အမုန်းဆုံးလူတစ်ယောက်လို့ပြောလိုက်တဲ့ ဂျက်မား

Microsoft ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ၊ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကို လူတိုင်းက အားကျခဲ့ကြတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့ လူငယ်တွေအတွက် သူဟာ နမူနာယူစရာ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒါပေမဲ့ ဂျက်မားဟာ အလီဘာဘာကုမ္ပဏီကို ထူထောင်ပြီး အင်တာနက်နဲ့ e-commerce လုပ်ငန်းကို စလုပ်တော့ ဘီလ်ဂိတ်ဟာ သူ အမုန်းဆုံးလူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူက အဲဒီအကြောင်းကို မကြာခင်က အစ္စရေးနိုင်ငံ၊ တဲလ်ဗစ်မြို့မှာ ကျင်းပတဲ့ တီထွင်သူများ ညီလာခံမှာ ခုလို ပြောပြပါတယ်။ “အဲဒီအချိန်က ကျွန်တော် ဘီလ်ဂိတ်ကို အရမ်းမုန်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Microsoft ကုမ္ပဏီက ကမ္ဘာပေါ်က အခွင့်အလမ်းအားလုံးကို ယူသွားတယ်လို့ ထင်လို့ပါ။ နောက်ပြီး သူပိုင်တဲ့ IBM; Oracle တို့ကလည်း အခွင့်အလမ်းတွေကို သိမ်းယူထားပြန်တယ်”တဲ့။ […]

Continue Reading

နာဆာက အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် မားရဟတ်ယာဉ် ပရောဂျက်ကို မြန်မာအမျိုးသမီး မမီမီအောင်က ဦးဆောင်

Zawgyi ဖွံဖြိုးပြီးနိုင်ငံတွေထက်စာရင် ကျွန်မတို့နိုင်ငံက သိပ်ထူးထူးထွေထွေ ဘာမှမရှိကြပေမယ့် ကျွန်မတို့မြင်တွေ့ရတဲ့ ကောင်းကင်ပြင်ကြီးကတော့ အတူတူပါပဲ။ ကောင်းကင်ပြင်ကြီးမှာ ဘာတွေများရှိနေမလဲ..နေစကြ၀ဠာ စသည်ဖြင့်ကဘာတွေရှိကြသလဲ..ဒီမေးခွန်းတွေဟာ ကနေ့အထိပါပဲ။ သဘာဝနဲ့ ပတ်သတ်လို့ သာမန်လူတွေမေးနေကြတဲ့ မေးခွန်းတွေပါ။ ကျွန်မတို့လူသားတွေ ဘယ်ကစခဲ့ကြသလဲ။ ကျွန်မတို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုတည်း သက်ရှိတွေ ရှိတာလား။ ဒီမေးခွန်းတွေကို ကျွန်မအတွက် သိပ်ကိုသိလိုတဲ့ ဆန္ဒပြင်းပြလှပါတယ်။ ဒါကတော့ နာဆာခေါ် အမေရိကန်အာကာသစူးစမ်းလေ့လာရေးက JPL လို့အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနမှာ အင်္ဂါဂြိုဟ်ကိုလွှတ်တင်ဖို့ စီစဉ်နေတဲ့ မားစ်ဟယ်လီကော်ပတာ ပရောဂျက်ကိုဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး မမီမီအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ JPL ဌာနမှာ အထူးချွန်ဆုံးအမျိုးသမီး ၁၄ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန် အီလီနွိုက်တက္ကသိုလ်က သိပ္ပံဘွဲ့ရရှိပြီး ၁၉၉၀ခုနှစ်မှာတော့ လျှပ်စစ်အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ကို […]

Continue Reading

အောင်ပွဲခံတိုင်းလည်း မြန်မာအလံနဲ့ မြန်မာကို ကိုယ်စားပြုသူ ။

“ မြန်မာ မြန်မာ မြန်မာဟေ့ ´´ မြန်မာဆိုတဲ့အမည် လူတိုင်းကလိုချင်ကြတယ် ဒါကြောင့် ဒီ post ကို မြင်ပြီးရင် သူမကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြန့်ဝေပေးကြပါအုံး။ သူမက ဗြိတိန်သူ။ Nickname က အောင်လအန်ဆန်နဲ့ဆင်တူ The Burmese Python ပါတဲ့ ။ အောင်ပွဲခံတိုင်းလည်း မြန်မာအလံနဲ့ မြန်မာကို ကိုယ်စားပြုသူ ။ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ပွဲတွေ ထိုးနေပါတယ်။ ပရော်ဖက်ရှင်နယ် ဖြစ်လာတာကတော့ သိပ်မကြာသေးပါဘူး။ သူ့မဟာ မြန်မာနိုင်ငံသူလား၊ ဘာဖြစ်လို့ မြန်မာအလံနဲ့ အောင်ပွဲခံရတာလဲ ဆိုတာကတော့ သူ့နာမည်က Nicola Barke ပါ။ သူ့အမေက မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာတစ်ယောက်ပါတဲ့ ။ ဗြိတိန်မှာ […]

Continue Reading

ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသားအဖြစ် မှတ်တမ်းအတင်ခံရသူ မြန်မာပြည်သား သာသနာ့ အာဇာနည်

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ…။ မြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ၏ ဘဏ္ဍာတိုက် တော်ကြီးဖြစ်ခဲ့သူ.။ သူ့ ဥာဏ်တော်ကို အများအကျိုးစီးပွား အတွက်အချိန်ပြည့် မနေမနားအသုံးချပေးခဲ့သူ .. ..။ မျိုးဖျက် မိစ္ဆာတို့ရဲ့ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ …။ တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင်ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။ ဘ၀နေ၀င် ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေ များကို ဘာသာပြန်ဆိုပေးခဲ့သူ …။ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ မပျံလွန်မီ အချိန်ထိ […]

Continue Reading

လမ်းအလုပ်သမားတွေကိုလက်စွပ်တစ်ကွင်းစီ စီနှင့် ငွေ 20000 စီနှင့် လက်စွပ်တစ်ကွင်းစီ လှူခဲ့တဲ့ အလှူရှင် အန်တီကြီးကို ရှာဖွေကြည့်တဲ့အခါ

(A-1)ရွှေဆိုင်မိသားစု ဟိုတစ်နေ့က လမ်းအလုပ်သမားတွေကို ငွေ 20000 စီနှင့် လက်စွပ်တစ်ကွင်းစီ လှူခဲ့တဲ့ အလှူရှင် အန်တီကြီးကို ရှာဖွေကြည့်တဲ့အခါ သူဟာရန်ကုန်မြို့က A1 ရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မာဝင်း ဖြစ်နေတာကို တွေ့ရပါ တယ်။ သူ့ရဲ့ Facebook အကောင့်ထဲကိုကြည့်လိုက်မှ သူဟာ အလှူရေစက် လက်နှင့်မကွာ အမြဲလှူဒါန်းနေသူတစ်ယောက်ဆိုတာ သိလိုက်ရပါတယ်။ ဒီအောက်မှာ ရေးထားတဲ့ စာကတော့ သံဃာတစ်ပါးကို ကျောင်းစားရိတ် ၁၀ သိန်းလှူတဲ့အတွက် ကျေးဇူးတင်ကြောင်း ရေးထားတဲ့ စာပါ ကျေးဇူးတင်မိပါသော ဒကာမကြီး ဒေါ်ခင်မာဝင်း (A-1)ရွှေဆိုင်မိသားစု — Sharda တက္ကသိုလ် ကျောင်းဝင်ကြေး ရုတ်တရက်ပေးသွင်းရန် အကြောင်းဖြစ်ပေါ်လာစဉ် နဝကမ္မ အခက်အခဲဖြစ်ပေါ်လာသောအခါ ကူညီပေးခဲ့သည့် ဒကာမကြီးဒေါ်ခင်မာဝင်းအား အထူးဘဲကျေးဇူးတင်မိပါသည် နေမကောင်းတဲ့ကြားက ကမ္ဘောဇဘဏ်ကတစ်ဆင့် အလှုတော်ငွေ ဆယ်သိန်းတိတိကို […]

Continue Reading

အီရတ်မှာ ကျဆုံးခဲ့ မြန်မာနိုင်ငံသား အမေရိကန်တပ်သား ဝေဖြိုးလွင်အကြောင်း

Zawgyi ဖြင့်ဖတ်ရန် အရင်ရေးဖူးပြီးသားပါ။ ၂၀၀၅ ခုနှစ် မတ်လ၂ ရက်နေ့က အီရတ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ မြန်မာနွယ်ဖွား အမေရိကန်ကြည်းတပ်က ရိုးရိုးတပ်သားဝေဖြိုးလွင်ပါ။ အဲဒီနေ့က သူတို့စီးလာတဲ့ ဟမ်းဗီးယာဉ်မိုင်းထိပြီး ကျဆုံးခဲ့တာပါ။ သူနဲ့အတူကျဆုံးခဲ့တဲ့သူက မွတ်ဆလင်ဘာသာဝင် အဇာအလီဆိုတဲ့ တပ်သားပါ။ သူတို့ဟမ်းဗီးယာဉ်ဟာ လေဆိပ်နဲ့ Green Zone ကြားထဲမှာ အတိုက်ခံလိုက်ရတာပါ။ နှစ်ယောက်စလုံး အသက် ၂၇ နှစ်ရှိပြီး အိမ်ထောင်မရှိသူများဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာသိပ်မတွေ့ရပေမဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဖတ်ခဲ့ဖူးတဲ့Trader Hotel ကထုတ်တဲ့ မဂ္ဂဇင်းတစ်စောင်မှာတော့ ဂစ်တာနိုင်ဇော်ကဝေဖြိုးလွင်အမေနဲ့တွေ့ဆုံမေးမြန်းပြီး ဆောင်းပါးပြန်ရေးခဲ့တာရှိပါတယ်။ ရိုးရိုးတပ်သားလေးများသာဖြစ်တဲ့ သူတို့အလောင်းတွေကို အမေရိကန်အထိပြန်သယ်လာပြီး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေပါတဲ့ ဂုဏ်ပြုတပ်ဖွဲ့န့ ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် အလေးပြုပါတယ်။ ကိုဝေဖြိုးလွင်အိမ်မှာ အသုဘအခမ်းအနားကျင်းပတဲ့အချိန်ကနေစပြီး ၂လပြည့်တဲ့အထိ လိုအပ်တဲ့အကူအညီပေးနိုင်အောင်ဆိုပြီး အမေရိကန်တပ်မတော်က အရာရှိနှစ်ယောက်ဟာ […]

Continue Reading