မြန်မာပြည်သူများအ တွင်းကို ရိုနာဗိုင်းရပ်စ် ကူးစက်ြ ဖစ်ပွားနိုင်သဖြင့် လူစုလူဝေးနေရာများကို ရှော င်ရှားရန် သတိပေး

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသူ ရုတ်တရက် တပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေထဲမှာ ကူးစက်ဖြစ်ပွားနိုင်တာကြောင့် ပွဲလမ်းသဘင်၊ လူစုလူဝေးတွေကို ရှောင်ကြဉ်ပြီး ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ကိုရိုနားဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ပတ်သက်ပြီးဖေဖော်ဝါရီ ၂၃ ရက် ညက အများပြည်သူတွေထံ ပန်ကြားချက် ထုတ်ပြန်လိုက် တာပါ။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ (COVID-19) ရောဂါဖြစ်ပွားသူလူနာ မတွေ့ရှိသေးပေမယ့် တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုတွေ ဆက်လက်မြင့်မားနေတယ်၊ COVID-19 ရောဂါလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့မှု (သို့မဟုတ်) ရောဂါဖြစ်ပွားရာ ဒေသနိုင်ငံတွေကို လတ်တလောသွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်စတဲ့ သိသာထင်ရှားတဲ့ အထောက်အထား မတွေ့ရှိရသူတွေ လည်း ရောဂါကူးစက်ခံရမှုတွေရှိနေတယ်လို့ဆိုပါ တယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူတွေ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေအတွင်း ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူတွေအနေနဲ့ အခုကာလအတွင်း […]

Continue Reading

စာမေးပွဲဖြေဖို့သွားတဲ့ ကျောင်းသားတွေ ယာဉ်တိုက်မှု့ဖြစ်ပြီး(၂)ယောက်သေ

ရှမ်းမြောက်မှာ စာမေးပွဲဖြေဖို့သွားတဲ့ ကျောင်းသားတွေ ယာဉ်တိုက်မှု့ဖြစ်ပြီး(၂)ယောက်သေ ဖေဖော်ဝါရီ(၂၄)ရက်၊ ၂၀၂၀။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျောင်းသားတွေ စာမေးပွဲဖြေဖို့ ဆိုင်ကယ်ဆီသွားဖြည့်ပြီးအပြန် ခြောက်ဘီးကားနဲ့တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ ကျောင်းသား(၂)ယောက် သေဆုံးသွားခဲ့ ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ(၂၄) ရက်နေ့၊ မနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ သိန္နီမြို့နယ်၊ ဟိုတာကျေးရွာ ပြည်ထောင်စု လမ်းကြီးပေါ်မှာ လမ်းပြောင်းပြန်မောင်းလာတဲ့ ကျောင်းသား(၃)ယောက် စီးလာတဲ့ ဆိုင်ကယ်နဲ့ ခြောက်ဘီးကား တို့ တိုက်ခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှု့ကြောင့် ဆိုင်ကယ်စီးလာတဲ့ ကျောင်းသား(၂) ယောက်သေဆုံးခဲ့ပြီး (၁)ယောက်တော့ ထိခိုက် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ကူညီပေးခဲ့တဲ့သူတွေက ပြောပါတယ်။ “ဆီဆိုင်က တစ်ဖက်ယာဉ်ကြောမှာရှိတော့ လမ်းပြောင်းပြန်ကြီး ဖြစ်နေတယ်။ အဲ့ဒီမှာတိုက်မိသွားတာနေမှာပါ။ အခုကတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိထားတဲ့ ကလေးကို ဆေးရုံးပို့ပြီးသွားပါပြီ”လို့ အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်း(သိန္နီ) ရဲ့ […]

Continue Reading

ရထားသံလမ်းပေါ် ထန်းတုံးများ ကျောက်တုံးများတင်ထားသူ တရားခံမိပါပြီ

တရားခံမိပါပြီ #ရထားသံလမ်းပေါ် ထန်းတုံးများ ကျောက်တုံးများတင်ထားသူမှာ မီးရထားသံလမ်းအလုပ်သမားဖြစ်နေ ၁၈.၂.၂၀၂၀‌နေ့ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မဒေါင်းလှဘူတာနှင့် ခင်ဦးဘူတာကြား မန္တလေး-မြစ်ကြီးနားမီးရထားလမ်း မိုင်တိုင်အမှတ်-၄၅၉/၂ နှင့် ၄၅၉/၃ အကြား…. ရထားသံလမ်းပေါ်တွင် အရှည် ၄ ပေ လုံးပတ် ၂ပေခွဲရှိ ထန်းလုံး ၁လုံး၊အရှည် ၈ ပေ လုံးပတ် ၂ပေခွဲရှိထန်းလုံး ၁လုံး တို့ကို ထန်းရွက်များဖြင့်အုပ်၍ ကန့်လန့်တင်ထားသည်ကိုတွေ့ရှိရပြီး… မိုင်တိုင်အမှတ်၄၅၈/၂၄ သံလမ်းပေါ်၌ ၁၂ လက်မခန့်ရှိသည့် ကျောက်တုံး ၁ တုံးအား အဝတ်ဖြင့် ဖုံးအုပ်တင်ဆောင်ထားခဲ့သည့် တရားခံမှာ မီးရထားသံလမ်းအလုပ်သမားဖြစကြောင်း ဖေါ်ထုတ်ဖမ်းဆီးရမိပါသည်။Photo :Crd / Credit-Nyi Nyi Win ဆပ်​စပ်​သတင်း နာကျည်းချက်နဲ့ ရက်စက်ပါပေ့ကွယ် ၁၈၊၂၊၂၀ရက်နေ့က ခင်ဦးဘူတာနှင့်မဒေါင်းလှဘူတာကြား မီးရထားသံလမ်းပေါ်တွင်ထန်းတုံးများ ကျောက်ခဲတုံးများတင်ဆောင်ပြီး […]

Continue Reading

နွားလှည်းတစ်စီး သစ်ပင်ဝင်တိုက်ပြီး နွားလှည်းမောင်းသူ သေဆုံး…

ကျောက်ကြီးမြို့နယ်မှာ နွားလှည်းတစ်စီး သစ်ပင်ဝင်တိုက်မှု ဖြစ်ပွား၊ နွားလှည်းမောင်းသူ သေဆုံး ကျောက်ကြီး၊ ဖေဖော်ဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ ငဗျက်အင်းကျေးရွာအနီးရှိ လှည်းလမ်းမပေါ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်၊ မနက် ၈ နာရီဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦး လှည်းနှင့်သစ်ပင်ညှပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူမှာ ကြိမ်တောမြောင်ကျေးရွာ၊ ပတ္တလားကျေးရွာအုပ်စုတွင် နေထိုင်သူ မော်တကယ် ၅၇ နှစ်(ဘ)ဦးကျင်သိန်း ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး သေဆုံးသူတွင် ဝဲပါးပွန်းပဲ့ဒဏ်ရာ၊ ညာနံရိုးပိန်ခြိုပ်ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို သက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိရသဖြင့် ကျောက်ကြီးမြို့ နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ဆေးစာထင်မြင်ချက်ပေးနိုင်ရန် သေဆုံးသူ မော်တကယ်အား ပို့ဆောင်ထားရှိကြောင်းလည်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ မော်တကယ် ၏သေဆုံးခြင်းမှာ […]

Continue Reading

သရုပ်ဆောင်မေသန်းနုအား အိမ်ပေါင်ခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင်ထပ်မံတရားစွဲ

သရုပ်ဆောင်မေသန်းနုအား အိမ်ပေါင်ခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင်ထပ်မံတရားစွဲ ရန်ကုန်၊ ဖေဖောဝါရီ ၁၈ သရုပ်ဆောင်မေသန်းနုအား လှည်းတန်း ၆လမ်း၊ အိမ်နံပတ် ၁၁ ရှိတိုက် ၂ထပ်အိမ်အား အိမ်ပေါင်ခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် တရားရုံး တွင်ထပ်မံတရားစွဲဆိုခြင်းပြုလုပ်ခဲ့ကြောင်း တရားလို မစန်းစန်းမြင့်ကပြောကြားခဲ့သည်။ “အခုကတော့ ရက်ချိန်းယူတာပါ။၂၇ ရက်နေ့မှာ ရုံးချိန်းပြန်ချိန်ဆိုပါတယ်။ရက်ပေါင်း ၂၇၀ ကိုအပြီးစစ်မယ်လို့ပြောထားတယ်။ဒီကိစ္စက ကျွန်မအိမ်ကို ၂၀၁၄ ခုနှစ်မှာပေါင်ခဲ့တာ ၂၀၁၆မှာဆုံးသွားတာပါပေါင်တာ။ သူတို့ဘက်က အကူအညီတောင်းလို့ လုပ်ပေးလိုက်တာပါ။ အခုဆုံးသွားပြီ။ ပထမစစွဲခင်တုန်းက မပါဘူး။ မပါတော့ သူကမဆင့် ကမပေးဘူး။ဒါကြောင့် ထပ်ပြီးတော့ စွဲလိုက်တာပါလို့ ၎င်းကပြောသည်။ ဆက်လက်၍ “ကျွန်မက ပိုက်ဆံပေးထားတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အတိုး၃၀ တိုးဆိုတာလည်းမဟုတ်ပါဘူး။ ကျွန်မက သိန်း၄၀၀နဲ့ တရားစွဲသွားတယ်။ နောက်တိုင်းမှာ ဘဏ်စာရွက် သိန်း၆၂၅ကိုချက်လက်မှတ်ကိစ္စ၊ ကားပေါင်သွားတဲ့ […]

Continue Reading

မနက် ၄း၃၅ အဝေးပြေးလမ်းမတွင် ဟိုင်းလပ်နှင့် သစ်တင်ကား ယာဉ်တိုက်မှု ခရီးသည် ၂ ဦးစိုးရိမ်ရ

9-2-2020ရက်နေ့ မနက် ၄း၃၅ အချိန် ရန်ကုန် -မော်လမြိုင် အဝေးပြေးလမ်းမ ကျိုက်ထိုမြို့ ဒေါင်းတောင်ကုန်းဆင်းတွင် ဟိုင်းလပ်မော်တော်ယာဉ်နှင့် သစ်တင်မော်တော်ယာဉ် …. ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ဖုန်းသတင်းရရှိသဖြင့် လူမှုကူညီရေးအသင်း ကျိုက်ထိုမှ အရေးပေါ်လူနာတင်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ ဖက္ကလိပ် လူမှုကူညီရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ် (၁ )စီးတို့ဖြင့် …. ချက်ချင်းထွက်ခွာ၍ ဟိုင်းလပ်ယာဉ်မှ ယာဉ်မောင်း (ကျား ၁)ဦး(အနီရောင်အဆင့်) ခရီးသည်(မ ၁) ဦး(အနီရောင်အဆင့်) ၊ (ကျား ၁ဦး) အဝါရောင်အဆင့်၊ ( မ ၁ဦး) အဝါရောင်အဆင့် တို့အား ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ သစ်တင်မော်တော်ယာဉ်မှ ယာဉ်မောင်း (ကျား ၁ ဦး) မှာ ခေါင်းခန်းအတွင်း ညှပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးမှ […]

Continue Reading

ဖုန်းဘေလ် ခိုးနေတဲ့ ဖုန်းအော်ပရေတာ ကုမ္ပဏီတွေကို လွှတ်တော်က တရားစွဲတော့မည်

ဖုန်းဘေလ် ခိုးနေတဲ့ ဖုန်းအော်ပရေတာ ကုမ္ပဏီတွေကို လွှတ်တော်က တရားစွဲတော့မည် ဖုန်းအသုံးပြုသူများ၏ သဘောတူခွင့်ပြုချက်မရှိဘဲ ငွေဖြတ်တောက်မှုများအတွက် အမျိုးသားလွှတ်တော်၏ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ရေးရာကော်မတီကတစ်ဆင့် တရားစွဲဆိုရန် လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးထွန်းထွန်းဦးက ပြောသည်။ အမျိုးသားလွှတ်တော်ရဲ့ ဆက်သွယ်ရေး ကော်မတီနဲ့ ညှိုနှိုင်းပြီးတော့ ဒါတရားစွဲဖို့ထိ လုပ်နေတယ်။ လိုအပ်ရင် အဲ့ဒီကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းတာမျိုး ဆက်သွယ်ရေး ဥပဒေ တကယ်တမ်းဆက်သွယ်ရေး ဥပဒေအရ ဦးတို့နားလည် တာကတော့ ဆက်သွယ်ရေး ဥပဒေ ဒီကွန်ယက်တစ်ခုကို အသုံးပြုပြီးတော့ ပြည်သူကိုလိမ်လည်တယ် လှည့်ဖျားတယ်။ ညာယူတယ်ဆိုရင် ဒါကသူခိုးပဲ အဲ့တာ အဒိန္နာဒါနကံမြောက်တယ်။ ဒီလူကိုထောင်ချလို့တောင်ရတယ်။ အဲ့တော့ ဒီကုမ္မဏီကြီးတွေကို ကြည့်နေစရာမလိုဘူး ပြည်သူဘက်ကရပ်တည်ပြီး တရားစွဲဖို့ စီစဉ်နေပါတယ်။Credit unicode ဖုန်းအသုံးပြုသူများ၏ […]

Continue Reading

မြောက်ဒဂုံရှိ CB ဘဏ်ဓားပြတိုက်ခံရ၊ ဓားပြတိုက်သူများတွင် လက်နက်နှင့် လက်ပစ်ဗုံးပါရှိဟုဆို

မြောက်ဒဂုံရှိ CB ဘဏ်ဓားပြတိုက်ခံရ၊ ဓားပြတိုက်သူများတွင် လက်နက်နှင့် လက်ပစ်ဗုံးပါရှိဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ CB ဘဏ်ဓားပြတိုက်ခံရကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦး နိုင်ဇော်လင်းက ပြောဆိုသည်။ “ဖြစ်တာက အခုလေးတင်ပဲ။ မြို့နယ်မှူးလည်း ရောက်နေပြီ။ ဓားပြတိုက်မှုဖြစ်ပါတယ်။ CB ဘဏ်ပါ။ ကျနော်လည်း သွားမယ်။ အသေးစိတ်တော့ ဘာမှ မသိရသေးဘူး” ဟု ဦးနိုင်ဇော်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဘဏ်အနီးအနားတွင် ရောက်ရှိနေသူများ၏ ပြောဆိုချက်အရ ငွေကျပ် သိန်း ၆၀၀ ကျော်ပါရှိသွားပြီး ဓားပြတိုက်သူများတွင် လက်နက်နှင့် လက်ပစ်ဗုံးပါရှိကြောင်း သိရှိရသည်။ ဘဏ်အနီးတွင် ရောက်ရှိနေသူများ၏ ပြောဆိုချက်အရ အမျိုးသား နှစ်ဦး ဘဏ်အတွင်းသို့ ၀င်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ ငွေကျပ် […]

Continue Reading

သံဖြူဇရပ်မြို့တွင် ဗေဒင်ဆရာဆိုသူက ၇ တန်း ကျောင်းသူ(၃)ဦးကို တည်းခိုခန်းသို့ အလှည့်ကျခေါ်ယူပြီး ယတြာချေတဲ့ဖြစ်ရပ်

ဒီမုဒိန်းမှုကို ဖတ်ကြည့်ပါ။ ဖတ်ပြီးရင် ဘယ်လိုပြောချင်လဲ မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ဗေဒင်ဆရာဆိုသူက ၇ တန်း ကျောင်းသူ(၃)ဦးကို တည်းခိုခန်းသို့ အလှည့်ကျခေါ်ယူပြီး မုဒိန်း ကျင့်မှုဖြစ်ပွား ရောင်းဒေါင်းကျေးရွာ အရှေ့ပိုင်းမှာနေတဲ့ အသက်(၂၈)နှစ်အရွယ်ရှိ သီဟအောင်ဆိုသူ ဗေဒင်ဆရာက သူနဲ့ရည်းစားဖြစ်နေတဲ့ အပျိုကြီး ဒေါ်အေးမြင့် (၃၈)နှစ်ကို ကံနိမ့်နေလို့ ယတြာချေရမယ်လို့ပြောတယ်…. ယတြာက အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ်တစ်ဦးကို သူ့ထံသို့ (၇)ပတ် တိုင်တိုင် ခေါ်လာပေးရမယ်လို့ဆိုပြီး သူ့ရည်းစားအပျိုကြီး ခေါ်လာပေးတဲ့ ကလေးမလေးတွေကို တည်းခိုခန်းကိုခေါ်ပြီး မုဒိန်းကျင့်တာပါ။ သူ့ရည်းစား ဗေဒင်ဆရာရဲ့ စေခိုင်းချက်အရ ယတြာချေဖို့ ဒေါ်အေးမြင့် က ပထမဆုံး သူမရဲ့တူမ ဖြစ်သူ အသက်(၁၂)နှစ်အရွယ် ကလေးမ ကို စည်းရုံးပြီး မုဒုံမြို့ …….. တည်းခိုခန်း အခန်းနံပါတ်(၃)ကို […]

Continue Reading

ဖားကန့်တွင် မီးငြှိမ်းသတ်နေသောတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ် ငါးစီး ခိုးယူခံရ…

ဖားကန့်တွင် မီးငြှိမ်းသတ်နေသောတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်ငါးစီး ခိုးယူခံရ 4, February , 2020 ဖားကန့်တွင် မီးလောင်နေသည်ကို ငြှိမ်းသတ်နေသည့်မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ၏ ဆိုင်ကယ်ငါးစီးပျောက်ဆုံး မှု ဖေဖော်ဝါရီ ၂ ရက် ညက ဖြစ်ပွားခဲ့သည်။ ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာအုပ်စု မှော်ရှန်ကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက် ညက မီး လောင်ခဲ့သည်။ ‘‘မီးသတင်းရရချင်း ကျွန် တော်တို့က ရောက်ရာနေရာက နေ အပြေးအလွှား သွားငြှိမ်းသွား ပေးတာ။ မီးလည်းငြိမ်းရော ဆိုင် ကယ်တွေ မတွေ့တော့ဘူး’’ဟု ဖားကန့်မြို့နယ် ကြက်ခြေနီတပ် ဖွဲ့မှ ဦးသိန်းဟန်က ပြောသည်။ ဖားကန့်မြို့နယ် မီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ပိုင်သော ဆိုင်ကယ်သုံးစီးနှင့် ကြက်ခြေနီ တပ်ဖွဲ့မှ နှစ်စီး၊ […]

Continue Reading