ပရလောက

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ သရဲဖြစ်သွားသောဘုန်းကြီး ….

“သရဲဖြစ်သွားသောဘုန်းကြီး” ပေါက်ခေါင်းမြို့ နယ် ရွာတစ်ရွာက စာတတ်ပေတတ် ဘုန်းကြီး ဦးနန္ဒ တဲ့အသံကောင်း။ အပြောကောင်း။ အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်လို့  ပေါက်ခေါင်းမြို့နယ်တ၀ိုက်သာရေး။နာရေး ကိစ္စတွေမှာ ပွဲတိုင်းကျော် ဖြစ်ခဲ့ပါတယ်။ပစ္စည်းလေးပါးပေါများရုံမကပဲ ၀တ္ထုကြေးငွေများပါ စုမိလာတော့ ဦးနန္ဒ တစ်ပါး သူခိုး ဓါးပြ ရန်ကိုကြောက်လာပါတယ်။ ဒါနဲ့ပဲ သပိတ်ကြီးတစ်လုံးမှာ ၀တ္ထုငွေတွေ အပြည့်ထည့်ပြီး သူ့ ကျောင်းလှေခါးအောက်မှာ မြေကျင်းတူးပြီးမြုပ်ထားလိုက်ပါတယ်။ သူခိုး ဓါးပြ ထက်နှစ်ဆ ဆိုးတဲ့ လောဘ ဆိုတဲ့ တရားဆိုးကြီး သူ့ သန္တာန် မှာရောက်လာပြီ ဆိုတာ သူ့ ခမျာ မသိရှာဘူး။ တနေ့  အသက်လေးဆယ်ကျော်မှာပဲ ဟောပြောရလွန်းလို့  ဖြစ်လာတဲ့လေနာရောဂါနဲ့ပဲ ပျံလွန်တော်မူခဲ့ပါ တယ်။ ရဟန်းတော်တစ်ပါးဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် …

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ သရဲဖြစ်သွားသောဘုန်းကြီး ….Read More »

” ကလေးမရှိ. . . ခွေးသာရှိသည်၊ ကလေးအသား ခါးသည် ခွေးအသားချိုသည်” ဆိုတဲ့အဓိပ္ပာယ်. . . (ဖြစ်ရပ်မှန်).

ကျနော်ကလေးဘဝက ကျနော့်ဇာတိ ကနောင်မြို့လေးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အမှန်လေးပါ။မဖဲဝါအကြောင်း အခုတလော လူပြောများနေကြလို့ သတိရသွားလို့တင်ပေးလိုက်ပါတယ်။ ကျနော်တို့ ကနောင်မြို့မှာ င်္သချိုင်း၂ ခုရှိတယ် ဗျ။တောင်င်္သချိုင်းနဲ့ မြောက်င်္သချိုင်းလို့ ခေါ်ကျတယ်။င်္သချိုင်းကုန်း တခုဆီရဲ့ဘေးမှာလည်း ဘုန်းကြီးကျောင်းတခုဆီရှိတယ်။ တောင်င်္သချိုင်းဘေးမှာက တိုင်တစ်ရာကျောင်း ရှိပြီး မြောက်င်္သချိုင်းဘေးမှာတော့ ဘုရားကြီးကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းတွေရှိကျတယ်။ အခုအဖြစ်အပျက်က တောင်င်္သချိုင်းရယ့်  တိုင်တစ်ရာကျောင်း ဆရာတော်နဲ့မဖဲဝါတို့ အကြောင်းပါပဲ။ကျနော်အရမ်းငယ်သေးတဲ့ အချိန်မှာဖြစ်ခဲ့တာ ဆိုတော့ ဆရာတော်ရဲ့ ဘွဲ့ မမှတ်မိတော့ပါ။ တနေ့ ကျနော်တို့ မြို့မှာ သတင်းတခုကြားတယ် ဗျ။မဖဲဝါက တိုင်တစ်ရာကျောင်းဆရာတော်ကို အိပ်မက်ပေးတယ်တဲ့ သူကလေးတွေကို စားချင်လို့ သူ့ကိုကလေးတွေ ပေးဖို့တောင်းတယ်တဲ့။ ဆရာတော်က မပေးနိုင်ဘူး ပြောလိုက်တယ်။မစားဖို့လည်း မေတ္တာရပ်ခံတယ်။(စားချင်တယ်ဆိုတာ ကလေးတွေ သေကြမှာကို ဆိုလိုပါတယ်)။ ဒါပေမယ့် မဖဲဝါက မရဘူး …

” ကလေးမရှိ. . . ခွေးသာရှိသည်၊ ကလေးအသား ခါးသည် ခွေးအသားချိုသည်” ဆိုတဲ့အဓိပ္ပာယ်. . . (ဖြစ်ရပ်မှန်).Read More »

သရဲမွေးမိသူ မိခင် ရဲ့ ဘဝ ဇာတ်​ဆုံး ( ဖြစ်​ရပ်​မှန်​ )

ကဲ… သားရေ…လာစားလှည့်တော့… ဒီမှာ သားဖို့ အမဲသားတစ်ဆွဲ.. အမေ၀ယ်လာတယ် ပြောပြောဆိုဆို သူမ လက်ထဲက အမဲသားဆွဲကို သစ်ပင်ခြေရင်းအောက် ချလိုက်သည်။ပြီးတော့ ဘေးဘီ တစ်ချက်ဝှေ့ကြည့်လိုက်သည်။ သေချာသည်။ ဘယ်သူမှ ရှိမနေ..။ တစ်အောင့်အကြာမှာ သစ်ပင်ထက်မှ အရိပ်မဲတစ်ခု အောက်ကိုထိုးဆင်းလာသည်။အပုပ်နံ့နှင့်အတူ ဆိုးရွားလှသော အနံ့ပေါင်းစုံ နှာခေါင်းထဲ အလုအယက် တိုးဝင်လာသည်။ ထိုအရိပ်မဲမှ ထိုးထွက်လာသော အမွှေးအမျှင်များ နှင့် ရှည်လျားသော လက်တစ်စုံမှာ အမဲသားဆွဲကို သစ်ပင်ထက်သို့ ဆွဲယူသွားခဲ့လေတော့သည်။ သူမမှာတော့… ထိုမြင်ကွင်းကို ပီတိဖြစ်စွာ.. ငေးကြည့်လျက်​….မနက်ဖြန်ဆို သူမ၏ တစ်ဦးတည်းသော သား၊ အသုဘချမည့်နေ့ဖြစ်သည်။ သူမ ထိုနေ့ကို ဘယ်လိုဖြတ်သန်း ရမှန်းမသိ..။ ဖတဆိုးသားလေးမို့ အချစ်တွေ အကုန်ပေးအပ်ပြီး အလိုလိုက်ချစ်ခဲ့သော်လည်း ကံကြမ္မာက သူတို့ သားအမိကို ရက်ရက်စက်စက်ခွဲခဲ့လေပြီ..။သူမသားကို …

သရဲမွေးမိသူ မိခင် ရဲ့ ဘဝ ဇာတ်​ဆုံး ( ဖြစ်​ရပ်​မှန်​ )Read More »

ဟွန်ဒူးရပ်စ် ဆေးရုံတစ်ခုမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ သရဲတစ်ကောင်ရဲ့ဗွီဒီယိုဖိုင်

ဟွန်ဒူးရပ်စ်နိုင်ငံ၊ School Hospital Universitario ဆေးရုံမှာ ဝန်ထမ်းတစ်ဦးဟာ ထူးဆန်းတဲ့ပုံရိပ်တစ်ချို့ကို ဗွီဒီယိုမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ အဆိုပါ ပုံရိပ်ကို အသေးစိတ်စစ်ဆေးရာမှာ သရဲလို့ ယူဆနိုင်ကြောင်း သုံးသပ်မှုတွေ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ School Hospital Universitario ဆေးရုံဟာ လက်ရှိအချိန်ထိ အသုံးပြုနေဆဲ ဆေးရုံတစ်ရုံ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဆေးရုံမှာ စိတ်ဖိစီးမှုတွေ လွန်ကဲနေတဲ့ ဒေါက်တာတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီးနောက်ပိုင်း ညဘက်တွေမှာ သရဲခြောက်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကိုယ်တွေ့ကြုံခဲ့ဖူးသူတစ်ဦးကတော့ အဆိုပါ ဆေးရုံကော်ရစ်တာမှာ ညဘက်ဆို လူခြေအလွန်တိတ်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သရဲခြောက်တယ်ဆိုတဲ့ သတင်းစကားကြောင့် လူနာစောင့်နဲ့ လူနာတွေ အပြင် သိပ်မထွက်ကြတာပါတဲ့။ သူ ကိုယ်တွေ့ကြုံခဲ့ရတာကတော့ မဖြစ်မနေ ဆေးရုံကော်ရစ်တာကနေ ဖြတ်သန်းသွားဖို့ အကြောင်းဖန်လာခဲ့ကြောင်း၊ …

ဟွန်ဒူးရပ်စ် ဆေးရုံတစ်ခုမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ သရဲတစ်ကောင်ရဲ့ဗွီဒီယိုဖိုင်Read More »

သရဲခေါ်ပြီး ကစားမိတဲ့ ၉ တန်းကျောင်းသူလေးများရဲ့ ဖြစ်ရပ်

သရဲခေါ်ပြီး ကစားမိတဲ့ ၉ တန်းကျောင်းသူလေးများရဲ့ ဖြစ်ရပ် ကျောင်းမှာ ဆရာမတွေ၊ အိမ်မှာ မိဘတွေမသိအောင် သရဲခေါ်တဲ့ ဂိမ်းတို့ ၊ဖျာလိပ်နတ်ခေါ်တာတို့ စူးစမ်းချင်တဲ့ မိန်းကလေးတော်တော်များများ လုပ်ဖူးကြမှာပါ.. ကျွန်မတို့လည်း စမ်းသပ်ခဲ့ဖူးပါတယ်.. တစ်သက်မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးက ကျွန်မတို့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာပါ… တစ်နေ့မှာ စုံညီပွဲတော်နီးလာလို့ လူရွေးကြတော့ ကတဲ့အဖွဲ့ထဲမှာ ကျွန်မပါသွားပါတယ်.. ရွေးလိုက်တာ အားလုံး မိန်းကလေးတွေချည်းပဲ… ကျွန်မအပါအဝင် အားလုံးပေါင်းဆယ့်တစ်ယောက်… စာမသင်ရဘဲ အကပဲတိုက်နေတော့ ကျွန်မတို့လည်း ပျော်နေကြတာပေါ့…. ဒါပေမယ့် အရမ်းပင်ပန်းပါတယ်… ကျွန်မတို့ကို အကတိုက်ဖို့ အတွက် စာမသင်တဲ့ အခန်းတစ်ခန်းပေးထားပါတယ်… တစ်ဖြည်းဖြည်း ဆယ့်တစ်ယောက်လုံးပေါင်းမိပြီး ခင်သွားတယ်.. တစ်ရက် အကတိုက်မယ့် ဆရာမက အဝတ်အစားအတွက် အပြင်သွားတာကို အခွင့်ကောင်းယူပြီး အားလုံးအတန်းထဲ ပြန်မဝင်ဘဲ …

သရဲခေါ်ပြီး ကစားမိတဲ့ ၉ တန်းကျောင်းသူလေးများရဲ့ ဖြစ်ရပ်Read More »

ကျွန်တော်နှင့် သရဲကိုမြင်အောင် စမ်းသပ်ခြင်း….

“ခွေးတွေ ကြောင်တွေက သရဲ၊ ၀ိဥာဉ်တွေကို မြင်နိုင်စွမ်းရှိတယ်ဆိုတာ ဟုတ်လား အဖိုး..” “အေး ..ဟုတ်တယ်ကွဲ…၊ ဒါကြောင့် ညဘက် ခွေးအူသံကြားရင် သားတို့ကို အဖိုး အပြင်မထွက်ခိုင်းတော့တာပေါ့…” “တစ်ချို့ ကံနိမ့်တဲ့သူဆိုရင် ခွေး၊ကြောင် တွေရဲ့မျက်ချေးကို မျက်စိမှာသုတ်ရင် ပရလောကကိုတောင် မြင်နိုင်စွမ်းရှိတယ်….” ကျွန်တော်ငယ်စဉ်က အဖိုးပြောပြခဲ့သော အကြောင်းအရာလေးဖြစ်သည်။ အခု အရွယ်လေးလည်း ရောက်လာပြီး စူးစမ်းလိုစိတ်ကလည်း ပြင်းပြလာတာကြောင့် ကျွန်တော် ဒီဟာကို စမ်းသပ်ဖို့ အမြဲ စိတ်အား ထက်သန်နေခဲ့တော့သည်။ သရဲ၊ နာနာဘာဝတွေ ပျော်မြူးချိန်က လပြည့်နှင့် လကွယ်ည သန်းခေါင်ယံ ချိန်ဖြစ်သည်ဟု ကြားဖူးသည်။ လပြည့်ည တစ်ညမှာ ခွေးတစ်ကောင်ရဲ့ မျက်ချေးကို သုတ်ရင် သရဲ တစ်ကယ် မြင်နိုင် မမြင်နိုင် ကို လက်တွေ့ …

ကျွန်တော်နှင့် သရဲကိုမြင်အောင် စမ်းသပ်ခြင်း….Read More »

သန်းခေါင်ယံက ကြောက်စရာလူလဲပွဲ (သို့) တက္ကစီသမား တစ်ယောက်ရဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်မှန်

သန်းခေါင်ယံက ကြောက်စရာလူလဲပွဲ (သို့) တက္ကစီသမား တစ်ယောက်ရဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်မှန် အထက်ပုဇွန်တောင် လမ်းမကြီး၏တစ်နေရာတွင် ဖြစ်သည်။ဝေယံစိုးသည် သူ၏ Fielder တက္ကစီကားလေးအား ကားပါကင်ထိုးပြီး ခရီးသည်အား မျှော်နေမိသည်။ ခုတလော ကားဆွဲမကောင်းလှ။ထို့ကြောင့်ညဥ့်နက် ခံပြီးဆွဲနေရ သည်။ တော်သေးသည်မှာ သူ့ကားက gas ကား ဖြစ်နေခြင်းကြောင့် ဆီကားတွေလောက် ပူပန်စရာ မလို။ ဒါမှ မဟုတ်လျှင် အိမ်ပင်ပြန်ရမည် မဟုတ်။ သည်လိုနှင့် ည ၈နာရီ ၂၀ မိနစ်ခန့်တွင်…”အောင်ခြင်းရှစ်ပါး အသံကြားတဲ့ အခါ…”သူ့အကျီင်္ိအိတ်ကပ်ထဲမှ ဖုန်း Ringtone သံကြောင့် ဖုန်းကိုထုတ်လိုက်သည်။ “ဟယ်လို””ဝေယံလား ငါပါ မျိုးညွန့်ပါ””ဟာ ဆရာမျိုး ဟုတ်ကဲ့ အမိန့်ရှိပါ ဆရာ””အေး ငါ ထမလုံပြန်မလို့ မင်း ကား အားလား အခု …

သန်းခေါင်ယံက ကြောက်စရာလူလဲပွဲ (သို့) တက္ကစီသမား တစ်ယောက်ရဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်မှန်Read More »

CCTVထဲမှာ အက်ဆီးဒင့်ဖြစ်ဖြစ်ချင်း ခန္တာကိုယ်ထဲက ထွက်သွားတဲ့ ဝိဉာဉ်ကိုမှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဗီဒီယို

ပရိတ်သတ်ကြီးရေ စက်တင်ဘာလက ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့အထူးဆန်းဆုံးယာဉ်တိုက်မှုတစ်ခုပါပဲနော်။ ဒီသတင်းဟာ ဝက်ဘ်ဆိုက်စ် တွေနဲ့ youtubeပေါ်မှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။သရဲတို့ ဝိဉာဉ် တို့ဆိုတာက အပြင်မှာတကယ်ရှိတယ်လို့ ဘုရားဟောထဲမှာပါရှိပေမယ့် လူဆိုတာက လက်တွေ့မယုံရရင် အရမ်းဖင်ပိတ်ငြင်းချင်ကြတဲ့သူတွေကအများသားပါနော်။ အဲ့တော့ ဒီvideoလေးနဲ့အဖြေရှာကြည့်ရအောင်ဗျာ။ အတုအယောင်ဟုတ်လားမဟုတ်လားဆိုတာကို ကျွမ်းကျင်ITပညာရှင်တွေစစ်ဆေးခဲ့ကြပြီးသားမို့ နိုင်ငံပိုင်သတင်းတွေထဲမှာတောင်ပါခဲ့ရပါတယ်နော်။နိုင်ငံပိုင်သတင်းတွေထဲမှာတောင်ပါခဲ့ရပါတယ်နော်။ ဒီအဖြစ်အပျက်ကတော့ မဆင်မခြင်နဲ့ ကားကိုဝိုက်ကွေ့တဲ့ သူနဲ့ မိမိလမ်းကအမှန်ဆိုပြီး ဆိုင်ကယ်ကို အရှိန်တင်မောင်းခဲ့တဲ့ လူနှစ်ယောက်ကြောင့်ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့်နောက်ဆုံးနစ်နာသူကတော့ ယာဉ်အငယ်ဖြစ်တဲ့ ဆိုင်ကယ်သမားကပဲ ကံဆိုးခဲ့ရတာပေါ့ဗျာ။ ကားကလွတ်ပြီဆိုပြီး ဝိုက်အကွေ့မှာ မျက်နှာချင်းဆိုင်ဘက်ကလာတဲ့ ဆိုင်တစ်စီးက အရှိန်ပြင်းပြင်းနဲ့ကားကိုဝင့်ဆောင့်ခဲ့ပါတယ်။ တစ်ယောက်ကတော့ ကင်မရာမြင်ကွင်းအပြင်ကိုရောက်သွားခဲ့တော့ ဘာဖြစ်မှန်းတော့မသိရပါဘူး။ ဒါပေမယ့် မန်နီလို့ခေါ်တဲ့နောက်တစ်ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ ဆိုင်ကယ်ပေါ်ကလွင့်ထွက်လာတဲ့ ဆိုင်ကယ်မောင်းသမားဟာ ဓာတ်တိုင်ကိုအရှိန်နဲ့ဝင်ဆောင့်ပြီးနောက် ဘဝကူးခဲ့ရပါတယ်။ အဲ့နောက်မှထူးဆန်းတာတစ်ခုက ဝိဉာဉ်လို့ ဆိုရမယ့် ဝါးတားတားအရိပ်မဲမဲ ကြီးတစ်ခုဟာ သေဆုံးသူနားမှာပေါ်လာခဲ့တာကို CCTVမှတ်တမ်းထဲမှာ …

CCTVထဲမှာ အက်ဆီးဒင့်ဖြစ်ဖြစ်ချင်း ခန္တာကိုယ်ထဲက ထွက်သွားတဲ့ ဝိဉာဉ်ကိုမှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဗီဒီယိုRead More »

သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ သန်လျင်မြို့က အိမ်ပျက်ကြီး

အခုတစ်လော အွန်လိုင်းမှာရော လူတွေကြားထဲမှာ နာမည်ကြီးနေတဲ့ အိမ်ပျက်ကြီးကိုရောက်ဖြစ်တယ်။ ဒီနေရာက တကယ်တော့ HE ရဲ့အိမ်နဲ့ သိပ်မဝေးတာရော သွားရလာရမခက်လို့ ရောက်သွားတယ်ပေါ့။ ..အရင်တုန်းက ပွင့်လင်းရာသီမှာတော့ ဓါတ်ပုံရိုက်လာကြတဲ့ လူတော်တော်များများတွေ့ရတယ်၊ ဒါပေမယ့် ဒီလိုအချိန်မိုးရာသီမှာတော့ တကယ်ခြောက်ခြားစရာပါ၊ တကယ်ရော သရဲခြောက်လား ?….. သရဲခြောက်တယ်လို့တော့ လူပြောများကြတယ် ။ဒါပေမယ့် He & She သွားတဲ့အချိန်မှာတော့ ညနေစောင်းဆိုပေမယ့်လည်း အေးအေးဆေးဆေးပါ၊ သရဲနဲ့တူတာတော့ ဘာမှမတွေ့ခဲ့ရပါဘူး။ တစ်အိမ်လုံးမှာ ကိုယ်တွေပဲရှိတယ် .. တော်တော်ခြောက်ခြားစရာပါ။ တကယ်ခြောက်ခြားချင်တဲ့ စိတ်လှုပ်ရှားချင်တယ်ဆိုရင်တော့ သရဲကားမကြည့်ဘဲနဲ့ ဒီလိုဖီလင်လေး ရစေပါတယ်။ SHE မရောက်ဖူးလို့ လိုက်ပို့ပေးတာ ဆိုပေမယ့် ရောက်သွားတော့လဲ နေရာကြီးက အလန်းစားကြီးဆိုတော့ စိတ္တဇ ဆန်ဆန်၊ သရဲဆန်ဆန် ပုံစံလေးတွေတော့ရိုက်ခဲ့တယ်။ တမင်တကာ ကြောက်အောင်လုပ်တာ …

သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ သန်လျင်မြို့က အိမ်ပျက်ကြီးRead More »

“သရဲကို ခိုင်းစား၍ သရဲအစားခံရသူ” ( ဖြစ်ရပ်မှန် )

“သရဲကို ခိုင်းစား၍ သရဲအစားခံရသူ” (စ/ဆုံး) ဒဏ်ရာ * – * – * – * – * – * ကြာခဲ့ပါပြီ။ လွန်ခဲ့သော နှစ်ပေါင်း (၅၀) လောက်က ကိုဖိုးထောင်ဆိုတဲ့ အရက်သမား၊ သားသတ်သမား တစ်ယောက် ရွာတစ်ရွာမှာ ရှိခဲ့ဖူးတယ်။ အဲဒီရွာ အနီးအနားတစ်ဝိုက်မှာ အမဲပေါ်၊ ဝက်ပေါ်ဖို့ဆိုလျှင် ကိုဖိုးထောင်ကိုပဲ လာပြီး ခေါ်ကြရတယ်။ ကိုဖိုးထောင်ဆိုတာကလည်း သားသတ်ခ အခကြေးငွေရယ်လို့ မယူပဲ ကျေးလက် တောရွာများရဲ့ ဓလေ့ထုံးစံအတိုင်း ခေါင်း၊ နားရွက်၊ သွေး စသဖြင့် ဒီလောက်ပဲ ယူတာပေါ့။ ရွာလေးတွေကလည်း တစ်ရွာနှင့် တစ်ရွာ ကပ်လျက်သားဆိုတော့ကာ ကိုဖိုးထောင်တို့ သုံးရာသီစလုံး နားရတယ်လို့ကို မရှိပုံများ …

“သရဲကို ခိုင်းစား၍ သရဲအစားခံရသူ” ( ဖြစ်ရပ်မှန် )Read More »