လမ်းကြုံလိုက်လာတဲ့ သားအမိ ၂ ဦးနှင့် အမြန်လမ်းပေါ်က ခြောက်ခြားဖွယ်ရာ တစ်ညတာ (ဖြစ်ရပ်မှန်)

ညေန (၄း၀၀) နာရီ..။ ကိုယ်စီးရမည့် ကား ကို ကြည့်ပြီး ကျေနပ်နေမိသည်။ စီးရမှာ အတော် ဇိမ်ကျမည့် ကားကြီး…။ ဟုတ်သည်။ အခုနောက်ပိုင်း အထူး express ကားတွေ ပြေးဆွဲလာတာကြောင့် ကျွန်တော်တို့လို မကြာခဏ ခရီး သွားနေသူများအဖို့ အရမ်း ကို အဆင်ပြေလွန်းသည်။ လေယာဉ် မစီးနိုင်သူများအဖို့ ယခင်က ကုန်းလမ်း အဖြစ် ရထား ကိုသာ အားကိုး အားထား ပြုခဲ့ရမှ ယခုအခါတော့ အဆင်ပြေပြေနဲ့ သွားလာနိုင် ကြပြီ ဖြစ်သည်။ အခုလည်း ရန်ကုန်ကို ခဏတစ်ဖြုတ်လာဖို့ရှိတာကြောင့် ကားဂိတ် ရောက်နေရခြင်းဖြစ်သည်။ (၄း၀၀) နာရီ ထိုးသည်နှင့် ကားပေါ်ကို ကျွန်တော်တက်လိုက်သည်။ ခရီးသွားဖူးသူတိုင်း သိကြမည်ထင်သည်။ ကိုယ် ဘယ်တူနဲ့အတူ ထိုင်ခုံ […]

Continue Reading

သင့်အိမ်မှာ သရဲ ရှိနေကြောင်း သိရှိနိုင်တဲ့ လက္ခဏာ(၁၂)ချက်

သင့်အိမ်မှာ သရဲ ရှိနေကြောင်း သိရှိနိုင်တဲ့ လက္ခဏာများ သရဲ အိမ်မှာရှိနေကြောင်း သိရှိနိုင်တဲ့ လက္ခဏာများ ၁။ တိရစ္ဆာန်လေးတွေ အကြောင်းမဲ့ မာန်ဖီခြင်း သင့်ခွေးက အခန်းတစ်ခန်းကိုပဲ အကြောင်းမဲ့ ထိုးဟောင်းနေသလား ။ အိမ်မွေး တိရစ္ဆာန်လေးတွေက အကြောင်းမဲ့ မာန်ဖီခြင်းတွေနဲ့ ထူးခြားတဲ့ အပြုအမူတွေ ပြုလုပ်လာပြီဆိုရင် သူတို့က သင်မမြင်နိုင်တဲ့ အရာ တစ်ခုခုကို မြင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ ။ ၂။ နေရာ တစ်နေရာတည်းမှာပဲ ကွက်ပြီး အေးစိမ့်နေခြင်း ရုတ်တရက်ကြီး ချမ်းစိမ့်သွားတာမျိုး ဆိုရင် အနီးအနားမှာ သရဲတစ္ဆေ ရှိနေလို့ ဖြစ်နိုင်ပါတယ် ။ ၃။ ဆူညံသံများ တံခါးခေါက်သံ ၊ ကုတ်ခြစ်သံ ၊ တဒုန်းဒုန်း ထုသံတွေ ကြားနေရပြီး လုပ်တဲ့သူကို […]

Continue Reading

ည ၁၂နာရီကျော် သန်းခေါင်ယံက တက္ကစီသမား တစ်ယောက်ရဲ့ ထိတ်လန့်ဖွယ် ( ဖြစ်ရပ်မှန် )

သန်းခေါင်ယံက ကြောက်စရာလူလဲပွဲ (သို့) တက္ကစီသမား တစ်ယောက်ရဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်မှန် အထက်ပုဇွန်တောင် လမ်းမကြီး၏တစ်နေရာတွင် ဖြစ်သည်။ဝေယံစိုးသည် သူ၏ Fielder တက္ကစီကားလေးအား ကားပါကင်ထိုးပြီး ခရီးသည်အား မျှော်နေမိသည်။ ခုတလော ကားဆွဲမကောင်းလှ။ထို့ကြောင့်ညဥ့်နက် ခံပြီးဆွဲနေရ သည်။ တော်သေးသည်မှာ သူ့ကားက gas ကား ဖြစ်နေခြင်းကြောင့် ဆီကားတွေလောက် ပူပန်စရာ မလို။ ဒါမှ မဟုတ်လျှင် အိမ်ပင်ပြန်ရမည် မဟုတ်။ သည်လိုနှင့် ည ၈နာရီ ၂၀ မိနစ်ခန့်တွင်…”အောင်ခြင်းရှစ်ပါး အသံကြားတဲ့ အခါ…”သူ့အကျီင်္ိအိတ်ကပ်ထဲမှ ဖုန်း Ringtone သံကြောင့် ဖုန်းကိုထုတ်လိုက်သည်။ “ဟယ်လို””ဝေယံလား ငါပါ မျိုးညွန့်ပါ””ဟာ ဆရာမျိုး ဟုတ်ကဲ့ အမိန့်ရှိပါ ဆရာ””အေး ငါ ထမလုံပြန်မလို့ မင်း ကား အားလား အခု […]

Continue Reading

ကွယ်​လွန်​ ပြီးတဲ့​နောက်​ ဝိညာဉ် ​ဘဝ နဲ့ အိမ် ​မှာ ၇ ရက်​​နေတယ်​ဆိုတာ ဟုတ်​ ၊ မဟုတ်

ကွယ်​လွန်​ ပြီးတဲ့​နောက်​ ဝိညာဉ် ​ဘဝ နဲ့ အိမ် ​မှာ ၇ ရက်​​နေတယ်​ဆိုတာ ဟုတ်​ ၊ မဟုတ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်​ အ​တော်​များများပင်​ ဘဝ​ ဟောင်းမှ ဘဝ သစ်​သို့ ​ပြောင်းကြရာ၌ ​သေလျှင်​​သေခြင်း မိမိ တို့ အိမ်​မှ ထွက်​မသွားပဲ ကွန်​လွန် ​သူ တိုင်း ၇-ရက်​လည်​​အောင်​ ​စောင့်​နေသည်​ဟု ယူဆ​နေကြပါ၏။ ထို့ပြင်​ ရက်​လည်​ သပိတ်​သွတ်​ မှ သာဓု​ ခေါ်ကာ ​ရောက်​ရမည့်​ဘဝကို ​ပြောင်းသွားသည်​ဟု အ​တွေးတိမ်စွာဖြင့်​​လည်း အထင်​လွဲ​နေကြပါ၏။အမှန်​အားဖြင့်​ ထိုသို့ ထင်​မြင်​ယူဆ​နေခြင်းမှာ လွဲမှားနေပါ၏။ ထိုကိစ္စရှင်းလင်းရလျှင်​ ပဋိသ​န္ဓေ စိတ်​ ​စေတသိတ်​နှင့်​ ကမ္မဇရုပ်​တို့၏ ပထမဆုံးဖြစ်​တည်​ရာ ဥပါဒ်​ခဏ ကို ပဋိသ​န္ဓေ ဟု​ခေါ်ပါ၏။ထို့သို့ ပဋိသ​န္ဓေ […]

Continue Reading

တစ္ဆေမကြောက်သော ကိုရင်ပဏ္ဍိ နဲ့သင်္ကန်း မကြောက်သော တစ္ဆေ တို့တွေ့သော အခါ…

သင်္ကန်း မကြောက်ေ သာ တစ္ဆေ နဲ့ တေ စ္ဆ မကြောက်ေ သာ ကိုရ င်ပ ဏ္ဍိ တို့ တွေ့ သော အခါ… ကျွန်တော်ကိုရင်စ၀တ်တဲ့အရွယ်က အသက်၁၀နှစ်အရွယ် ၀တ်တဲ့ဘုန်းကြီးကျောင်းက ကျွန်တော်တို့နယ်တစ်ခွင်မှာ နာမည်ကြီး ဘာနာမည်ကြီးလဲဆိုတော့ သရဲအရမ်းခြောက်တယ် ဆိုပီး သတင်းမွှေးတယ် ။ တကယ်လဲ ခြောက်တယ်။ခြောက်တဲ့သရဲတွေက ကိုရင် ဦးဇင်းတွေတောင်မကြောက်ဘူး ဘုရားသားတော်တွေတောင် ခြောက်ခံထိတယ်။ ဘုန်းကြီးကျောင်းက ပရိယတ္တိစာသင်ကျောင်းဆိုတော့ စာသင်သားတွေလဲ စုံတယ် နယ်ပေါင်းစုံက လာတဲ့ကိုရင်တွေ ဦးဇင်းတွေ များသောအားဖြင့် ပအိုဝ့်တိုင်းရင်းသားတွေပိုများတယ် ။ဘုန်းကြီးကျောင်းမှာ အဆောင်၃ဆောင်ရှိတယ်။ အဆောင်၃ဆောင်လုံး သရဲခြောက်တယ် ကျွန်တော်ကလဲ ကိုရင်စ၀တ်ခါစဆိုတော့ ညဖက်တွေဆို ရွယ်တူကိုရင်လေးတွေ ရှိတဲ့ အဆောင်မှာ သွားအိပ်တယ် ။ အဲဒီထဲမှာ ကိုရင်ပဏ္ဍိ […]

Continue Reading

မန္တလေးတောင်အရှေ့ဖက်မှာ ဆိုင်ကယ် လမ်းကြုံလိုက်စီးတဲ့ သရဲမလေး

တနင်္ဂနွေ နေ့ ညတိုင်း နန်းရှေ့ ရွှေကျောင်းကြီး တောင်ဘက်က ပရဟိတ ၁၀ တန်း အခမဲ့ ကျူရှင်ကို လုပ်အားဒါန Guide သွားပြသေးတယ် နေတာကတော့ အောင်ချမ်းသာ ဘက်လောက်ကပေါ့ဗျာ မန္တလေးတောင် ပတ်ပြီးသွားရတာ သိပ်တော့ မသက်သာ လှ ဘူး ဆိုင်ကယ်နဲ့ပါ ၉၅ စစ်တပ်နားကတော့ မီးတွေ ညဘက် လင်းနေတော့ Guide က အပြန် သိပ်ပြီး မကြောက်ရဘူး ကြောက်လည်း မကြောက်တတ်ဘူး ပြန်တာကတော့ ၁၁ ခွဲ ၁၂ ပဲ တစ်ခုပဲဗျ ၉၅ စစ်တပ် မရောက် ခင် မန္တလေးတောင် အရှေ့ကြော လမ်းက သိတဲ့အတိုင်း မှောင်တာမှမဲလို့ လူမပြောနဲ့ ခွေးတောင် မရှိဘူး။ လမ်း၂ […]

Continue Reading

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ သရဲဖြစ်သွားသောဘုန်းကြီး ….

“သရဲဖြစ်သွားသောဘုန်းကြီး” ပေါက်ခေါင်းမြို့ နယ် ရွာတစ်ရွာက စာတတ်ပေတတ် ဘုန်းကြီး ဦးနန္ဒ တဲ့အသံကောင်း။ အပြောကောင်း။ အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်လို့  ပေါက်ခေါင်းမြို့နယ်တ၀ိုက်သာရေး။နာရေး ကိစ္စတွေမှာ ပွဲတိုင်းကျော် ဖြစ်ခဲ့ပါတယ်။ပစ္စည်းလေးပါးပေါများရုံမကပဲ ၀တ္ထုကြေးငွေများပါ စုမိလာတော့ ဦးနန္ဒ တစ်ပါး သူခိုး ဓါးပြ ရန်ကိုကြောက်လာပါတယ်။ ဒါနဲ့ပဲ သပိတ်ကြီးတစ်လုံးမှာ ၀တ္ထုငွေတွေ အပြည့်ထည့်ပြီး သူ့ ကျောင်းလှေခါးအောက်မှာ မြေကျင်းတူးပြီးမြုပ်ထားလိုက်ပါတယ်။ သူခိုး ဓါးပြ ထက်နှစ်ဆ ဆိုးတဲ့ လောဘ ဆိုတဲ့ တရားဆိုးကြီး သူ့ သန္တာန် မှာရောက်လာပြီ ဆိုတာ သူ့ ခမျာ မသိရှာဘူး။ တနေ့  အသက်လေးဆယ်ကျော်မှာပဲ ဟောပြောရလွန်းလို့  ဖြစ်လာတဲ့လေနာရောဂါနဲ့ပဲ ပျံလွန်တော်မူခဲ့ပါ တယ်။ ရဟန်းတော်တစ်ပါးဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် […]

Continue Reading

သရဲမွေးမိသူ မိခင် ရဲ့ ဘဝ ဇာတ်​ဆုံး ( ဖြစ်​ရပ်​မှန်​ )

ကဲ… သားရေ…လာစားလှည့်တော့… ဒီမှာ သားဖို့ အမဲသားတစ်ဆွဲ.. အမေ၀ယ်လာတယ် ပြောပြောဆိုဆို သူမ လက်ထဲက အမဲသားဆွဲကို သစ်ပင်ခြေရင်းအောက် ချလိုက်သည်။ပြီးတော့ ဘေးဘီ တစ်ချက်ဝှေ့ကြည့်လိုက်သည်။ သေချာသည်။ ဘယ်သူမှ ရှိမနေ..။ တစ်အောင့်အကြာမှာ သစ်ပင်ထက်မှ အရိပ်မဲတစ်ခု အောက်ကိုထိုးဆင်းလာသည်။အပုပ်နံ့နှင့်အတူ ဆိုးရွားလှသော အနံ့ပေါင်းစုံ နှာခေါင်းထဲ အလုအယက် တိုးဝင်လာသည်။ ထိုအရိပ်မဲမှ ထိုးထွက်လာသော အမွှေးအမျှင်များ နှင့် ရှည်လျားသော လက်တစ်စုံမှာ အမဲသားဆွဲကို သစ်ပင်ထက်သို့ ဆွဲယူသွားခဲ့လေတော့သည်။ သူမမှာတော့… ထိုမြင်ကွင်းကို ပီတိဖြစ်စွာ.. ငေးကြည့်လျက်​….မနက်ဖြန်ဆို သူမ၏ တစ်ဦးတည်းသော သား၊ အသုဘချမည့်နေ့ဖြစ်သည်။ သူမ ထိုနေ့ကို ဘယ်လိုဖြတ်သန်း ရမှန်းမသိ..။ ဖတဆိုးသားလေးမို့ အချစ်တွေ အကုန်ပေးအပ်ပြီး အလိုလိုက်ချစ်ခဲ့သော်လည်း ကံကြမ္မာက သူတို့ သားအမိကို ရက်ရက်စက်စက်ခွဲခဲ့လေပြီ..။သူမသားကို […]

Continue Reading

ဟွန်ဒူးရပ်စ် ဆေးရုံတစ်ခုမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ သရဲတစ်ကောင်ရဲ့ဗွီဒီယိုဖိုင်

ဟွန်ဒူးရပ်စ်နိုင်ငံ၊ School Hospital Universitario ဆေးရုံမှာ ဝန်ထမ်းတစ်ဦးဟာ ထူးဆန်းတဲ့ပုံရိပ်တစ်ချို့ကို ဗွီဒီယိုမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ အဆိုပါ ပုံရိပ်ကို အသေးစိတ်စစ်ဆေးရာမှာ သရဲလို့ ယူဆနိုင်ကြောင်း သုံးသပ်မှုတွေ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ School Hospital Universitario ဆေးရုံဟာ လက်ရှိအချိန်ထိ အသုံးပြုနေဆဲ ဆေးရုံတစ်ရုံ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဆေးရုံမှာ စိတ်ဖိစီးမှုတွေ လွန်ကဲနေတဲ့ ဒေါက်တာတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီးနောက်ပိုင်း ညဘက်တွေမှာ သရဲခြောက်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကိုယ်တွေ့ကြုံခဲ့ဖူးသူတစ်ဦးကတော့ အဆိုပါ ဆေးရုံကော်ရစ်တာမှာ ညဘက်ဆို လူခြေအလွန်တိတ်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သရဲခြောက်တယ်ဆိုတဲ့ သတင်းစကားကြောင့် လူနာစောင့်နဲ့ လူနာတွေ အပြင် သိပ်မထွက်ကြတာပါတဲ့။ သူ ကိုယ်တွေ့ကြုံခဲ့ရတာကတော့ မဖြစ်မနေ ဆေးရုံကော်ရစ်တာကနေ ဖြတ်သန်းသွားဖို့ အကြောင်းဖန်လာခဲ့ကြောင်း၊ […]

Continue Reading

သရဲခေါ်ပြီး ကစားမိတဲ့ ၉ တန်းကျောင်းသူလေးများရဲ့ ဖြစ်ရပ်

သရဲခေါ်ပြီး ကစားမိတဲ့ ၉ တန်းကျောင်းသူလေးများရဲ့ ဖြစ်ရပ် ကျောင်းမှာ ဆရာမတွေ၊ အိမ်မှာ မိဘတွေမသိအောင် သရဲခေါ်တဲ့ ဂိမ်းတို့ ၊ဖျာလိပ်နတ်ခေါ်တာတို့ စူးစမ်းချင်တဲ့ မိန်းကလေးတော်တော်များများ လုပ်ဖူးကြမှာပါ.. ကျွန်မတို့လည်း စမ်းသပ်ခဲ့ဖူးပါတယ်.. တစ်သက်မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးက ကျွန်မတို့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာပါ… တစ်နေ့မှာ စုံညီပွဲတော်နီးလာလို့ လူရွေးကြတော့ ကတဲ့အဖွဲ့ထဲမှာ ကျွန်မပါသွားပါတယ်.. ရွေးလိုက်တာ အားလုံး မိန်းကလေးတွေချည်းပဲ… ကျွန်မအပါအဝင် အားလုံးပေါင်းဆယ့်တစ်ယောက်… စာမသင်ရဘဲ အကပဲတိုက်နေတော့ ကျွန်မတို့လည်း ပျော်နေကြတာပေါ့…. ဒါပေမယ့် အရမ်းပင်ပန်းပါတယ်… ကျွန်မတို့ကို အကတိုက်ဖို့ အတွက် စာမသင်တဲ့ အခန်းတစ်ခန်းပေးထားပါတယ်… တစ်ဖြည်းဖြည်း ဆယ့်တစ်ယောက်လုံးပေါင်းမိပြီး ခင်သွားတယ်.. တစ်ရက် အကတိုက်မယ့် ဆရာမက အဝတ်အစားအတွက် အပြင်သွားတာကို အခွင့်ကောင်းယူပြီး အားလုံးအတန်းထဲ ပြန်မဝင်ဘဲ […]

Continue Reading