မိခင်သေဆုံးမှ အမေနားရွက်နှစ်ဘက်မပါမှန်းသိရတဲ့ သားဆရာဝန်လေးရဲ့အဖြစ်…

ကျော်မသွားပါနဲ့ အချိန်နည်းနည်းပေးပြီး ဖတ်ပေးပါ အနှိုင်းမဲ့တဲ့ ချစ်ခြင်းလက်ဆောင် အချိန်ကား ညနာရီ ၂ချက်တီးတော့မည်။ဆေးရုံးခန်းမဆောင် တစ်ခုလုံး အပ်ကျသံပင် မကြားအောင်တိတ်ဆိတ်၍ နေလေသည်။ဆောင်းလေ တိုးတိုးလေးညင်းလိုက်တိုင်း အအေးဓါတ်က အရိုးထဲထိ စိမ့်နေအောင် ချမ်းလှပေသည်။ မွေးခန်းထဲတွင် မြကျော့မေတစ်ယောက် ချွေးသံတရွှဲရွှဲနှင့် အော်ဟစ်ညည်းညူးလေသည်။ သားဦးလည်း ဖြစ်ပြန် ပထမဆုံးကလေးမွေးရသည့်အတွက် မြကျော့မေပထမဆုံး နာကျင်မှု့ကို အံခဲခါနေလေတော့သည်။ ဆရာဝန်ကြီးနှစ်ယောက်နှင့် သူနာပြု ဆရာမများသည် မြကျော့မေလွယ်ကူစွာ မွေးဖွားနိုင်ရန် အစွမ်းကုန်ကြိုးစားပေးနေတော့သည်။ “အူဝဲ့  အူဝဲ့  အူဝဲ ” တိတ်ဆိတ်နေသော အခန်းမဆောင်တစ်ခုလုံးကို ဖုံလွှမ်းသွားသော အသံဖြစ်သည်။ မြကျော့မေတစ်ယောက် နာကျင်မှု့ဝေဒနာကြားမှ ကလေးငိုသံကို နားစိုက်ထောင်ရင် တစ်ချက်ပြုံးလိုက်သည်။ သူမရင်ထဲ အတိုင်းမသိ ပျော်ရွှင်နေလေသည်။ […]

Continue Reading

နူတ်ဆက်ခြင်းက သင့်အသက်ကို မကယ်တင်နိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။

အမေရိကန်နိုင်ငံက တကယ့်အဖြစ်အပျက်လေးပါ။ သားသတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့အလုပ်ချိန်ပြီးခါနီး အိမ်မပြန်ခင်လေးမှာ ခုတ်ထစ်ပြီး အမဲသားတွေကို မပုတ်သိုးအောင် တန်းစီချိတ်ဆွဲထားတဲ့ အအေးခန်းထဲကို ဝင်စစ်ဆေးပါတယ်။ ဝင်ပေါက်သံတံခါးကြီးဟာ ရုတ်တရက်ပိတ်သွားတယ်။ တံခါးကြီးဟာ အထဲကနေ ဖွင့်လို့ မရဘဲ အပြင်ကနေပဲ ဖွင့်လို့ရတယ်။ အအေးခန်းထဲက အပူချိန်ကလည်း ရေခဲမှတ်အောက် ရောက်တဲ့အထိ အေးနေတယ်။ အခန်းတစ်ခုလုံးလည်းအလင်းရောင်မရှိ မှောင်ပိန်းသွားတယ်။ သူလည်း ကြောက်အားလန့်အားနဲ့ အသံကုန် အော်တယ်။ တံခါးကို လက်နဲ့ တဝန်းဝုန်း ထုပုတ်တယ်။ ဒါပေမဲ့ ဝင်ပေါက်တံခါးဟာ သံထုထည်ကြီးကြီးမားမားနဲ့ အထူကြီး လုပ်ထားတာမို့ အပြင်က လူတွေ မကြားနိုင်ပါဘူး။ နောက်ပြီး အလုပ်ဆင်းချိန်မို့ အလုပ်သမားအားလုံးနီးပါးလည်း အိမ်ပြန်သွားကြပြီ။ သူလည်း တံခါးကို ထုလိုက်၊ အော်ခေါ်လိုက်နဲ့ တစ်နှစ်ရီကြာတော့ လက်တွေနာ၊ အသံကုန် […]

Continue Reading

လှူတော့လှူတယ် ကုသိုလ်မဖြစ်သော သတိထားဖွယ် ငရဲအနံ့ သင်းနေသော အလှူများ

သတိထားဖွယ် ငရဲအနံ့ သင်းနေသော အလှူများ အလှူဒါနပြုခြင်းသည် ကုသိုလ်ရရန်ဖြစ်၏။ အလှူပွဲ၌ ကြက်၊ ဝက်၊ နွားများကိုသတ်၍ ကျွေးမွေးခြင်းဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်ရ၏။ အလှူရှင်သည် ပင့်သံဃာ၊ ဖိတ်ထားသော ပရိသတ်အတွက် လောက်လောက်ငငဖြစ်စေရန် ကြက်က ဘယ်နှစ်ကောင်၊ ဝက်က ဘယ်နှစ်ကောင် သတ်၍ကျွေးရမည်ဟု စိတ်ကိုဖြစ်စေ၏။ မလှူမီကပင် မနောကံအကုသိုလ်များ ဖြစ်နေသည်။ တစ်ဖန် အလှူပွဲရောက်သောအခါ သတ္တဝါများကို မိမိကိုယ်တိုင် မသတ်စေကာမူသင့်တော်မည့် ပုဂ္ဂိုလ်များကို သတ်ရန် ပြောဆိုစေခိုင်းရပြန်သည်။ထိုအခါ ဝစီကံ အကုသိုလ်က ဖြစ်ရပြန်သည်။ တစ်ဖန်ဟင်းလျာများ ရရှိရေးအတွက် ရှေးဦးစွာ ကိုယ်တိုင်အားထုတ်ရ၏။ကြက်၊ ဝက် ရနိုင်သည့်နေရာသို့ သွားရ၏။ အရောင်းအဝယ်ကိစ္စဆောင်ရွတ်ရ၏။ တန်ဖိုးကိုပေးချေရ၏။ထိုအခါ ကာယကံအကုသိုလ် ဖြစ်တော့၏။ အလှူရှင်သည် ကောင်းမှုပြုမည်ဟု နှလုံးသွင်းကာ မကောင်းမှုကို ပြုဘိ၏။ကုသိုလ်ပြုအံ့ဟူ၍ […]

Continue Reading

“မိခင်မေတ္တာကြီးမားပေစွ”

“မိခင်မေတ္တာကြီးမားပေစွ” ဒီပုံကို ရုတ်တရက်မြင်လိုက်ရင် အများစုက ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတစ်ယောက်လို့ မြင်ကြလိမ့်မယ်။ ကိုယ်ကတော့ ဒီပုံမှာ မိခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်း လှမ်းမြင်လိုက်ရတယ်။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ပါဘူး။အလွဲတွေနဲ့ နိုင်ငံမှာ ဒီအလွဲဟာလည်း အလွဲပေါင်းများစွာထဲက အလွဲတစ်ခုပါပဲ။ ဒီအသက်အရွယ်၊ ဒီမျက်နှာ၊ ဒီဟန်ပန်နဲ့ အဒေါ်ကြီးတစ်ယောက်ဟာ သက်သေခံပစ္စည်းတွေဖြစ်တဲ့ စိတ်ကြွဆေး အသုံးပြုတဲ့ပစ္စည်းတွေကို သုံးစွဲတတ်မလား၊ သူ့ရဲ့ပစ္စည်းတွေ တကယ်ဖြစ်နိုင်ပါ့မလား။ သိပ်ရှင်းလင်းပါတယ်။ ကိုယ်ကတော့ မချိပြုံးပဲ ပြုံးနိုင်တယ်။စတေးခံမှုတစ်ခုခုကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့အခါ ဘယ်လိုတုန့်ပြန်ရလဲ ကိုယ်မသိဘူး။ ငယ်ငယ်က ဖတ်ဖူးတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်းပါးတစ်ပုဒ်ကို သတိရမိတယ်။ရေးသူက ရဲအုပ်တစ်ဦးပါ။ မူးယစ်ဆေးဝါးသတင်းရလို့ အိမ်တစ်အိမ်ကို ဝင်ရှာဖွေတယ်။ အလုံပိတ်ဂျက်ချထားတဲ့ အိမ်သာထဲမှာ တရားခံရှိရမယ်ဆိုပြီး အတင်းဖွင့်ကြတဲ့အခါ အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ပစ္စည်းတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ချွေးတွေရွှဲနစ်ကြောက်ရွံ့နေတဲ့ အသက်၈၀ကျော်အမေအိုကြီး။ […]

Continue Reading

“သား ကြိုးစားပါသေးတယ်အမေရယ်သား အားထုတ်ပြိးရုန်းကန်ပါသေးတယ်အမေရယ်”

“-ခွင့်လွှတ်ပါအမေ” အဲဒီနေ့ မနက်ကပေါ့အမေ သားလေ အိပ်ယာက အစောကြီးထ ထမင်းကြမ်းကို ရှုးရှဲလဖက်နဲ့ အားပါးတရ နယ်ဖတ်စားသောက်မျောထဲ အလုက်လုပ်ဖို့ ထွက်လာခဲ့လိုက်တယ်။ အလုပ်လုပ်နေရင်းသားရဲ့ အတွေးထဲမှာရွာမှာကျန်ခဲ့တဲ့ အမေနဲ့  ညီမလေးရှင်မပြုရသေးတဲ့ ညီလေး.. ရွာမှာ ရှင်ပြုပွဲကြိးကိုအားပါးတရလုပ်ချင်နေတဲ့အမေအလှုမှာ ထည့်ဖို့  မြို့ကနာမည်ကြိးဆိုင်းဝိုင်းကြိးကိုမှ ငှါးချင်တာသားရဲ့ … ပြိးတော့လေသားအဖေရဲ့ နာမည်လေးနဲ့ ရွာဦးက စေတီလေးမှာ ဘုရားဆင်းတုတစ်ဆူလှုချင်လိုက်တာသားရယ် လို့ ပြောပြောနေတဲ့ အမေ့စကားသံ… အစ်ကိုကြိး အလုပ်အဆင်ပြေလို့ သူဌေးကြိးဖြစ်ရင်ညီ့ကို ဆိုင်ကယ်ဝယ်ပေးနော်လို့ ဆိုလာတဲ့၈တန်းကျောင်းသားညီငယ်လေးရဲ့အသံ… အစ်ကိုကြိး ညီမလေးကိုတော့အရုပ်လှလှလေးတွေနဲ့ မုန့်တွေအများကြိးဝယ်ပေးနော်လို့ အသံလေးစာစာနဲ့ဆိုလာတဲ့ညီမလေးရဲ့ လိုအင်ဆန္ဒတွေ…. “အမေရေ”သားလေအမေတို့ ညီ ညီမလေးတို့ ဖြစ်ချင် လုပ်ချင်တဲ့ ဆန္ဒလေးတွေကိုဖြည့်ဆည်းပေးချင်လွန်းလို့ အလုပ်ကိုကြိုးစားပြိးလုပ်နေတာထမင်းကိုတောင် နပ်မှန်အောင်မစားခဲံ့ရက်ပါဘူးအမေရယ်… အဲဒီလို အတွေးတွေုနဲ့အလုပ်လုပ်နေတုန်း” ဗြုန်း”ဆိုတဲ့အသံနဲ့အတူ […]

Continue Reading

ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့ကြတဲ့ စာရေးဆရာကြီး ၃ယောက်

ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့ကြတဲ့ စာရေးဆရာကြီး ၃ယောက်ရှိပါတယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရယ် ဆရာမ လွန်းထားထား ဆေးတက္ကသိုလ်ရယ် ဆရာ ဦးရဲမြင့်ကျော် (လင်္ကာရည်ကျော်) ရယ် အရင်ဆုံးပြောရရင် ဆရာဘုန်းနိုင်… ဆရာဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ ဝတ္ထု သိပ်ဆန်ပါတယ်။အရမ်းကောင်း အရမ်းမွန်မြတ် အရမ်း ပြောစရာ မရှိ စသဖြင့် အရမ်းတွေကို ပိုင်ဆိုင်ထားတဲ့ အရမ်းကြီးတွေ ဖြစ်ပါတယ် ။ ဆရာ ဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ အစိုးရအလုပ်ဝင်ကြပါတယ်။အပြင်ဆေးခန်း မထိုင်ကြပါဘူး။အပြင် ဆေးခန်းဖွင့်ထားလားလို့ ဆေးရုံမှာ လာမေးတဲ့ လူနာကို ဆရာဝန်က စိတ်တွေ ဆိုးပါတယ်…အယ်လယ် ဒါပေမယ့် ဆရာဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ အလွန်ပဲ ချမ်းသာကြပါတယ်။ကားတွေ ရှားတဲ့ ခေတ်မှာတောင် ကိုယ်ပိုင်ကားတွေ စီးကြပါတယ် ။ဒရိုင်ဗာတောင် ငှါးနိုင်လိုက်ပါသေးတယ်။ မိဘချမ်းသာလားဆိုပြီး […]

Continue Reading

ဆယ်တန်း၆ဘာသာဂုဏ်ထူးရပြီး မိဘကိုကူညီရမှန်းမသိလို့ကျွန်မရဲ့ taxi driver လေးက ဘာလုပ်ရမလဲ မေးဖူးတယ်.. စာရရင်တော်ပြီဆိုပြီး အတွင်းခံကအစ လျှော်ပေးခဲ့ တာ ခုတော့ ပြင်မရတော့ဘူး..

ဆယ်တန်း၆ဘာသာဂုဏ်ထူးရပြီး မိဘကိုကူညီရမှန်းမသိလို့ကျွန်မရဲ့ taxi driver လေးက ဘာလုပ်ရမလဲ မေးဖူးတယ်.. စာရရင်တော်ပြီဆိုပြီး အတွင်းခံကအစ လျှော်ပေးခဲ့ တာ ခုတော့ ပြင်မရတော့ဘူး.. ဒါ့ကြောင့်ငယ်ငယ်ကတည်းက ပုံသွင်းမှရပါမယ်… ဒီစာလေးကြိုက်လို့ ရှယ်ပါတယ်… Credit…Original Writer သားသမီးတွေကို လိမ္မာစေချင်ရင် အရမ်းအလိုမလိုက်ပါနဲ့ သူတို့ကို သွန်သင်ပါ လူရော စိတ်ပါ အရမ်း ပင်ပန်းပါတယ် ဒါပေမယ့် ငယ်တုန်းမှာ သွန်သင်ပါ အိမ်မှာ အလုပ်ခိုင်းပြီးမှ မုန့်ဖိုးပေးပါ လောက မှာ ဘယ်အရာမှ အလကားမရတဲ့ အကြောင်း သူတို့ ခေါင်းထဲ စွဲနေအောင်သင်ပါ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ မုန့်ဖိုးက အစ အလကားမပေးနဲ့ ဘာလိုချင်ချင် အလကားမဝယ်ပေးနဲ့ မုန့်ဖိုးလိုချင်လား သချာင်္ဘယ်နှစ်ပုဒ်တွက်ရင် ဘယ်လောက်ပေးမယ် deal လုပ်ပါ […]

Continue Reading

“သားလတ်ကလေးရေ ဗေဒင်လို့ ရေးထားတဲ့ စုဗူးရယ် …မကျည်းရွက်လို့ ရေးထားတဲ့စုဗူးရယ် အမေ့ကိုယူလာပေး”

စုဆောင်းဖွေရှာ ဒီမနက် အဖေ အမေတို့အိမ်မှာ “သားလတ်ကလေးရေ ဗေဒင်လို့ ရေးထားတဲ့ စုဗူးရယ် …မကျည်းရွက်လို့ ရေးထားတဲ့စုဗူးရယ် အမေ့ကိုယူလာပေး” ကျနော်ယူလာတော့ အဖေကပြောတယ် “ဟေ့ရောင် ဗေဒင်ကိုထားခဲ့ မကျည်းရွက်က နှစ်ဗူးရှိတာ မကျည်းရွက်တွေပဲ ယူလာ” ကျနော် အဖေပြောတဲ့အတိုင်း ယူလာပေးလိုက်တယ် စကောထဲ စုဗူးနှစ်လုံးဖောက်ချ ပိုက်ဆံရေကြတယ်။စုစုပေါင်း275000ကျော် အရင်နှစ်က သုံးသိန်းလောက်ရသတဲ့ ဒီနှစ်နဲသွားသတဲ့ အမေပြောတာ…. ရွာမှာ အဖေနဲ့အမေ အိမ်ဆိုင်လေးဖွင့်ထားတာ စားလောက်ရုံမကပါဘူး။ပိုငွေတောင်နှစ်စဉ် အလှူအတန်းလုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အမေကနေ့စဉ် အားတဲ့အချိန်တိုင်း ရွာရိုးတလျှောက် မကျည်းရွက် ကင်းမုံရွက် ကျီးအာရွက် ကြက်ဟင်းခါးသီးအကုန်လိုက်ခူးတယ်။ ရွာမှာနေတဲ့ ဝမ်းကွဲအမက ကျနော့်ကိုဖုန်းဆက်ပြီး အမြဲပြောတယ်…အမေကတော့ ဘယ်သူပြောပြောခူးမြဲ…. အဖေလေ သူဗေဒင်ဟောလို့ရတဲ့ငွေ သူတောင်းစား အိမ်ရှေ့လာတောင်းရင် အနည်းဆုံး ငါးရာတန်ပေးတာဗျ …ကျနော်က အကြွေရှာတုန်း…. […]

Continue Reading

ဘယ်နှစ်ကြိမ်ပဲ ပြန်ဖတ်ဖတ် ရိုးမသွားနိုင်တဲ့ “အိမ်ရိုက်သံ”….

ဘယ်နှစ်ကြိမ်ပဲ ပြန်ဖတ်ဖတ် ရိုးမသွားနိုင်တဲ့ “အိမ်ရိုက်သံ” ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။ အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ […]

Continue Reading

ဂဠုန်ဦးစောဇနီးက ဗိုလ်ချုပ်အတွက် အသက်လျှော်ကြေး လာပေးတော့ ဒေါ်ခင်ကြည် ပြန် ပြောလိုက်တဲ့စကား…

ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသော အာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေး ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုးံခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေးရန် ၎င်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်းတွင်းမှ မှာကြားခဲ့သည်။ ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအားလိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသော အခါ ဒေါ်ခင်ကြည်က ရှင့်ယောက်ျား ကျမယောက်ျားကို လုပ်ကြံလို့ ကျမမုဆိုးမဘဝရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘဝတူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘဝကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။ အမုန်းတရားပွားများခြင်းမှ ကင်းဝေးကြပါစေ … ။ သန်းဝင်းလှိုင် ၏ မဟာသီရိသုဓမ္မဒေါ်ခင်ကြည် မှ ကောက်နှုတ်တင်ပြပါသည်။ Crd.THAN WIN HLAING VIA TNL. […]

Continue Reading