“လူတစ္ခ်ိဳ႕လုပ္ေနတာေျပာျပမယ္” လို႔ ပါခ်ဴပ္​ဆရာ​ေတာ္​ႀကီး မွ မိန္​႔ပါတယ္

ဗဟုသုတစုံ

“လူတစ္ခ်ိဳ႕လုပ္ေနတာေျပာျပမယ္” လို႔ ပါခ်ဴပ္​ဆရာ​ေတာ္​ႀကီး မွ မိန္​႔ပါတယ္​ ……..

တခ်ိဳ႕ ေနရာေတြမွာဆိုလမ္းက္ို ပိတ္ျပီးေတာ့ေတာင္ အလွဴခံတာေတြ႔ရတယ္ ……

သဒၶါရွိတဲ႔သူက လာလွဴတာမ်ိဳးမဟုတ္ဘဲၾကိဳေနေစာင့္ေနေျပာဆို အလွဴခံေနရင္ဒါေတာင္းေနတာနဲ႔အတူတူပဲ…….

ဒါကို လက္ခံရင္ဘုန္းၾကီးတို႔ သူေတာင္းစားျဖစ္သြားမယ္ ……

ဘုန္းၾကီး တေလာကစကၤာပူက အဘိဓမၼာသင္တန္းပို႔ခ်ဖို႔ပင့္လို႔ သြားတယ္..ဒါကို အလွဴခံၾကတယ္……

“ဘုန္းၾကီး က်န္းမာေရးမေကာင္းလို႔ ေဆးကုဖို႔”လို႔ ေျပာၿပီးအလွဴခံၾကတာ..

သိပ္ဝမ္းနည္းစရာေကာင္းတယ္…..

တစ္ခါ ဒကာတစ္ေယာက္ကလည္းေလ်ွာက္ျပန္တယ္..”ဘုန္းၾကီးေက်ာင္းေဆာက္ဖို႔လိုရင္””အလွဴခံျဖတ္ပိုင္းရိုက္ေပးပါ””အလွဴခံေပးပါ့မယ္”တဲ့…..

ဒါေတြက ေတာ္ေတာ္မေကာင္းတဲ့ကိစၥေတြပဲ..ဘုန္းၾကီးငယ္ငယ္တုန္းကရဟန္းဒါယကာေတြက “လိုတာေျပာပါ” ဆိုျပီးေျပာလြန္းလို႔ ၂ခါေလာက္ပဲ ေတာင္းဖူးတယ္..

ေနာက္တစ္ခုတရားပြဲေတြမွာ အလွဴခံဖလားေတြ ခ်ထားတယ္..တရားလာနာတဲ့လူတစ္ေယာက္ဟာဒါကိုျမင္ျပီး သူမလွဴႏိုင္တဲ့အခါသူ့႔စိတ္ထဲ စႏိုးစေနာင့္ျဖစ္သြားတယ္ဆိုရင္ဒါဟာမေကာင္းေတာ့ဘူး..

ပိုက္ဆံေပးျပီးမွ တရားနာရတယ္ဆိုရင္ဘုန္းၾကီးတို႔က တရားကို ေရာင္းေနသလိုျဖစ္ေနမယ္..ေရာင္းရေအာင္ကလည္း ကိုယ့္တရားမဟုတ္ဘူး..ဘုရားတရားေတာ္ေတြ..

တခ်ိဳ႕ေနရာေတြမွာဆိုလမ္းက္ို ပိတ္ျပီးေတာ့ေတာင္ အလွဴခံတာေတြ႔ရတယ္..သဒၶါရွိတဲ႔သူက လာလွဴတာမ်ိဳးမဟုတ္ဘဲၾကိဳေနေစာင့္ေနေျပာဆို အလွဴခံေနရင္ဒါေတာင္းေနတာနဲ႔အတူတူပဲ..

ဒါကို လက္ခံရင္ဘုန္းၾကီးတို႕သူေတာင္းစားျဖစ္သြားမယ္..ဒါေၾကာင့္ ဘုန္းၾကီးတို႔တရားပြဲေတြမွာစာအုပ္တို႔ အေခြတို႔ အေရာင္းမခံဘူး..

ဘုန္းၾကီးကေရာင္းတယ္ ေရာင္းခိုင္းတယ္ထင္မွာကိုသိပ္စိုးရိမ္တယ္..

ဘုန္းၾကီးတို႔ဆရာသမားမေထရ္ၾကီးတစ္ပါးဆိုသူ႔ဒါယကာေတြက “ဘာလိုလဲဘုရား”လို႔ေမးေတာ့”သဒၶါရွိသေလာက္ၾကည့္လွဴ””ဘာလိုလဲ ေနာက္မေမးနဲ႔”လို႔ေျပာတာေတြ႔ဖူးတယ္..

တမင္ၾကီး အလွဴေပးခ်င္ေအာင္ ေျပာေနစရာမလိုဘူး..

သဒၶါရွိတဲ႔သူက လိုက္ရွာျပီးေတာင္လွဴတယ္..

တရားကို ေဟာတဲ့ေနရာမွာလည္းဘုန္းၾကီးတို႔ ဘုရားညႊန္ၾကားခ်က္အတိုင္းေဒသနာစဥ္အတိုင္းေဟာတယ္..

အေၾကာင္းျပခ်က္ခိုင္လံုတဲ့တရားပဲ ေဟာတယ္..

တရားနာသူေတြအေပၚ ေမတၱာနဲ႕ေဟာတယ္..

မသ္ိၾကေသးတာ သိၾကပါေစ ဆိုတဲ့ေစတနာနဲ႔ ေဟာတယ္..

ကိုယ္႔ဂုဏ္ကိုေျမွာက္ သူမ်ားကိုႏွိမ္တဲ့တရားမ်ိဳး မေဟာဘူး..

ျမတ္စြာဘုရားက တပည့္သံဃာေတြကိုလည္းဒီလိုတရားေတြေဟာဖို႔ တိုက္တြန္းခဲ့တာပါ..

ဒါကို လိုက္နာဖို႔အေရးႀကီးပါတယ္ …….

ပါခ်ဳပ္ဆရာေတာ္ႀကီး

🙏🙏🙏

=====================

“လူတစ်ချို့လုပ်နေတာပြောပြမယ်” လို့ ပါချူပ်​ဆရာ​တော်​ကြီး မှ မိန်​့ပါတယ်​ ……..

တချို့ နေရာတွေမှာဆိုလမ်းက်ို ပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ် ……

သဒ္ဓါရှိတဲ့သူက လာလှူတာမျိုးမဟုတ်ဘဲကြိုနေစောင့်နေပြောဆို အလှူခံနေရင်ဒါတောင်းနေတာနဲ့အတူတူပဲ…….

ဒါကို လက်ခံရင်ဘုန်းကြီးတို့ သူတောင်းစားဖြစ်သွားမယ် ……

ဘုန်းကြီး တလောကစင်္ကာပူက အဘိဓမ္မာသင်တန်းပို့ချဖို့ပင့်လို့ သွားတယ်..ဒါကို အလှူခံကြတယ်……

“ဘုန်းကြီး ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့”လို့ ပြောပြီးအလှူခံကြတာ..

သိပ်ဝမ်းနည်းစရာကောင်းတယ်…..

တစ်ခါ ဒကာတစ်ယောက်ကလည်းလျှောက်ပြန်တယ်..”ဘုန်းကြီးကျောင်းဆောက်ဖို့လိုရင်””အလှူခံဖြတ်ပိုင်းရိုက်ပေးပါ””အလှူခံပေးပါ့မယ်”တဲ့…..

ဒါတွေက တော်တော်မကောင်းတဲ့ကိစ္စတွေပဲ..ဘုန်းကြီးငယ်ငယ်တုန်းကရဟန်းဒါယကာတွေက “လိုတာပြောပါ” ဆိုပြီးပြောလွန်းလို့ ၂ခါလောက်ပဲ တောင်းဖူးတယ်..

နောက်တစ်ခုတရားပွဲတွေမှာ အလှူခံဖလားတွေ ချထားတယ်..တရားလာနာတဲ့လူတစ်ယောက်ဟာဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါသူ့့စိတ်ထဲ စနိုးစနောင့်ဖြစ်သွားတယ်ဆိုရင်ဒါဟာမကောင်းတော့ဘူး..

ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင်ဘုန်းကြီးတို့က တရားကို ရောင်းနေသလိုဖြစ်နေမယ်..ရောင်းရအောင်ကလည်း ကိုယ့်တရားမဟုတ်ဘူး..ဘုရားတရားတော်တွေ..

တချို့နေရာတွေမှာဆိုလမ်းက်ို ပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်..သဒ္ဓါရှိတဲ့သူက လာလှူတာမျိုးမဟုတ်ဘဲကြိုနေစောင့်နေပြောဆို အလှူခံနေရင်ဒါတောင်းနေတာနဲ့အတူတူပဲ..

ဒါကို လက်ခံရင်ဘုန်းကြီးတို့သူတောင်းစားဖြစ်သွားမယ်..ဒါကြောင့် ဘုန်းကြီးတို့တရားပွဲတွေမှာစာအုပ်တို့ အခွေတို့ အရောင်းမခံဘူး..

ဘုန်းကြီးကရောင်းတယ် ရောင်းခိုင်းတယ်ထင်မှာကိုသိပ်စိုးရိမ်တယ်..

ဘုန်းကြီးတို့ဆရာသမားမထေရ်ကြီးတစ်ပါးဆိုသူ့ဒါယကာတွေက “ဘာလိုလဲဘုရား”လို့မေးတော့”သဒ္ဓါရှိသလောက်ကြည့်လှူ””ဘာလိုလဲ နောက်မမေးနဲ့”လို့ပြောတာတွေ့ဖူးတယ်..

တမင်ကြီး အလှူပေးချင်အောင် ပြောနေစရာမလိုဘူး..

သဒ္ဓါရှိတဲ့သူက လိုက်ရှာပြီးတောင်လှူတယ်..

တရားကို ဟောတဲ့နေရာမှာလည်းဘုန်းကြီးတို့ ဘုရားညွှန်ကြားချက်အတိုင်းဒေသနာစဉ်အတိုင်းဟောတယ်..

အကြောင်းပြချက်ခိုင်လုံတဲ့တရားပဲ ဟောတယ်..

တရားနာသူတွေအပေါ် မေတ္တာနဲ့ဟောတယ်..

မသ်ိကြသေးတာ သိကြပါစေ ဆိုတဲ့စေတနာနဲ့ ဟောတယ်..

ကိုယ့်ဂုဏ်ကိုမြှောက် သူများကိုနှိမ်တဲ့တရားမျိုး မဟောဘူး..

မြတ်စွာဘုရားက တပည့်သံဃာတွေကိုလည်းဒီလိုတရားတွေဟောဖို့ တိုက်တွန်းခဲ့တာပါ..

ဒါကို လိုက်နာဖို့အရေးကြီးပါတယ် …….

ပါချုပ်ဆရာတော်ကြီး

🙏🙏🙏