ကမၻာ့ ဟဲဗီး၀ိတ္ ခ်န္ပီယံဆု ကို သိမ္းပိုက္သြားတဲ့ ေအာင္လကို စိန္ေခၚထားသူ ဗီရာ

အားကစားသတင်း

ျမန္မာ့ ဂုဏ္ေဆာင္ ဖိုက္တာ ေအာင္လ အန္ဆန္းကို စိန္ေခၚထားတဲ့ ဖစ္လစ္ပိုင္ ဖိုက္တာ ဘရန္ဒန္ ဗီရာဟာ ယမန္ေန႕ညမွာ ထုိုးသတ္ခဲ့တဲ့ MMA ဟဲဗီး၀ိတ္ ခ်န္ပီယံ လုပြဲမွာ အီတလီက ဖိုက္တာ စီရီလီ ကို အႏိုင္ယူျပီး ၊ ခ်န္ပီယံ ဆုကို ဆြတ္ခူး သြားခဲ့ျပီ ျဖစ္ပါတယ္။

ဗီရာဟာ အသက္ 41 ႏွစ္ အရြယ္ ရွိျပီ ျဖစ္ျပီး ၊ ယခင္က MMA ေလာက ကေန အနားယူကာ ဖီလစ္ပိုင္ ႏိုင္ငံမွာ ရုပ္ရွင္ ဇာတ္လမ္းေတြ ရုိတ္ကူးေနခဲ့တာ ျဖစ္ကာ ၊ ဒီႏွစ္ ေရာက္မွ ဖိုက္တာ ေလာကကို ျပန္လည္ ၀င္ေရာက္ဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ ယခင္က သိမ္းပိုက္ ထားခဲ့ဖူးတဲ့ One Heavyweight Champion ဆု အတြက္ အီတလီက ဖိုက္တာ စီရီလီ နဲ႔ စိန္ေခၚ ထိုးသတ္ခဲ့တာ ျဖစ္ပါတယ္။

ပြဲ စတင္မီမွာေတာ့ အၾကိတ္အနယ္ ျဖစ္မယ့္ ပြဲေကာင္း တစ္ပြဲလို႔ ခန္႔မွန္းထားခဲ့ၾကေသာ္လဲ ၊ တကယ္တမ္း ထိုးသတ္ခ်ိန္မွာ 1 မီးနစ္ နဲ႔ 4 စကၠန္႔သာ ၾကာျမင့္ခဲ့ျပီး ၊ ဗီရာရဲ႕ ဘယ္လက္သီးခ်က္ နဲ႔ တစ္ခါတည္း လဲက်သြားခဲ့ကာ အရႈံးေပးသြားခဲ့ ရတာ ျဖစ္ပါတယ္။ ဒီပြဲ အႏိုင္ရလာဒ္ေၾကာင့္ ဗီရာဟာ One Heavyweight Champion ခါးပတ္ကို ျပန္လည္ သိမ္းပိုက္ ႏိုင္ခဲ့ျပီး ၊ One Championship ရဲ႕ ပိုင္ရွင္ ခ်တ္ထရီ ကိုယ္တိုင္ တက္ေရာက္ ခ်ီးျမွင့္ခဲ့ ပါတယ္။

ဗီရာဟာ ဒီပြဲ အျပီးမွာ ေအာင္လ အန္ဆန္း နဲ႔ ဂ်ပန္မွာ ထိုးသတ္ဖို႔ စိန္ေခၚ ထားသူ ျဖစ္ျပီး ၊ ခ်တ္ထရီ ကလဲ သူတို႔ ႏွစ္ေယာက္ ထိုးသတ္မယ့္ ပြဲဟာ ျဖစ္လာ ႏိုင္ေခ်ေတြ အမ်ားၾကီး ရွိတယ္လို႔ သံုးျပထားသလို ၊ ေအာင္လ အန္ဆန္းဟာ စိန္ေခၚမႈ အသစ္ေတြကို ရင္ဆိုင္လိုတဲ့ ဖိုက္တာ တစ္ေယာက္ ျဖစ္တာေၾကာင့္ ၊ ဗီရာရဲ႕ စိန္ေခၚမႈကို လက္ခံလိမ့္မယ္လို႔ ယံုၾကည္လွ်က္ ရွိေနပါတယ္။

ယမန္ေန႕ည ဖီလစ္ပိုင္ ႏိုင္ငံ မနီလာ ျမိဳ႕မွာ က်င္းပခဲ့တဲ့ One Championship ျပိဳင္ပြဲ မွာေတာ့ ဖီလစ္ပိုင္ ဖိုက္တာေတြပဲ ေအာင္ပြဲ ခံသြားခဲ့ျပီး ၊ လက္ရွိမွာ ဖိလစ္ပိုင္ဟာ ကမၻာ့ခ်န္ပီယံ 5 ဦး အထိ ေမြးထုတ္ေပး ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။

သူတို႔ ရဲ႕ အေက်ာ္အေမာ္ ဖိုလာယန္း ဟာလဲ စိန္ေခၚလာသူ စကၤာပူး ႏိုင္ငံသား အာမီးရာ ခန္းကို ယမန္ေန႕ညမွာ ထိုးသတ္ခ့ဲရာ ၊ 5 ခ်ီအတြင္း အသာစီး ထိုးသတ္ ႏိုင္ခဲ့သလို ၊ ပြဲအျပီးမွာလဲ ဒိုင္အဆံုးအျဖတ္ နဲ႔ အႏိုင္ ရရွိသြားခဲ့ ပါတယ္။

Via: SportsMyanmar

#Unicode Version

မြန်မာ့ ဂုဏ်ဆောင် ဖိုက်တာ အောင်လ အန်ဆန်းကို စိန်ခေါ်ထားတဲ့ ဖစ်လစ်ပိုင် ဖိုက်တာ ဘရန်ဒန် ဗီရာဟာ ယမန်နေ့ညမှာ ထိုးသတ်ခဲ့တဲ့ MMA ဟဲဗီးဝိတ် ချန်ပီယံ လုပွဲမှာ အီတလီက ဖိုက်တာ စီရီလီ ကို အနိုင်ယူပြီး ၊ ချန်ပီယံ ဆုကို ဆွတ်ခူး သွားခဲ့ပြီ ဖြစ်ပါတယ်။

ဗီရာဟာ အသက် 41 နှစ် အရွယ် ရှိပြီ ဖြစ်ပြီး ၊ ယခင်က MMA လောက ကနေ အနားယူကာ ဖီလစ်ပိုင် နိုင်ငံမှာ ရုပ်ရှင် ဇာတ်လမ်းတွေ ရိုတ်ကူးနေခဲ့တာ ဖြစ်ကာ ၊ ဒီနှစ် ရောက်မှ ဖိုက်တာ လောကကို ပြန်လည် ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ယခင်က သိမ်းပိုက် ထားခဲ့ဖူးတဲ့ One Heavyweight Champion ဆု အတွက် အီတလီက ဖိုက်တာ စီရီလီ နဲ့ စိန်ခေါ် ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲ စတင်မီမှာတော့ အကြိတ်အနယ် ဖြစ်မယ့် ပွဲကောင်း တစ်ပွဲလို့ ခန့်မှန်းထားခဲ့ကြသော်လဲ ၊ တကယ်တမ်း ထိုးသတ်ချိန်မှာ 1 မီးနစ် နဲ့ 4 စက္ကန့်သာ ကြာမြင့်ခဲ့ပြီး ၊ ဗီရာရဲ့ ဘယ်လက်သီးချက် နဲ့ တစ်ခါတည်း လဲကျသွားခဲ့ကာ အရှုံးပေးသွားခဲ့ ရတာ ဖြစ်ပါတယ်။ ဒီပွဲ အနိုင်ရလာဒ်ကြောင့် ဗီရာဟာ One Heavyweight Champion ခါးပတ်ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ၊ One Championship ရဲ့ ပိုင်ရှင် ချတ်ထရီ ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ ပါတယ်။

ဗီရာဟာ ဒီပွဲ အပြီးမှာ အောင်လ အန်ဆန်း နဲ့ ဂျပန်မှာ ထိုးသတ်ဖို့ စိန်ခေါ် ထားသူ ဖြစ်ပြီး ၊ ချတ်ထရီ ကလဲ သူတို့ နှစ်ယောက် ထိုးသတ်မယ့် ပွဲဟာ ဖြစ်လာ နိုင်ချေတွေ အများကြီး ရှိတယ်လို့ သုံးပြထားသလို ၊ အောင်လ အန်ဆန်းဟာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်လိုတဲ့ ဖိုက်တာ တစ်ယောက် ဖြစ်တာကြောင့် ၊ ဗီရာရဲ့ စိန်ခေါ်မှုကို လက်ခံလိမ့်မယ်လို့ ယုံကြည်လျှက် ရှိနေပါတယ်။

ယမန်နေ့ည ဖီလစ်ပိုင် နိုင်ငံ မနီလာ မြို့မှာ ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲ မှာတော့ ဖီလစ်ပိုင် ဖိုက်တာတွေပဲ အောင်ပွဲ ခံသွားခဲ့ပြီး ၊ လက်ရှိမှာ ဖိလစ်ပိုင်ဟာ ကမ္ဘာ့ချန်ပီယံ 5 ဦး အထိ မွေးထုတ်ပေး နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သူတို့ ရဲ့ အကျော်အမော် ဖိုလာယန်း ဟာလဲ စိန်ခေါ်လာသူ စင်္ကာပူး နိုင်ငံသား အာမီးရာ ခန်းကို ယမန်နေ့ညမှာ ထိုးသတ်ခဲ့ရာ ၊ 5 ချီအတွင်း အသာစီး ထိုးသတ် နိုင်ခဲ့သလို ၊ ပွဲအပြီးမှာလဲ ဒိုင်အဆုံးအဖြတ် နဲ့ အနိုင် ရရှိသွားခဲ့ ပါတယ်။

Via: SportsMyanmar