ဗိုက္ဆာလို႔ ဘုန္းႀကီးေက်ာင္းမွာ လာေတာင္းစားတဲ႕ သူေတာင္းစားကို ဘုန္းႀကီးက အုပ္ခဲပုံေ႐ႊ႔ခိုင္းလိုက္ေသာအခါ…

တစ္ေန႔မွာ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းကို လက္တစ္ဖက္တည္းရွိတဲ့ သူေတာင္းစားတစ္ေယာက္ ေရာက္လာၿပီး စားစရာ လာေတာင္းစားတယ္။ အဲ့မွာ ေက်ာင္းထိုင္ဘုန္းႀကီးနဲ႔တိုးေတာ့ ေက်ာင္းထိုင္ဆရာေတာ္ဆီမွာ စားစရာေတာင္းတယ္။

ဆရာေတာ္က ဆြမ္းစားေဆာင္ေရွ႕ကအုတ္ပုံကို လက္ညိဳးထိုးျပၿပီး “ဒကာေတာ္ အဲ့ဒီအုတ္ပုံကို ဆြမ္းစားေဆာင္ေနာက္ အရင္ေ႐ြ႕ေပးပါအုန္း” လို႔ မိန႔္ေတာ္မူတယ္။ အဲ့ေတာ့ လက္ျပတ္ သူေတာင္းစားက ဘုန္းႀကီးကို မေက်မနပ္နဲ႔ ေျပာပါတယ္။

“အရွင္ဘုရား တပည့္ေတာ္မွာ လက္တစ္ဖက္တည္းရွိတာ ဘယ္လိုလုပ္ၿပီး ဒီအုပ္ပုံကိုေ႐ြ႕ႏိုင္မွာလဲ အရွင္ဘုရား ဆြမ္းက်န္ဟင္းက်န္ေလးေတာင္ မစြန႔္ေပးခ်င္လဲေနပါ။ တပည့္ေတာ္ တစ္ျခားမွာပဲ သြားေတာင္းစားေတာ့မယ္” လို႔ေျပာေရာ ဘုန္းႀကီးက ဘာမွျပန္မေျပာဘူး။

အုတ္ပုံဆီ ေလွ်ာက္သြားၿပီး လက္တစ္ဖက္တည္းနဲ႔ အုတ္ခဲကို မ ၿပီး ဆြမ္းစားေဆာင္ ေနာက္မွာသြားခ်တယ္ ၿပီးေတာ့မွ ေလသံေအးေအးနဲ႔ ေျပာတာ “ဒီလိုအလုပ္မ်ိဳးက လက္တစ္ဖက္တည္းနဲ႔လဲ လုပ္လို႔ရတယ္”။

လက္တစ္ဖက္ျပတ္ သူေတာင္းစားလည္း ဗိုက္ကဆာ စားေသာက္စရာလဲ လိုခ်င္တာနဲ႔ ဘုန္းႀကီးေျပာတဲ့အတိုင္း လုပ္ပါေလေရာ လက္တစ္ဖက္တည္းနဲ႔ အုတ္ခဲေတြ တစ္ခဲခ်င္း တစ္ခဲခ်င္းစီ ဆြမ္းစားေဆာင္ေနာက္ကို သယ္သြားခ်လိုက္တာ အခ်ိန္အေတာ္ေလးလဲၾကာေရာ အုတ္ခဲပုံတစ္ပုံလုံး ေက်ာင္းအေနာက္ ေရာက္သြားပါေလေရာ။

အဲ့ဒီေနာက္ ဘုန္းႀကီးလဲ ထမင္းဟင္းေတြကို ေကာင္းေကာင္းျပင္ဆင္ၿပီး ေကြၽးလိုက္တယ္။သူေတာင္းစား ထမင္းစားၿပီးေတာ့ ဘုန္းႀကီးက ပိုက္ဆံတခ်ိဳ႕ ထုတ္ေပးတယ္။ သူေတာင္းစားလည္း ပိုက္ဆံေတြရေတာ့ အရမ္းဝမ္းသာသြားတယ္။

ဒါနဲ႔ “ေက်းဇူးတင္လိုက္တာဘုရား ေက်းဇူးတင္ပါတယ္ အရွင္ဘုရား” နဲ႔ ထိုင္ရွိခိုးေရာ။ ဘုန္းႀကီးကေျပာတာ “ဘုန္းဘုန္းကို ေက်းဇူးတင္စရာ မလိုပါဘူး ဒကာေတာ္ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီပိုက္ဆံေတြဟာ ဒကာေတာ္ရဲ႕ အားအင္အစြမ္းအစကေန လာတဲ့ပိုက္ဆံေတြပဲေလ” တဲ့။

သူေတာင္းစားဟာ သူရဲ႕အစြမ္းအစကေန ရတဲ့ေငြအတြက္ အရမ္းၾကည္ႏူးပီတိ ျဖစ္မိတယ္လို႔ ခံစားရတယ္။“တပည့္ေတာ္ အၿမဲမွတ္သားထားပါ့မယ္ ဘုရား” ဆိုၿပီး ဘုန္းႀကီးကို ေက်းဇူးတင္စြာနဲ႔ ကန္ေတာ့ၿပီး ထြက္ခြာသြားခဲ့ပါေတာ့တယ္။

ေနာက္ထပ္ ေလးငါးရက္ေလာက္ ထပ္ၾကာေတာ့ ေနာက္ထပ္ သူေတာင္းစားတစ္ေယာက္က ေက်ာင္းမွာလာၿပီး ဆြမ္းက်န္ထမင္းက်န္ ထပ္လာ ေတာင္းစားတယ္။ “ဘုန္းႀကီးလည္း သူေတာင္းစားကို ဆြမ္းစားေဆာင္ေနာက္ ေခၚသြားၿပီး အုတ္ပုံကို လက္ညိဳးထိုးျပၿပီး ဒီအုတ္ပုံကို ဆြမ္းစာေဆာင္အေရွ႕ အရင္ေ႐ြ႕ေပးပါအုန္း လို႔ေျပာတယ္”။

ဒါေပမဲ့ ေျခလက္အေကာင္းနဲ႔ အဲ့ဒီသူေတာင္းစားဟာ ဘုန္းႀကီးခိုင္းတာကို စိတ္မဝင္စားပါဘူး။ “ဆြမ္းက်န္ေလး ေတာင္းစားတာေတာင္ မေကြၽးခ်င္ဘူး။ လူကိုမ်ား ဟိုခိုင္းလိုက္ ဒီခိုင္းလိုက္နဲ႔” လို႔ မေက်မနပ္နဲ႔ေျပာၿပီး ထြက္ခြာသြားေတာ့တယ္။

ေက်ာင္းထဲကသံဃာေတြ အဲ့တာေတြကိုျမင္ေတာ့ ဘုန္းႀကီးကို ဝိုင္းေမးၾကတယ္။ “အရင္တစ္ေခါက္တုန္းက အရွင္ဘုရားက ဟိုသူေတာင္းစားကို ဒီအုတ္ပုံႀကီး ဆြမ္းစားေဆာင္ေနာက္ ေ႐ြ႕ခိုင္းတယ္။ တကယ္တမ္းေတာ့ အဲ့ဒီလူဟာ အရင္တုန္းက ဘုန္းႀကီး အုတ္ပုံေ႐ြ႕ဖို႔ခိုင္းလိုက္တဲ့ လက္တစ္ဖက္ျပတ္နဲ႔ သူေတာင္းစားပါပဲ။

သူဟာ ဘုန္းႀကီးနဲ႔ဆုံေတြ႕ ခြင့္ ရခဲ့ၿပီးတဲ့ေနာက္ သူ႔ကိုယ္တြင္းမွာရွိတဲ့ သူရဲ႕တန္ဖိုးကို သိရွိနားလည္သြားခဲ့ၿပီး သူနဲ႔ သင့္ေတာ္ေလ်ာက္ပတ္တဲ့ အလုပ္အကိုင္ေတြကို ႀကိဳးစားလုပ္ကိုင္ရင္း ကိုယ့္ကိုယ္ကို အေျခအေန ေကာင္းမြန္ျမင့္တက္ လာေစႏိုင္ခဲ့ေတာ့တာပါပဲ။

(မိမိကိုယ္ကို ယုံၾကည္၊ ကိုယ့္ရဲ႕တန္ဖိုးကို ကိုယ္သိတတ္ၿပီး ကိုယ့္အားကိုယ္ကိုးတတ္ျခင္းဟာ လူျဖစ္ျခင္းရဲ႕ အေရးအႀကီးဆုံးအေျခခံ အေၾကာင္းအရင္းပဲ ျဖစ္ပါေတာ့တယ္) လြပ္လပ္မႈ႕ဆိုတာ လူတိုင္းအတြက္ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ကသာ ေ႐ြးခ်ယ္မလားဆိုတာ မူတည္သြားတာပါ။

unicode

တစ်နေ့မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို လက်တစ်ဖက်တည်းရှိတဲ့ သူတောင်းစားတစ်ယောက် ရောက်လာပြီး စားစရာ လာတောင်းစားတယ်။ အဲ့မှာ ကျောင်းထိုင်ဘုန်းကြီးနဲ့တိုးတော့ ကျောင်းထိုင်ဆရာတော်ဆီမှာ စားစရာတောင်းတယ်။

ဆရာတော်က ဆွမ်းစားဆောင်ရှေ့ကအုတ်ပုံကို လက်ညိုးထိုးပြပြီး “ဒကာတော် အဲ့ဒီအုတ်ပုံကို ဆွမ်းစားဆောင်နောက် အရင်ရွေ့ပေးပါအုန်း” လို့ မိန့်တော်မူတယ်။ အဲ့တော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ ပြောပါတယ်။

“အရှင်ဘုရား တပည့်တော်မှာ လက်တစ်ဖက်တည်းရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကိုရွေ့နိုင်မှာလဲ အရှင်ဘုရား ဆွမ်းကျန်ဟင်းကျန်လေးတောင် မစွန့်ပေးချင်လဲနေပါ။ တပည့်တော် တစ်ခြားမှာပဲ သွားတောင်းစားတော့မယ်” လို့ပြောရော ဘုန်းကြီးက ဘာမှပြန်မပြောဘူး။

အုတ်ပုံဆီ လျှောက်သွားပြီး လက်တစ်ဖက်တည်းနဲ့ အုတ်ခဲကို မ ပြီး ဆွမ်းစားဆောင် နောက်မှာသွားချတယ် ပြီးတော့မှ လေသံအေးအေးနဲ့ ပြောတာ “ဒီလိုအလုပ်မျိုးက လက်တစ်ဖက်တည်းနဲ့လဲ လုပ်လို့ရတယ်”။

လက်တစ်ဖက်ပြတ် သူတောင်းစားလည်း ဗိုက်ကဆာ စားသောက်စရာလဲ လိုချင်တာနဲ့ ဘုန်းကြီးပြောတဲ့အတိုင်း လုပ်ပါလေရော လက်တစ်ဖက်တည်းနဲ့ အုတ်ခဲတွေ တစ်ခဲချင်း တစ်ခဲချင်းစီ ဆွမ်းစားဆောင်နောက်ကို သယ်သွားချလိုက်တာ အချိန်အတော်လေးလဲကြာရော အုတ်ခဲပုံတစ်ပုံလုံး ကျောင်းအနောက် ရောက်သွားပါလေရော။

အဲ့ဒီနောက် ဘုန်းကြီးလဲ ထမင်းဟင်းတွေကို ကောင်းကောင်းပြင်ဆင်ပြီး ကျွေးလိုက်တယ်။သူတောင်းစား ထမင်းစားပြီးတော့ ဘုန်းကြီးက ပိုက်ဆံတချို့ ထုတ်ပေးတယ်။ သူတောင်းစားလည်း ပိုက်ဆံတွေရတော့ အရမ်းဝမ်းသာသွားတယ်။

ဒါနဲ့ “ကျေးဇူးတင်လိုက်တာဘုရား ကျေးဇူးတင်ပါတယ် အရှင်ဘုရား” နဲ့ ထိုင်ရှိခိုးရော။ ဘုန်းကြီးကပြောတာ “ဘုန်းဘုန်းကို ကျေးဇူးတင်စရာ မလိုပါဘူး ဒကာတော် ဘာကြောင့်လဲဆိုတော့ အဲ့ဒီပိုက်ဆံတွေဟာ ဒကာတော်ရဲ့ အားအင်အစွမ်းအစကနေ လာတဲ့ပိုက်ဆံတွေပဲလေ” တဲ့။

သူတောင်းစားဟာ သူရဲ့အစွမ်းအစကနေ ရတဲ့ငွေအတွက် အရမ်းကြည်နူးပီတိ ဖြစ်မိတယ်လို့ ခံစားရတယ်။“တပည့်တော် အမြဲမှတ်သားထားပါ့မယ် ဘုရား” ဆိုပြီး ဘုန်းကြီးကို ကျေးဇူးတင်စွာနဲ့ ကန်တော့ပြီး ထွက်ခွာသွားခဲ့ပါတော့တယ်။

နောက်ထပ် လေးငါးရက်လောက် ထပ်ကြာတော့ နောက်ထပ် သူတောင်းစားတစ်ယောက်က ကျောင်းမှာလာပြီး ဆွမ်းကျန်ထမင်းကျန် ထပ်လာ တောင်းစားတယ်။ “ဘုန်းကြီးလည်း သူတောင်းစားကို ဆွမ်းစားဆောင်နောက် ခေါ်သွားပြီး အုတ်ပုံကို လက်ညိုးထိုးပြပြီး ဒီအုတ်ပုံကို ဆွမ်းစာဆောင်အရှေ့ အရင်ရွေ့ပေးပါအုန်း လို့ပြောတယ်”။

ဒါပေမဲ့ ခြေလက်အကောင်းနဲ့ အဲ့ဒီသူတောင်းစားဟာ ဘုန်းကြီးခိုင်းတာကို စိတ်မဝင်စားပါဘူး။ “ဆွမ်းကျန်လေး တောင်းစားတာတောင် မကျွေးချင်ဘူး။ လူကိုများ ဟိုခိုင်းလိုက် ဒီခိုင်းလိုက်နဲ့” လို့ မကျေမနပ်နဲ့ပြောပြီး ထွက်ခွာသွားတော့တယ်။

ကျောင်းထဲကသံဃာတွေ အဲ့တာတွေကိုမြင်တော့ ဘုန်းကြီးကို ဝိုင်းမေးကြတယ်။ “အရင်တစ်ခေါက်တုန်းက အရှင်ဘုရားက ဟိုသူတောင်းစားကို ဒီအုတ်ပုံကြီး ဆွမ်းစားဆောင်နောက် ရွေ့ခိုင်းတယ်။ တကယ်တမ်းတော့ အဲ့ဒီလူဟာ အရင်တုန်းက ဘုန်းကြီး အုတ်ပုံရွေ့ဖို့ခိုင်းလိုက်တဲ့ လက်တစ်ဖက်ပြတ်နဲ့ သူတောင်းစားပါပဲ။

သူဟာ ဘုန်းကြီးနဲ့ဆုံတွေ့ ခွင့် ရခဲ့ပြီးတဲ့နောက် သူ့ကိုယ်တွင်းမှာရှိတဲ့ သူရဲ့တန်ဖိုးကို သိရှိနားလည်သွားခဲ့ပြီး သူနဲ့ သင့်တော်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေကို ကြိုးစားလုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အခြေအနေ ကောင်းမွန်မြင့်တက် လာစေနိုင်ခဲ့တော့တာပါပဲ။

(မိမိကိုယ်ကို ယုံကြည်၊ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်သိတတ်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ခြင်းဟာ လူဖြစ်ခြင်းရဲ့ အရေးအကြီးဆုံးအခြေခံ အကြောင်းအရင်းပဲ ဖြစ်ပါတော့တယ်) လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာ ရွေးချယ်မလားဆိုတာ မူတည်သွားတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*