လာပါျပီ 22.11.2018 မွ 28.11.2018 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

ဗဟုသုတစုံ

22.11.2018 မွ 28.11.2018 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္းမွာေတာ့ မိသားစုေတြကန္႔ကြက္ေပမဲ့ လုပ္သင့္တယ္ထင္တဲ့ကိစၥကို မိမိကိုယ္ပိုင္ဆံုးျဖတ္ ခ်က္နဲ႔လုပ္လိုက္ပါ။ စီးပြားေရးနဲ႔ပက္သက္ၿပီးေတာ့ မိမိလုပ္ခ်င္တာေတြကို အခ်ိန္ယူၿပီးလုပ္နိုင္ပါလိမ့္မယ္။ အိမ္ကိစၥမ်ား အေမြကိစၥမ်ား ဒီကာလမွာေဆာင္ရြက္လို႔သင့္ပါတယ္။ အိမ္၀ယ္ျခင္း အျခားမေရႊ႕မေျပာင္းႏုိင္ေသာ အရာမ်ားကို ၀ယ္ယူျခင္းမ်ိဳးဒီကာလမွာ လုပ္လို႔သင့္ပါတယ္။ မဂၤလာေဆာင္ဖို႔ စီစဥ္ထားသူမ်ား ဒီအပတ္အတြင္း တရားရံုးမွာလက္မွတ္ထိုးျခင္းမ်ိဳး လုပ္လို႔သင့္ေတာ္ပါတယ္။ က်န္းမာေရးကေတာ့ဒီကာလဟာအညံ့အဆိုးနည္းပါ တယ္။ ဆရာေကာင္းသမားေကာင္းေတြနဲ႔လဲ ႀကံဳရေတြ႔ရတတ္ပါတယ္။ အလုပ္သစ္စဖို႔အတြက္ ရွယ္ယာ၀င္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးျခင္းမ်ိဳးက ဒီအခ်ိန္ေတြမွာအလြန္ပဲေကာင္းပါတယ္။အိမ္ေထာင္ေရးကေတာ့ဒီကာလမွာ အိမ္ေထာင္ဘက္က အရာရာစိုးမိုးလြန္းတာေၾကာင့္ စိတ္ညစ္ရတာမ်ိဳးေတာ့ရွိပါတယ္။ အခ်စ္ေရးကေတာ့ ကိုယ္ပိုင္စီးပြားေရးသမားဆိုအလုပ္ေတြမ်ားၿပီး ခ်စ္သူဒိတ္ဖို႔ အဆင္မေျပျဖစ္ရတတ္ပါတယ္။ ပညာေရးအလြန္ ေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 1/5/4

အထူးေဟာ အလုပ္မ်ားခ်ဲ႔ထြင္ႏိုင္မည္။

ယၾတာ တနလၤာသားသမီးတစ္ဦးဦးကို ေကာ္ဖီ၀ယ္တိုက္လိုက္ပါ။

တနလၤာ

ကိုယ္ကခရီးမသြားဘူးဆိုၿပီး အိမ္မွာေနရင္ေတာင္မွ သူမ်ားလာေခၚတာေၾကာင့္ မလြန္ဆန္ႏိုင္ဘဲ ခရီးေတြ ထြက္ရတတ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္မကပ္ရဘဲ ျဖစ္ေနတတ္ပါတယ္။ လက္ထဲရွိတဲ့ေငြေလးေတြ ကိုမိမိအႀကီးအကဲတစ္ဦးဆီအပ္ထားတာ ဘဏ္မွာအပ္ထားတာမ်ိဳးလုပ္ပါ။ ႏို႔မိုဆိုရင္ေတာ့ လက္ထက္ရွိတဲ့ေငြေတြ ဆီလုိအေပါက္ရွာၿပီး ထြက္သြားပါလိမ့္မယ္။ အလုပ္နဲ႔ပက္သက္ၿပီး ခဏေမ့ထားပါ။ အလုပ္ကိုဖိလုပ္ေလ အဆင္မေျပျဖစ္ေလဆိုတာမ်ိဳးျဖစ္ေနတတ္ပါတယ္။ လူငယ္ဆို ေဖ်ာ္ေျဖေရးပြဲေတြသြားရင္ေတာ့ ရန္မ်ားတတ္ပါတယ္။ မိမိကသည္းခံႏိုင္ရင္ေတာ့ ရန္နည္းပါလိမ့္မယ္။ က်န္းမာေရးကေတာ့ကိုယ္တိုင္က က်နး္မာေရးကို ဂရုမထားသလိုျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ပဲ အေၾကာအားနည္းတာ၊ အိပ္ေရးပ်က္ၿပီးအားနည္းတာမ်ိဳးေတြ ႀကံဳရေတြ႔ရတတ္ပါတယ္။ အိမ္ေထာင္ေရး အဆင္မေျပတာမ်ားေနပါလိမ့္မယ္။ အခ်စ္ေရးကေတာ့ ခ်စ္သူကမိမိနဲ႔မဟုတ္ဘဲ အျခားသူေတြနဲ႔ ခရီးသြားတာမ်ိဳး ေၾကာင့္ ခ်စ္သူနဲ႔ မဆံုျဖစ္တာမ်ားပါလိမ့္မယ္။ ပညာေရးက မိမိကိုယ္တိုင္က စိတ္မပါသလိုျဖစ္ေနတာပါ။

အက်ိဳးေပးဂဏန္း 5/6/2

အထူးေဟာ ကိစၥမ်ားေျမာင္ လူတို႔ေဘာင္လို႔ ေျပာရမဲ့ကာလေတြပါပဲ။

ယၾတာ နီးစပ္ရာေစတီမွာ လ်ွပ္စစ္မီးအတြက္အလွဴေငြထည့္ပါ။

အဂၤါ

ဒီကာလအတြင္းမွာေတာ့ မိမိအတြက္လုပ္စရာေတြမ်ားေနပါလိမ့္မယ္။ လုပ္ႏိုင္မွလဲေနာင္ရက္ေတြမွာ အဆင္ေျပေျပေနႏိုင္မွာမို႔ပါ။ ျဖစ္ႏုိင္ရင္ time tableဆြဲၿပီးလုပ္သြားေစခ်င္ပါတယ္။ အလုပ္နဲ႔ပက္သက္ေသာ လုိအပ္တဲ့ပစၥည္းေတြ၀ယ္ဖို႔လိုတာေၾကာင့္ ေငြကုန္တတ္ပါတယ္။ လိုအပ္လို႔ကုန္သင့္တဲ့ေငြမ်ိဳးပါပဲ။ စက္ပစၥည္း အေဟာင္းေတြထြက္ၿပီး စက္ပစၥည္းအသစ္ေတြ၀င္လာပါလိမ့္မယ္။ေကာင္းေသာ၀င္ျခင္းပါ၊ ေအာက္လက္ငယ္သား ေတြကိုေတာ့ အယံုလြန္တာမ်ိဳးမျဖစ္ေစခ်င္ပါဘူး။ အေရးႀကီးတဲ့လုပ္ငန္းေတြကို မိမိကိုယ္တိုင္သာလုပ္ေစခ်င္ပါ တယ္။ ခရီးမမ်ားဘဲ အိမ္ထဲမွာပဲ အလုပ္ရႈပ္ေနတတ္တဲ့ေနရက္ေတြပါပဲ။ က်န္းမာေရးကေတာ့ အေညာင္းမိတာ ကိုယ္လက္မအီမသာျဖစ္တာမ်ိဳးျဖစ္ရတတ္ပါတယ္။ မနက္ေစာေစာထ လမ္းေလ်ွာက္တဲ့အက်င့္ေလး ဒီအပတ္မွာ လုပ္ေစခ်င္ပါတယ္။ အခ်စ္ေရးကေတာ့ ခ်စ္သူကိုအခ်ိန္မေပးႏိုင္တာေၾကာင့္ခ်စ္သူက စိတ္ပ်က္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပတာမ်ားပါတယ္။အိမ္ေထာင္ဘက္ မိမိလိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးေန တတ္ပါတယ္။ ပညာေရးထက္ စီးပြားေရးကို အခ်ိန္ပိုေပးေနမိပါတယ္။

လာပါျပီ 22.11.2018 မွ 28.11.2018 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း 2

အက်ိဳးေပးဂဏန္း 6/3/0

အထူးေဟာ လုပ္သေလာက္အက်ိဳးမ်ားမဲ့ေန႔ရက္ေတြပါပဲ။

ယၾတာ စိန္ျခယ္ပန္းကို ဘုရားကပ္ဖို႔ မိမိရဲ့အိမ္နီးနားခ်င္းတစ္ဦးကို၀ယ္ေပးလုိက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလဟာ မိမိကစိတ္ထဲျဖစ္ခ်င္တာေလးေတြ ေတာင္းတေနတာေလးေတြက လက္ေတြ႔ဘ၀မွာေတာ့ ျပည့္ျပည့္လာတတ္ပါတယ္။ လုပ္ခ်င္တာေလးေတြကို လုပ္ခြင့္ရသြားပါလိမ့္မယ္။ အရြယ္ရေနသူဆို သားသမီးေတြကမိမိလိုအပ္ခ်က္ေတြကုိျဖည့္ဆည္းေပးပါလိမ့္မယ္။ အလုပ္နဲ႔ပက္သက္ၿပီး ထူးထူးျခားျခားတိုးတတ္ ပါလိမ့္မယ္။ ၀န္ထမ္းမ်ားလုပ္ေဖာ္ကိုင္ဖက္ေတြရဲ့၀ိုင္း၀န္းကူညီေပးမႈေၾကာင့္ပဲ target ျပည့္မွီေအာင္လုပ္ေဆာင္ သြားႏိုင္ပါလိမ့္မယ္။ အေရာင္းအ၀ယ္မ်ားႏွင့္ ၾကားေနပြဲစားအလုပ္မ်ား အဆင္ေျပကံေကာင္းေနပါလိမ့္မယ္။ အမွတ္တရလက္ေဆာင္မ်ိဳးလဲ ရင္းႏွီသူေတြက မိမိအတြက္ မွတ္မွတ္ရရ၀ယ္လာတာမ်ိဳး ႀကံဳရတတ္ပါတယ္။ က်န္းမာေရးကေတာ့ မိန္းကေလးေတြ အထူးသတိထားပါ။ ေသြးသားဓမၼတာနဲ႔ပက္သက္ေသာ ေရာဂါမ်ား ျဖစ္လြယ္ပါတယ္။ အိမ္ေထာင္ေရးမွာ နားလည္မႈရွိရွိနဲ႔ ေရွ႕ဆက္ႏိုင္ပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ ကံေကာင္းေန တတ္ပါတယ္။ ခ်စ္သူဆီက တန္ဖိုးထားစရာလက္ေဆာင္မ်ိဳးရတတ္ပါတယ္။ ပညာေရးကံျမင့္မားေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 7/1/4

အထူးေဟာ ကံျမင့္မားေနပါတယ္။

ယၾတာ ဘုရားမွာ ေရႊဆိုင္းေရႊသကၤန္းကပ္လွဴေပးပါ။

ၾကာသပေတး

ဒီကာလဟာ ေဒသႏၱရ ဗဟုသုတေတြရလြယ္ပါတယ္။မေရာက္ေသာ ေဒသေတြကိုခရီးထြက္ျဖစ္ပါလိမ့္ မယ္။ စိတ္ကူးထားတဲ့အတိုင္း လက္ေတြ႔မွာအေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္ပါလိမ့္မယ္။ သူငယ္ခ်င္းမိတ္ေဆြ ေတြနဲ႔အတူ ေပ်ာ္စရာအခ်ိန္ေတြကိုျဖတ္သန္းႏိုင္ပါလိမ့္မယ္။ အလႉကိစၥ၊ မဂၤလာကိစၥမ်ားလဲ ၾကံဳရတတ္ပါတယ္။ အေအး၊ ေရသန္႔ ၊အေဖ်ာ္ယမကာလုပ္ငန္းမ်ား အက်ိဳးျဖစ္ထြန္းပါလိမ့္္မယ္။ လုပ္ငန္းခြင္ထဲ လူအမ်ားရဲ႕ အၾကံဉာဏ္ရယူျခင္းကပိုမိုအက်ိဳးျဖစ္ထြန္းပါလိမ့္မယ္။ က်န္းမာေရးနဲ႔ပက္သက္ၿပီး အဆိုးႀကီး မဟုတ္ေပမဲ့ ဗိုက္ေအာက္၊ဗိုက္နာ အစာမေၾကျခင္းမ်ိဳးျဖစ္ရတတ္ပါတယ္။အခ်စ္ေရးမွာ မထင္မွတ္ဘဲ ခ်စ္ခြင့္ပန္ျခင္းခံရတတ္ပါတယ္။ ခ်စ္သူစံုတြဲမ်ား လက္ထပ္ဖို႔တိုင္ပင္သင့္တဲ့ကာလပါပဲ။ အိမ္ေထာင္ေရး အိမ္တြင္းေရးသာယာေျဖာင့္ျဖဴ းပါလိမ့္မယ္။ ေဝးကြာေနတဲ့မိသားစု ဝင္ေတြျပန္လည္ဆံုဆည္းခြင့္ရပါလိမ့္မယ္။ပညာေရးကံေကာင္းေနပါတယ္။ မိမိရဲ႕သင္ယူႏိုင္စြမ္းကလဲ တိုးတတ္ျမင့္မားေနပါလိမ့္္မယ္။

အက်ိဳးေပးဂဏန္း 5/2/1

အထူးေဟာ စိတ္ၾကည္ႏူးစရာေကာင္းတဲ့အခ်ိန္ေတြပါ။

ယၾတာ ဌက္ေပ်ာသီးမွည့္၁၀လံုး အခြံခြာၿပီး ဘုရားကပ္လွဴ ပါ

ေသာၾကာ

တာဝန္ေတြ ဝတၱရားေတြနဲ႔ အလုပ္မ်ားေနရလိမ့္မယ္။ ဒါအျပင္ စိတ္ဖိစီးမႈေတြလဲ မ်ားေနရလိမ့္မယ္။ေငြကံကေတာ့ အဝင္ထက္ အထြက္မ်ားေနရလိမ့္မယ္။ အလုပ္ေတြလုပ္ကိုင္ရာမွာေတာ့ မေလာပါနဲ႔။ ေျဖးေျဖးမွန္မွန္လုပ္ပါ။ အေသာက္အစားအေပ်ာ္အပါးေတြကို ဒီကာလမွာေလွ်ာ့ေစခ်င္ပါတယ္။ အမွားမ်ားစြာ လုပ္မိျပဳမိတတ္တဲ့ကာလပါ။ က်န္းမာေရးကေတာ့ ဂ႐ုစိုက္ေစခ်င္တယ္။အာရံုေၾကာအားနည္းေနတယ္။ေသြးတိုး ေနတတ္တယ္။ ေနစဥ္ေသြးေပါင္ခ်ိန္ေပးပါ။ ရပ္ေဝးက မိတ္ေဆြေတြနဲ႔ အဆက္အသြယ္ ျပတ္ေတာက္တာမ်ိဳးျဖစ္ရတတ္တယ္။ မိမိအေနနဲ႔ စကားေျပာဆင္ျခင္ပါ။ ေအာက္လက္ငယ္သားေတြကို အရမ္းအျပစ္တင္မိတာမ်ိဳးျဖစ္တတ္ပါတယ္။ အခ်စ္ေရးကံကေတာ့ အေကာင္းအဆိုး ဒြန္တြဲေနလ်က္ပါပဲ။ ခ်စ္သူကို စိတ္ခ်မ္းသာေအာင္ထားမွ အဆင္ေျပပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဘက္နဲ႔ နားလည္မႈရွိရွိ ေရွ႕ဆက္သြားႏိုင္ပါလိမ့္မယ္။ မိမိအိမ္ေထာင္ဘက္ ခရီးေဝးသြားရတာမ်ိဳးေတြၾကံဳရတတ္ပါတယ္။ပညာေရးအေပၚ စိတ္ဝင္စားမႈ အားနည္းေနပါတယ္။

အက်ိဳးေပးဂဏန္း 1/3/9

အထူးေဟာ ကံအနည္းငယ္ညံ့ေနမည္

ယၾတာ မိတ္ေဆြတစ္ဦးကို ထီလက္မွတ္ လက္ေဆာင္ေပးလိုက္ပါ။

စေန

ဒီကာလဟာ ဘယ္သူစကားကိုမွ နားမေယာင္မိဖို႔ လိုပါတယ္။ လုပ္ခ်င္တဲ့ကိစၥ ၊ အေကာင္အထည္ေဖာ္ခ်င္တဲ့ လုပ္ငန္းတိုင္းကို မိမိအေတြးအၾကံအတိုင္းသာလုပ္ပါ။ သူတစ္ပါးကေစတနာနဲ႔ေျပာေပမဲ့မိမိအတြက္ေတာ့ ေဝဒနာျဖစ္သြားတတ္လို႔ပါ။ ဒီကာလအတြင္း တရားဥပေဒနဲ႔ မလြတ္ကင္းတဲ့ ကိစၥေတြ လံုးဝမလုပ္ပါနဲ႔ ။ အခ်ဳပ္ေထာင္တန္း ျမင္လို႔ပါ။ ႐ိုးသားပါ။ ႀကိဳးစားပါ။ အလုပ္အေျပာင္းအေရြ႕ၾကံဳလာပါက ေျပာင္းရမဲ့ေနရာက အခုေနရာထက္ပိုဆိုးသြားတတ္ပါတယ္။ အလုပ္ေနရာ ဆိုင္ေနရာ ေျပာင္းမဲ့သူေတြရွိရင္လဲ ဒီကာလမေျပာင္းနဲ႔အံုးလို႔မွာခ်င္ပါတယ္။ ေငြကံေကာင္းေနမည္။ က်န္းမာေရးလဲ ေဒါင္ေဒါင္ျမည္ပါပဲ။ ဒါေပမဲ့ အစာအိမ္ေရာဂါ အခံရွိသူေတြေတာ့ သတိထားပါ။ အိမ္ေထာင္ေရးကံလဲ အလြန္ေကာင္းမြန္တဲ့ေန႔ရက္ေတြပါပဲ။ မိသားစု စံုစံုညီညီနဲ႔ ခရီးေတြသြားျဖစ္တတ္ပါတယ္။အခ်စ္ေရးမွာလဲ စိတ္ခ်မ္းေျမ႕ရမွာပါ။ ခ်စ္သူခင္သူေတြလဲ အလြန္ေပါမ်ားေနမဲ့ ကာလပါပဲ။ ပညာေရးအလြန္ေကာင္းပါတယ္။ မိမိတတ္သိထားတာေတြလဲ သူမ်ားကိုျပန္လည္ေဝငွႏိုင္မွာပါ။

အက်ိဳးေပးဂဏန္း 5/1/3

အထူးေဟာ မိမိဆံုးျဖတ္ခ်က္သာအမွန္ပါ

ယၾတာ ကိုယ္ဝန္ေဆာင္သည္ကို အာဟာရဒါနျပဳပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )

viber only -09775555695

#ေမသတင္းရပ္ကြက္ေလး

===========

22.11.2018 မှ 28.11.2018 အထိ တစ်ပတ်စာ ရရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းမှာတော့ မိသားစုတွေကန့်ကွက်ပေမဲ့ လုပ်သင့်တယ်ထင်တဲ့ကိစ္စကို မိမိကိုယ်ပိုင်ဆုံးဖြတ် ချက်နဲ့လုပ်လိုက်ပါ။ စီးပွားရေးနဲ့ပက်သက်ပြီးတော့ မိမိလုပ်ချင်တာတွေကို အချိန်ယူပြီးလုပ်နိုင်ပါလိမ့်မယ်။ အိမ်ကိစ္စများ အမွေကိစ္စများ ဒီကာလမှာဆောင်ရွက်လို့သင့်ပါတယ်။ အိမ်ဝယ်ခြင်း အခြားမရွှေ့မပြောင်းနိုင်သော အရာများကို ဝယ်ယူခြင်းမျိုးဒီကာလမှာ လုပ်လို့သင့်ပါတယ်။ မင်္ဂလာဆောင်ဖို့ စီစဉ်ထားသူများ ဒီအပတ်အတွင်း တရားရုံးမှာလက်မှတ်ထိုးခြင်းမျိုး လုပ်လို့သင့်တော်ပါတယ်။ ကျန်းမာရေးကတော့ဒီကာလဟာအညံ့အဆိုးနည်းပါ တယ်။ ဆရာကောင်းသမားကောင်းတွေနဲ့လဲ ကြုံရတွေ့ရတတ်ပါတယ်။ အလုပ်သစ်စဖို့အတွက် ရှယ်ယာဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းမျိုးက ဒီအချိန်တွေမှာအလွန်ပဲကောင်းပါတယ်။အိမ်ထောင်ရေးကတော့ဒီကာလမှာ အိမ်ထောင်ဘက်က အရာရာစိုးမိုးလွန်းတာကြောင့် စိတ်ညစ်ရတာမျိုးတော့ရှိပါတယ်။ အချစ်ရေးကတော့ ကိုယ်ပိုင်စီးပွားရေးသမားဆိုအလုပ်တွေများပြီး ချစ်သူဒိတ်ဖို့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ပညာရေးအလွန် ကောင်းပါတယ်။

အကျိုးပေးဂဏန်း 1/5/4

အထူးဟော အလုပ်များချဲ့ထွင်နိုင်မည်။

ယတြာ တနင်္လာသားသမီးတစ်ဦးဦးကို ကော်ဖီဝယ်တိုက်လိုက်ပါ။

တနင်္လာ

ကိုယ်ကခရီးမသွားဘူးဆိုပြီး အိမ်မှာနေရင်တောင်မှ သူများလာခေါ်တာကြောင့် မလွန်ဆန်နိုင်ဘဲ ခရီးတွေ ထွက်ရတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အိမ်မကပ်ရဘဲ ဖြစ်နေတတ်ပါတယ်။ လက်ထဲရှိတဲ့ငွေလေးတွေ ကိုမိမိအကြီးအကဲတစ်ဦးဆီအပ်ထားတာ ဘဏ်မှာအပ်ထားတာမျိုးလုပ်ပါ။ နို့မိုဆိုရင်တော့ လက်ထက်ရှိတဲ့ငွေတွေ ဆီလိုအပေါက်ရှာပြီး ထွက်သွားပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ပြီး ခဏမေ့ထားပါ။ အလုပ်ကိုဖိလုပ်လေ အဆင်မပြေဖြစ်လေဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ လူငယ်ဆို ဖျော်ဖြေရေးပွဲတွေသွားရင်တော့ ရန်များတတ်ပါတယ်။ မိမိကသည်းခံနိုင်ရင်တော့ ရန်နည်းပါလိမ့်မယ်။ ကျန်းမာရေးကတော့ကိုယ်တိုင်က ကျနး်မာရေးကို ဂရုမထားသလိုဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ အကြောအားနည်းတာ၊ အိပ်ရေးပျက်ပြီးအားနည်းတာမျိုးတွေ ကြုံရတွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေတာများနေပါလိမ့်မယ်။ အချစ်ရေးကတော့ ချစ်သူကမိမိနဲ့မဟုတ်ဘဲ အခြားသူတွေနဲ့ ခရီးသွားတာမျိုး ကြောင့် ချစ်သူနဲ့ မဆုံဖြစ်တာများပါလိမ့်မယ်။ ပညာရေးက မိမိကိုယ်တိုင်က စိတ်မပါသလိုဖြစ်နေတာပါ။

အကျိုးပေးဂဏန်း 5/6/2

အထူးဟော ကိစ္စများမြောင် လူတို့ဘောင်လို့ ပြောရမဲ့ကာလတွေပါပဲ။

ယတြာ နီးစပ်ရာစေတီမှာ လျှပ်စစ်မီးအတွက်အလှူငွေထည့်ပါ။

အင်္ဂါ

ဒီကာလအတွင်းမှာတော့ မိမိအတွက်လုပ်စရာတွေများနေပါလိမ့်မယ်။ လုပ်နိုင်မှလဲနောင်ရက်တွေမှာ အဆင်ပြေပြေနေနိုင်မှာမို့ပါ။ ဖြစ်နိုင်ရင် time tableဆွဲပြီးလုပ်သွားစေချင်ပါတယ်။ အလုပ်နဲ့ပက်သက်သော လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့လိုတာကြောင့် ငွေကုန်တတ်ပါတယ်။ လိုအပ်လို့ကုန်သင့်တဲ့ငွေမျိုးပါပဲ။ စက်ပစ္စည်း အဟောင်းတွေထွက်ပြီး စက်ပစ္စည်းအသစ်တွေဝင်လာပါလိမ့်မယ်။ကောင်းသောဝင်ခြင်းပါ၊ အောက်လက်ငယ်သား တွေကိုတော့ အယုံလွန်တာမျိုးမဖြစ်စေချင်ပါဘူး။ အရေးကြီးတဲ့လုပ်ငန်းတွေကို မိမိကိုယ်တိုင်သာလုပ်စေချင်ပါ တယ်။ ခရီးမများဘဲ အိမ်ထဲမှာပဲ အလုပ်ရှုပ်နေတတ်တဲ့နေရက်တွေပါပဲ။ ကျန်းမာရေးကတော့ အညောင်းမိတာ ကိုယ်လက်မအီမသာဖြစ်တာမျိုးဖြစ်ရတတ်ပါတယ်။ မနက်စောစောထ လမ်းလျှောက်တဲ့အကျင့်လေး ဒီအပတ်မှာ လုပ်စေချင်ပါတယ်။ အချစ်ရေးကတော့ ချစ်သူကိုအချိန်မပေးနိုင်တာကြောင့်ချစ်သူက စိတ်ပျက်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေတာများပါတယ်။အိမ်ထောင်ဘက် မိမိလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေ တတ်ပါတယ်။ ပညာရေးထက် စီးပွားရေးကို အချိန်ပိုပေးနေမိပါတယ်။

အကျိုးပေးဂဏန်း 6/3/0

အထူးဟော လုပ်သလောက်အကျိုးများမဲ့နေ့ရက်တွေပါပဲ။

ယတြာ စိန်ခြယ်ပန်းကို ဘုရားကပ်ဖို့ မိမိရဲ့အိမ်နီးနားချင်းတစ်ဦးကိုဝယ်ပေးလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလဟာ မိမိကစိတ်ထဲဖြစ်ချင်တာလေးတွေ တောင်းတနေတာလေးတွေက လက်တွေ့ဘဝမှာတော့ ပြည့်ပြည့်လာတတ်ပါတယ်။ လုပ်ချင်တာလေးတွေကို လုပ်ခွင့်ရသွားပါလိမ့်မယ်။ အရွယ်ရနေသူဆို သားသမီးတွေကမိမိလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ပြီး ထူးထူးခြားခြားတိုးတတ် ပါလိမ့်မယ်။ ဝန်ထမ်းများလုပ်ဖော်ကိုင်ဖက်တွေရဲ့ဝိုင်းဝန်းကူညီပေးမှုကြောင့်ပဲ target ပြည့်မှီအောင်လုပ်ဆောင် သွားနိုင်ပါလိမ့်မယ်။ အရောင်းအဝယ်များနှင့် ကြားနေပွဲစားအလုပ်များ အဆင်ပြေကံကောင်းနေပါလိမ့်မယ်။ အမှတ်တရလက်ဆောင်မျိုးလဲ ရင်းနှီသူတွေက မိမိအတွက် မှတ်မှတ်ရရဝယ်လာတာမျိုး ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ မိန်းကလေးတွေ အထူးသတိထားပါ။ သွေးသားဓမ္မတာနဲ့ပက်သက်သော ရောဂါများ ဖြစ်လွယ်ပါတယ်။ အိမ်ထောင်ရေးမှာ နားလည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ကံကောင်းနေ တတ်ပါတယ်။ ချစ်သူဆီက တန်ဖိုးထားစရာလက်ဆောင်မျိုးရတတ်ပါတယ်။ ပညာရေးကံမြင့်မားနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 7/1/4

အထူးဟော ကံမြင့်မားနေပါတယ်။

ယတြာ ဘုရားမှာ ရွှေဆိုင်းရွှေသင်္ကန်းကပ်လှူပေးပါ။

ကြာသပတေး

ဒီကာလဟာ ဒေသန္တရ ဗဟုသုတတွေရလွယ်ပါတယ်။မရောက်သော ဒေသတွေကိုခရီးထွက်ဖြစ်ပါလိမ့် မယ်။ စိတ်ကူးထားတဲ့အတိုင်း လက်တွေ့မှာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းမိတ်ဆွေ တွေနဲ့အတူ ပျော်စရာအချိန်တွေကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ အလှူကိစ္စ၊ မင်္ဂလာကိစ္စများလဲ ကြုံရတတ်ပါတယ်။ အအေး၊ ရေသန့် ၊အဖျော်ယမကာလုပ်ငန်းများ အကျိုးဖြစ်ထွန်းပါလိမ့််မယ်။ လုပ်ငန်းခွင်ထဲ လူအများရဲ့ အကြံဉာဏ်ရယူခြင်းကပိုမိုအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အဆိုးကြီး မဟုတ်ပေမဲ့ ဗိုက်အောက်၊ဗိုက်နာ အစာမကြေခြင်းမျိုးဖြစ်ရတတ်ပါတယ်။အချစ်ရေးမှာ မထင်မှတ်ဘဲ ချစ်ခွင့်ပန်ခြင်းခံရတတ်ပါတယ်။ ချစ်သူစုံတွဲများ လက်ထပ်ဖို့တိုင်ပင်သင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေး အိမ်တွင်းရေးသာယာဖြောင့်ဖြူ းပါလိမ့်မယ်။ ဝေးကွာနေတဲ့မိသားစု ဝင်တွေပြန်လည်ဆုံဆည်းခွင့်ရပါလိမ့်မယ်။ပညာရေးကံကောင်းနေပါတယ်။ မိမိရဲ့သင်ယူနိုင်စွမ်းကလဲ တိုးတတ်မြင့်မားနေပါလိမ့််မယ်။

အကျိုးပေးဂဏန်း 5/2/1

အထူးဟော စိတ်ကြည်နူးစရာကောင်းတဲ့အချိန်တွေပါ။

ယတြာ ဌက်ပျောသီးမှည့်၁ဝလုံး အခွံခွာပြီး ဘုရားကပ်လှူ ပါ

သောကြာ

တာဝန်တွေ ဝတ္တရားတွေနဲ့ အလုပ်များနေရလိမ့်မယ်။ ဒါအပြင် စိတ်ဖိစီးမှုတွေလဲ များနေရလိမ့်မယ်။ငွေကံကတော့ အဝင်ထက် အထွက်များနေရလိမ့်မယ်။ အလုပ်တွေလုပ်ကိုင်ရာမှာတော့ မလောပါနဲ့။ ဖြေးဖြေးမှန်မှန်လုပ်ပါ။ အသောက်အစားအပျော်အပါးတွေကို ဒီကာလမှာလျှော့စေချင်ပါတယ်။ အမှားများစွာ လုပ်မိပြုမိတတ်တဲ့ကာလပါ။ ကျန်းမာရေးကတော့ ဂရုစိုက်စေချင်တယ်။အာရုံကြောအားနည်းနေတယ်။သွေးတိုး နေတတ်တယ်။ နေစဉ်သွေးပေါင်ချိန်ပေးပါ။ ရပ်ဝေးက မိတ်ဆွေတွေနဲ့ အဆက်အသွယ် ပြတ်တောက်တာမျိုးဖြစ်ရတတ်တယ်။ မိမိအနေနဲ့ စကားပြောဆင်ခြင်ပါ။ အောက်လက်ငယ်သားတွေကို အရမ်းအပြစ်တင်မိတာမျိုးဖြစ်တတ်ပါတယ်။ အချစ်ရေးကံကတော့ အကောင်းအဆိုး ဒွန်တွဲနေလျက်ပါပဲ။ ချစ်သူကို စိတ်ချမ်းသာအောင်ထားမှ အဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်နဲ့ နားလည်မှုရှိရှိ ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်။ မိမိအိမ်ထောင်ဘက် ခရီးဝေးသွားရတာမျိုးတွေကြုံရတတ်ပါတယ်။ပညာရေးအပေါ် စိတ်ဝင်စားမှု အားနည်းနေပါတယ်။

အကျိုးပေးဂဏန်း 1/3/9

အထူးဟော ကံအနည်းငယ်ညံ့နေမည်

ယတြာ မိတ်ဆွေတစ်ဦးကို ထီလက်မှတ် လက်ဆောင်ပေးလိုက်ပါ။

စနေ

ဒီကာလဟာ ဘယ်သူစကားကိုမှ နားမယောင်မိဖို့ လိုပါတယ်။ လုပ်ချင်တဲ့ကိစ္စ ၊ အကောင်အထည်ဖော်ချင်တဲ့ လုပ်ငန်းတိုင်းကို မိမိအတွေးအကြံအတိုင်းသာလုပ်ပါ။ သူတစ်ပါးကစေတနာနဲ့ပြောပေမဲ့မိမိအတွက်တော့ ဝေဒနာဖြစ်သွားတတ်လို့ပါ။ ဒီကာလအတွင်း တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေ လုံးဝမလုပ်ပါနဲ့ ။ အချုပ်ထောင်တန်း မြင်လို့ပါ။ ရိုးသားပါ။ ကြိုးစားပါ။ အလုပ်အပြောင်းအရွေ့ကြုံလာပါက ပြောင်းရမဲ့နေရာက အခုနေရာထက်ပိုဆိုးသွားတတ်ပါတယ်။ အလုပ်နေရာ ဆိုင်နေရာ ပြောင်းမဲ့သူတွေရှိရင်လဲ ဒီကာလမပြောင်းနဲ့အုံးလို့မှာချင်ပါတယ်။ ငွေကံကောင်းနေမည်။ ကျန်းမာရေးလဲ ဒေါင်ဒေါင်မြည်ပါပဲ။ ဒါပေမဲ့ အစာအိမ်ရောဂါ အခံရှိသူတွေတော့ သတိထားပါ။ အိမ်ထောင်ရေးကံလဲ အလွန်ကောင်းမွန်တဲ့နေ့ရက်တွေပါပဲ။ မိသားစု စုံစုံညီညီနဲ့ ခရီးတွေသွားဖြစ်တတ်ပါတယ်။အချစ်ရေးမှာလဲ စိတ်ချမ်းမြေ့ရမှာပါ။ ချစ်သူခင်သူတွေလဲ အလွန်ပေါများနေမဲ့ ကာလပါပဲ။ ပညာရေးအလွန်ကောင်းပါတယ်။ မိမိတတ်သိထားတာတွေလဲ သူများကိုပြန်လည်ဝေငှနိုင်မှာပါ။

အကျိုးပေးဂဏန်း 5/1/3

အထူးဟော မိမိဆုံးဖြတ်ချက်သာအမှန်ပါ

ယတြာ ကိုယ်ဝန်ဆောင်သည်ကို အာဟာရဒါနပြုပါ။

ရရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )

viber only -09775555695

#မေသတင်းရပ်ကွက်လေး