Lucky ငါးတွေ ဘာလို့ သိန်းရာချီ တန်ရသလဲ

ပြည်တွင်းသတင်း

Lucky ငါးတွေ ဘာလို့ သိန်းရာချီ တန်ရသလဲ

အချိန် ၄၀ ဝန်းကျင်ရှိပြီး ကာလတန်ဖိုး သိန်း ၃၀၀/၅၀၀ ဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ Lucky ငါး။

ဒေသအခေါ် ကပ်သမျှင်ငါးတစ်ကောင်မွန်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တယ် ဆိုတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

ဒါ့ကြောင့်ဒီငါးတွေ ဘာကြောင့်.ဒီလောက်တန်ကြေးကြီးသလဲဆိုတာအများသိအောင် ပြောပြချင်စိတ် ဖြစ်လာပါတယ်။

တကယ်တော့..ကပ်သမျှင်ငါးအသားက တန်ဘိုးမရှိပါဘူး။ စီပေါင်းကတန်ဘိုးကြီးတာပါ။ အထီးကစီပေါင်းအသားထူပြီး အမထက်ဈေးပိုရပါတယ်။

ဥပမာ ..ငါးတစ်ကောင် ပိသာနှစ်ဆယ်ရှိရင်. စီပေါင်းခန့်မှန်းခြေ နှစ်ဆယ်သားလောက် ရှိနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပါတယ် ။

ငါးဝယ်လက်များကတော့.စီပေါင်းအနေအထားအတွက် ဝမ်းဗိုက်ကိုလက်နဲ့စမ်းပြီးခန့်မှန်း စီပေါင်း အထူအပါးကို ခန့်မှန်းဈေးပေးကြပါတယ် ။

ဘုရင့်နောင်ပွဲရုံမှာ စီပေါင်းလေလံပွဲလုပ်ပါတယ်။ တရုပ်ဝယ်လက်များ ဈေးအပြိုင်ဆွဲဝယ်ပါတယ်။

တကယ်တော့. ကပ်သမျှင်ငါး လေလံပွဲက စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

လေလံအောင်တဲ့သူက ငါးကို ခဲတံချွန်ဓားနဲ့ ဗိုက်ကိုကျွမ်းကျင်စွာခွဲယူပြီး လေသလပ်ခံ ခြောက်အောင်လုပ်ပါတယ် ။

နေပူမလှမ်းပါဘူး။ပြီးရင်စီပေါင်းကို ကတီပါအိတ်ထဲ တယုတယထည့်ယူပါတယ်။

ဒီ့နောက်တော့..ကျွန်တော်စိတ်ဝင်စားတာနဲ့ ကပ်သမျှင်ငါးစီပေါင်းကို ဘယ်နေရာမှာသုံးလို့ ဈေးကြီးတာလည်း စုံစမ်းကြည့်တဲ့အခါ အဖြေအမျိုးမျိုးရပါတယ်။

အာရပ်လူမျိုးတွေ ကလေးမွေးပြီး မီးနေသည်ဘဝမှာ မီးရှို့အငွေ့ရှူတယ်လို့ ပြောပါတယ် ။

မြန်မာပြည်က မီးနေသည်တွေ နနွင်းရှူသလိုမျိုးပေါ့။

နောက် source တစ်ခုက တရုပ်မျိုးနွယ်စုတစ်မျိုးမှာ ကပ်သမျှင်စီပေါင်းကို ယောင်္ကျား မိန်းမတင်တောင်းတဲ့ နေရာမှာသုံးပါတယ် ။

ဥပမာ မိန်းကလေးရှင်ဖက်က တင်တောင်းနိုင်ရင် တစ်သက်လုံး မိန်းမအကြိုက်လိုက်ရပါတယ်။ ယောင်္ကျားလေးရှင်ဖက်က တင်တောင်းနိုင်ရင် တစ်သက်လုံး ယောင်္ကျားအကြိုက်လိုက်ရပါတယ်။

သိသလောက် ရေးပြခြင်းဖြစ်သည်။

ဒီ့ထက်ပိုပြီးသိတဲ့သူများလည်း အများသိရအောင်ကွန်မန့်မှာ ရေးပေးသွားဖို့ ဖိတ်ခေါ်ပါတယ်။

ဒီအကြောင်းအရာတွေကိုလည်းကို Thant Zaw Win ဆိုတဲ့ လူတစ်ယောက်က ရေးပြထားလို့ သိရတာပါ။

ဒါ့ကြောင့်တံငါသည်တွေအနေနဲ့လည်း..

ကံကောင်းနိုင်ကြပါစေလို့ ဆုတောင်းရင်း..

Credit – ဘုန်းထက်ကြယ်

ပိုစ်အောက်မန့်ထားတာတွေပါ ဗဟုသုတအရမ်းရပါတယ်

ကပ်သမျှင်ငါးကို ရခိုင်ကမ်းရိုးတန်းနဲ့ဧရာဝတီ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေမှာ များသောအားဖြင့်တွေ့ရလေ့ရှိပါတယ်အရင်တုန်းက မြန်မာနိုင်ငံမှာတနှစ်အကောင် သုံးလေးဆယ်လောက်ရနိုင်ပေမယ့် အခုနောက်ပိုင်းမှာတော့
သုံးလေးကောင်သာရရှိတော့ပါတယ်…

ကပ်သမျှင်ငါး အဆီပေါင်း တစ်ကျပ်သားကို ၃၅သိန်းလောက်လက်ရှိဈေးပေါက်ပါတယ် …

နိုင်ငံတကာဈေးကွက်မှာ မြန်မာငွေ သိန်းထောင်ချီတန်တယ်ဗျ ဒီငါးကအတော်ရခဲတဲ့ငါးပါ သူနဲ့ခပ်ဆင်ဆင် ကပ်သပေါင်းလဲရှိတယ် ကျနော် ငါးလောကမှာ လုပ်တုန်း စုံစမ်းမိသမျှတော့ တရုတ်တွေက ငါး စီပေါင်းမှန်သမျှကို ယောကျာ်းအားတိုးဆေးအနေနဲ့စားတယ်လို့သာပြေကြပါတယ် စီပေါင်းထဲမှာ အဲဒီငါးစီပေါင်းပီးရင် ဈေးအကောင်းဆုံးက ငါးရွှေ(မြို့အခေါ် ငါးဟောက် မုန့်ဟင်းခါးရည်ချက် အရမ်းကောင်း:-) 🙂 )စီပေါင်းပဲ သူလဲ သိန်းနဲ့ချီတန်တယ်
တရုတ်တွေက နတ်ကိုးကွယ် ယုံကြည်မူ တအားရှိကြတယ်

တရုတ်တွေက အဲဒိငါးကို ရိုးရာနတ်ကိုးကွယ် ပူဇော်ပသ တဲနေရာမှာ အသုံးပြုကြတယ်အလိမ္မာစာမှာရှိဆိုသလိုပေါ့ဗျာစာဖတ်တဲ့သူကစာမဖတ်တဲ့သူနဲ့စာရင်ပိုသိကြတာပဲ ဥပမာ ကရင်ပြည်နယ်သံလွင်မြစ်ဘေးကကရင်ရွာတွေမှာ

ဒီလိုငါးမျိုးတွေ့လို့ကတော့အပိုင်းပိုင်းခုတ်ထစ်ငါးပိသိပ်လို့ဘာပြောကောင်းမလဲ မြန်မာပြည်ရဲ့ဈေးအကြီးဆုံးငါးပိကိုစားနေကြမှာအမှန်ပဲ တောမှာနေတဲ့ကရင်လူမျိုးများဟာ

သိပ်ရိုးသားကြတာတချိုနယ်ဘက်တွေမှာ အဲဒိငါးကို ကနကုတ် လိုလည်းခေါ်ကြတယ်ဒီငါးက လပ်ကီးငါးလို့လဲ ပြောတယ်

စီပေါင်းကိုနေပူထဲမလှန်းတာက အလေးချိန်စီးအောင်ပါ။စီပေါင်းမှာ သွေးစွန်းရာ ပွန်းပဲ့ရာ စီပေါင်းအတံရှည်ထိပ်ပိုင်းလေးပဲ့နေတာဆိုလဲဈေးကောင်းမရပါဘူး။အာ့ကြောင့်ခုနောက်ပိုင်းအကောင်လိုက်ရောင်းရတာပါ။ရွှေငါးရပြီးထဲ့ ရေလုပ်သားတွေက ငါးဖမ်းတာရပ်လိုက်ရပါတယ်။အာ့ငါးရပြီးတာတောင်ဆက်ပြီးငါးဖမ်းနေသေးရင် ရှိသမျှအကုန်ပြောင်တာပဲ။

တံငါသည်တွေကြားမှာတော့ဒီငါးရပီရင် တံငါအလုပ် မလုပ်စားနက်နဲ့တော့တံငါအလုပ် ဆက်လုပ်ရင် အကျိုးမဖြစ်တော့ဘူး

တခြားအလုပ် ပြောင်းလုပ်ရတယ်လို့ ယုံကြည်ကြတယ်ဟုတ်ကဲ့ ကပ်သမျှင်အစီပေါင်းကိုတရုတ်နိုင်ငံမှာ ကာမဆေးဖော်စပ်တဲ့နေရာမှာလည်းသုံးပါတယ်..

ဒါ့အပြင် တရုတ်နာမည်ကြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရာမှာလည်းအသုံးပြုကြပါတယ်ကပ်သမျှင်အဆီပေါင်းနဲ့ ထုတ်လုပ်ထားတဲ့ တိုင်းရင်းဆေးဟာ အရမ်းဈေးကြီးပါတယ်…

စီပေါင်းကို ဒန်အိုးဖုံးပေါ်တင် ခြင်ထောင်ထဲထည့်ပြီးအပြင်ကပန်ကာဖွင့်ပြီး လေနဲ့အခြောက် ခံကြတယ်။အရောင်လှမှဈေးကောင်းရတာ။ အာ့ကြောင့်ခုကရေခဲရိုက်လို့ရတော့အကောင်လိုက်ရောင်းကြတာ။အထီးစီပေါင်းကရှည်မျောမျောလေး အမစီပေါင်းကဝိုင်းတယ်ပြောကြတယ်။သူများပြောတာကြားဖူးလို့ပြန်ပြောပြတာပါ။

ကပ်သမျှင်ငါးကိုဒါးကြီးဖြင့်ဗိုက်ခွဲပြီးစီပေါင်းကိုသေချာခွါယူရတယ်ပြီးရင်ကပ်ကျေးဖြင့်စီပေါင်းကိုညီညာစွာခွဲရတယ်အထဲမှသွေးစနဲအချွဲတွေဖယ်ရတယ်ပြီးရေစင်အောင်ဆေးပြီးလိုချင်တဲပုံရအောင်ပုံဖေါ်ပြီးနေလှန်းရပါတယ်၎ပုံ၃ပုံခန်းခြောက်သွေးပြီးမှလေပန်ကာဖြင့်အခြောက်ခံရတယ်

တရုတ်‌ ကွန်‌မြူနစ်‌ပါ တီ ‌ရှေး လူကြီးအကြီးအကဲ အချို့ ကို တန်‌ ဖိုး ကြီးလက်‌‌ဆောင်‌ ပဏ္ဍာအဖြစ်‌ ‌ပေး‌လေ့ ‌ပေးထရှိတယ်‌ လို့ ကြားဖူးနားဝရှိပါသည်‌။

အလှအပလဲကြိုက်သေးတယ်ဝယ်တဲ့တရုပ်က ရှေ့ကဘုလေးနှစ်ဘုဖေါင်းနေရမယ် နောက်ပြီး အမှီးလေးကကြွက်မှီးလေးလိုတန်းနေရမယ် အဲလိုဖြစ်ဖို့နည်းစနစ်အများကြီးရှိသေးတယ် အထီးစီပေါင်းပေါင်းကအလယ်ကထူဘေးပက်ချာလယ်ကပါး ပါတယ် အမစီပေါင်းကတချပ်လုံးပါးပါသည်

အထီးအမရှိပါတယ် အထီးရဲ့စီပေါင်းကပိုတန်းဖိုးရှိပါတယ်ကက်သမျှင်စီပေါင်းဟာ ကျည်ကာမှန်ပြုလုက်ရာမှာအသုံးပြုတာပါ

ကပ်သမျှင်မှာ ရွေရောင် နဲ့ ငွေရောင်နှစ်မျိုးမှာ ရွေရောင်ကပ်သမျှင် အထီးစီဖောင်းက ဒေါ်လာသုံးသောင်းနှင့်အထက် ကြီးရင်ကြီးသလို် ဈေးကောင်းပါတယ

စီပေါင်းအခြောက်ကိုနေရောင်မှာထောင်ကြည့်ရင်.ရွှေရောင် အမုံ လဲ့လဲ့လေးမြင်ရတယ် ငွေရောင် ကပ်သမျှင်ကလည်းနေမှာထောင်ကြည့်ရင် ငွေရောင်လဲ့လဲ့ မြင်ရပါတယ်..ငွေရောင် စီဖောင်းက တကီလို ကို မြန်မာကျပ်ငွေ ငါးသိန်းဈေးဝန်းကျင်ပေါက်တယ်..မိခင်ကြီး state3 သားအိမ်ကင်ဆာ ခွဲအပြီး ငွေရောင်စည်ဖောင်း..ဆန်ပြတ်တိုက်တာ တပါတ်နဲ့တင် ဆေးရုံကဆင်းရပါတယ် ခွဲစိတ်မှုအောင်မြင်လို့ ငါးနှစ်ကျော်ပါပြီ..ဆိုလိုတာက. လူမမာအတွက် ထူးထူးခြားခြား အားအင်ပြည့်ဖြိုးစေတာတော့ တွေရပါတယ် ရွေရောင်ဆိုရင်တော့ ပိုစွမ်းမလားဘဲ..

ငါးစည်ဖောင်း တော်တော်များများ နှလုံးကို အကျိုးပြုတယ်လို့လည်း မှတ်ရဖူးပါတယ်ကပ်သမျှင်ငါးရဲ့ဈေးကြီးရခြင်းအကြောင်းတွေထဲကတစ်ခုပြောပါဆိုရင်စည်ပေါင်းပါပဲ။

ဒီစည်ပေါင်းကအဆိုးတန်ရေမွှေးလုပ်ရာမှာမပါမဖြစ်ပါရတယ်လို့ကြားဖူးပါသည်။တော်ရုံဈေးပေါသောရေမွှေး၌ထည့်မသုံးနိုင်ပါ။ကမ္ဘာတဝှမ်းမှအထက်တန်းစားလူဂုဏ်တန်များသာသုံးစွဲနိုင်သောရေမွှေးတွင်သာအသုံးပြုသည်ဟုမှတ်သားရဖူးပါသည်။
ပြင်သစ်မှလက်ဗရွန်လိုရေမွှေးမျိုးပါ။

ကပ်သမျှင် အချိန်၄၀ကောင်ဆိုရင်အစို ၁ပိသာ၁၀သားလောက်ရှိတယ် ခွဲပြီးလှမ်းမယ်ဆိုရင်ဆံပြာသောဇကောနှင့်၁ချပ်လောက်ရှိပါသည်။

အသားမှာကြမ်းသည်ထင်ရပေမဲ့အရေခွင်ရောအသားပါအလွန်အရသာရှိသောငါးဖြစ်သည်

ဟင်ချက်ရာတွင်ဟင်းနံ့မှာမွှေးနေသည်အသားကနူးညံ့၍အရေခွံမှာစားလျှင်ထုတ်ထုတ်နှင့်စားလို့ကောင်းသည်ငယ်ငယ်၁၈နှစ်သားအထိအကြိမ်၂၀မကစားဘူးသည်ထိုအချိန်ကပွဲရုံဈေး၁ပိသာ၎ကျပ်မျှရှိဈေးထဲရောင်းဈေးမှာ၁ပိသာမှ၆ကျပ်၇ကျပ်သာရှိဈေးပေါ်ကို၁လ၁၀ကောင်၁၂ကောင်ထိတက် ဒါအနည်းလေးပြောတာကပ်သမျှင်ရလိုဈေးကိုတင်မ်ဆို ငါးကိုအမြည်းနှင့်ခေါင်းကိုကြိုး

ချည်ပြီး ဝါးပိုလုံးနှင့်လူနှစ်ယောက်ထမ်း၍ဈေးကိုသယ်ပါသည်

ငါးအမြည်းမြေကြီးနှင့်မလွတ်၍သယ်တာပါ ရခိုင်​မှာဆာဖာငါးလို့​ခေါ်တယ်​ဗျ အဲငါးကြီးကြီးရရင်​ထီ​ပေါက်​သလိုပဲရခိုင်​မှာ​ပျော်​ကြတယ်​။

ချစ်ကိုကြီးတို့ အတွက် ပါ။

Zawtheinhtut Zawtheinhtut