မိတီၳလာက ဆိုင္ကယ္အင္ဂ်င္ျဖင့္ ကားတီထြင္သူ တရားဝင္လုိင္စင္လုိအပ္ေန

သတင်​းစုံ

မႏၲေလးတိုင္းေဒသႀကီး၊ မိတီၳလာၿမဳိ႕၊ ရန္မ်ိဳးေအာင္ရပ္ကြက္ေန လူငယ္တဦးျဖစ္တဲ့ ကိုေဇာ္မ်ဳိးဦးဟာ ဆိုင္ကယ္အင္ဂ်င္သံုး အိမ္စီးကားေတြကို တီထြင္ စမ္းသပ္ ေမာင္းႏွင္ေနၿပီး တရားဝင္ ကားထုတ္လုပ္ေရာင္းခ်ႏိုင္ဖို႔ ႀကဳိးပမ္းေနပါတယ္။

လတ္တေလာ အိမ္စီးကားငယ္ ၃ စီး တီထြင္ထားတဲ့ ကုိေဇာ္မ်ိဳးဦးက အစုိးရခြင့္ျပဳခ်က္နဲ႔ တရားဝင္လုိင္စင္ ရယူၿပီး ကားထုတ္လုပ္ေရာင္းခ်င္တယ္လို႔ ေျပာပါတယ္။

“အင္ဂ်င္နဲ႔ ဂီယာက သုံးဘီးဆိုင္ကယ္ကပါပဲ။ ဂီယာ ငါးခ်က္၊ ဘက္ဂီယာနဲ႔ဆို ေျခာက္ခ်က္ေပါ့။ ေနာက္ဘီးမွာ ကေရာင္းပါတယ္။ ေနာက္ဆြဲေပါ့။ ကီလုိ ၈၀ ေမာင္းႏိုင္ပါတယ္။ ဓာတ္ဆီ တဂါလံ မိုင္ ၆၀ ေလာက္ရတယ္။ အခုေတာ့ ကားေဘာ္ဒီတို႔ ဒက္ဘုတ္တို႔ကုိ သံျပားနဲ႔ ပုံစံေဖၚထားတယ္။ ပလပ္စတစ္တို႔ ဖိုင္ဘာတို႔နဲ႔ မုိသြင္းၿပီးလည္း လုပ္တတ္ပါတယ္။ အစုိးရဆီ လုိင္စင္ေလ်ွာက္ၿပီး ကားေတြအမ်ားႀကီး ထုတ္လုပ္ခ်င္တယ္။ ႐ုံးဌာနလုပ္ငန္းအဆင့္ဆင့္ကုိ ဘယ္က စလုပ္ရမွန္း မသိေတာ့ အခက္အခဲရွိေနတယ္။”

ထုတ္လုပ္ေနတဲ့ ကားေတြဟာ ႏွစ္ေယာက္စီး အိမ္စီးကားျဖစ္ၿပီး ေလးေယာက္စီးအျဖစ္လဲ စိတ္ႀကိဳက္လုပ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ မိတီၳလာေဒသခံေတြကေတာ့ သူထုတ္လုပ္တဲ့ ကားေတြကို ႏွစ္သက္သေဘာက်စြာ အားေပးေနၾကပါတယ္။မိတီၳလာေဒသခံကုိတူးက “ကားေလးက လွတယ္။ စက္စမ္းယာဥ္ဆိုၿပီး ကုိေဇာ္မ်ိဳးဦးကေတာ့ တႏိုင္ငံလုံးအႏွံ႔ ေမာင္းၿပီးၿပီ အစုိးရက အသိအမွတ္ျပဳၿပီး လုိင္စင္ရေစခ်င္တယ္ “လုိ႔ ေျပာပါတယ္။

အခုသူ ထုတ္လုပ္တဲ့ အိမ္စီးကားေတြက အလ်ား ၉ ေပ၊ အနံ ၄ေပခြဲ ကားတစီးလုံး အေလးခ်ိန္ ၅၃၀ ကီလုိဂရမ္ေလးပါတယ္။ ပထမဆုံးကားတပ္ဆင္တဲ့ကားဟာ အခ်ိန္ ၇ လၾကာျမင့္ခဲ့ၿပီး ေနာက္ကားေတြကေတာ့ အခ်ိန္သိပ္မယူရေတာ့ဘူးလို႔ ဆိုပါတယ္။ကားတစီးကုိ ပစၥည္းတန္ဖိုးခ်ည္း က်ပ္ေငြ ၁၆ သိန္းေလာက္ ကုန္က်ၿပီး လက္ခပါ ထည့္တြက္ရင္ က်ပ္သိန္း၂၀ေက်ာ္ေလာက္ တန္ဖိုးရွိမွာျဖစ္ပါတယ္။

သတင္း-ေမာင္ေမာင္လင္း

Credit – DVB

Unicode

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ လူငယ်တဦးဖြစ်တဲ့ ကိုဇော်မျိုးဦးဟာ ဆိုင်ကယ်အင်ဂျင်သုံး အိမ်စီးကားတွေကို တီထွင် စမ်းသပ် မောင်းနှင်နေပြီး တရားဝင် ကားထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

လတ်တလော အိမ်စီးကားငယ် ၃ စီး တီထွင်ထားတဲ့ ကိုဇော်မျိုးဦးက အစိုးရခွင့်ပြုချက်နဲ့ တရားဝင်လိုင်စင် ရယူပြီး ကားထုတ်လုပ်ရောင်းချင်တယ်လို့ ပြောပါတယ်။

“အင်ဂျင်နဲ့ ဂီယာက သုံးဘီးဆိုင်ကယ်ကပါပဲ။ ဂီယာ ငါးချက်၊ ဘက်ဂီယာနဲ့ဆို ခြောက်ချက်ပေါ့။ နောက်ဘီးမှာ ကရောင်းပါတယ်။ နောက်ဆွဲပေါ့။ ကီလို ၈၀ မောင်းနိုင်ပါတယ်။ ဓာတ်ဆီ တဂါလံ မိုင် ၆၀ လောက်ရတယ်။ အခုတော့ ကားဘော်ဒီတို့ ဒက်ဘုတ်တို့ကို သံပြားနဲ့ ပုံစံဖေါ်ထားတယ်။ ပလပ်စတစ်တို့ ဖိုင်ဘာတို့နဲ့ မိုသွင်းပြီးလည်း လုပ်တတ်ပါတယ်။ အစိုးရဆီ လိုင်စင်လျှောက်ပြီး ကားတွေအများကြီး ထုတ်လုပ်ချင်တယ်။ ရုံးဌာနလုပ်ငန်းအဆင့်ဆင့်ကို ဘယ်က စလုပ်ရမှန်း မသိတော့ အခက်အခဲရှိနေတယ်။”

ထုတ်လုပ်နေတဲ့ ကားတွေဟာ နှစ်ယောက်စီး အိမ်စီးကားဖြစ်ပြီး လေးယောက်စီးအဖြစ်လဲ စိတ်ကြိုက်လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ မိတ္ထီလာဒေသခံတွေကတော့ သူထုတ်လုပ်တဲ့ ကားတွေကို နှစ်သက်သဘောကျစွာ အားပေးနေကြပါတယ်။မိတ္ထီလာဒေသခံကိုတူးက “ကားလေးက လှတယ်။ စက်စမ်းယာဉ်ဆိုပြီး ကိုဇော်မျိုးဦးကတော့ တနိုင်ငံလုံးအနှံ့ မောင်းပြီးပြီ အစိုးရက အသိအမှတ်ပြုပြီး လိုင်စင်ရစေချင်တယ် “လို့ ပြောပါတယ်။

အခုသူ ထုတ်လုပ်တဲ့ အိမ်စီးကားတွေက အလျား ၉ ပေ၊ အနံ ၄ပေခွဲ ကားတစီးလုံး အလေးချိန် ၅၃၀ ကီလိုဂရမ်လေးပါတယ်။ ပထမဆုံးကားတပ်ဆင်တဲ့ကားဟာ အချိန် ရ လကြာမြင့်ခဲ့ပြီး နောက်ကားတွေကတော့ အချိန်သိပ်မယူရတော့ဘူးလို့ ဆိုပါတယ်။ကားတစီးကို ပစ္စည်းတန်ဖိုးချည်း ကျပ်ငွေ ၁၆ သိန်းလောက် ကုန်ကျပြီး လက်ခပါ ထည့်တွက်ရင် ကျပ်သိန်း၂၀ကျော်လောက် တန်ဖိုးရှိမှာဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း