မလုပ်သေးလို့ပါနော်…မြန်မာတွေ တကယ်လိမ်ရင် ပေါက်ဖော်ကြီးလည်း မခံနိုင်ပါဘူး..!!
ဖြစ်ပုံက ဒီလို ..
ဖြစ်ချင်တော့…..
unicode
မြန်မာတွေ တကယ်လိမ်ရင် ပေါက်ဖော်ကြီးလည်း မခံနိုင်ပါဘူး..!!
ဖြစ်ပုံက ဒီလို ..
တရုတ်ပြည်က… ကျုပ်တို့နိုင်ငံမှာရှိတဲ့ မြွေပွေးတွေကို..ဈေးကောင်းပေးပြီးဝယ်တာ ခင်ဗျားတို့လဲကြားဖူးမှာပေါ့…
ဈေးကောင်းရသတဲ့ဟေးး …ဆိုတာနဲ့ ကျုပ်တို့နိုင်ငံက သကောင့်သားတွေက မြွေပွေးဖြစ်ပြီးရောဆိုပြီး သေးသေးကြီးကြီးအကုန်ဖမ်းပြီး မြွေပွဲစားကတဆင့် တရုတ်ပြည်ကိုရောင်းကြသတဲ့..!
ဖြစ်ချင်တော့…..
မြွေပွေးမှာ …မျက်ပြူ းနဲ့မျက်မှေးဆိုပြီးနှစ်မျိုးရှိတယ်..တရုတ်တွေဝယ်တာက မျက်မှေးအမျိုးအစားတဲ့ဗျ …
အဲဒီ မြွေပွေးမျက်မှေးက ..အဆိပ်သိပ် မပြင်းတော့ ..သူတို့ဟင်းချက်ရောင်းရတာ အဆင်ပြေတာကိုး…
မျက်ပြူ းကတော့ ..အဆိပ်အရမ်းပြင်းလို့ တရုတ်ပြည်မှာ..ဘယ်သူမှမစားဘူးတဲ့..
အဲဒီမှာ ….ဘာတွေဆက်ဖြစ်ကြသလဲ ဆိုတော့…..
ရောင်းတဲ့ကောင်တွေက..ပြူးပြူးမှေးမှေး မြွေပွေးဖြစ်ပြီးရော..ဖမ်းရောင်းကြသလို မြွေပွဲစားကလဲ…ရသမျှအကုန်သယ်ပြီး တရုတ်ပြည်သွားပို့တယ်..
အဲဒီမှာ..ဝယ်လက်တရုတ်က မျက်ပြူးတွေမဝယ်ဘူးလို့ပြောတော့ ..မြွေပွဲစားဒုက္ခရောက်ပြီလေ….မွဲတော့မှာကိုး..
အဲဒီမှာ..မြွေပွဲစားကအကြံပေါ်လာတာနဲ့ကားထဲကမြွေပွေးမျက်ပြူးတွေကို..တစ်ကောင်ခြင်းယူပြီး..မျက်လုံးမှာ ပရုပ်ဆီ လိမ်းပေးလိုက်သတဲ့… 🙂 🙂
ဘယ်လောက်ပြူးတဲ့မျက်လုံးဖြစ်နေနေ ပရုပ်ဆီနဲ့တွေ့တော့ မှေးသွားရတာပဲ ..
တရုတ်ဝယ်လက်ဆီပြန်သွားပြီး ..” ဟောဒီမှာ..တာကောလိုချင်တဲ့မျက်မှေးတွေဆိုပြီးရောင်းတော့..စောင်တရုတ်ကလဲ ဘုမသိဘမသိနဲ့မြွေပွေးမျက်မှေးတွေဆိုပြီးငွေချေပေးလိုက်တာပေါ့…
ရက်နည်းနည်းကြာလို့ ..ပရုတ်ဆီဓာတ်ပျယ်သွားတဲ့မြွေပွေးတွေရဲ့ မျက်လုံးတွေက…ပြူးပြူးလာတိုင်း တရုတ်ရဲ့မျက်လုံးပါ ပြူးပြူးလိုက်လာသတဲ့…
ငါဝယ်တဲ့မျက်မှေးတွေက..အခုဘာလို့ ပြူးလာသလဲဆိုပြီးစဉ်းစားရင်းနဲ့ တရုတ်ကြီး ရေရွတ်လိုက်တာကတော…
” စောင် ပ ယိုးးးး ဘီမာသွေ ” တဲ့ …
မလုပ်သေးလို့ပါနော်…မြန်မာတွေ …တီကယ်လိမ်ရင်..တီရုတ်လည်းမခံနိုင်ပါဘူးဗျာ းးးးးးးး !!!!! 🙂 🙂 :)။မင်း ဝေဝေ
Be the first to comment
Leave a Reply
Your email address will not be published.
*