ကိုယ်ဝန်ရှိလို့ယူရတယ် ဆိုတဲ့ သတင်းကို ငြင်းဆိုလိုက်တဲ့ ရွှေမှုန်ရတီ

အနုပညာကဏ္ဍ

လက်တလောမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ အဆိုတော်၊သရုပ်ဆောင် ရွှေထူးနဲ့ နိုင်ငံကျော်မင်းသမီး ရွှေမှုံရတီ တို့ လက်ထပ်လိုက်တယ်ဆိုတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ပရိသတ်တွေ ရဲ့အချစ်ကို ခံထားရပြီး အောင်မြင်မှုတွေ ကိုယ်စီနဲ့ လျှောက်လှမ်းလာကြတဲ့ အနုပညာရှင်နှစ်ယောက်လဲဖြစ်ပါတယ် ။ သူတို့နှစ်ဦးမှာ တစ်ဦးကအဆိုတော်၊ တစ်ဦးကသရပ်ဆောင်ဆိုပေမယ့် နောက်ပိုင်းမှာ ရွှေထူးက ရုပ်ရှင်ကားကြီးတွေရိုက်ကူးလာတာကြောင့် ရွှေမှုံရတီနဲ့ ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆုံတွေ့ခဲ့ကြပြီး အဲ့ရိုက်ကူးရေးအပြီးမှာတော့ သူတို့နှစ်ယောက်ရည်းစားတွေ ဖြစ်သွားကြတယ်လို့လဲ သိရပါတယ်။

အဲ့ဒီနောက် သူတို့ နှစ်ဦးဟာ အချစ်စစ်တစ်ခုကို ရရှိခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး ဝေးမနေချင်တော့တာကြောင့် လက်ထပ်ခဲ့ကြတာဖြစ်ကာ လက်ထပ်ပွဲအတွက်ကိုလဲ သူတို့သေသေချာချာစီစဉ်ခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။ ဒါကို ပရိသတ်တွေက စပရိုက်ဖြစ်ကြသလို မနာလိုသူတွေကတော့ တိုက်ခိုက်ကြတာလဲ ရှိပါတယ်။ မင်္ဂလာဆောင် ချက်ချင်းကြီး ဖြစ်ပေါ်လာတာကြောင့် မယူမဖြစ်တဲ့ အခြေအနေတစ်ခုကြောင့်ယူရပါတယ်ဆိုပြီး သတင်းတွေ ဖြန့်နေသူလဲရှိပါတယ်။

အဲ့ဒီလို သတင်းတွေမှာ တစ်ချို့သော ပေ့ခ်ျတွေမှာ ကိုယ်ဝန် ၃ပတ်ရှိနေပြီ ဆိုကာ ရေးသားဖော်ပြလာတာတွေ ရှိနေပါတယ်။ အဆိုပါ သတင်းနဲ့ပတ်သက်ပြီး ရွှေမှုံရတီရဲ့ ပရိသတ်တစ်ဦးက သူမကို messenger ကနေသွားရောက်မေးမြန်းခဲ့ရာ ရွှေမှုံက ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ သူတို့ရဲ့ မင်္ဂလာဦး ဆွမ်းကပ် အလှူပြုလုပ်ပွဲမှာ သဲက ကလေးဘဲရှိသေးတာ ကလေးမလိုချင်သေးပါဘူးတဲ့ ၊ ရွှေထူးကလဲ ကလေးကို ကလေးမယူခိုင်သေးပါဘူး ၊ သူလဲအနုပညာအလုပ်တွေရှိသေးတော့ ရုပ်ရှင်တွေ ရိုက်ခိုင်းဦးမှာပါ။ ကလေး တန်းလန်းတန်းလန်း နဲ့ သူ့ကို အဖြစ်မခံပါဘူး ဆိုပြီး မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ မင်္ဂလာဆောင်အတွက် အသေးစိတ်ကို ကြိုတင်စီစဉ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်သလို နှစ်ဖက်မိဘ၊ဆွေမျိုးအသိုင်းအ၀ိုင်းတွေကိုလဲ အသိပေးပြီးမှ လုပ်တာပါ။ သူတို့နှစ်ဦးဟာ အသွင်တူတဲ့ သူနှစ်ယောက်ဖြစ်တာကြောင့် ခုလို ချစ်မိသွားကြတာလဲ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ရွှေထူးနဲ့ရွှေမှုံရတီတို့ဟာ နိုဝင်ဘာလ (၉)ရက်နေ့ မှာ မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ၊နိုဝင်ဘာလ (၁၁)ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲကို ညနေ(၆)နာရီ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

credit – momolay