ဒုသမၼတနဲ႔ အတူအိပ္ခဲ့တဲ့ ဗြီဒီယိုဖုိင္ ထြက္ေနတယ္ဆိုတဲ့ ဖန္ဘင္းဘင္း

Uncategorized

Zawgyi

ၿပီးခဲ့တဲ့ရက္အနည္းငယ္က မင္းသမီး ဖန္ဘင္းဘင္း ဟာတရုတ္စိုးရကို အခြန္ေရွာင္မွု နဲ႔ ေဒၚလာ သန္းေပါင္း ၁၃၀ ဒဏ္ေငြေပးေဆာင္ရမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။

သူမအေနနဲ႔ ဒီေလာက္ႀကီးမားတဲ့ေငြပမာဏကို ေပးေဆာင္လိုက္ရလို႔ မြဲျပာက်သြား လိမ့္မယ္လို႔ လူထုပရိတ္သတ္က ထင္ေနခဲ့ၾကတာပါ။

သို႔ေပမဲ့အထင္နဲ႔ အျမင္ကေတာ့ တလြဲစီျဖစ္ေနခဲ့ပါတယ္။ သူမဟာ လက္ရွိအေျခအေနမွာလဲ အဆင္ေျပေနဆဲပါ။

ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ သူမကို ေပက်င္း အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ကားအနက္ေရာင္တစ္စီးနဲ႔အတူ ေတြ႔ခဲ့ရပါတယ္။ ဒီလိုေတြ႔ရျခင္းဟာျပႆနာအမ်ားအျပားျဖစ္ပ်က္ၿပီးေနာက္ပိုင္း သူမပထမဦးဆုံး လူထုေရွ႕ကိုျပန္လည္ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

သူမဟာ ေဒၚလာသန္းေပါင္းမ်ားစြာကိုအေလ်ာ္ေပးလိုက္ရတယ္ဆိုေပမဲ့ လက္ရွိ သူမ အဆင္ေျပေနဆဲဆိုတာသူမစီးေနတဲ့ ကားက သက္ေသျပလို႔ေနပါတယ္။

ကားလုိင္စင္နံပါတ္ျပားမွာပါရွိတဲ ့京A ဆိုတာနဲ႔ စထားတာျဖစ္ပါတယ္။ အခုလို A နံပါတ္ျပား နဲ႔စတဲ့ ကားမ်ားကို အစိုးရအဖြဲ႕အစည္းမ်ားကသာ စီးႏိုင္သာျဖစ္ပါတယ္။

သူမအေနနဲ႔ ေလဆိပ္မွာ အဆိုပါ A နဲ႔စတဲ့နံပါတ္ျပား တပ္ဆင္ထားေသာ ကားကို စီးနင္းလိုက္ပါသြားခဲ့တာေၾကာင့္ သူမကို အစိုးရ အဖြဲ႕အစည္းမ်ားနဲ႔ အဆက္အသြယ္ရွိေန လိမ့္မယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။

ဖန္ဘင္းဘင္းတစ္ေယာက္ ေလဆိပ္မွာ ထြက္ေပၚမလာခင္မွာ သူမဟာ တရုတ္ျပည္သူ႔ သမၼတႏုိင္ငံ ဒုတိယသမၼတ ဝမ္ခ်ီရွန္ နဲ႔ အတူတူအိပ္ထားတဲ့ sex tape video ထြက္ရွိထားတယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။

ဒီလို သတင္းထြက္ေပၚလာရတာကလဲ တရုတ္ႏိုင္ငံ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္တဲ့ ေကာင္ဝမ္ေကြ ကေနၿပီး ဖန္ဘင္းဘင္းနဲ႔ ဒုသမၼတတို႔ အတူအိပ္ထားတဲ့ ဗြီဒီယို သူ႔မွာရွိတယ္လို႔ အတိအက် ေျပာဆိုလိုက္တာေၾကာင့္ျဖစ္ပါတယ္။

ဒါဟာ တကယ္ျဖစ္ႏိုင္ မျဖစ္ႏိုင္ဆိုတာ လူထုက ဆိုရွယ္မီဒီယာေပၚမွာ ျငင္းဆိုေနၾက ေပမဲ့ ဖန္ဘင္းဘင္းကေတာ့သတိၱရွိစြာပဲ အစိုးရအဖြဲ႕အစည္းပိုင္ ကားတစ္စီး ေပၚကို လိုက္ပါစီးနင္းခဲ့ပါတယ္။ သူမ ထိုကားကိုလိုက္ပါ စီးနင္းခဲ့တဲ့အတြက္ တကယ္ပဲ ဒုသမၼတနဲ႔ အိပ္ခဲ့တာလား video ကတကယ္ပဲရွိတာလားဆိုၿပီး သို႔ေလာသို႔ေလာေတြ ျဖစ္ေနၾကပါတယ္။

Credit-popolay

Unicode

ပြီးခဲ့တဲ့ရက်အနည်းငယ်က မင်းသမီး ဖန်ဘင်းဘင်း ဟာတရုတ်စိုးရကို အခွန်ရှောင်မှု နဲ့ ဒေါ်လာ သန်းပေါင်း ၁၃၀ ဒဏ်ငွေပေးဆောင်ရမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

သူမအနေနဲ့ ဒီလောက်ကြီးမားတဲ့ငွေပမာဏကို ပေးဆောင်လိုက်ရလို့ မွဲပြာကျသွား လိမ့်မယ်လို့ လူထုပရိတ်သတ်က ထင်နေခဲ့ကြတာပါ။

သို့ပေမဲ့အထင်နဲ့ အမြင်ကတော့ တလွဲစီဖြစ်နေခဲ့ပါတယ်။ သူမဟာ လက်ရှိအခြေအနေမှာလဲ အဆင်ပြေနေဆဲပါ။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ သူမကို ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကားအနက်ရောင်တစ်စီးနဲ့အတူ တွေ့ခဲ့ရပါတယ်။ ဒီလိုတွေ့ရခြင်းဟာပြဿနာအများအပြားဖြစ်ပျက်ပြီးနောက်ပိုင်း သူမပထမဦးဆုံး လူထုရှေ့ကိုပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

သူမဟာ ဒေါ်လာသန်းပေါင်းများစွာကိုအလျော်ပေးလိုက်ရတယ်ဆိုပေမဲ့ လက်ရှိ သူမ အဆင်ပြေနေဆဲဆိုတာသူမစီးနေတဲ့ ကားက သက်သေပြလို့နေပါတယ်။

ကားလိုင်စင်နံပါတ်ပြားမှာပါရှိတဲ ့京A ဆိုတာနဲ့ စထားတာဖြစ်ပါတယ်။ အခုလို A နံပါတ်ပြား နဲ့စတဲ့ ကားများကို အစိုးရအဖွဲ့အစည်းများကသာ စီးနိုင်သာဖြစ်ပါတယ်။

သူမအနေနဲ့ လေဆိပ်မှာ အဆိုပါ A နဲ့စတဲ့နံပါတ်ပြား တပ်ဆင်ထားသော ကားကို စီးနင်းလိုက်ပါသွားခဲ့တာကြောင့် သူမကို အစိုးရ အဖွဲ့အစည်းများနဲ့ အဆက်အသွယ်ရှိနေ လိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ဖန်ဘင်းဘင်းတစ်ယောက် လေဆိပ်မှာ ထွက်ပေါ်မလာခင်မှာ သူမဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတ ဝမ်ချီရှန် နဲ့ အတူတူအိပ်ထားတဲ့ sex tape video ထွက်ရှိထားတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒီလို သတင်းထွက်ပေါ်လာရတာကလဲ တရုတ်နိုင်ငံ သန်းကြွယ်သူဌေးတစ်ဦးဖြစ်တဲ့ ကောင်ဝမ်ကွေ ကနေပြီး ဖန်ဘင်းဘင်းနဲ့ ဒုသမ္မတတို့ အတူအိပ်ထားတဲ့ ဗွီဒီယို သူ့မှာရှိတယ်လို့ အတိအကျ ပြောဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။

ဒါဟာ တကယ်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ လူထုက ဆိုရှယ်မီဒီယာပေါ်မှာ ငြင်းဆိုနေကြ ပေမဲ့ ဖန်ဘင်းဘင်းကတော့သတ္တိရှိစွာပဲ အစိုးရအဖွဲ့အစည်းပိုင် ကားတစ်စီး ပေါ်ကို လိုက်ပါစီးနင်းခဲ့ပါတယ်။ သူမ ထိုကားကိုလိုက်ပါ စီးနင်းခဲ့တဲ့အတွက် တကယ်ပဲ ဒုသမ္မတနဲ့ အိပ်ခဲ့တာလား video ကတကယ်ပဲရှိတာလားဆိုပြီး သို့လောသို့လောတွေ ဖြစ်နေကြပါတယ်။

Leave a Reply

Your email address will not be published.