စကားတစ္ခြန္းေၾကာင့္ ဘုရားႏွစ္ဆူၾကားထိလမ္းမွားသူ….

ဗဟုသုတစုံ

စကားတစ္ခြန္းေၾကာင့္ ဘုရားႏွစ္ဆူၾကားထိလမ္းမွားသူ

°°°°°°°°°°°°°°°°°°°°°°°°

ကႆပဘုရားရွင္လက္ထက္ေတာ္တြင္ သူငယ္ခ်င္း လယ္သမားႏွစ္ဦးရွိ၏။

လယ္သမားတစ္ဦးသည္ ဘုရားရွင္၏တရားေတာ္​ကို္နာၾကားျပီး တရားအရသာကို သူ၏သူငယ္ခ်င္းလယ္သမားအား ခံစားေစခ်င္သည္။

ထို႔ေၾကာင့္ သူႏွင့္အတူတရားလိုက္နာရန္ တိုက္တြန္း၏။မည္သို႔ပင္ေျပာဆိုေသာ္လည္း မလိုက္ေပ။

“တရားမနာခ်င္ပါဘူး သူငယ္ခ်င္းရာ”ဟု ေျပာလိုက္ရင္ျပီးတာပါဘဲ။အျပစ္ဆိုခ်င္သည့္စိတ္,အေကာင္းမျမင္သည့္စိတ္ ပါလာေသာအခါ သံသရာမွာ နစ္မြန္းရေပေတာ့သည္။

သူေျပာလိုက္သည့္စကားမွာ….

“ေဟ့ေကာင္ မင္း ဘုရားတရားကိုလိုက္နာလို႔ ငါ ဘာအက်ိဳးရွိမွာလဲ။မင္းဘုရားက ငါ့လယ္ကို လာထြန္ေပးမွာလား”ဟု ေျပာလိုက္၏။

အျမတ္ဆုံးျဖစ္သည့္ဘုရားရွင္အား ျပစ္မွားေစာ္ကားသည့္စကားျဖစ္သြားသည့္အတြက္ အရိယူပဝါဒကံ ထိုက္မွန္း သူမသိေခ်။

မသိ၍ရွိ္ခိုးေတာင္းပန္ျခင္းလည္း မျပဳခ့ဲေခ်။ယခုေခတ္တြင္လည္း ဘာသာေရးအသိနည္း၍ အရိယူပဝါဒကံ ထိုက္မွန္းမသိထိုက္ေနသူမ်ားရွိနိုင္ေပသည္။သတိထားသင့္၏။

အဆိုပါ လယ္သမားေသလြန္သည့္အခါ ေတာၾကီးမ်က္မည္းထဲတြင္ လယ္သမားျပိတၱာျဖစ္သြား၏။

ရပ္နားခ်ိန္မရဘဲ ျပစ္မွားခ့ဲသည့္ စကားတစ္ခြန္းေၾကာင့္ ေခြ်းသံတရြဲရြဲျဖင့္ လယ္ထြန္ေနရ၏။မည္မ်ွၾကာသနည္းဆိုေသာ္ဘုရားႏွစ္ဆူၾကာေလ၏။

တစ္ေန႔တြင္ ဘုရားဖူးလာသည့္ ရဟန္းေတာ္မ်ားလမ္းမွားေန၍ လယ္သမားျပိတၱာၾကီးအား ရိုးရိုးလူထင္ျပီး လမ္းသြားေမး၏။ထိုအခါ ျပိတၱာၾကီးက….

“အရွင္ဘုရားတို႔ လမ္းမွားတယ္ဆိုတာ ရက္ပိုင္းပဲရွိပါေသးတယ္ဘုရား။တပည့္ေတာ္ အရိယူပဝါဒကံေၾကာင့္လမ္းမွားေနတာကေတာ့ ဘုရားႏွစ္ဆူေတာင္ရွိပါျပီဘုရား…..” ဟု ေလ်ွာက္ထားေလသည္။

စကားေျပာရာတြင္ မိမိေျပာသည့္စကား ဘယ္အဓိပၸါယ္ေရာက္သြားသည္,ဘယ္သူထိခိုက္သြားသည္ ဆိုသည္ကိုမသိၾကေခ်။

ေျပာခ်င္တာရမ္းေျပာတတ္ၾက၏။တသက္လုံးေျပာေနျပီး မတတ္တာ ” စကား” ပင္ျဖစ္၏။

သို႔ပါ၍ မိမိတို႔ေျပာဆိုသည့္ စကားတစ္ခြန္းသည္သီလ သမာဓိ ပညာႏွင့္ ျပည့္စုံေသာ ပုဂၢိဳလ္တစ္ဦးဦးအားေျပာမွားဆိုမွားျဖစ္သည္ဆိုပါက ….

ခ်က္ခ်င္းေတာင္းပန္ရန္လိုအပ္ျပီး,မေတာင္းပန္မိပါက သံသရာတြင္ နစ္မြန္းတတ္​ေပသည္။

Credit: တရား ရတနာ

Ashin Zawana

==============

စကားတစ်ခွန်းကြောင့် ဘုရားနှစ်ဆူကြားထိလမ်းမှားသူ

°°°°°°°°°°°°°°°°°°°°°°°°

ကဿပဘုရားရှင်လက်ထက်တော်တွင် သူငယ်ချင်း လယ်သမားနှစ်ဦးရှိ၏။

လယ်သမားတစ်ဦးသည် ဘုရားရှင်၏တရားတော်​ကို်နာကြားပြီး တရားအရသာကို သူ၏သူငယ်ချင်းလယ်သမားအား ခံစားစေချင်သည်။

ထို့ကြောင့် သူနှင့်အတူတရားလိုက်နာရန် တိုက်တွန်း၏။မည်သို့ပင်ပြောဆိုသော်လည်း မလိုက်ပေ။

“တရားမနာချင်ပါဘူး သူငယ်ချင်းရာ”ဟု ပြောလိုက်ရင်ပြီးတာပါဘဲ။အပြစ်ဆိုချင်သည့်စိတ်,အကောင်းမမြင်သည့်စိတ် ပါလာသောအခါ သံသရာမှာ နစ်မွန်းရပေတော့သည်။

သူပြောလိုက်သည့်စကားမှာ….

“ဟေ့ကောင် မင်း ဘုရားတရားကိုလိုက်နာလို့ ငါ ဘာအကျိုးရှိမှာလဲ။မင်းဘုရားက ငါ့လယ်ကို လာထွန်ပေးမှာလား”ဟု ပြောလိုက်၏။

အမြတ်ဆုံးဖြစ်သည့်ဘုရားရှင်အား ပြစ်မှားစော်ကားသည့်စကားဖြစ်သွားသည့်အတွက် အရိယူပဝါဒကံ ထိုက်မှန်း သူမသိချေ။

မသိ၍ရှိ်ခိုးတောင်းပန်ခြင်းလည်း မပြုခဲ့ချေ။ယခုခေတ်တွင်လည်း ဘာသာရေးအသိနည်း၍ အရိယူပဝါဒကံ ထိုက်မှန်းမသိထိုက်နေသူများရှိနိုင်ပေသည်။သတိထားသင့်၏။

အဆိုပါ လယ်သမားသေလွန်သည့်အခါ တောကြီးမျက်မည်းထဲတွင် လယ်သမားပြိတ္တာဖြစ်သွား၏။

ရပ်နားချိန်မရဘဲ ပြစ်မှားခဲ့သည့် စကားတစ်ခွန်းကြောင့် ချွေးသံတရွဲရွဲဖြင့် လယ်ထွန်နေရ၏။မည်မျှကြာသနည်းဆိုသော်ဘုရားနှစ်ဆူကြာလေ၏။

တစ်နေ့တွင် ဘုရားဖူးလာသည့် ရဟန်းတော်များလမ်းမှားနေ၍ လယ်သမားပြိတ္တာကြီးအား ရိုးရိုးလူထင်ပြီး လမ်းသွားမေး၏။ထိုအခါ ပြိတ္တာကြီးက….

“အရှင်ဘုရားတို့ လမ်းမှားတယ်ဆိုတာ ရက်ပိုင်းပဲရှိပါသေးတယ်ဘုရား။တပည့်တော် အရိယူပဝါဒကံကြောင့်လမ်းမှားနေတာကတော့ ဘုရားနှစ်ဆူတောင်ရှိပါပြီဘုရား…..” ဟု လျှောက်ထားလေသည်။

စကားပြောရာတွင် မိမိပြောသည့်စကား ဘယ်အဓိပ္ပါယ်ရောက်သွားသည်,ဘယ်သူထိခိုက်သွားသည် ဆိုသည်ကိုမသိကြချေ။

ပြောချင်တာရမ်းပြောတတ်ကြ၏။တသက်လုံးပြောနေပြီး မတတ်တာ ” စကား” ပင်ဖြစ်၏။

သို့ပါ၍ မိမိတို့ပြောဆိုသည့် စကားတစ်ခွန်းသည်သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦးဦးအားပြောမှားဆိုမှားဖြစ်သည်ဆိုပါက ….

ချက်ချင်းတောင်းပန်ရန်လိုအပ်ပြီး,မတောင်းပန်မိပါက သံသရာတွင် နစ်မွန်းတတ်​ပေသည်။

Credit: တရား ရတနာ

Ashin Zawana

Leave a Reply

Your email address will not be published.