အိမ်ဝယ်လျှင် လက်ထပ်ယူရမည် ဟု ဆိုကာ သူ့အိမ်ကို လိုက်ရောင်းနေသော အမျိုးသမီး
ဗဟုသုတစုံ
Credit – shwemom
Unicode
(၂၀၀၀) ခုနှစ်ကတည်းက ကံဆိုးပြီး မုဆိုးမဖြစ်သွားရှာတဲ့ အသက် (၄၀) အရွယ် အမျိုးသမီး Wina Lia ဟာ အင်ဒိုနီးရှား၊ Sleman မှာရှိတဲ့ အိမ်နဲ့ခြံကို ရောင်းချဖို့ ကြော်ငြာစာတွေဖြန့်ဝေလျက်ရှိပါတယ်။
တကယ်တော့ အရွယ်ကောင်းသေးတဲ့ Wina ဟာ သူမပိုင်ဆိုင်တဲ့ အိမ်နဲ့ခြံကို ရောင်းချင်တာမဟုတ်ပါဘူး။ သူမအတွက်ဖူးစာဘက်ရှာဖို့ ခုတုံးလုပ်ကာ အချစ်အတွက် Marketing ဆင်းနေတာပါ။
အိပ်ခန်းနှစ်ခန်းပါပြီး အိမ်နောက်ဖက်မှာ မြက်ခင်းနဲ့ မြေကွက်လပ်၊ ခြံထဲက ငါးကန်၊ အထက်တန်းကျလှတဲ့ အပြင်အဆင်တွေနဲ့ ဆိတ်ငြိမ်ရပ်ကွက်မှာရှိတဲ့ သူမရဲ့အိမ်ကို ပရိဘောဂအစုံအလင်အပါအဝင် ဒေါ်လာ (၇၆,၅၀၀) နဲ့ စျေးခေါ်ထားပါတယ်။ ဒါပေမယ့် အိမ်ဝယ်တဲ့သူဟာ သူမကိုပါ တစ်ပါတည်း လက်ထပ်ယူရမှာဖြစ်ပါတယ်။
Lia ဟာကြော်ငြာအတွက် ပြည်တွင်းမီဒီယာတစ်ခုနဲ့ ချိန်ဆက်ပြီးတောင် လူသိရှင်ကြားကြေညာခဲ့တာ ဖြစ်ပါတယ်။ ဖူးစာရှင်ရှာဖွေမှုမှာတော့ ကန့်သတ်ချက်တွေ မရှိပဲ သူမသဘောကျ ကြိုက်နှစ်သက်ဖို့သာ အဓိကဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
Source: Elite Readers Penny
Credit – shwemom
Leave a Reply
Your email address will not be published.