၇ရက္သားသမီးမ်ားအတြက္ 27.9.2018 မွ 03.10.2018 အထိ တစ္ပတ္စာ ေဟာစာတမ္း

ဗေဒင်ကဏ္ဍ

 

27.9.2018 မွ 03.10.2018 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလဟာ စိတ္ထဲရွိတဲ့ရည္ရြယ္ခ်က္ေလးေတြ ျပည့္ေျမာက္လာတတ္ပါတယ္။ လုပ္ခ်င္တဲ့ ကိစၥမ်ား လုပ္ပိုင္ခြင့္ေတြရလာတတ္ပါတယ္။ အဘက္ဘက္က အားရစရာေကာင္းတဲ့ ကံအေနအထားပါပဲ။

လူႀကီးပိုင္းထဲက ကူညီမဲ့သူေတြရွိပါတယ္။ ကိုယ္ကိုေစာင့္ေရွာက္တဲ့ ျမင္အပ္မျမင္အပ္ ပုဂၢိဳလ္ေတြရဲ႕ မစျခင္းမ်ိဳးလဲၾကံဳရတတ္ပါတယ္။

အလုပ္သစ္ စီးပြားသစ္ ႏွင့္ ဆိုင္သစ္ဖြင့္လွစ္ျခင္းမ်ား အထူးေကာင္းမြန္ပါတယ္။ လခစားမ်ားအလုပ္မွာ ခ်ီးက်ဴ းျခင္း၊ေနရာေပးခံရျခင္းမ်ိဳးေတြလဲ ၾကံဳရတတ္ပါတယ္။

အိမ္ေထာင္ေရးကေတာ့ အနညး္ငယ္အညံ့ေလးေတြရွိပါတယ္။ အယူအဆလြဲရာကေန စကားအေျခအတင္မ်ားရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ အဆင္ေျပဖို႔ ႀကိဳးစားရမဲ့ကာလပါပဲ။

ခ်စ္သူဆီက အေျဖရဖို႔လဲ အေတာ့္ကိုႀကိဳးစားရမဲ့ကာလပါပဲ။ပညာေရးကံကေတာ့ အေကာင္းဆံုးအေနအထားပါပဲ။ ႀကိဳးစားသမွ်အရာထင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း -၁/၉/၂

အထူးေဟာ ကံျမင့္မားေနတဲ့အခ်ိန္ပါ။

ယၾတာ မိမိနဲ႔ရင္းႏွီးသူကို ဦးထုပ္တစ္လံုး လက္ေဆာင္ေပးလိုက္ပါ။

တနလၤာ

ေငြေၾကးနဲ႔ပက္သက္ၿပီးေတာ့လဲ အဘက္ဘက္ကကံေကာင္းေနပါတယ္၊၊ရစရာရွိတဲ့ ေငြေၾကးေတြ ျပန္ရလာႏိုင္သလို ၊ ေပးစရာရွိတဲ့ ေငြေၾကးေတြရွိရင္လဲ ေပးလာႏိုင္ပါလိမ့္မယ္။

ပရဟိတကိစၥမ်ား ၊ရပ္ေရး ရြာေရးကိစၥမ်ားမွာ ဦးေဆာင္လုပ္ေဆာင္ေပးေနရတတ္ပါတယ္။ အေပ်ာ္ခရီး၊အလည္အပတ္ခရီးမ်ားလဲ သြားရကိန္းရွိပါတယ္။ လူအမ်ားနဲ့ တိုင္တိုင္ပင္ပင္ လုပ္ကိုင္ျခင္းျဖင့္ ေအာင္ျမင္မႈေတြရလာပါလိမ့္မယ္။

ေပၚပင္လုပ္ငန္းမ်ားလဲ အက်ိဳးမ်ားမဲ့ကာလပါ။ က်န္းမာေရးကေတာ့ အေကာင္းဘက္မွာရွိေနပါတယ္။ ေရာဂါေဝဒနာေတြရွိရင္လဲ ေလ်ာ့ပါးသက္သာခြင့္ေတြရပါလိမ့္မယ္။ အိမိေထာင္ေရးကေတာ့ သိပ္မညံ့ဘူးလို႔ ထင္ပါတယ္။

အခ်စ္ေရးကေတာ့ စန္းပြင့္ေနပါလိမ့္မယ္။ ခ်စ္ေရးဆိုသူမ်ားနဲ႔လဲ ၾကံဳရတတ္ပါတယ္။ ပညာေရးကေတာ့ အေကာင္းဘက္မွာ ရွိပါတယ္။ ပညာေရးအတြက္ စိတ္ပူစရာမရွိပါဘူး။

အက်ိဳးေပးဂဏန္း ၂/၈/၄

အထူးေဟာ ေပ်ာ္စရာမ်ားမဲ့ အခ်ိန္ပါပဲ။

ယၾတာ ေငြပန္းေလးေတြ ဘုရားမွာပန္းေမြ႕ယာခင္းၿပီး လွဴ ပါ။

အဂၤါ

ကိစၥေတာ္ေတာ္မ်ားမ်ားကို ပူပန္ေၾကာင့္ၾကေနရတတ္ပါတယ္။အဓိကေတာ့ တာဝန္ယူစိတ္၊ တာဝန္ခံစိတ္ရွိတာေၾကာင့္ အလုပ္ကိစၥအတြက္ေရာ ၊ မိသားစုအေရးကိစၥေတြပါ မိမိက တာဝန္ယူစိတ္ပူေနရတတ္တာပါ။

ကံစမ္းမဲေပါက္ျခင္း၊ ထီကံေကာင္းျခင္းမ်ိဳးေတာ့ ၾကံဳရေတြ႕ရတတ္ပါတယ္။ စက္ပစၥည္းနဲ႔ပက္သက္ၿပီး စိတ္ညစ္ေနရမယ္ဗ်။ လက္ဝယ္ရွိတဲ့ စက္ပစၥည္းေတြ ခဏခဏပ်က္လိမ့္မယ္။ စက္ပစၥည္းအသစ္ဝယ္မယ္ဆိုရင္လဲ ေသခ်ာစီစဥ္ၿပီးဝယ္ပါ။

ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းမ်ား ကိုယ္တိုင္လုပ္ပါ။ ဝန္ထမ္းေအာက္လက္ငယ္သားေတြကို စိတ္ခ်လို႔ မရႏိုင္တဲ့ ကာလမို႔ပါပဲ။ က်န္းမာေရးကေတာ့ အဆိုးႀကီး မဟုတ္ပါ။ ကိုယ္လက္ေညာင္းညာတာ၊ လူႏုန္းေနတာမ်ိဳးနဲ႔ ေခါင္းကိုက္တာမ်ိဳး စတဲ့ အေပၚယံေရာဂါေလးေတြပဲ ျဖစ္တတ္ပါတယ္။

အိမ္ေထာင္ေရးကေတာ့ အထူးေကာင္းတယ္။ အိမ္ေထာင္ဘက္ရဲ႕ ဂ႐ုစိုက္မႈကို ရပါလိမ့္မယ္။ အခ်စ္ေရးကေတာ့ အားနည္းညံ့ဖ်င္းေနခ်ိန္ပါပဲ။ ပညာေရးမွာလဲ အေတာ့္ကို ႀကိဳးစားရလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၈/၅/၀

အထူးေဟာ အနည္းငယ္ကံညံ့ေနလိမ့္မယ္။

ယၾတာ ဖိနပ္ အေဟာင္းအျပတ္ေတြရွိရင္ စြန္႔ပစ္လိုက္ပါ။

ဗုဒၶဟူး

အၿပိဳင္အဆိုင္ အတိုက္အခိုက္မ်ားတာေတာ့ အမွန္ပါပဲ။ လုပ္ငန္းတူေတြရဲ႕ အတိုက္အခိုက္မ်ားနဲ႔ မိမိဆိုင္ကို မနာလိုအပုပ္ခ်ေျပာသူမ်ားနဲ႔ၾကံဳရတတ္ပါတယ္။ ဝန္ထမ္းမ်ား လုပ္ေဖာ္ကိုင္ဖင္ေတြရဲ႕ ေခ်ာက္ခ်ျခင္းကိုခံရတတ္ပါတယ္။

ဘယ္လိုပဲ တိုက္ခိုက္ပါေစ။ မိမိသာေနာက္ဆံုး အႏိုင္ရပါလိမ့္မယ္။ အလုပ္ေတြလဲ တိုးတတ္ေအာင္ျမင္ပါလိမ့္မယ္။ေငြေၾကးနဲ႔ပက္သက္ၿပီး စိတ္ခ်မ္းသားရမည္။ သားသမီးေၾကာင့္ ဂုဏ္တတ္မဲ့ကာလေတြပါပဲ။ လက္ေဆာင္ေတြ အမွတ္တရပစၥည္းေတြ ရလြယ္တဲ့ကာလပါပဲ။

က်န္းမာေရးအတြက္ေတာ့ အနည္းငယ္ပူပန္ရလိမ့္မယ္။အဆိုးႀကီးမဟုတ္ေပမဲ့ တေရွာင္ေရွာင္ေတာ့ ျဖစ္လြယ္တယ္။ အခ်စ္ေရးကံေကာင္းမည္။ ခ်စ္သူက မိမိကို စာနာနားလည္ေပးႏိုင္မဲ့ကာလပါပဲ။ အိမ္ေထာင္သည္မ်ား သတိထားပါ။

ျမဴ ဆြယ္သူ၊ မိမိအား ေထာင္ဖမ္းသူမ်ားနဲ႔ ၾကံဳလြယ္တဲ့ကာလမို႔ပါ။ ပညာေရးကေတာ့ မိမိကိုယ္တိုင္ ထိုးထြင္းသိတဲ့ဉာဏ္ျမင့္မားေနပါတယ္။

အက်ိဳးေပးဂဏန္း ၄/၈/၁

အထူးေဟာ ကံသင့္ပါတယ္

ယၾတာ ဘုရားေက်ာင္းေဆာင္အား သန္႔ရွင္းေရးလုပ္ေပးပါ။

ၾကာသပေတး

ဒီကာလအတြင္း အလုပ္နဲ႔ ပက္သက္ၿပီး စိတ္အားထက္သန္ေနတတ္ပါတယ္။ လုပ္ခ်င္တာေတြမ်ားေနမယ္။ စိတ္ဓာတ္တတ္ႂကြေနပါလိမ့္မယ္။ ကူညီမဲ့ မိတ္ေဆြေတြလဲ ဒီကာလအတြင္း ဝန္းရံေနတတ္ပါတယ္။

အလုပ္ရွာေနသူမ်ား အလုပ္ရပါလိ္မ့္မယ္။ ေငြေၾကးနဲ႔ ရင္းႏွီးလုပ္ကိုင္ရေသာ အလုပ္မ်ားအထူးတိုးတတ္ပါတယ္။ ေငြေၾကးကံမညံ့ပါဘူး။ ပံုမွန္ေငြဝင္ေနပါလိမ့္မယ္။ဝန္ထမ္းမ်ား ယခုထက္ တာဝန္ပိုႀကီးေသာအလုပ္မ်ား ထမ္းေဆာင္ရတတ္ပါတယ္။

က်န္းမာေရးကေတာ့ အဆိုးႀကီးမဟုတ္ပါ။ အေနအထိုင္အစားအေသာက္ေတာ့ ဆင္ျခင္ေပါ့ဗ်ာ။ အိမ္တြင္းအပူ မိသားစုအပူေတာ့ ခံစားရပါလိမ့္မယ္။ အိမ္ေထာင္ေရးနဲ႔ပက္သက္ၿပီး အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပတာမ်ိဳးလဲရွိပါလိမ့္မယ္။

အခ်စ္ေရးကံ အညံအဆိုးမကင္းေသးပါ။ ခ်စ္သူနဲ႔ ညွိနိႈင္း ေဆြးေႏြးရခက္ေနပါလိမ့္မယ္။ပညာေရးကံအညံ့အဆိုးမရွိပါ။ ႀကိဳ းစားရမွာက ေတာ့ မိမိတာဝန္ပါပဲ။

အက်ိဳးေပးဂဏန္း ၁/၅/၈

အထူးေဟာ အလုပ္ေအာင္ျမင္မည္

ယၾတာ အုန္းပန္း ဘုရားလႉပါ။

ေသာၾကာ

ခရီးေဝးသြားၿပီး အလုပ္လုပ္ဖို႔ ကိစၥေတြမေကာင္းေသးပါဘူး။ လက္ထဲရွိတဲ့ ေငြေၾကးေတြကို ေခ်းဌားျခင္းမျပဳပါႏွင့္ ။ မလိုအပ္ဘဲေငြေၾကးသံုးစြဲတာမ်ိဳးမလုပ္ပါနဲ႔ ။ ရလာတဲ့ ေငြေၾကးကို တကယ္လိုအပ္မွျပန္သံုးေစခ်င္ပါတယ္။

စိတ္ထဲရွိသမွ် လက္ေတ႔ြလိုက္လုပ္ခ်င္စိတ္ေတြျဖစ္ေပၚေနမည္။ လူငယ္မ်ားအမွားအမွန္မစဥ္းစားဘဲ စိတ္ထင္ရာလုပ္မိတတ္တယ္။က်န္းမာေရးကေတာ့ အထူးေကာင္းတယ္ဗ်။

က်န္းမာေရးျခဴ ျခာသူေတာင္ ဒီအပတ္ထဲ ထူထူေထာင္ေထာင္ျဖစ္လာတတ္တယ္။ ေဆးေကာင္းဝါးေကာင္းေတြလဲ စားရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ ၾကားစကားေတြေၾကာင့္ လင္မယားခ်င္း စိတ္ဝမ္းကြဲတတ္ပါတယ္။

အခ်စ္ေရးကကေတာ့ မညံ့ပါဘူး။ ဒါေပမဲ့ အေျပာင္းအလဲမ်ားတဲ့ ခ်စ္သူေၾကာင့္ စိတ္ညစ္ရတတ္ပါတယ္။ ပညာေရးက စာက်က္မယ္ၾကံတိုင္းအေၾကာင္းတစ္ခုခုေပၚလာၿပီး ပ်က္သြားတတ္ပါတယ္ဗ်ာ။

အက်ိဳးေပးဂဏန္း ၇/၀/၅

အထူးေဟာ အလုပ္ေတာ့မ်ားမည္

ယၾတာ ခဲတံေလးေတြဝယ္ၿပီး ေက်ာင္းသားေလးေတြကို လက္ေဆာင္ေပးပါ။

စေန

ထစ္ခနဲဆို ေဒါသျဖစ္ေနတဲ့ စိတ္အေျခအေနမ်ိဳး ဒီကာလမွာ ျဖစ္ေနတတ္တယ္။ သည္းခံစိတ္ေမြးႏိုင္ေအာင္ႀကိဳးစားပါ။ ရည္ရြယ္အေသးေလးေတြပဲခ်မွတ္ပါ။ ရည္မွန္းခ်က္ႀကီးေလ ပ်က္သြားေလပါပဲ။

အိမ္မွာရွိတဲ့ စက္ပစၥည္း ၊လွ်ပ္စစ္ပစၥည္းေတြ အပ်က္အစီးမ်ားေနတတ္ပါတယ္။ အလုပ္အကိုင္ေကာင္းေနမည္။ ဒါေပမဲ့ စိတ္ပင္ပန္းရလိမ့္မယ္။ ေငြေၾကးအထြက္မ်ားေနမည္။ မသံုးမျဖစ္သံုးလိုက္ရတာမ်ိဳးေၾကာင့္ ကုန္သြားတတ္ပါတယ္။

မနာလိုသူေတြေတာ့ ရွိေနတတ္သည္။ မိမိေကာင္းတာလုပ္ေပမဲ့ ေဝဖန္တဲ့သူေတြရွိေနတတ္တယ္။ က်န္းမာေရးဂ႐ုစိုက္စရာမလိုေပမဲ့ လွ်ပ္စစ္ကိုင္တြယ္ရာမွာသတိရွိပါ။ ဓာတ္လိုက္တတ္ပါတယ္။

အိမ္တြင္းေရးမွာေတာ့ မိသားစု ညီအကိုေမာင္ႏွမေတြ အခ်င္းခ်င္း စကားမ်ားစရာ ကိစၥမ်ိဳးၾကံဳရတတ္ပါတယ္။ အခ်စ္ေရးကံအထူးေကာင္းပါတယ္။ ပညာေရးကံလဲႀကိဳးစားႏိုင္မွ အဆင္ေျပမဲ့ အခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း ၅/၉/၄

အထူးေဟာ စိတ္ပင္ပန္းရမည္

ယၾတာ ဘုရားရွင္အားတတ္ႏိုင္သ၍ ေရႊသကၤန္းကပ္လႉပါ

၇ရက္သားသမီးအေပါင္းေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ….။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

============

27.9.2018 မှ 03.10.2018 အထိ တစ်ပတ်စာ ရရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလဟာ စိတ်ထဲရှိတဲ့ရည်ရွယ်ချက်လေးတွေ ပြည့်မြောက်လာတတ်ပါတယ်။ လုပ်ချင်တဲ့ ကိစ္စများ လုပ်ပိုင်ခွင့်တွေရလာတတ်ပါတယ်။ အဘက်ဘက်က အားရစရာကောင်းတဲ့ ကံအနေအထားပါပဲ။

လူကြီးပိုင်းထဲက ကူညီမဲ့သူတွေရှိပါတယ်။ ကိုယ်ကိုစောင့်ရှောက်တဲ့ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေရဲ့ မစခြင်းမျိုးလဲကြုံရတတ်ပါတယ်။

အလုပ်သစ် စီးပွားသစ် နှင့် ဆိုင်သစ်ဖွင့်လှစ်ခြင်းများ အထူးကောင်းမွန်ပါတယ်။ လခစားများအလုပ်မှာ ချီးကျူ းခြင်း၊နေရာပေးခံရခြင်းမျိုးတွေလဲ ကြုံရတတ်ပါတယ်။

အိမ်ထောင်ရေးကတော့ အနညး်ငယ်အညံ့လေးတွေရှိပါတယ်။ အယူအဆလွဲရာကနေ စကားအခြေအတင်များရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အဆင်ပြေဖို့ ကြိုးစားရမဲ့ကာလပါပဲ။

ချစ်သူဆီက အဖြေရဖို့လဲ အတော့်ကိုကြိုးစားရမဲ့ကာလပါပဲ။ပညာရေးကံကတော့ အကောင်းဆုံးအနေအထားပါပဲ။ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၁/၉/၂

အထူးဟော ကံမြင့်မားနေတဲ့အချိန်ပါ။

ယတြာ မိမိနဲ့ရင်းနှီးသူကို ဦးထုပ်တစ်လုံး လက်ဆောင်ပေးလိုက်ပါ။

တနင်္လာ

ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ အဘက်ဘက်ကကံကောင်းနေပါတယ်၊၊ရစရာရှိတဲ့ ငွေကြေးတွေ ပြန်ရလာနိုင်သလို ၊ ပေးစရာရှိတဲ့ ငွေကြေးတွေရှိရင်လဲ ပေးလာနိုင်ပါလိမ့်မယ်။

ပရဟိတကိစ္စများ ၊ရပ်ရေး ရွာရေးကိစ္စများမှာ ဦးဆောင်လုပ်ဆောင်ပေးနေရတတ်ပါတယ်။ အပျော်ခရီး၊အလည်အပတ်ခရီးများလဲ သွားရကိန်းရှိပါတယ်။ လူအများနဲ့ တိုင်တိုင်ပင်ပင် လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေရလာပါလိမ့်မယ်။

ပေါ်ပင်လုပ်ငန်းများလဲ အကျိုးများမဲ့ကာလပါ။ ကျန်းမာရေးကတော့ အကောင်းဘက်မှာရှိနေပါတယ်။ ရောဂါဝေဒနာတွေရှိရင်လဲ လျော့ပါးသက်သာခွင့်တွေရပါလိမ့်မယ်။ အိမိထောင်ရေးကတော့ သိပ်မညံ့ဘူးလို့ ထင်ပါတယ်။

အချစ်ရေးကတော့ စန်းပွင့်နေပါလိမ့်မယ်။ ချစ်ရေးဆိုသူများနဲ့လဲ ကြုံရတတ်ပါတယ်။ ပညာရေးကတော့ အကောင်းဘက်မှာ ရှိပါတယ်။ ပညာရေးအတွက် စိတ်ပူစရာမရှိပါဘူး။

အကျိုးပေးဂဏန်း ၂/၈/၄

အထူးဟော ပျော်စရာများမဲ့ အချိန်ပါပဲ။

ယတြာ ငွေပန်းလေးတွေ ဘုရားမှာပန်းမွေ့ယာခင်းပြီး လှူ ပါ။

အင်္ဂါ

ကိစ္စတော်တော်များများကို ပူပန်ကြောင့်ကြနေရတတ်ပါတယ်။အဓိကတော့ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိတာကြောင့် အလုပ်ကိစ္စအတွက်ရော ၊ မိသားစုအရေးကိစ္စတွေပါ မိမိက တာဝန်ယူစိတ်ပူနေရတတ်တာပါ။

ကံစမ်းမဲပေါက်ခြင်း၊ ထီကံကောင်းခြင်းမျိုးတော့ ကြုံရတွေ့ရတတ်ပါတယ်။ စက်ပစ္စည်းနဲ့ပက်သက်ပြီး စိတ်ညစ်နေရမယ်ဗျ။ လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေ ခဏခဏပျက်လိမ့်မယ်။ စက်ပစ္စည်းအသစ်ဝယ်မယ်ဆိုရင်လဲ သေချာစီစဉ်ပြီးဝယ်ပါ။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ကိုယ်တိုင်လုပ်ပါ။ ဝန်ထမ်းအောက်လက်ငယ်သားတွေကို စိတ်ချလို့ မရနိုင်တဲ့ ကာလမို့ပါပဲ။ ကျန်းမာရေးကတော့ အဆိုးကြီး မဟုတ်ပါ။ ကိုယ်လက်ညောင်းညာတာ၊ လူနုန်းနေတာမျိုးနဲ့ ခေါင်းကိုက်တာမျိုး စတဲ့ အပေါ်ယံရောဂါလေးတွေပဲ ဖြစ်တတ်ပါတယ်။

အိမ်ထောင်ရေးကတော့ အထူးကောင်းတယ်။ အိမ်ထောင်ဘက်ရဲ့ ဂရုစိုက်မှုကို ရပါလိမ့်မယ်။ အချစ်ရေးကတော့ အားနည်းညံ့ဖျင်းနေချိန်ပါပဲ။ ပညာရေးမှာလဲ အတော့်ကို ကြိုးစားရလိမ့်မယ်။

အကျိုးပေးဂဏန်း ၈/၅/၀

အထူးဟော အနည်းငယ်ကံညံ့နေလိမ့်မယ်။

ယတြာ ဖိနပ် အဟောင်းအပြတ်တွေရှိရင် စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူး

အပြိုင်အဆိုင် အတိုက်အခိုက်များတာတော့ အမှန်ပါပဲ။ လုပ်ငန်းတူတွေရဲ့ အတိုက်အခိုက်များနဲ့ မိမိဆိုင်ကို မနာလိုအပုပ်ချပြောသူများနဲ့ကြုံရတတ်ပါတယ်။ ဝန်ထမ်းများ လုပ်ဖော်ကိုင်ဖင်တွေရဲ့ ချောက်ချခြင်းကိုခံရတတ်ပါတယ်။

ဘယ်လိုပဲ တိုက်ခိုက်ပါစေ။ မိမိသာနောက်ဆုံး အနိုင်ရပါလိမ့်မယ်။ အလုပ်တွေလဲ တိုးတတ်အောင်မြင်ပါလိမ့်မယ်။ငွေကြေးနဲ့ပက်သက်ပြီး စိတ်ချမ်းသားရမည်။ သားသမီးကြောင့် ဂုဏ်တတ်မဲ့ကာလတွေပါပဲ။ လက်ဆောင်တွေ အမှတ်တရပစ္စည်းတွေ ရလွယ်တဲ့ကာလပါပဲ။

ကျန်းမာရေးအတွက်တော့ အနည်းငယ်ပူပန်ရလိမ့်မယ်။အဆိုးကြီးမဟုတ်ပေမဲ့ တရှောင်ရှောင်တော့ ဖြစ်လွယ်တယ်။ အချစ်ရေးကံကောင်းမည်။ ချစ်သူက မိမိကို စာနာနားလည်ပေးနိုင်မဲ့ကာလပါပဲ။ အိမ်ထောင်သည်များ သတိထားပါ။

မြူ ဆွယ်သူ၊ မိမိအား ထောင်ဖမ်းသူများနဲ့ ကြုံလွယ်တဲ့ကာလမို့ပါ။ ပညာရေးကတော့ မိမိကိုယ်တိုင် ထိုးထွင်းသိတဲ့ဉာဏ်မြင့်မားနေပါတယ်။

အကျိုးပေးဂဏန်း ၄/၈/၁

အထူးဟော ကံသင့်ပါတယ်

ယတြာ ဘုရားကျောင်းဆောင်အား သန့်ရှင်းရေးလုပ်ပေးပါ။

ကြာသပတေး

ဒီကာလအတွင်း အလုပ်နဲ့ ပက်သက်ပြီး စိတ်အားထက်သန်နေတတ်ပါတယ်။ လုပ်ချင်တာတွေများနေမယ်။ စိတ်ဓာတ်တတ်ကြွနေပါလိမ့်မယ်။ ကူညီမဲ့ မိတ်ဆွေတွေလဲ ဒီကာလအတွင်း ဝန်းရံနေတတ်ပါတယ်။

အလုပ်ရှာနေသူများ အလုပ်ရပါလိ်မ့်မယ်။ ငွေကြေးနဲ့ ရင်းနှီးလုပ်ကိုင်ရသော အလုပ်များအထူးတိုးတတ်ပါတယ်။ ငွေကြေးကံမညံ့ပါဘူး။ ပုံမှန်ငွေဝင်နေပါလိမ့်မယ်။ဝန်ထမ်းများ ယခုထက် တာဝန်ပိုကြီးသောအလုပ်များ ထမ်းဆောင်ရတတ်ပါတယ်။

ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်ပါ။ အနေအထိုင်အစားအသောက်တော့ ဆင်ခြင်ပေါ့ဗျာ။ အိမ်တွင်းအပူ မိသားစုအပူတော့ ခံစားရပါလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီး အိမ်ထောင်ဘက်နဲ့ အဆင်မပြေတာမျိုးလဲရှိပါလိမ့်မယ်။

အချစ်ရေးကံ အညံအဆိုးမကင်းသေးပါ။ ချစ်သူနဲ့ ညှိနှိုင်း ဆွေးနွေးရခက်နေပါလိမ့်မယ်။ပညာရေးကံအညံ့အဆိုးမရှိပါ။ ကြို းစားရမှာက တော့ မိမိတာဝန်ပါပဲ။

အကျိုးပေးဂဏန်း ၁/၅/၈

အထူးဟော အလုပ်အောင်မြင်မည်

ယတြာ အုန်းပန်း ဘုရားလှူပါ။

သောကြာ

ခရီးဝေးသွားပြီး အလုပ်လုပ်ဖို့ ကိစ္စတွေမကောင်းသေးပါဘူး။ လက်ထဲရှိတဲ့ ငွေကြေးတွေကို ချေးဌားခြင်းမပြုပါနှင့် ။ မလိုအပ်ဘဲငွေကြေးသုံးစွဲတာမျိုးမလုပ်ပါနဲ့ ။ ရလာတဲ့ ငွေကြေးကို တကယ်လိုအပ်မှပြန်သုံးစေချင်ပါတယ်။

စိတ်ထဲရှိသမျှ လက်တွေ့လိုက်လုပ်ချင်စိတ်တွေဖြစ်ပေါ်နေမည်။ လူငယ်များအမှားအမှန်မစဉ်းစားဘဲ စိတ်ထင်ရာလုပ်မိတတ်တယ်။ကျန်းမာရေးကတော့ အထူးကောင်းတယ်ဗျ။

ကျန်းမာရေးခြူ ခြာသူတောင် ဒီအပတ်ထဲ ထူထူထောင်ထောင်ဖြစ်လာတတ်တယ်။ ဆေးကောင်းဝါးကောင်းတွေလဲ စားရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ကြားစကားတွေကြောင့် လင်မယားချင်း စိတ်ဝမ်းကွဲတတ်ပါတယ်။

အချစ်ရေးကကတော့ မညံ့ပါဘူး။ ဒါပေမဲ့ အပြောင်းအလဲများတဲ့ ချစ်သူကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ပညာရေးက စာကျက်မယ်ကြံတိုင်းအကြောင်းတစ်ခုခုပေါ်လာပြီး ပျက်သွားတတ်ပါတယ်ဗျာ။

အကျိုးပေးဂဏန်း ၇/၀/၅

အထူးဟော အလုပ်တော့များမည်

ယတြာ ခဲတံလေးတွေဝယ်ပြီး ကျောင်းသားလေးတွေကို လက်ဆောင်ပေးပါ။

စနေ

ထစ်ခနဲဆို ဒေါသဖြစ်နေတဲ့ စိတ်အခြေအနေမျိုး ဒီကာလမှာ ဖြစ်နေတတ်တယ်။ သည်းခံစိတ်မွေးနိုင်အောင်ကြိုးစားပါ။ ရည်ရွယ်အသေးလေးတွေပဲချမှတ်ပါ။ ရည်မှန်းချက်ကြီးလေ ပျက်သွားလေပါပဲ။

အိမ်မှာရှိတဲ့ စက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းတွေ အပျက်အစီးများနေတတ်ပါတယ်။ အလုပ်အကိုင်ကောင်းနေမည်။ ဒါပေမဲ့ စိတ်ပင်ပန်းရလိမ့်မယ်။ ငွေကြေးအထွက်များနေမည်။ မသုံးမဖြစ်သုံးလိုက်ရတာမျိုးကြောင့် ကုန်သွားတတ်ပါတယ်။

မနာလိုသူတွေတော့ ရှိနေတတ်သည်။ မိမိကောင်းတာလုပ်ပေမဲ့ ဝေဖန်တဲ့သူတွေရှိနေတတ်တယ်။ ကျန်းမာရေးဂရုစိုက်စရာမလိုပေမဲ့ လျှပ်စစ်ကိုင်တွယ်ရာမှာသတိရှိပါ။ ဓာတ်လိုက်တတ်ပါတယ်။

အိမ်တွင်းရေးမှာတော့ မိသားစု ညီအကိုမောင်နှမတွေ အချင်းချင်း စကားများစရာ ကိစ္စမျိုးကြုံရတတ်ပါတယ်။ အချစ်ရေးကံအထူးကောင်းပါတယ်။ ပညာရေးကံလဲကြိုးစားနိုင်မှ အဆင်ပြေမဲ့ အချိန်ပါပဲ။

အကျိုးပေးဂဏန်း ၅/၉/၄

အထူးဟော စိတ်ပင်ပန်းရမည်

ယတြာ ဘုရားရှင်အားတတ်နိုင်သ၍ ရွှေသင်္ကန်းကပ်လှူပါ

ရရက်သားသမီးအပေါင်းကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ….။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)