လမ္းေျမယူတဲ႕လူေတြသိဖို႔ ျဖစ္ရပ္မွန္ေလး

ဗဟုသုတစုံ

လမ္းေျမယူလို႔ ၿပိတၱာျဖစ္သြားသူ အေၾကာင္း ျဖစ္ရပ္မွန္ေလး( ဖတ္ၾကည့္ေနာ္…)

ျမန္မာျပည္ ေျမလတ္ပိုင္းမွ ရြာေလး တစ္ရြာမွာ…လယ္ပိုင္ ယာပိုင္ အမ်ိဳးသမီးႀကီးတစ္ေယာက္ရွိပါတယ္။ေလာဘကလည္း အလြန္ႀကီးသတဲ႔။

ဒါေၾကာင့္…သူ႔ပတ္ဝန္းက်င္က လူေတြႏွင့္ သိပ္အဆင္မေျပဘူး။

သူ႔ယာခင္းနားက လူေတြႏွင့္လည္းမၾကာခဏဆိုသလို စကားမ်ားၾကတယ္။

ၿပီးေတာ့ သူ႔ေျမခ်ဲ႕ခ်င္တဲ့အတြက္ သူဟာ လမ္းေျမကို တေျဖးေျဖးနဲ႔ ဖဲ့ယူသတဲ႔။

အရင္တုန္းက လမ္းက လွည္းႏွစ္စီး သြားလို႔ ရေပမဲ႔အခုက်ေတာ့ သူ ယူလိုက္တဲ့အတြက္ လမ္းက က်ဥ္းၿပီးလွည္းတစ္စီးပဲ သြားလို႔ရပါေတာ့တယ္။

တစ္ေန႔မွာေတာ့…အဲဒီအမ်ိဳးသမီးႀကီးဟာ ေရာဂါ အသည္းအသန္ ျဖစ္ၿပီး အေမ ကယ္ပါ….အေဖ ကယ္ပါ ဆိုၿပီး ေအာ္ဟစ္ ၿငီးျငဴသတဲ့။

ေနာက္ေတာ့…အဲသလို ၿငီးျငဴရင္းနဲ႔ပဲ ေသဆုံးသြားပါေတာ့တယ္။

အဲဒီေနာက္ သိပ္မၾကာပါဘူး။သူ႔ရြာက အမ်ိဳးသမီးတစ္ေယာက္ကို ဝင္ပူးပါေလေရာ။

လမ္းေျမယူထားတဲ့ အတြက္ သူ႔ယာခင္းနားမွာ မကၽြတ္မလြတ္ ( ၿပိတၱာ) ျဖစ္ေနတယ္လို႔ သူ႔အေၾကာင္းကို ေျပာျပပါေတာ့တယ္။

ၿပီးေတာ့ သူ႔ သား, သူ႔သမီးေတြရဲ႕ နာမည္ေတြကိုေခၚၿပီး သူမကၽြတ္မလြတ္ ျဖစ္ေနေၾကာင္း ဆက္ၿပီး ေျပာျပတယ္။

သားတို႔ သမီးတို႔ေရ…အေမပါကြဲ႔။အေမေလ…လမ္းေျမယူမိလို႔ အခု မကၽြတ္မလြတ္ ျဖစ္ေနၿပီကြယ္။

အေမ့ကို ကယ္ပါဦးကြဲ႔။အေမ ယူထားတဲ့ လမ္းေျမကို ျပန္ေပးၾကေနာ္…

အဲဒီလို ေျပာၿပီးပူးဝင္ေနတဲ့ အမ်ိဳးသမီးထံကေန ထြက္သြားပါေတာ့တယ္။

ဒီေတာ့ ရြာထဲရပ္ထဲက လူႀကီးေတြက သူ႔သားသမီးေတြကိုေခၚၿပီး အဲဒီအေၾကာင္းေလး ေျပာျပၾကတယ္။

ေအး…မင္းတို႔အေမေတာ့ ဒုကၡေရာက္ေနၿပီ။ကိုယ့္အေမကို ကယ္တင္ေသာအားျဖင့္ လမ္းေျမကို ျပန္ေပးလိုက္ပါလားလို႔ ေပါ့…

ဒါေပမဲ့…သူ႔ရဲ႕ သားသမီးေတြက လက္မခံၾကဘူးတဲ႔။ဒါ မျဖစ္ႏိုင္ပါဘူး ဆိုၿပီး အမႈမဲ့ အမွတ္မဲ့ပဲ ေနေနၾကတယ္။

ဒုတိယအႀကိမ္ ဝင္ပူးၿပီး ေျပာျပန္တယ္။

သုံးေလးရက္ ၾကာေသာအခါ…ရြာသူတစ္ေယာက္ကို ထပ္ၿပီး ပူးျပန္တယ္။

သူ႔သားမီးေတြနဲ႔ ေတြ႔ခ်င္ေၾကာင္း ေျပာတဲ့အတြက္ သူ႔သားသမီးေတြကို ေခၚေပးလိုက္တယ္။

သူ႔သားသမီးေတြ ေရာက္လာတဲ့အခါ…ငိုၿပီးေတာ့ ေျပာရွာပါတယ္။

သားတို႔ သမီးတို႔ေရ…အေမ့ကို ကယ္ပါကြယ္။အေမ…ေျပာေလ အေမ ဘယ္လို ျဖစ္ေနလို႔လဲ-?

ဘာျဖစ္ရမွာလဲ ကြယ္။အခု အေမ့မွာ ေျမႀကီးကို ဦးေခါင္းေပၚ ရြက္ထား႐တယ္ကြဲ႔။

ေန႔ေရာ ညေရာ ရြက္ထားရတာ။ပင္ပန္းလိုက္တာကြယ္။

ဘာျဖစ္လို႔လဲ အေမ-?

သားတို႔ သမီးတို႔…အေမ့စကား နားမေထာင္လို႔ေပါ့။

အေမ ယူထားတဲ့ လမ္းေျမကို ျပန္ေပးၾကပါေနာ္…

ျပန္မေပးရင္…ဒီေျမႀကီးေတြကို ဦးေခါင္းေပၚ ရြက္ထားရမွာေလ။

ဒါေၾကာင့္ လမ္းေျမကို ျပန္ေပးလိုက္ၾကေနာ္…

စိတ္ခ်ပါ အေမ…လမ္းေျမမွန္သမွ် အကုန္လုံး ျပန္ေပးလိုက္မယ္ေနာ္။

ေအး ေအး ဟုတ္ၿပီ။

အေမ ယူထားတဲ့ လမ္းေျမက၂- ေတာင္ (၃- ေပ) ေလာက္ပဲ ရွိတာပါ။

ဘာမွ အဖိုး မတန္ပါဘူး။အခုေတာ့ ယူတာနဲ႔ မကာမိဘူး။ပင္ပန္းလိုက္တာကြယ္။

ဒါေၾကာင့္…၃- ေတာင္ေလာက္ ျပန္ေပးလိုက္ၾကေနာ္။

စိတ္ခ်ပါ အေမ…အေမ့ ဆႏၵအတိုင္း ျဖစ္ေအာင္ လုပ္ပါ့မယ္။

ဟုတ္ၿပီေနာ္…အေမယူထားတဲ့ လမ္းေျမ ျပန္ေပးမွေျမႀကီးေတြကို ဦးေခါင္းေပၚကေန ေအာက္ခ်လို႔ရမွာကြဲ႔။

အေမ့ကို သနားၾကပါေနာ္ လို႔ ေျပာၿပီး ထြက္သြားသတဲ႔။

သားသမီးေတြကလည္း အခုလို ၾကားလိုက္ရေတာ့ သူတို႔အေမကို အရမ္းပဲ သနားသြားၾကတယ္။

ဒါနဲ႔ ယူထားတဲ့ လမ္းေျမေတြကို ျပန္ေပးတဲ့အျပင္ သူတို႔ပိုင္တဲ့ ယာေျမထဲမွ ေျမကိုေတာင္ လမ္းအတြက္ လွဴလိုက္ၾကတယ္တဲ့။

အိမ္မွာလည္း ဘုန္းႀကီး ၅- ပါး ပင့္ၿပီးဆြမ္းကပ္ သကၤန္းလွဴၿပီးေတာ့ အမွ်ေပးေဝလိုက္ၾကတယ္။

တစ္ပတ္ေလာက္ ၾကာတဲ့အခါ…သမီးျဖစ္သူကို အိပ္မက္ေပးပါတယ္ တဲ့။

သမီးေရ…အေမေလ အခု စိတ္သက္သာရာ ရသြားပါၿပီ။

ဒီထက္သာတဲ့ ဘုံဌာနကိုမၾကာခင္ သြားရေတာ့မယ္ေလ။

လမ္းေျမယူမိလို႔ အခုလို ဒုကၡေရာက္ရတာ။

ဒါေၾကာင့္ လမ္းေျမကို တစ္လက္မမွ မယူနဲ႔ေနာ္…

လမ္းေျမက်ယ္သြားေအာင္ ကိုယ့္ေျမထဲကေန လွဴျဖစ္ေအာင္သာ လွဴၾက သားတို႔ သမီးတို႔ေရ လို႔ ေျပာၿပီး အိပ္မက္ေပးပါတယ္။

အဲဒီေနာက္…သမီးျဖစ္သူမွာ အိပ္ရာက လန္႔ႏိုးသြားပါတယ္။

ဒီေတာ့မွ သူ႔အေမ ေပးတဲ့ အိပ္မက္ပဲ ဆိုတာကိုသိသြားတယ္။

ဒီအေၾကာင္းကို က်န္တဲ့ ေမာင္ႏွမေတြကိုလည္း ေျပာျပလိုက္တယ္။

အဲဒီက်ေတာ့မွ သားသမီးေတြ အားလုံး ငါတို႔အေမ လြတ္ေတာ့မွာပဲ ဆိုၿပီး ဝမ္းသာအားရ ျဖစ္သြားပါေတာ့တယ္။

ကဲ-ဒီေတာ့…သူေတာ္ေကာင္းတို႔လည္း အကယ္၍ လမ္းေျမယူထားပါက ျပန္လွဴၾကရမယ္။

လမ္းေျမက်ဥ္းေနပါက ကိုယ္ပိုင္ေျမေလး နည္းနည္းေလာက္ လွဴၾကမယ္ဆိုရင္….

ျမန္မာႏိုင္ငံသားမ်ားဟာ ႏိုင္ငံႀကီးသား ပီသပါေပတယ္လို႔ စၾက္ာဝဠာတိုက္တစ္ေသာင္းမွ နတ္ျဗဟၼာအေပါင္းတို႔က ဂုဏ္ျပဳခ်ီးက်ဴးၾကမွာ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ေမတၱာျဖင့္…သီတဂူ အရွင္ေဒဝိႏၵာဘိဝံသ

unicode

လမ်းမြေယူလို့ ပြိတ္တာဖြစ်သွားသူ အကြောင်း ဖြစ်ရပ်မှန်လေး( ဖတ်ကြည့်နော်…)

မြန်မာပြည် မြေလတ်ပိုင်းမှ ရွာလေး တစ်ရွာမှာ…လယ်ပိုင် ယာပိုင် အမျိုးသမီးကြီးတစ်ယောက်ရှိပါတယ်။လောဘကလည်း အလွန်ကြီးသတဲ့။

ဒါကြောင့်…သူ့ပတ်ဝန်းကျင်က လူတွေနှင့် သိပ်အဆင်မပြေဘူး။

သူ့ယာခင်းနားက လူတွေနှင့်လည်းမကြာခဏဆိုသလို စကားများကြတယ်။

ပြီးတော့ သူ့မြေချဲ့ချင်တဲ့အတွက် သူဟာ လမ်းမြေကို တဖြေးဖြေးနဲ့ ဖဲ့ယူသတဲ့။

အရင်တုန်းက လမ်းက လှည်းနှစ်စီး သွားလို့ ရပေမဲ့အခုကျတော့ သူ ယူလိုက်တဲ့အတွက် လမ်းက ကျဉ်းပြီးလှည်းတစ်စီးပဲ သွားလို့ရပါတော့တယ်။

တစ်နေ့မှာတော့…အဲဒီအမျိုးသမီးကြီးဟာ ရောဂါ အသည်းအသန် ဖြစ်ပြီး အမေ ကယ်ပါ….အဖေ ကယ်ပါ ဆိုပြီး အော်ဟစ် ငြီးငြူသတဲ့။

နောက်တော့…အဲသလို ငြီးငြူရင်းနဲ့ပဲ သေဆုံးသွားပါတော့တယ်။

အဲဒီနောက် သိပ်မကြာပါဘူး။သူ့ရွာက အမျိုးသမီးတစ်ယောက်ကို ဝင်ပူးပါလေရော။

လမ်းမြေယူထားတဲ့ အတွက် သူ့ယာခင်းနားမှာ မကျွတ်မလွတ် ( ပြိတ္တာ) ဖြစ်နေတယ်လို့ သူ့အကြောင်းကို ပြောပြပါတော့တယ်။

ပြီးတော့ သူ့ သား, သူ့သမီးတွေရဲ့ နာမည်တွေကိုခေါ်ပြီး သူမကျွတ်မလွတ် ဖြစ်နေကြောင်း ဆက်ပြီး ပြောပြတယ်။

သားတို့ သမီးတို့ရေ…အမေပါကွဲ့။အမေလေ…လမ်းမြေယူမိလို့ အခု မကျွတ်မလွတ် ဖြစ်နေပြီကွယ်။

အမေ့ကို ကယ်ပါဦးကွဲ့။အမေ ယူထားတဲ့ လမ်းမြေကို ပြန်ပေးကြနော်…

အဲဒီလို ပြောပြီးပူးဝင်နေတဲ့ အမျိုးသမီးထံကနေ ထွက်သွားပါတော့တယ်။

ဒီတော့ ရွာထဲရပ်ထဲက လူကြီးတွေက သူ့သားသမီးတွေကိုခေါ်ပြီး အဲဒီအကြောင်းလေး ပြောပြကြတယ်။

အေး…မင်းတို့အမေတော့ ဒုက္ခရောက်နေပြီ။ကိုယ့်အမေကို ကယ်တင်သောအားဖြင့် လမ်းမြေကို ပြန်ပေးလိုက်ပါလားလို့ ပေါ့…

ဒါပေမဲ့…သူ့ရဲ့ သားသမီးတွေက လက်မခံကြဘူးတဲ့။ဒါ မဖြစ်နိုင်ပါဘူး ဆိုပြီး အမှုမဲ့ အမှတ်မဲ့ပဲ နေနေကြတယ်။

ဒုတိယအကြိမ် ဝင်ပူးပြီး ပြောပြန်တယ်။

သုံးလေးရက် ကြာသောအခါ…ရွာသူတစ်ယောက်ကို ထပ်ပြီး ပူးပြန်တယ်။

သူ့သားမီးတွေနဲ့ တွေ့ချင်ကြောင်း ပြောတဲ့အတွက် သူ့သားသမီးတွေကို ခေါ်ပေးလိုက်တယ်။

သူ့သားသမီးတွေ ရောက်လာတဲ့အခါ…ငိုပြီးတော့ ပြောရှာပါတယ်။

သားတို့ သမီးတို့ရေ…အမေ့ကို ကယ်ပါကွယ်။အမေ…ပြောလေ အမေ ဘယ်လို ဖြစ်နေလို့လဲ-?

ဘာဖြစ်ရမှာလဲ ကွယ်။အခု အမေ့မှာ မြေကြီးကို ဦးခေါင်းပေါ် ရွက်ထားရတယ်ကွဲ့။

နေ့ရော ညရော ရွက်ထားရတာ။ပင်ပန်းလိုက်တာကွယ်။

ဘာဖြစ်လို့လဲ အမေ-?

သားတို့ သမီးတို့…အမေ့စကား နားမထောင်လို့ပေါ့။

အမေ ယူထားတဲ့ လမ်းမြေကို ပြန်ပေးကြပါနော်…

ပြန်မပေးရင်…ဒီမြေကြီးတွေကို ဦးခေါင်းပေါ် ရွက်ထားရမှာလေ။

ဒါကြောင့် လမ်းမြေကို ပြန်ပေးလိုက်ကြနော်…

စိတ်ချပါ အမေ…လမ်းမြေမှန်သမျှ အကုန်လုံး ပြန်ပေးလိုက်မယ်နော်။

အေး အေး ဟုတ်ပြီ။

အမေ ယူထားတဲ့ လမ်းမြေက၂- တောင် (၃- ပေ) လောက်ပဲ ရှိတာပါ။

ဘာမှ အဖိုး မတန်ပါဘူး။အခုတော့ ယူတာနဲ့ မကာမိဘူး။ပင်ပန်းလိုက်တာကွယ်။

ဒါကြောင့်…၃- တောင်လောက် ပြန်ပေးလိုက်ကြနော်။

စိတ်ချပါ အမေ…အမေ့ ဆန္ဒအတိုင်း ဖြစ်အောင် လုပ်ပါ့မယ်။

ဟုတ်ပြီနော်…အမေယူထားတဲ့ လမ်းမြေ ပြန်ပေးမှမြေကြီးတွေကို ဦးခေါင်းပေါ်ကနေ အောက်ချလို့ရမှာကွဲ့။

အမေ့ကို သနားကြပါနော် လို့ ပြောပြီး ထွက်သွားသတဲ့။

သားသမီးတွေကလည်း အခုလို ကြားလိုက်ရတော့ သူတို့အမေကို အရမ်းပဲ သနားသွားကြတယ်။

ဒါနဲ့ ယူထားတဲ့ လမ်းမြေတွေကို ပြန်ပေးတဲ့အပြင် သူတို့ပိုင်တဲ့ ယာမြေထဲမှ မြေကိုတောင် လမ်းအတွက် လှူလိုက်ကြတယ်တဲ့။

အိမ်မှာလည်း ဘုန်းကြီး ၅- ပါး ပင့်ပြီးဆွမ်းကပ် သင်္ကန်းလှူပြီးတော့ အမျှပေးဝေလိုက်ကြတယ်။

တစ်ပတ်လောက် ကြာတဲ့အခါ…သမီးဖြစ်သူကို အိပ်မက်ပေးပါတယ် တဲ့။

သမီးရေ…အမေလေ အခု စိတ်သက်သာရာ ရသွားပါပြီ။

ဒီထက်သာတဲ့ ဘုံဌာနကိုမကြာခင် သွားရတော့မယ်လေ။

လမ်းမြေယူမိလို့ အခုလို ဒုက္ခရောက်ရတာ။

ဒါကြောင့် လမ်းမြေကို တစ်လက်မမှ မယူနဲ့နော်…

လမ်းမြေကျယ်သွားအောင် ကိုယ့်မြေထဲကနေ လှူဖြစ်အောင်သာ လှူကြ သားတို့ သမီးတို့ရေ လို့ ပြောပြီး အိပ်မက်ပေးပါတယ်။

အဲဒီနောက်…သမီးဖြစ်သူမှာ အိပ်ရာက လန့်နိုးသွားပါတယ်။

ဒီတော့မှ သူ့အမေ ပေးတဲ့ အိပ်မက်ပဲ ဆိုတာကိုသိသွားတယ်။

ဒီအကြောင်းကို ကျန်တဲ့ မောင်နှမတွေကိုလည်း ပြောပြလိုက်တယ်။

အဲဒီကျတော့မှ သားသမီးတွေ အားလုံး ငါတို့အမေ လွတ်တော့မှာပဲ ဆိုပြီး ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။

ကဲ-ဒီတော့…သူတော်ကောင်းတို့လည်း အကယ်၍ လမ်းမြေယူထားပါက ပြန်လှူကြရမယ်။

လမ်းမြေကျဉ်းနေပါက ကိုယ်ပိုင်မြေလေး နည်းနည်းလောက် လှူကြမယ်ဆိုရင်….

မြန်မာနိုင်ငံသားများဟာ နိုင်ငံကြီးသား ပီသပါပေတယ်လို့ စြက်ာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က ဂုဏ်ပြုချီးကျူးကြမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်…သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ