က်ိဳက္ထီးရိုးဆံေတာ္ရွင္ေစတီေတာ္ ဘုရားပြဲေတာ္ကို မတ္ ၂၁ ရက္ကစၿပီး ပိတ္သိမ္းမယ္

သတင်​းစုံ

က်ိဳက္ထီးရိုးဆံေတာ္ရွင္ေစတီေတာ္ ဘုရားပြဲေတာ္ကို မတ္ ၂၁ ရက္ကစၿပီး ပိတ္သိမ္းမယ္

ျမန္မာနိုင္ငံ ရဲ့ အထင္ကရ ေစတီေတာ္တစ္ဆူျဖစ္တဲ့ က်ိဳက္ထီးရိုး ဆံေတာ္ရွင္ေစတီေတာ္ ပြဲေတာ္ အစီအစဥ္အားလုံးကို မတ္ ၂၁ ရက္ကစၿပီး ပိတ္သိမ္းသြားမွာျဖစ္တယ္လို့ မြန္ျပည္နယ္အစိုးရအဖြဲ႕ ညႊန္ၾကားေရးမွူး ျဖစ္သူ ဦးျမင့္သန္းဝင္းက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

‘‘ ေတာင္တက္ကားေတြေရာ အဆင္းအတက္အားလုံး မတ္ ၂၁ ရက္ေန႔မွာ ရွိေတာ့မွာမဟုတ္ဘူး။ ပုံမွန္ဘုရားပြဲေတာ္အစီအစဥ္ထက္ တစ္လခြဲေလာက္ေစာပိတ္လိုက္တဲ့သေဘာပါ။ ေဈးဆိုင္ခန္းေတြေရာ ဒါေတြအားလုံးရပ္ဆိုင္းမွာပါ။ ဒါေပမယ့္ ေျခလ်င္တက္ၿပီး ဖူးေျမာ္ခ်င္တဲ့သူေတြအေနနဲ႔ေတာ့ သြားလို့ရပါတယ္’’လို့ သူကေျပာပါတယ္။

က်ိဳက္ထီးရိုးဆံေတာ္ရွင္ေစတီေတာ္ကိုသြားေရာက္ ဖူးေျမာ္သူ မ်ားျပားလြန္းတာေၾကာင့္ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးလမ္းစဥ္ေတြနဲ႔ ေသြဖီေနတဲ့အတြက္ ယာယီဆိုင္းငံ့ ထားဖို့ အေၾကာင္းၾကားစာကို ျပည္နယ္လႊတ္ေတာ္ကေန အစိုးရအဖြဲ႕ကို မတ္ ၁၆ ရက္ေန႔မွာ ေပးပို့ခဲ့ၿပီးေနာက္ ျပည္နယ္အစိုးရကေန အခုလိုပိတ္သိမ္းေၾကာင္း ေၾကညာလာခဲ့တာျဖစ္ပါတယ္။

#ဘီဘီစီျမန္မာပိုင္း / ဓာတ္ပုံ – Soe Thiha

unicode

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ဘုရားပွဲတော်ကို မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းမယ်

မြန်မာနိုင်ငံ ရဲ့ အထင်ကရ စေတီတော်တစ်ဆူဖြစ်တဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော် ပွဲတော် အစီအစဉ်အားလုံးကို မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးမြင့်သန်းဝင်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

‘‘ တောင်တက်ကားတွေရော အဆင်းအတက်အားလုံး မတ် ၂၁ ရက်နေ့မှာ ရှိတော့မှာမဟုတ်ဘူး။ ပုံမှန်ဘုရားပွဲတော်အစီအစဉ်ထက် တစ်လခွဲလောက်စောပိတ်လိုက်တဲ့သဘောပါ။ ဈေးဆိုင်ခန်းတွေရော ဒါတွေအားလုံးရပ်ဆိုင်းမှာပါ။ ဒါပေမယ့် ခြေလျင်တက်ပြီး ဖူးမြော်ချင်တဲ့သူတွေအနေနဲ့တော့ သွားလို့ရပါတယ်’’လို့ သူကပြောပါတယ်။

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကိုသွားရောက် ဖူးမြော်သူ များပြားလွန်းတာကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလမ်းစဉ်တွေနဲ့ သွေဖီနေတဲ့အတွက် ယာယီဆိုင်းငံ့ ထားဖို့ အကြောင်းကြားစာကို ပြည်နယ်လွှတ်တော်ကနေ အစိုးရအဖွဲ့ကို မတ် ၁၆ ရက်နေ့မှာ ပေးပို့ခဲ့ပြီးနောက် ပြည်နယ်အစိုးရကနေ အခုလိုပိတ်သိမ်းကြောင်း ကြေညာလာခဲ့တာဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း / ဓာတ်ပုံ – Soe Thiha