ေနာက္ဆုံးထြက္သက္ကို ပင္ပမ္းႀကီးစြာ ျဖတ္ေက်ာ္ေနရတဲ့ လူမမာတစ္ေယာက္ရဲ့ ေနာက္ဆုံးဆႏၵ…

ဗဟုသုတစုံ

ေနာက္ဆုံးထြက္သက္ကို ပင္ပမ္းႀကီးစြာ ျဖတ္ေက်ာ္ေနရတဲ့ လူမမာတစ္ေယာက္ရဲ႕ ေနာက္ဆုံးဆႏၵ…

( ၁ ) စကားေျပာ ဖို႔ကိုပင္ မနည္းအားယူေနရမယ့္ အခ်ိန္မွာ ေနေကာင္းလား၊ သက္သာလား ဆိုတဲ့ သင့္ေမးခြန္းေတြ မေျဖခ်င္ေတာ့ပါ … ။

( ၂ ) ေရေမႊး ဆြတ္ၿပီး ငါ့အနား လာမရပ္ပါနဲ႔ ! ( အေမႊးနံ႔၊ ေခြၽးနံ႔၊ ဟင္းနံ႔ေတြ ကိုေတာင္ မခံႏိူင္ေတာ့တာကိုသတိျပဳ မိပါေစ )

( ၃ ) ဝတၱရား အရ လူနာ ေမးလာရင္း ဆယ္လ္ဖီ လာမဆြဲပါႏွင့္ ! ( ထြက္ခြာ ရေတာ့မယ့္ ငါ့ကိုေဘးနားထားၿပီး သင္ေပ်ာ္ျပ မေနပါႏွင့္ ၊ ငါ့ကို ခ်စ္ရင္ အားနာပါ ၊သံေဝဂ လိုလို ဘာလိုလိုႏွင့္ ငါ ခ်စ္တဲ့သူေတြကို ငါ့႐ုပ္သြင္အား မျပပါႏွင့္ )

( ၄ ) လူနာ ေမးလာတဲ့ အခါ ငါ ေလလည္ခ်င္ တာေတြ က်င္ငယ္ စြန႔္ခ်င္ တာေတြ က်င္ႀကီး စြန႔္ခ်င္တာေတြကို ေအာင့္ထား ရတဲ့ အခါ ငါ့ အတြက္ တကယ္ပင္ပမ္းလြန္း လို႔ပါ … ။

( ၅ ) ငါ မတတ္ ႏိုင္လို႔ ေဆးဖိုး ဝါးခေတြ ေပးတဲ့ အခါ ငါမသိေအာင္ ေပးေပးပါ ။ ေနာက္ဆုံးထြက္သက္ မွာေက်းဇူးတရား ေတြက ငါ့ကို အင္အားထက္ ဖိအားေတြျဖစ္ခ်င္ ျဖစ္သြား ေစႏိုင္ လို႔ပါ … ။

( ၆ ) ေက်းဇူးျပဳၿပီး သူမ်ား အေၾကာင္းေတြ ငါ့ကို လာမေျပာပါနဲ႔ ေနာက္ပိုင္း သံေယာဇဥ္ ေတြ ျဖတ္ဖို႔ႀကိဳးစားေနရသူ အတြက္ စိတ္ အေႏွာက္အယွက္ ႀကီးစြာျဖစ္ရ ပါတယ္ သိလည္း မသိခ်င္ ေတာ့ပါေလ ။

( ၇ ) ကေလးေတြ ေခၚမလာ ပါႏွင့္ ကေလး ငိုသံ ၊ကေလးဆူသံ ၊ ေျပးလႊား ေဆာ့ကစားသံ ေတြက ငါ့အာ႐ုံကို အေႏွာက္ အယွက္ ႀကီးစြာ ျဖစ္ရ ပါတယ္။

( ၈ ) ေျခစမ္းလိုက္ ၊ လက္စမ္းလိုက္ ၊ ႂကြက္သားစမ္းလိုက္ ၊ အဂၤါ ၾကည့္လိုက္ ၊ ဝမ္းၾကည့္ လိုက္ေတြလာမလုပ္ ၾကပါႏွင့္ ေတာ့ ေဝဒနာ ခြာေန တဲ့ ငါ့ အတြက္ ေဒါသကို ျဖစ္သြား ေစႏိုင္ ပါ တယ္ … ။

( ၉ ) တစ္ေယာက္ တစ္မ်ိဳး ေဆးနည္းေတြ လာမေပးၾကပါႏွင့္ အႀကံေတြ လာမေပ းၾကပါႏွင့္ ်မွ်ာ္လင့္ခ်က္ေတြ လာမေပး ပါနဲ႔ေတာ့ သက္ေတာင့္ သက္သာသြားႏိူင္ရင္ပဲ ေက်နပ္ လွပါၿပီ … ။

( ၁၀ ) ကိုယ့္ႏွလုံး ခုန္သံ ၊ နာရီ ခ်က္ခ်က္ ျမည္သံေတြကပဲ က်ယ္ေလာက္ စြာ ၾကားေန ရတာမို႔ စကားေတြ အက်ယ္ႀကီး လာမေျပာ ၾကပါႏွင့္ ၊ တရားေတြ အက်ယ္ႀကီး ဖြင့္မေပး ၾကပါနဲ႔ … ။ ( ေဆးမကူဘဲ အိပ္ေပ်ာ္ဖို႔ ေတါင္ မနည္းႀကိဳးစား ေနရတဲ့အခါ၊ ႏႈတ္ကလိုက္႐ြတ္ ေနမိတဲ့အခါ ပိုပင္ပမ္း ရပါတယ္ )

( ၁၁ ) အက်င့္မရွိတဲ့ ငါ ၊ အားမေကာင္းတဲ့ ငါ တျခားတရားေတြ ငါမနာႏိူင္ေတာ့၊ အာ႐ုံမျပဳ ႏိူင္ေတာ့တာမို႔ပရိတ္ ၊ ပဠာန္းေလာက္ပဲ ခပ္ေဝးေဝး ကေန တိုးတိုးေလး သာဖြင့္ေပးထားပါ … ။

( ၁၂ ) အနား လာၿပီး ယပ္ေတြ မခတ္ေပးၾကပါႏွင့္ေခါင္း ေလတိုးသံက ဆံပင္ကို ျဖတ္ၿပီး ေမြးညႇင္းေပါက္ေလးမ်ားစီ သြားေနတာက ပဲ အေတာ္ ခံစားရလို႔ပါ … ။

( ၁၃ ) အနားမွာ စုၿပဳံၿပီး လာမတို းၾကပါႏွင့္ ေအာက္ဆီဂ်င္ကို မနည္း လုရႉေနရတာမို႔ ေနာက္ဆုံးထြက္သက္မွာ အသက္ဝဝရႈသြားပါရေစ … ။

( ၁၄ ) သားေတြေခြၽးမေတြ စကားေျပာသံ၊ဆူပူသံ၊ေျမးေတြဆူညံသံေတြ၊ဇြန္းသံခြက္သံေတြမလုပ္ၾကပါႏွင့္၊တိတ္ဆိတ္စြာေနေပးျခင္းျဖင့္ ငါ့အားကူညီၾကပါ …။

( ၁၅ ) ဟိုဟာေပးမလား ဒီဟာေပးမလား လာမစေနာက္ၾကပါႏွင့္ ငါ့အားကိုယ္ခ်င္းစာေပးၾကပါေလာ့ပစၥည္းစြဲေအာင္ အစမေဖာ္ေပးၾကပါနဲ႔ …။

( ၁၆ ) သတိလည္ေအာင္ နာမည္တရရေခၚတာ၊နာမည္နဲ႔လူတြဲေျပာခိုင္းတာေတြ ေရွာင္ပါ။ လူနာမည္မွတ္မိဖို႔ထက္ ဘုရားမေမ့သြားဖို႔က ပိုအဓိကပါ …။

( ၁၇ ) ငိုသံ၊ရႈိက္သံေတြ မထြက္မိေအာင္ ထိန္းေပးၾကပါ။ အေႏွာင္အတြယ္မဲ့စြာ ထြက္ခ်င္လို႔ပါ …။

အရိပ္အကဲနားလည္တဲ့သူတစ္ေယာက္ ေဘးနားရွိ ေနေပးရင္ကိုပဲ အဆင္ေျပပါၿပီ ………( အာေခါင္ေျခာက္တတ္တာမို႔ ႏႈတ္ခမ္းေလးေတာ့ ေရမၾကာမၾကာဂြမ္းစေလးနဲ႔ ဆြတ္ဆြတ္ေပး )….။Thet Naing Linn

unicode

နောက်ဆုံးထွက်သက်ကို ပင်ပမ်းကြီးစွာ ဖြတ်ကျော်နေရတဲ့ လူမမာတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒ…

( ၁ ) စကားပြော ဖို့ကိုပင် မနည်းအားယူနေရမယ့် အချိန်မှာ နေကောင်းလား၊ သက်သာလား ဆိုတဲ့ သင့်မေးခွန်းတွေ မဖြေချင်တော့ပါ … ။

( ၂ ) ရေမွှေး ဆွတ်ပြီး ငါ့အနား လာမရပ်ပါနဲ့ ! ( အမွှေးနံ့၊ ချွေးနံ့၊ ဟင်းနံ့တွေ ကိုတောင် မခံနိူင်တော့တာကိုသတိပြု မိပါစေ )

( ၃ ) ဝတ္တရား အရ လူနာ မေးလာရင်း ဆယ်လ်ဖီ လာမဆွဲပါနှင့် ! ( ထွက်ခွာ ရတော့မယ့် ငါ့ကိုဘေးနားထားပြီး သင်ပျော်ပြ မနေပါနှင့် ၊ ငါ့ကို ချစ်ရင် အားနာပါ ၊သံဝေဂ လိုလို ဘာလိုလိုနှင့် ငါ ချစ်တဲ့သူတွေကို ငါ့ရုပ်သွင်အား မပြပါနှင့် )

( ၄ ) လူနာ မေးလာတဲ့ အခါ ငါ လေလည်ချင် တာတွေ ကျင်ငယ် စွန့်ချင် တာတွေ ကျင်ကြီး စွန့်ချင်တာတွေကို အောင့်ထား ရတဲ့ အခါ ငါ့ အတွက် တကယ်ပင်ပမ်းလွန်း လို့ပါ … ။

( ၅ ) ငါ မတတ် နိုင်လို့ ဆေးဖိုး ဝါးခတွေ ပေးတဲ့ အခါ ငါမသိအောင် ပေးပေးပါ ။ နောက်ဆုံးထွက်သက် မှာကျေးဇူးတရား တွေက ငါ့ကို အင်အားထက် ဖိအားတွေဖြစ်ချင် ဖြစ်သွား စေနိုင် လို့ပါ … ။

( ၆ ) ကျေးဇူးပြုပြီး သူများ အကြောင်းတွေ ငါ့ကို လာမပြောပါနဲ့ နောက်ပိုင်း သံယောဇဉ် တွေ ဖြတ်ဖို့ကြိုးစားနေရသူ အတွက် စိတ် အနှောက်အယှက် ကြီးစွာဖြစ်ရ ပါတယ် သိလည်း မသိချင် တော့ပါလေ ။

( ၇ ) ကလေးတွေ ခေါ်မလာ ပါနှင့် ကလေး ငိုသံ ၊ကလေးဆူသံ ၊ ပြေးလွှား ဆော့ကစားသံ တွေက ငါ့အာရုံကို အနှောက် အယှက် ကြီးစွာ ဖြစ်ရ ပါတယ်။

( ၈ ) ခြေစမ်းလိုက် ၊ လက်စမ်းလိုက် ၊ ကြွက်သားစမ်းလိုက် ၊ အင်္ဂါ ကြည့်လိုက် ၊ ဝမ်းကြည့် လိုက်တွေလာမလုပ် ကြပါနှင့် တော့ ဝေဒနာ ခွာနေ တဲ့ ငါ့ အတွက် ဒေါသကို ဖြစ်သွား စေနိုင် ပါ တယ် … ။

( ၉ ) တစ်ယောက် တစ်မျိုး ဆေးနည်းတွေ လာမပေးကြပါနှင့် အကြံတွေ လာမပေ းကြပါနှင့် ျမျှာ်လင့်ချက်တွေ လာမပေး ပါနဲ့တော့ သက်တောင့် သက်သာသွားနိူင်ရင်ပဲ ကျေနပ် လှပါပြီ … ။

( ၁၀ ) ကိုယ့်နှလုံး ခုန်သံ ၊ နာရီ ချက်ချက် မြည်သံတွေကပဲ ကျယ်လောက် စွာ ကြားနေ ရတာမို့ စကားတွေ အကျယ်ကြီး လာမပြော ကြပါနှင့် ၊ တရားတွေ အကျယ်ကြီး ဖွင့်မပေး ကြပါနဲ့ … ။ ( ဆေးမကူဘဲ အိပ်ပျော်ဖို့ တေါင် မနည်းကြိုးစား နေရတဲ့အခါ၊ နှုတ်ကလိုက်ရွတ် နေမိတဲ့အခါ ပိုပင်ပမ်း ရပါတယ် )

( ၁၁ ) အကျင့်မရှိတဲ့ ငါ ၊ အားမကောင်းတဲ့ ငါ တခြားတရားတွေ ငါမနာနိူင်တော့၊ အာရုံမပြု နိူင်တော့တာမို့ပရိတ် ၊ ပဠာန်းလောက်ပဲ ခပ်ဝေးဝေး ကနေ တိုးတိုးလေး သာဖွင့်ပေးထားပါ … ။

( ၁၂ ) အနား လာပြီး ယပ်တွေ မခတ်ပေးကြပါနှင့်ခေါင်း လေတိုးသံက ဆံပင်ကို ဖြတ်ပြီး မွေးညှင်းပေါက်လေးများစီ သွားနေတာက ပဲ အတော် ခံစားရလို့ပါ … ။

( ၁၃ ) အနားမှာ စုပြုံပြီး လာမတို းကြပါနှင့် အောက်ဆီဂျင်ကို မနည်း လုရှူနေရတာမို့ နောက်ဆုံးထွက်သက်မှာ အသက်ဝဝရှုသွားပါရစေ … ။

( ၁၄ ) သားတွေချွေးမတွေ စကားပြောသံ၊ဆူပူသံ၊မြေးတွေဆူညံသံတွေ၊ဇွန်းသံခွက်သံတွေမလုပ်ကြပါနှင့်၊တိတ်ဆိတ်စွာနေပေးခြင်းဖြင့် ငါ့အားကူညီကြပါ …။

( ၁၅ ) ဟိုဟာပေးမလား ဒီဟာပေးမလား လာမစနောက်ကြပါနှင့် ငါ့အားကိုယ်ချင်းစာပေးကြပါလော့ပစ္စည်းစွဲအောင် အစမဖော်ပေးကြပါနဲ့ …။

( ၁၆ ) သတိလည်အောင် နာမည်တရရခေါ်တာ၊နာမည်နဲ့လူတွဲပြောခိုင်းတာတွေ ရှောင်ပါ။ လူနာမည်မှတ်မိဖို့ထက် ဘုရားမမေ့သွားဖို့က ပိုအဓိကပါ …။

( ၁၇ ) ငိုသံ၊ရှိုက်သံတွေ မထွက်မိအောင် ထိန်းပေးကြပါ။ အနှောင်အတွယ်မဲ့စွာ ထွက်ချင်လို့ပါ …။

အရိပ်အကဲနားလည်တဲ့သူတစ်ယောက် ဘေးနားရှိ နေပေးရင်ကိုပဲ အဆင်ပြေပါပြီ ………( အာခေါင်ခြောက်တတ်တာမို့ နှုတ်ခမ်းလေးတော့ ရေမကြာမကြာဂွမ်းစလေးနဲ့ ဆွတ်ဆွတ်ပေး )….။Thet Naing Linn