ကလောတွင် မိခင်က ဆိုင်ကယ်မဝယ်ပေးသဖြင့် သားဖြစ်သူမှ နေအိမ်အား မီးရှို့

သတင်​းစုံ

ကေလာတြင္ မိခင္မွ ဆိုင္ကယ္မဝယ္ေပးဟုဆိုကာ ေနအိမ္မီးရွို့မွုျဖစ္ပြား

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ့တြင္ ေဖေဖာ္ဝါရီလ ၁၂ ရက္က မိခင္က ဆိုင္ကယ္မဝယ္ေပးသျဖင့္ သားျဖစ္သူမွ ေနအိမ္အား မီးရွို့မွုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဆိုင္ကယ္လိုခ်င္လို့ ဝယ္ခိုင္းတာ မဝယ္ေပးလို့ဆိုၿပီး အခုလိုလုပ္တာလို့ သိရပါတယ္” ဟု ကေလာၿမိဳ့မရဲစခန္းမွူး ဒုရဲမွူး လွနိုင္က ကေမၻာဇတိုင္းသို့ ေျပာသည္။

ကေလာၿမိဳ့၊ အမွတ္ (၆) ရပ္ကြက္၊ သာယာကုန္းရပ္ေန ဇင္ကိုဦး (၁၉ ႏွစ္) သည္ ေဖေဖာ္ဝါရီလ ၁၂ ရက္၊ နံနက္ ၉ နာရီ ၄၅ မိနစ္ခန႔္က မိခင္ျဖစ္သူအား ဆိုင္ကယ္ဝယ္ခိုင္းရာ မဝယ္ေပးသည့္အတြက္ ေနအိမ္အေရွ႕ရွိ အမွိုက္ပုံအတြင္းမွ တာယာ အား ယူေဆာင္ကာ ေနအိမ္အား ၎ကိုယ္တိုင္ မီးရွို့ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို့ မီးရွို့မွုေၾကာင့္ အလ်ား ၁၂ ေပ၊ အနံ ၁၀ ေပ၊ အျမင့္ ၁၀ ေပရွိ သြပ္မိုး၊ ပ်ဥ္ေထာင္အိမ္တစ္လုံး မီးေလာင္ ဆုံးရွုံးခဲ့ၿပီး မီးေလာင္မွုျဖစ္ပြားရာသို့ ရပ္ကြက္ေနျပည္သူမ်ားမွ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ နံနက္ ၁၀ နာရီ ခန႔္တြင္ မီးအား ျငႇိမ္းသတ္နိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအမွုမွ မိမိေနအိမ္အား မီးျဖင့္ရွို့ခဲ့သူ ဇင္ကိုဦးအား ကေလာၿမိဳ့မရဲစခန္းမွ (ပ)၂၁/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ ျဖင့္အမွုဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ကေမၻာဇတိုင္း #KBZTai #Shan #Kalaw #Crime #MinZawMin

unicode

ကလောတွင် မိခင်မှ ဆိုင်ကယ်မဝယ်ပေးဟုဆိုကာ နေအိမ်မီးရှို့မှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်က မိခင်က ဆိုင်ကယ်မဝယ်ပေးသဖြင့် သားဖြစ်သူမှ နေအိမ်အား မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်လိုချင်လို့ ဝယ်ခိုင်းတာ မဝယ်ပေးလို့ဆိုပြီး အခုလိုလုပ်တာလို့ သိရပါတယ်” ဟု ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ သာယာကုန်းရပ်နေ ဇင်ကိုဦး (၁၉ နှစ်) သည် ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မိခင်ဖြစ်သူအား ဆိုင်ကယ်ဝယ်ခိုင်းရာ မဝယ်ပေးသည့်အတွက် နေအိမ်အရှေ့ရှိ အမှိုက်ပုံအတွင်းမှ တာယာ အား ယူဆောင်ကာ နေအိမ်အား ၎င်းကိုယ်တိုင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မီးရှို့မှုကြောင့် အလျား ၁၂ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၀ ပေရှိ သွပ်မိုး၊ ပျဉ်ထောင်အိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ခန့်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုမှ မိမိနေအိမ်အား မီးဖြင့်ရှို့ခဲ့သူ ဇင်ကိုဦးအား ကလောမြို့မရဲစခန်းမှ (ပ)၂၁/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘောဇတိုင်း #KBZTai #Shan #Kalaw #Crime #MinZawMin