သေမှာကို ကြိုသိ ကြိုနိမိတ်ဖတ်ပြီး မိမိအသက်ကို တိုင်းပြည်အတွက်သိသိကြီးနဲ့ ပေးဆပ်သွားတဲ့ ဒီလူကြီး…

ဗဟုသုတစုံ

ဒီလူၾကီး

စစ္ဗိုလ္ခ်ဳပ္တဦးျဖစ္ေပမဲ့ ဝတ္စရာအဝတ္သံုးစံုပဲ ရွိတယ္ဆိုတဲ့ ဒီလူၾကီး….

ထမင္းမစားရတာ ႏွစ္ရက္ရွိျပီ ထမင္းနည္းနည္း ေလာက္ေပးပါဆိုျပီး ေတာင္းစားခဲ့ဘူးတဲ့ ဒီလူၾကီး…..

လမ္းေဘးမွာ ခ်မ္းခ်မ္းတီးတီးနဲ ့အိပ္ေနတဲ့ လူတေယာက္ကို မင္းဆင္းရဲတာ ငါနဲ ့ဆိုင္တယ္ဆိုျပီ ဝတ္ထားတဲ့အေႏြးထည္ကို ခြ်တ္ေပးခ့ဲတဲ့ ဒီလူၾကီး….

အီတလီဘုန္းေတာ္ၾကီး ဦးေလာကနာထ ထံမွာ ရဟန္းဝတ္ျပီး သာသနာျပဳဖို ့ ခြင့္ေတာင္းတာကို မိခင္က ခြင့္မျပဳလို ့ သူ ့အတြက္ တရားရနိဳင္မဲ့ အခြင့္အေရးကို လက္လႊတ္ဆံုးရွံဳးခံျပီး ျမန္မာ ျပည္သူေတြအတြက္ အသက္ေပးဆပ္သြားခဲ့ရ ရွာတဲ့ ဒီလူၾကီး….

ေဆြမ်ိဳးေတြက လက္ေဆာင္ေပးတဲ့ ဆီဗုံးကို တတိုင္းျပည္လံုးဆင္းရဲေနတာ ငါဒီလိုစားရတာ စိတ္မသန္ ့ဘူးဆိုျပီး ဆီေတြကိုသြန္ျပစ္ခဲ့တဲ့ ဒီလူၾကီး….

ရုပ္ရွင္ၾကည့္တာေတာင္ ( ငါးမႈးတန္း ) ေရွ့ဆံုးတန္းကေန ၾကည့္ခဲ့တဲ့ ဒီလူၾကီး….

ကားေမာင္းတဲ့သူက ဗိုလ္ခ်ဳပ္ပါေနတာပဲရပါတယ္လို ့ေျပာေတာ့ ဗိုလ္ခ်ဳပ္က ဗိုလ္ခ်ဳပ္ ဥပေဒက ဥပေဒ ဆိုျပီး ေျပာခဲ့တဲ့ ဒီလူၾကီး…..

သူေသေတာ့ ဂႏၵီကိုယ္တိုင္ မ်က္ရည္က်ျပီး ငါ့သားတေယာက္လိုမ်ိဳးေရာ ကမၻာေခါင္းေဆာင္ ေတြအတြက္ေရာ အစားထိုးမရတဲ့ဆံုးရွံဳးမႈ႕ဆိုျပီးျမည္တြန္တမ္းတခဲ့ရတဲ့ ဒီလူၾကီး….

မဂၤလာဒံုဘက္က ေျမကြက္ေလးေတာ့ လိုခ်င္သား ပိုက္ဆံက မရွိဘူး လို ့ ညည္းဘူးတဲ့ ဒီလူၾကီး….

မိဘဆီက ပိုက္ဆံျပန္ေတာင္းျပီး သံုးရလို ့အဆူခံရတဲ့ ဒီလူၾကီး….

လြပ္လပ္ေရးေတာင္းေတာ့ မေပးရင္ဘာလုပ္မလဲ ဆိုတဲ့အဂၤလိပ္ဘုရင္ခံရဲ့ ေမးခြန္းကို မေပးရင္တိုက္ယူမယ္ဆိုျပီး ျပံဳးရႊင္တည္ၾကည္ရဲရင့္စြာနဲ ့ တုန္ ့ျပန္ခဲ့တဲ့ ဒီလူၾကီး….

လြပ္လပ္ေရးေတာင္းဆိုျပီးျပန္လာရင္ အသတ္ခံရေတာ့မယ္ဆိုတာကို ရဟန္းပညာရွိ လူပညာရွိေတြကသိလို ့ သတိေပးေပမဲ့ သိသိၾကီးနဲ ့သြားေရာက္ေတာင္းဆိုတယ္….

အဂၤလိပ္ဘုရင္ခံခ်ဳပ္ကို က်ဳပ္တို ့တိုင္းျပည္မွာအမ်ိဳးသားေရးေခါင္းေဆာင္တေယာက္က သက္ဆိုးမရွည္ဘူး အသတ္ခံရမွာ ဆိုျပီးေသမွာကို ၾကိဳသိ ၾကိဳနိမိတ္ဖတ္ျပီး မိမိအသက္ကို တိုင္းျပည္အတြက္သိသိၾကီးနဲ ့ေပးဆပ္သြားတဲ့ ဒီလူၾကီး

ေၾသာ္ – – – – –

ဒီလိုလူၾကီးမ်ိဳးရဲ့ ဂုဏ္ေက်းဇူးကို ဘယ္ေလာက္ပဲ စာဖြဲ ့ပါေစ ကုန္မယ္ မထင္နိ ုင္ေတာ့ပါဘူး….

ဒီလူၾကီးေၾကာင့္ ရခဲ့တဲ့ လြတ္လပ္ေရးေန ့ကိုေရာက္တိုင္း ျမန္မာျပည္သူျပည္သားေတြရဲ့ ရင္ထဲမွာ ဒီလူၾကီးကို ထာဝရ ေက်းဇူးတင္ရွိေနမွာပါ….

ေဖေဖၚဝါရီတစ္ဆယ့္သံုးရက္ ဇန္နဝါရီေလး ရက္နဲ ့ ူူဇူလိုင္ တစ္ဆယ့္ကိုး ရက္ေတြေရာက္တိုင္ ဒီလူၾကီးကို အျမဲတမ္း သတိယေနမယ္ဆိုတာ အေသအခ်ာပါပဲ….

ရူးသြပ္တယ္ပဲ ေျပာပါေစ…..ေနာင္တခ်ိန္ ဒီလိုလူၾကီး ေခါင္းေဆာင္တဲ့တိုင္းျပည္မွာ လူျပန္ျဖစ္မယ္ဆိုရင္ အျမဲတမ္း ျဖစ္ရပါလို၏လို ့ ဆုေတာင္းပါတယ္…..။

share ျခင္းျဖင့္ ဒီလူၾကီးကို ဂုဏ္ျပဳလိုက္ၾကရေအာင္ပါ…..ဦးျမင့္ခိုင္

unicode

ဒီလူကြီး

စစ်ဗိုလ်ချုပ်တဦးဖြစ်ပေမဲ့ ဝတ်စရာအဝတ်သုံးစုံပဲ ရှိတယ်ဆိုတဲ့ ဒီလူကြီး….

ထမင်းမစားရတာ နှစ်ရက်ရှိပြီ ထမင်းနည်းနည်း လောက်ပေးပါဆိုပြီး တောင်းစားခဲ့ဘူးတဲ့ ဒီလူကြီး…..

လမ်းဘေးမှာ ချမ်းချမ်းတီးတီးနဲ့အိပ်နေတဲ့ လူတယောက်ကို မင်းဆင်းရဲတာ ငါနဲ့ဆိုင်တယ်ဆိုပြီ ဝတ်ထားတဲ့အနွေးထည်ကို ချွတ်ပေးခဲ့တဲ့ ဒီလူကြီး….

အီတလီဘုန်းတော်ကြီး ဦးလောကနာထ ထံမှာ ရဟန်းဝတ်ပြီး သာသနာပြုဖို့ ခွင့်တောင်းတာကို မိခင်က ခွင့်မပြုလို့ သူ့အတွက် တရားရနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံပြီး မြန်မာ ပြည်သူတွေအတွက် အသက်ပေးဆပ်သွားခဲ့ရ ရှာတဲ့ ဒီလူကြီး….

ဆွေမျိုးတွေက လက်ဆောင်ပေးတဲ့ ဆီဗုံးကို တတိုင်းပြည်လုံးဆင်းရဲနေတာ ငါဒီလိုစားရတာ စိတ်မသန့်ဘူးဆိုပြီး ဆီတွေကိုသွန်ပြစ်ခဲ့တဲ့ ဒီလူကြီး….

ရုပ်ရှင်ကြည့်တာတောင် ( ငါးမှုးတန်း ) ရှေ့ဆုံးတန်းကနေ ကြည့်ခဲ့တဲ့ ဒီလူကြီး….

ကားမောင်းတဲ့သူက ဗိုလ်ချုပ်ပါနေတာပဲရပါတယ်လို့ပြောတော့ ဗိုလ်ချုပ်က ဗိုလ်ချုပ် ဥပဒေက ဥပဒေ ဆိုပြီး ပြောခဲ့တဲ့ ဒီလူကြီး…..

သူသေတော့ ဂန္ဒီကိုယ်တိုင် မျက်ရည်ကျပြီး ငါ့သားတယောက်လိုမျိုးရော ကမ္ဘာခေါင်းဆောင် တွေအတွက်ရော အစားထိုးမရတဲ့ဆုံးရှုံးမှု့ဆိုပြီးမြည်တွန်တမ်းတခဲ့ရတဲ့ ဒီလူကြီး….

မင်္ဂလာဒုံဘက်က မြေကွက်လေးတော့ လိုချင်သား ပိုက်ဆံက မရှိဘူး လို့ ညည်းဘူးတဲ့ ဒီလူကြီး….

မိဘဆီက ပိုက်ဆံပြန်တောင်းပြီး သုံးရလို့အဆူခံရတဲ့ ဒီလူကြီး….

လွပ်လပ်ရေးတောင်းတော့ မပေးရင်ဘာလုပ်မလဲ ဆိုတဲ့အင်္ဂလိပ်ဘုရင်ခံရဲ့ မေးခွန်းကို မပေးရင်တိုက်ယူမယ်ဆိုပြီး ပြုံးရွှင်တည်ကြည်ရဲရင့်စွာနဲ့ တုန့်ပြန်ခဲ့တဲ့ ဒီလူကြီး….

လွပ်လပ်ရေးတောင်းဆိုပြီးပြန်လာရင် အသတ်ခံရတော့မယ်ဆိုတာကို ရဟန်းပညာရှိ လူပညာရှိတွေကသိလို့ သတိပေးပေမဲ့ သိသိကြီးနဲ့သွားရောက်တောင်းဆိုတယ်….

အင်္ဂလိပ်ဘုရင်ခံချုပ်ကို ကျုပ်တို့တိုင်းပြည်မှာအမျိုးသားရေးခေါင်းဆောင်တယောက်က သက်ဆိုးမရှည်ဘူး အသတ်ခံရမှာ ဆိုပြီးသေမှာကို ကြိုသိ ကြိုနိမိတ်ဖတ်ပြီး မိမိအသက်ကို တိုင်းပြည်အတွက်သိသိကြီးနဲ့ပေးဆပ်သွားတဲ့ ဒီလူကြီး

သြော် – – – – –

ဒီလိုလူကြီးမျိုးရဲ့ ဂုဏ်ကျေးဇူးကို ဘယ်လောက်ပဲ စာဖွဲ့ပါစေ ကုန်မယ် မထင်နိ ုင်တော့ပါဘူး….

ဒီလူကြီးကြောင့် ရခဲ့တဲ့ လွတ်လပ်ရေးနေ့ကိုရောက်တိုင်း မြန်မာပြည်သူပြည်သားတွေရဲ့ ရင်ထဲမှာ ဒီလူကြီးကို ထာဝရ ကျေးဇူးတင်ရှိနေမှာပါ….

ဖေဖေါ်ဝါရီတစ်ဆယ့်သုံးရက် ဇန်နဝါရီလေး ရက်နဲ့ ူူဇူလိုင် တစ်ဆယ့်ကိုး ရက်တွေရောက်တိုင် ဒီလူကြီးကို အမြဲတမ်း သတိယနေမယ်ဆိုတာ အသေအချာပါပဲ….

ရူးသွပ်တယ်ပဲ ပြောပါစေ…..နောင်တချိန် ဒီလိုလူကြီး ခေါင်းဆောင်တဲ့တိုင်းပြည်မှာ လူပြန်ဖြစ်မယ်ဆိုရင် အမြဲတမ်း ဖြစ်ရပါလို၏လို့ ဆုတောင်းပါတယ်…..။

share ခြင်းဖြင့် ဒီလူကြီးကို ဂုဏ်ပြုလိုက်ကြရအောင်ပါ…..ဦးမြင့်ခိုင်