ဝင်းနဲ့ဇော်ကိစ္စကလည်းခဏခဏရှင်းပြရတာမောတယ်

ၾကားသိရသမ်








unicode

အရေးထဲ လိပ်ကျွန်းလူသတ်မှု ဝင်းနဲ့ဇော်ကိစ္စကလည်းခဏခဏရှင်းပြရတာမောတယ်…..ငွေရချင်လို့ Like တောင်းတဲ့ပို့စ်ကတင်ကြတာကို ချင့်ယုံကြပါ….

ထိုင်းမှာ အထက်တရားရုံးက သေဒဏ်အမိန့်ချမှတ်ခံရတိုင်းချက်ချင်းကြီးသေဒဏ်ပေးလေ့မရှိသလို သူ့နိုင်ငံရဲ့အမြင့်မြတ်ဆုံးဘုရင်မင်းမြတ်ထံကို အသနားခံအယူခံတင်ခွင့်ရှိပါတယ်…..

ဘုရင့်ထံကပြန်ကျလို့သေဒဏ်မှလွတ်ငြိမ်းခွင့်ရရင်လည်းတစ်သက်တသက်ကျွန်းပါဘဲ…..ဒါပေမယ့် ဘုရင့်နန်းတွင်းက အသနားခံစာပြန်ကျမလာသေးပါဘူး….

ထိုင်းနိုင်ငံကအထက်တရားရုံးဘဲဖြစ်ဖြစ် အောက်တရားရုံးဘဲဖြစ်ဖြစ် ပြစ်မှုဆိုင်ရာချမှတ်တဲ့တရားရုံးအမိန့်တွေကို မည်သည့်ခရိုင်တရားရုံးမှာမဆို Link ချိတ်ထားတဲ့အတွက် ဝင်ရောက်ဖတ်ရှူ့လို့ရပါတယ်..အပြင်လူတော့မရပါဘူး….

ဒါ့ကြောင့်တရားရုံးကမိတ်ဆွေကတော့ဝင်းနဲ့ဇော်သတင်းနဲ့ပါတ်သက်ပြီး ဘာမှမထူးသေးသလို ဘုရင်ထံအယူခံဝင်ထားတဲ့ အသနားခံစာလည်းပြန်၍ကျမလာသေးကြောင်းအတည်ပြုပြောဆိုကြပါတယ်…..

နာမည်ကြီးသတင်းဌာနဖြစ်တဲ့ Thai PBS သတင်းဌာနကသတင်းထောက်ကိုမေးကြည့်တော့ သူတို့တွေ ဘာမှမသိရဘဲနဲ့ ဒီသတင်း မြန်မာပြည်ကိုခုန်ပေါက်ပြီး ချက်ချင်းဟိုးလေးတကြော်ဖြစ်သွားတာ တော်လိုက်တာဟုချီးကျူးသွားပါသည် ။

ဖြစ်ချင်တော့ ဒီနေ့တစ်နေ့လုံး ထိုင်းကရှေ့နေမိတ်ဆွေနဲ့ မြန်မာအလုပ်သမားအရေးဖြေရှင်းနေရတာနဲ့ ကွက်တိဖြစ်သွားတာပါ…..။ SiThu Maung / ငွေချူသည်ဟုခေါ်သည်