အမျိုးသား အားနည်းရောဂါများအတွက် စာရေးသူကိုယ်တွေ့ အားဆေး…

ကျန်းမာရေးဗဟုသုတ

အမ်ိဳးသား အားနည္းေရာဂါ ႏွင့္ ငါးၾကင္းသားဓာတ္စာ…

စာေရးသူကိုယ္ေတြ႕

အကုရခက္ေသာ အမ်ိဳးသားမ်ားတြင္ျဖစ္ေလ့ရွိေသာ ေရာဂါႏွစ္မ်ိဳးရွိသည္။ထိုေရာဂါႏွစ္မ်ိဳးမွာ ငယ္ ႐ြယ္သူမ်ားတြင္ သုက္လႊတ္ျမန္ေသာေရာဂါႏွင့္ အသက္ႀကီးသူမ်ားတြင္ ပန္းညႇိဳး၊ ပန္းေသေရာဂါမ်ားျဖစ္ သည္။

ထိုေရာဂါမ်ားအတြက္ ေဆးက်မ္းမ်ားတြင္ ပါဝင္သည့္ေဆးမ်ားမွာ ရွဥ့္မတက္ဥ၊ ေတာင္ၾကာဥ၊ စာ သူငယ္ဦးေႏွာက္၊ က်ားအား၊ ဝံသည္းေျခ၊ ခန္းေတာက္ျမစ္၊ ၾကာဝစၦံ စသည္မ်ားကို တစ္မယ္ျခင္းျဖစ္ေစ၊ အျခားေဆးအမယ္မ်ားႏွင့္ ေပါင္းစပ္၍ျဖစ္ေစ ေထာပတ္၊ မခမ္း၊ တင္လဲ၊ ပ်ားရည္တို႔ႏွင့္ ျဖစ္ေစေရာစပ္၍ တိုက္ေကြၽးေလ့ရွိပါသည္။

သက္သာသူမ်ား ေပ်ာက္ကင္းသူမ်ားရွိသလို ဘာမွ်မထူးျခားသူမ်ားလည္း ရွိပါ သည္။လြန္ခဲ့ေသာႏွစ္အနည္းငယ္က ဤေရာဂါမ်ိဳးကုသေပးဖူးေသာ လူနာမိတ္ေဆြတစ္ဦးႏွင့္ ျပန္လည္ ဆုံဆည္းပါသည္။

သူသည္ယခင္က အမ်ိဳးသားေရာဂါရရွိၿပီး စိတ္ပိုင္းဆိုင္ရာပါ ထိခိုက္လာသျဖင့္ လူကပိန္ ၿပီး မ်က္ကြင္းမ်ားညိဳကာ မ်က္လုံးမွာလည္း အေရာင္မေတာက္ေတာ့ဘဲ ေမွးမွိန္လွ်က္ရွိပါသည္။

သူ႔အတြက္ ေငြဘယ္ေလာက္ကုန္ကုန္ အေကာင္းဆုံးပရေဆးႏွင့္အားေဆးမ်ား ေဖာ္ေပးပါဆိုသျဖင့္ အားတိုးေဆးေပါင္း ခ်ဳပ္ ေဆးက်မ္းမ်ားမွ အေကာင္းဆုံးဆုံး တန္ဖိုးအႀကီးဆုံးေဆးမ်ား ေဖာ္ေပးခဲ့ပါသည္။

စာေရးသူမွတ္မိသမွ် ထိုသူကို ေဖာ္ေပးခဲ့ေသာ ေဆးအမယ္မ်ားတြင္ ရွားပါးသည့္ ကုံကမံ၊ ငွက္ သိုက္၊ ႀကံ့ေသြး၊ ေ႐ႊဆိုင္းစသည့္ အဖိုးတန္ေဆးအမယ္မ်ားပါသည္။သဘာဝငွက္သိုက္ဆိုလွ်င္ အက်ိဳး အပဲ့ပင္လွ်င္ တစ္က်ပ္သား တစ္ေသာင္းက်ပ္ခန႔္ ေပးရသည္။

အိႏၵိယမွလာသည့္ ႀကံ့ေသြးဆိုလွ်င္လည္း ဤသို႔ပင္ေပးရသည္။ ေဆးတစ္ဖုံေဖာ္လွ်င္ တစ္လစာေငြက်ပ္ ေလးသိန္း၊ ငါးသိန္း က်သင့္သည္။ သို႔ေသာ္ ၆ လခန႔္ စြဲစားသည့္တိုင္ သူ၏ ပန္းညႇိဳးေရာဂါမွာ ျပန္လည္လန္းဆန္းလာျခင္းမရွိပါ။

ယခု ၂ႏွစ္ ၃ ႏွစ္ျခားမွ သူ႔ကိုျပန္ေတြ႕ရေသာအခါ ေရွးယခင္ႏွင့္မတူ လန္းဆန္းတက္ႂကြေနၿပီး လူ အဂၤါ႐ုပ္မွာလည္း စိုေျပေနသျဖင့္ စကားစပ္ၿပီး ေမးျမန္းၾကည့္မိသည္။ သူ႔တြင္ ေရာဂါေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္သည့္ ဆရာေကာင္းေဆးနည္းေကာင္း ေတြ႕ၿပီဟုထင္သည္။

သူႏွင့္နီးစပ္ရာ လက္ဖက္ရည္ ဆိုင္တစ္ခုတြင္ထိုင္ၿပီး မွတ္စုစာအုပ္ပါဖြင့္၍ ေဆးနည္းမ်ားရလိုရျငား ေမးျမန္းေသာအခါ သူေျပာေသာ ေဆး နည္းမွာ စာေရးသူထင္မထားမိေသာ ေဆးနည္းျဖစ္ေနေပသည္။

သူ႔ေရာဂါေပ်ာက္ကင္းသြားေသာ ပန္းေသပန္းညႇိဳး ေပ်ာက္ႏိုင္သည့္ေဆးမွာ ငါးၾကင္းသားျဖစ္သည္ ဟုဆိုသည္။သူသည္ သူကဲ့သို႔ျဖစ္ဖူးေသာ လူတစ္ဦးႏွင့္ ေတြ႕ဆုံခဲ့သည္။ ထိုသူက သူ႔ကိုေဆးနည္းေပး သည္။

အိုင္ကေလာင္ဘက္မွ ဓာတ္စာဆရာႀကီး၏ ဓာတ္စာေပးေသာနည္း ျဖစ္သည္ဟု ဆိုသည္။ဆူၿဖိဳး၍ အေကာင္ႀကီးေသာ ျမစ္ငါးၾကင္းသား လတ္လတ္ဆတ္ဆတ္ကိုသာ ရေအာင္ရွာၿပီး ေန႔စဥ္ရက္ဆက္ ၇ ရက္ မွ ၁ လခန႔္အထိစားသုံးပါ။ ျပန္ၿပီးအားအင္ျပည့္ၿဖိဳး လန္းဆန္းလာပါလိမ့္မည္ ဟုဆိုသည္။

ထိုသို႔စားရာတြင္ တစ္ခုသတိျပဳရမည္မွာ ငါးၾကင္းကို ေၾကာ္မစားဖို႔ ျဖစ္သည္။ ေၾကာ္စားလွ်င္ ငါးၾကင္း၏အဆီဓာတ္မ်ား ေလာင္ကြၽမ္းသြားမည္။ အားေဆးမျဖစ္ေတာ့ ဟုဆိုသည္။

ေနာက္တစ္ခုသတိထားရန္မွာ ကန္မ်ားတြင္ ေမြး ျမဴသည့္ ငါးမျဖစ္ေစရ။ ျမစ္ေရကို စုန္ဆန္ကူးလာႏိုင္သည့္ ငါးၾကင္းမ်ိဳးက ပို၍ အားေဆးျဖစ္သည္ဟု ဆိုပါ သည္။ ဤသည္မွာ စာေရးသူ၏မိတ္ေဆြ ကိုယ္ေတြ႕ ေျပာျပခ်က္ျဖစ္ပါသည္။

ၾကည္လြင္ျမင့္(မုျဒာ)

unicode

အမျိုးသား အားနည်းရောဂါ နှင့် ငါးကြင်းသားဓာတ်စာ…

စာရေးသူကိုယ်တွေ့

အကုရခက်သော အမျိုးသားများတွင်ဖြစ်လေ့ရှိသော ရောဂါနှစ်မျိုးရှိသည်။ထိုရောဂါနှစ်မျိုးမှာ ငယ် ရွယ်သူများတွင် သုက်လွှတ်မြန်သောရောဂါနှင့် အသက်ကြီးသူများတွင် ပန်းညှိုး၊ ပန်းသေရောဂါများဖြစ် သည်။

ထိုရောဂါများအတွက် ဆေးကျမ်းများတွင် ပါဝင်သည့်ဆေးများမှာ ရှဉ့်မတက်ဥ၊ တောင်ကြာဥ၊ စာ သူငယ်ဦးနှောက်၊ ကျားအား၊ ဝံသည်းခြေ၊ ခန်းတောက်မြစ်၊ ကြာဝစ္ဆံ စသည်များကို တစ်မယ်ခြင်းဖြစ်စေ၊ အခြားဆေးအမယ်များနှင့် ပေါင်းစပ်၍ဖြစ်စေ ထောပတ်၊ မခမ်း၊ တင်လဲ၊ ပျားရည်တို့နှင့် ဖြစ်စေရောစပ်၍ တိုက်ကျွေးလေ့ရှိပါသည်။

သက်သာသူများ ပျောက်ကင်းသူများရှိသလို ဘာမျှမထူးခြားသူများလည်း ရှိပါ သည်။လွန်ခဲ့သောနှစ်အနည်းငယ်က ဤရောဂါမျိုးကုသပေးဖူးသော လူနာမိတ်ဆွေတစ်ဦးနှင့် ပြန်လည် ဆုံဆည်းပါသည်။

သူသည်ယခင်က အမျိုးသားရောဂါရရှိပြီး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာသဖြင့် လူကပိန် ပြီး မျက်ကွင်းများညိုကာ မျက်လုံးမှာလည်း အရောင်မတောက်တော့ဘဲ မှေးမှိန်လျှက်ရှိပါသည်။

သူ့အတွက် ငွေဘယ်လောက်ကုန်ကုန် အကောင်းဆုံးပရဆေးနှင့်အားဆေးများ ဖော်ပေးပါဆိုသဖြင့် အားတိုးဆေးပေါင်း ချုပ် ဆေးကျမ်းများမှ အကောင်းဆုံးဆုံး တန်ဖိုးအကြီးဆုံးဆေးများ ဖော်ပေးခဲ့ပါသည်။

စာရေးသူမှတ်မိသမျှ ထိုသူကို ဖော်ပေးခဲ့သော ဆေးအမယ်များတွင် ရှားပါးသည့် ကုံကမံ၊ ငှက် သိုက်၊ ကြံ့သွေး၊ ရွှေဆိုင်းစသည့် အဖိုးတန်ဆေးအမယ်များပါသည်။သဘာဝငှက်သိုက်ဆိုလျှင် အကျိုး အပဲ့ပင်လျှင် တစ်ကျပ်သား တစ်သောင်းကျပ်ခန့် ပေးရသည်။

အိန္ဒိယမှလာသည့် ကြံ့သွေးဆိုလျှင်လည်း ဤသို့ပင်ပေးရသည်။ ဆေးတစ်ဖုံဖော်လျှင် တစ်လစာငွေကျပ် လေးသိန်း၊ ငါးသိန်း ကျသင့်သည်။ သို့သော် ၆ လခန့် စွဲစားသည့်တိုင် သူ၏ ပန်းညှိုးရောဂါမှာ ပြန်လည်လန်းဆန်းလာခြင်းမရှိပါ။

ယခု ၂နှစ် ၃ နှစ်ခြားမှ သူ့ကိုပြန်တွေ့ရသောအခါ ရှေးယခင်နှင့်မတူ လန်းဆန်းတက်ကြွနေပြီး လူ အင်္ဂါရုပ်မှာလည်း စိုပြေနေသဖြင့် စကားစပ်ပြီး မေးမြန်းကြည့်မိသည်။ သူ့တွင် ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်သည့် ဆရာကောင်းဆေးနည်းကောင်း တွေ့ပြီဟုထင်သည်။

သူနှင့်နီးစပ်ရာ လက်ဖက်ရည် ဆိုင်တစ်ခုတွင်ထိုင်ပြီး မှတ်စုစာအုပ်ပါဖွင့်၍ ဆေးနည်းများရလိုရငြား မေးမြန်းသောအခါ သူပြောသော ဆေး နည်းမှာ စာရေးသူထင်မထားမိသော ဆေးနည်းဖြစ်နေပေသည်။

သူ့ရောဂါပျောက်ကင်းသွားသော ပန်းသေပန်းညှိုး ပျောက်နိုင်သည့်ဆေးမှာ ငါးကြင်းသားဖြစ်သည် ဟုဆိုသည်။သူသည် သူကဲ့သို့ဖြစ်ဖူးသော လူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုသူက သူ့ကိုဆေးနည်းပေး သည်။

အိုင်ကလောင်ဘက်မှ ဓာတ်စာဆရာကြီး၏ ဓာတ်စာပေးသောနည်း ဖြစ်သည်ဟု ဆိုသည်။ဆူဖြိုး၍ အကောင်ကြီးသော မြစ်ငါးကြင်းသား လတ်လတ်ဆတ်ဆတ်ကိုသာ ရအောင်ရှာပြီး နေ့စဉ်ရက်ဆက် ၇ ရက် မှ ၁ လခန့်အထိစားသုံးပါ။ ပြန်ပြီးအားအင်ပြည့်ဖြိုး လန်းဆန်းလာပါလိမ့်မည် ဟုဆိုသည်။

ထိုသို့စားရာတွင် တစ်ခုသတိပြုရမည်မှာ ငါးကြင်းကို ကြော်မစားဖို့ ဖြစ်သည်။ ကြော်စားလျှင် ငါးကြင်း၏အဆီဓာတ်များ လောင်ကျွမ်းသွားမည်။ အားဆေးမဖြစ်တော့ ဟုဆိုသည်။

နောက်တစ်ခုသတိထားရန်မှာ ကန်များတွင် မွေး မြူသည့် ငါးမဖြစ်စေရ။ မြစ်ရေကို စုန်ဆန်ကူးလာနိုင်သည့် ငါးကြင်းမျိုးက ပို၍ အားဆေးဖြစ်သည်ဟု ဆိုပါ သည်။ ဤသည်မှာ စာရေးသူ၏မိတ်ဆွေ ကိုယ်တွေ့ ပြောပြချက်ဖြစ်ပါသည်။

ကြည်လွင်မြင့်(မုဒြာ)