ထီမတိုက်ပဲ မပေါက်ဘူးဆိုပြီး အမှိုက်တောင်းထဲ ထည့်လိုက်တာ ထီသည်မှ ပေါက်တယ်ပြောလို့ အမှိုက်တောင်းထဲကပြန်ရှာ…

ၾကားသိရသမ်



ကျပ်သိန်းတစ်သာင်းဆု ဆွတ်ခူးရသွားသူကတော့ အုတ်တွင်းမြို့နယ် ခပေါင်းဈေးကုန်းမှ ကိုမြင့်သိန်း နှင့် မစန်းစန်းခိုင်တို့ဖြစ်ကြကြောင်း သိရပါတယ်။


 


 



unicode version

အုတ်တွင်းမြို့နယ်တွင် ပထမဦးဆုံးအကြိမ် ကျပ် သိန်းတစ်သောင်းဆုဆွတ်ခူး

အုတ်တွင်းမြို့နယ်တွင် ဇန်နဝါရီ ( ၁)ရက်နေ့တွင် ဖွင့်လစ်ခဲ့သော( ၁၁)ကြိမ်မြောက် အောင်ဘာလေထီ ကျပ် ၁ဝဝဝတန် မှ ဏ ၉၅၄၆၂၅ အက္ခရာဖြင့်

ကျပ်သိန်းတစ်သာင်းဆု ဆွတ်ခူးရသွားသူကတော့ အုတ်တွင်းမြို့နယ် ခပေါင်းစျေးကုန်းမှ ကိုမြင့်သိန်း နှင့် မစန်းစန်းခိုင်တို့ဖြစ်ကြကြောင်း သိရပါတယ်။

အဆိုပါထီလက်မှတ်အား မတိုက်ပဲ မပေါက်ဘူးဆိုပြီး အမှိုက်တောင်းထဲ ထည့်ပြီး ထီသည်မှ ပေါက်တယ်ပြောလို့ အမှိုက်တောင်းထဲကပြန်ရှာပြီး ထီလက်မှတ်ပြသခဲ့သည်ဟုလည်း သိရပါတယ် ။

” ထီပေါက်တာ ဟုတ်ပါတယ် သိန်း တစ်သောင်းဆုပါ လောလောဆယ် ရန်ကုန်ဘက် ရောက်ပြီး ကားမောင်းနေသည့်အတွက် ဖုန်း​နဲ့ပြောပြီး အသေးစိတ်ရှင်းပြလျှင် အစဉ်မပြေ၍ နောက်မှ ပြန်လည်ဆက်သွယ်ပေးပါဟု ” သိန်းတစ်သောင်း ဆုရှင် ကိုမြင့်သိန်းက ​ဆိုပါတယ်။

ကိုမြင့်သိန်းနှင့် မစန်းစန်းခိုင်တို့သည် ငွေကြေး ပြည့်စုံသူများဖြစ်ကာ အလှူးအတန်းရက်ရောသူများဖြစ်ကြကြောင်းလည်း ပတ်ဝန်းကျင်ပြောစကားအရ သိရသည်။

နေလင်းအောင်( တောင်ငူ )/ ဓာတ်ပုံ- Crd 14.1 2020