ဘဝတပါးပြောင်းတော့မယ့်ညမှာ သူ့ဘာသာပဲသရဏဂုံတင် အပြုံးလေးနဲ့ဝိဉာဉ်ချုပ်သွားတဲ့ဆရာလေး …

ၾကားသိရသမ်







အရှင်ပညာသီရိ

unicode

ဘဝတပါးပြောင်းတော့မယ့်ညမှာ ဆရာလေး ဓမ္မဒိန္နာက သူ့ဖခင်ကို ခုလိုပဲမှာသွားသတဲ့…

” ကိုယ့်မှာဘယ်လိုဒုက္ခနဲ့တွေ့တွေ့။ဘယ်လိုအခက်အခဲတွေရှိရှိ ( ဘယ်သူ့ကြောင့်လို့ )သူများကိုအပြစ်မပြောမိစေနဲ့။

သံသရာထိ၂- ခါနာလိမ့်မယ်။ မမှန်တဲ့စကားမို့ လူမုန်းများတာပဲ အဖတ်တင်မယ်။

ကိုယ့်အပြစ်ကို တွေ့အောင်ရှာ။ အကြောင်းကင်းတဲ့ အကျိုးတရားဆိုတာမရှိဘူး။ ” လို့ နောက်ဆုံးပြောသွားပြီး သူ့ဘာသာပဲသရဏဂုံတင်လိုက်တယ်။

ပြီးတော့တရားမှတ်ရင်းဝိဉာဉ် ချုပ်သွားတယ်။ အော်သံ ငြီးသံဘာမှမရှိ သက်တောင့်သက်သာပဲဝိဉာဉ်ချုပ်သွားတာ။

ဦးဇင်းမြင်တဲ့အတိုင်းလေ အလောင်းကြည့်တာ ပြုံးယောင်တောင်သန်းနေသေးတယ် – လို့သူမရဲ့ဖခင်ပြန်ပြောလာတဲ့ စကားကို တဆင့်သံဝေဂ ပွားနိုင်ရန် ဒီpost လေးကိုမျှဝေတင်ပို့လိုက်ပါတယ်။

အရှင်ပညာသီရိ