ရင်ထဲမှာအသက်ရှူမရအောင် ဆို့နင့်မိတယ်

ဗဟုသုတစုံ

ရင္​ထဲမွာအသက္​႐ွဴမရ​ေအာင္​ဆို႔နင္​့မိတယ္

သားတစ္ေယာက္ဟာ မိဘေတြေနတဲ့ ေမြးရပ္‌ေျမ ‌ေတာရြာေလးကို အလည္ျပန္လာတယ္ ။ဒါေပမဲ့ သူဟာ ခြင့္၂ ရက္ပဲရခဲ့လို့ တစ္ညတည္းအိပ္ၿပီး ေနာက္‌ေန႔မနက္ ‌ေစာေစာ ၆ နာရီေလာက္ ၿမိဳ့ကားအမွီ ထျပန္ရမွာပါ။

အဲ့ဒီည သားအမိႏွစ္ေယာက္သား ေရွးေဟာင္းေႏွာင္းျဖစ္ေတြ အလုပ္အကိုင္အ‌ေၾကာင္းေတြကို ထိုင္‌ေျပာၾကရင္း ညဥ့္ေတာ္ေတာ္နက္သြားတယ္ ။သြားမအိပ္ခင္ေလးမွာ သားျဖစ္သူဟာ သူ႔အေမကို ေနာင္တႀကီးစြာနဲ႔‌ ေျပာတာက….

“အေမရယ္…. သား ဒီတစ္ေခါက္ျပန္လာရတာ အရမ္းကို အေလာတစ္ႀကီးနိုင္လိုက္တာ။ ေနာက္တစ္ခါဆို သားအေမနဲ႔ အၾကာႀကီးေနလို့ရေအာင္ ႀကိဳးစားပါ့မယ္။ သားေလ အေမလုပ္ေကၽြးတဲ့ ငွက္ေပ်ာမုန႔္ဖက္ထုပ္ကို အရမ္းႀကိဳက္တာပဲ။ ဘယ္မွာပဲဝယ္စားစား အေမ့လက္ရာကို လုံးဝမမွီဘူး ”

သားရဲ့အ‌ေျပာ‌ေၾကာင့္ အေမ့ရဲ့မ်က္ႏွာမွာ ပီတိေတြနဲ႔ ျပဳံးသြားတယ္ ။ ‌ေျပာၿပီး‌တာနဲ႔ သားျဖစ္သူဟာ မနက္က် သူေစာေစာထရမွာမို့ အေမ့ကိုႏုတ္ဆက္ၿပီး အိပ္ခန္းဆီ သြားခဲ့တယ္ ။သားျဖစ္သူ သြားအိပ္ၿပီးတဲ့ေနာက္ အေမျဖစ္သူဟာ မအိပ္ခ်င္ေတာ့ဘူးလို့ ခံစားရတယ္။ သူမဟာ သူမအခန္းဆီေလၽွာက္သြားၿပီး အိပ္ေပ်ာ္ေနတဲ့ သူမခင္ပြန္းကို သြားႏွိုးတယ္ ။

“အဖိုးႀကီးေရ ….. ထပါအုံး။ ရွင္ရြာထဲသြားၿပီး ငွက္ေပ်ာရြက္နဲ႔ ဖီးၾကမ္း အမွည့္တစ္ဖီးေလာက္ သြားရွာၿပီး ‌ေတာင္းဝယ္လာခဲ့စမ္းပါ။ ရွင့္သားက ငွက္ေပ်ာမုန႔္ဖက္ထုပ္ စားခ်င္ရွာလို့တဲ့။ အဲ့တာ မနက္ေစာေစာ သူ မျပန္ခင္ေလး လုပ္ေကၽြးလိုက္ခ်င္လို့ ”

အိပ္ေပ်ာ္ေနရာက နိုးလာတဲ့အဖိုးႀကီးဟာ သူ႔မိန္းမကို ျပန္ေျပာတယ္ ။”ေအ,.. ငါအခုပဲ သြားရွာလာလိုက္မယ္ ” တဲ့ ေျပာၿပီး ထလာရင္း တိုင္မွာခ်ိတ္ထားတဲ့ အေႏြးထည္အႏြမ္းေလးကို ေကာက္စြပ္တယ္ ။

“အဖိုးႀကီး…… ရွင္သြားရင္ ‌ေျဖး‌ေျဖးေလၽွာက္သြား။ တံခါးလည္း ဖြဖြေလးပဲ ေစ့ထားခဲ့။ သားေလးချမာ ခုေလးတင္မွ အိပ္ေပ်ာ္သြားတာ။ မနက္က် အေစာႀကီးထရအုံးမွာ။ ေတာ္ၾကာနိုးသြားရင္ အိပ္ေရးမဝရွာပဲ ေနလိမ့္မယ္။ က်ဳပ္လဲ ဟိုဖက္အိမ္က လက္လွည့္ဆုံမွာ ေကာက္ညႇင္း သြားႀကိတ္ထားလိုက္အုန္းမယ္” တဲ့……

ခုခ်ိန္ဟာ ေဆာင္းဝင္ေနၿပီဆိုေတာ့ အျပင္မွာ ရာသီဥတုက ေအးေနၿပီ ။ အဖိုးအိုဟာ တစ္အိမ္ၿပီးတစ္အိမ္ လိုက္ေအာ္ႏွိုးရင္း ငွက္ေပ်ာ ဖက္နဲ႔ ငွက္ေပ်ာခိုင္ ေတာင္းဝယ္တယ္ ။ ရြာမွာက ငွက္ေပ်ာပင္ မစိုက္ၾကဘူး။ ရွိတဲ့အိမ္က်ေတာ့လည္း ဖီးၾကမ္းငွက္ေပ်ာ မဟုတ္ဘူး ။ ဒါေပမဲ့ အဖိုးအိုရဲ့ႀကိဳးစား‌မွု့ေၾကာင့္ ေနာက္ဆုံးမွာ ရြာထိပ္က အိမ္မွာ မွည့္ခါစဖီးၾကမ္းတစ္ခိုင္ ရွာဝယ္လို့ ရသြားတယ္ ။

“ညႀကီးမင္းႀကီး ဘယ္သူမ်ားလဲလို့….. အဘ ဦးလွိုင္ေမာင္ ကိုး …. ငွက္ေပ်ာခိုင္က မနက္ေဈးမွာ သြားေရာင္းမလို့ ခုတ္ထားၿပီးသား။ ငွက္ေပ်ာဖက္ကေတာ့ မခုတ္ရေသးဘူး။ အဘလိုခ်င္ရင္ ၿခံေနာက္မွာ လိုသေလာက္ ခုတ္ယူသြားလိုက္ပါ” လို့ အိမ္ရွင္က‌ေျပာတယ္ ။

ၿခံဟာ အိမ္နဲ႔ေတာ့ သိပ္မေဝးပါဘူး ။ ဒါေပမဲ့ ႏွင္းေတြရြဲေနတဲ့ ျမက္ေတာမွာ ေမွာင္ေမွာင္မဲမဲထဲ ညႇပ္ဖိနပ္ေလးနဲ႔ ျဖတ္ေလၽွာက္ရတာ သိပ္ေတာ့ မလြယ္လွပါဘူး။ အဖိုးႀကီးဟာ အိမ္ျပန္ေရာက္လာေတာ့ ည ၁၀ နာရီ ေက်ာ္ေနပါၿပီ။

လင္မယားႏွစ္ေယာက္သား ငွက္ေပ်ာဖက္ေတြကို ေဆး‌ေၾကာၾကၿပီး မုန႔္ထိုင္ထုတ္ေနၾကေတာ့ ည ၁နာရီ ေက်ာ္သြားပါၿပီ။ အမွန္ဆိုရင္ အဲ့ထက္ ေစာေစာ ၿပီးနိုင္ပါတယ္။ ဒါေပမဲ့ မီးထြန္းၿပီး လုပ္ေနၾကရင္ သူတို့သားေလး နိုးသြားမွာစိုးလို့ လက္ႏွိပ္ဓါတ္မီးနဲ႔ထိုးၿပီး တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ထုပ္‌ေနၾကတာပါ ။

၂နာရီေလာက္က်ေတာ့ ငွက္ေပ်ာဖက္ထုပ္ေတြ အဆင္သင့္ျဖစ္ေနပါၿပီ။ အဖိုးႀကီးနဲ႔အဖြားႀကီးဟာ ခဏေလာက္ ေမွးအိပ္လိုက္ၾကဖို့ ‌ေျပာၾကတယ္။ ဒါေပမဲ့ ခဏေနရင္ မုန႔္ဖက္ထုပ္ေတြ ေပါင္းရေတာ့မဲ့အတူတူ မနိုးမိပဲေနသြားမွာစိုးလို့ မအိပ္ၾကေတာ့ပါဘူး။

ဒီလိုနဲ႔ ရြာဦးေက်ာင္းက အုန္းေမာင္းသံသဲ့သဲ့ ၾကားေတာ့ မုန႔္ထုပ္ေတြကို မီးဖို‌မွာ တင္‌ေပါင္း ၾကတယ္။ မၾကာပါဘူး ၅နာရီခြဲေတာ့ သားျဖစ္သူရဲ့ဖုန္းက ႏွိုးစက္ျမည္သံနဲ႔အတူ သူတို့သားေလးဟာ နိုးလာၿပီး အိပ္ရာေတြသိမ္း အထုတ္အပိုး‌ေတြ ျပင္တယ္။

အဲ့အခ်ိန္မွာ မုန႔္ဖက္ထုပ္နံ့ေလးဟာ သင္းပ်ံ႕ၿပီး သူ႔ရဲ့ႏွာေခါင္းဝကို ေရာက္လာတယ္။ သူ႔စိတ္ထဲမွာ အေမ့လက္ရာ မုန႔္ဖက္ထုပ္ကို သတိရသြားရင္း “ဘယ္အိမ္ကမ်ား ေစာေစာစီးစီး မုန႔္ဖက္ထုပ္ လုပ္ေနတာပါလိမ့္…. ေမႊးလိုက္တာ ” လို့ ေတြးမိတယ္ ။

သူ အခန္းထဲကထြက္လိုက္ေတာ့ အဖိုးႀကီးနဲ႔အဖြားႀကီးဟာ မုန႔္ထည့္ထားတဲ့အိုးႀကီးကို ၂ေယာက္သား မထြက္လာတာနဲ႔ လာဆုံေနတယ္။အေမျဖစ္သူဟာ သူ႔သားကိုေတြ႕ေတာ့ “လာ…. လာ ငါ့သား…. မုန႔္ေတြအခုပဲ ေပါင္းအိုးထဲကထုတ္လာတာ။ ပူပူေႏြးေႏြးေလး ျဖစ္ေနတုန္း အရင္လာစားလိုက္။ ၿပီးေတာ့မွ သြားတိုက္လို့ရပါတယ္ ”

အ‌ေဖျဖစ္သူကလည္း “ဟုတ္တယ္….. ပူပူေႏြးေႏြးျဖစ္ေနတုန္း လာစား။ မင္းအေမက မင္းကို အရမ္းစားေစခ်င္ေနတာ။” ဆိုၿပီး မုန႔္ေတြ ပန္းကန္ထဲထည့္ရင္း ကမ္းေပးတယ္။သူဟာ အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့ မုန႔္ပန္းကန္ကို လွမ္းယူရင္း သူ႔ရဲ့အေဖနဲ႔အေမကို မယုံနိုင္တဲ့မ်က္လုံးနဲ႔ လွမ္းၾကည့္မိတယ္။

ညက သူ အေမ့ကို ေက်နပ္သြားေအာင္ ‌ေျမာက္‌ေျပာလိုက္တဲ့ စကားေလးတစ္ခြန္းအတြက္နဲ႔ အေမတို့ ဒီေလာက္အထိ အသဲအသန္ ျဖစ္သြားလိမ့္မယ္လို့ သူ မထင္ထားခဲ့မိဘူး။ အသက္ ၆၀ ေက်ာ္ေနတဲ့ အေဖနဲ႔အေမဟာ သူစားဖို့ မုန႔္ဖက္ထုပ္ကို တစ္ညလုံး မအိပ္ဘဲ လုပ္ေကၽြးခဲ့ၾကတယ္။

သူဟာ မုန႔္ကို ပါးစပ္က ဝါးေနရင္း အေဖနဲ႔အေမကို စိုက္ၾကည့္ၿပီး မ်က္ရည္ေတြ ပါးျပင္ေပၚ ဒလေဟာ စီးက်လာ‌ေတာ့တယ္။ဒီေလာကမွာ ကိုယ့္ကို အသက္ေလာက္ခ်စ္ပါတယ္ ဆိုတာ တကယ္ေတာ့ ဘယ္သူေတြမ်ားလဲေနာ္ ?

ကိုယ္ဟာဘယ္ေလာက္ပဲ လူလားေျမာက္ ႀကီးျပင္း လာတယ္ဆိုဆို မိဘေတြမ်က္လုံးထဲမွာ သားသမီးဆိုတာ ခ်စ္စရာ ခေလးငယ္ေလးေတြလိုပါပဲ။ ဘာေမ်ာ္လင့္ခ်က္မွ မထားပဲခ်စ္တာပါ ။

ဒီလိုအခ်စ္မ်ိဳးကို တစ္ျခားဘယ္သူစိမ္းဆီကမ်ား ရနိူင္အုံးမွာတဲ့လဲ ? …..လြပ္လပ္မွု ့ဆိုတာ လူတိုင္းအတြက္ ျဖစ္နိုင္ပါတယ္။ ကိုယ္ကသာ ေရြးခ်ယ္မလားဆိုတာ မူတည္သြားတာပါ။orginal writer / photo;facebook from

unicode

ရင်ထဲမှာအသက်ရှူမရအောင်ဆို့နင့်မိတယ်

သားတစ်ယောက်ဟာ မိဘတွေနေတဲ့ မွေးရပ်‌မြေ ‌တောရွာလေးကို အလည်ပြန်လာတယ် ။ဒါပေမဲ့ သူဟာ ခွင့်၂ ရက်ပဲရခဲ့လို့ တစ်ညတည်းအိပ်ပြီး နောက်‌နေ့မနက် ‌စောစော ၆ နာရီလောက် မြို့ကားအမှီ ထပြန်ရမှာပါ။

အဲ့ဒီည သားအမိနှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်တွေ အလုပ်အကိုင်အ‌ကြောင်းတွေကို ထိုင်‌ပြောကြရင်း ညဉ့်တော်တော်နက်သွားတယ် ။သွားမအိပ်ခင်လေးမှာ သားဖြစ်သူဟာ သူ့အမေကို နောင်တကြီးစွာနဲ့‌ ပြောတာက….

“အမေရယ်…. သား ဒီတစ်ခေါက်ပြန်လာရတာ အရမ်းကို အလောတစ်ကြီးနိုင်လိုက်တာ။ နောက်တစ်ခါဆို သားအမေနဲ့ အကြာကြီးနေလို့ရအောင် ကြိုးစားပါ့မယ်။ သားလေ အမေလုပ်ကျွေးတဲ့ ငှက်ပျောမုန့်ဖက်ထုပ်ကို အရမ်းကြိုက်တာပဲ။ ဘယ်မှာပဲဝယ်စားစား အမေ့လက်ရာကို လုံးဝမမှီဘူး ”

သားရဲ့အ‌ပြော‌ကြောင့် အမေ့ရဲ့မျက်နှာမှာ ပီတိတွေနဲ့ ပြုံးသွားတယ် ။ ‌ပြောပြီး‌တာနဲ့ သားဖြစ်သူဟာ မနက်ကျ သူစောစောထရမှာမို့ အမေ့ကိုနုတ်ဆက်ပြီး အိပ်ခန်းဆီ သွားခဲ့တယ် ။သားဖြစ်သူ သွားအိပ်ပြီးတဲ့နောက် အမေဖြစ်သူဟာ မအိပ်ချင်တော့ဘူးလို့ ခံစားရတယ်။ သူမဟာ သူမအခန်းဆီလျှောက်သွားပြီး အိပ်ပျော်နေတဲ့ သူမခင်ပွန်းကို သွားနှိုးတယ် ။

“အဖိုးကြီးရေ ….. ထပါအုံး။ ရှင်ရွာထဲသွားပြီး ငှက်ပျောရွက်နဲ့ ဖီးကြမ်း အမှည့်တစ်ဖီးလောက် သွားရှာပြီး ‌တောင်းဝယ်လာခဲ့စမ်းပါ။ ရှင့်သားက ငှက်ပျောမုန့်ဖက်ထုပ် စားချင်ရှာလို့တဲ့။ အဲ့တာ မနက်စောစော သူ မပြန်ခင်လေး လုပ်ကျွေးလိုက်ချင်လို့ ”

အိပ်ပျော်နေရာက နိုးလာတဲ့အဖိုးကြီးဟာ သူ့မိန်းမကို ပြန်ပြောတယ် ။”အေ,.. ငါအခုပဲ သွားရှာလာလိုက်မယ် ” တဲ့ ပြောပြီး ထလာရင်း တိုင်မှာချိတ်ထားတဲ့ အနွေးထည်အနွမ်းလေးကို ကောက်စွပ်တယ် ။

“အဖိုးကြီး…… ရှင်သွားရင် ‌ဖြေး‌ဖြေးလျှောက်သွား။ တံခါးလည်း ဖွဖွလေးပဲ စေ့ထားခဲ့။ သားလေးခမြာ ခုလေးတင်မှ အိပ်ပျော်သွားတာ။ မနက်ကျ အစောကြီးထရအုံးမှာ။ တော်ကြာနိုးသွားရင် အိပ်ရေးမဝရှာပဲ နေလိမ့်မယ်။ ကျုပ်လဲ ဟိုဖက်အိမ်က လက်လှည့်ဆုံမှာ ကောက်ညှင်း သွားကြိတ်ထားလိုက်အုန်းမယ်” တဲ့……

ခုချိန်ဟာ ဆောင်းဝင်နေပြီဆိုတော့ အပြင်မှာ ရာသီဥတုက အေးနေပြီ ။ အဖိုးအိုဟာ တစ်အိမ်ပြီးတစ်အိမ် လိုက်အော်နှိုးရင်း ငှက်ပျော ဖက်နဲ့ ငှက်ပျောခိုင် တောင်းဝယ်တယ် ။ ရွာမှာက ငှက်ပျောပင် မစိုက်ကြဘူး။ ရှိတဲ့အိမ်ကျတော့လည်း ဖီးကြမ်းငှက်ပျော မဟုတ်ဘူး ။ ဒါပေမဲ့ အဖိုးအိုရဲ့ကြိုးစား‌မှု့ကြောင့် နောက်ဆုံးမှာ ရွာထိပ်က အိမ်မှာ မှည့်ခါစဖီးကြမ်းတစ်ခိုင် ရှာဝယ်လို့ ရသွားတယ် ။

“ညကြီးမင်းကြီး ဘယ်သူများလဲလို့….. အဘ ဦးလှိုင်မောင် ကိုး …. ငှက်ပျောခိုင်က မနက်ဈေးမှာ သွားရောင်းမလို့ ခုတ်ထားပြီးသား။ ငှက်ပျောဖက်ကတော့ မခုတ်ရသေးဘူး။ အဘလိုချင်ရင် ခြံနောက်မှာ လိုသလောက် ခုတ်ယူသွားလိုက်ပါ” လို့ အိမ်ရှင်က‌ပြောတယ် ။

ခြံဟာ အိမ်နဲ့တော့ သိပ်မဝေးပါဘူး ။ ဒါပေမဲ့ နှင်းတွေရွဲနေတဲ့ မြက်တောမှာ မှောင်မှောင်မဲမဲထဲ ညှပ်ဖိနပ်လေးနဲ့ ဖြတ်လျှောက်ရတာ သိပ်တော့ မလွယ်လှပါဘူး။ အဖိုးကြီးဟာ အိမ်ပြန်ရောက်လာတော့ ည ၁၀ နာရီ ကျော်နေပါပြီ။

လင်မယားနှစ်ယောက်သား ငှက်ပျောဖက်တွေကို ဆေး‌ကြောကြပြီး မုန့်ထိုင်ထုတ်နေကြတော့ ည ၁နာရီ ကျော်သွားပါပြီ။ အမှန်ဆိုရင် အဲ့ထက် စောစော ပြီးနိုင်ပါတယ်။ ဒါပေမဲ့ မီးထွန်းပြီး လုပ်နေကြရင် သူတို့သားလေး နိုးသွားမှာစိုးလို့ လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုပ်‌နေကြတာပါ ။

၂နာရီလောက်ကျတော့ ငှက်ပျောဖက်ထုပ်တွေ အဆင်သင့်ဖြစ်နေပါပြီ။ အဖိုးကြီးနဲ့အဖွားကြီးဟာ ခဏလောက် မှေးအိပ်လိုက်ကြဖို့ ‌ပြောကြတယ်။ ဒါပေမဲ့ ခဏနေရင် မုန့်ဖက်ထုပ်တွေ ပေါင်းရတော့မဲ့အတူတူ မနိုးမိပဲနေသွားမှာစိုးလို့ မအိပ်ကြတော့ပါဘူး။

ဒီလိုနဲ့ ရွာဦးကျောင်းက အုန်းမောင်းသံသဲ့သဲ့ ကြားတော့ မုန့်ထုပ်တွေကို မီးဖို‌မှာ တင်‌ပေါင်း ကြတယ်။ မကြာပါဘူး ၅နာရီခွဲတော့ သားဖြစ်သူရဲ့ဖုန်းက နှိုးစက်မြည်သံနဲ့အတူ သူတို့သားလေးဟာ နိုးလာပြီး အိပ်ရာတွေသိမ်း အထုတ်အပိုး‌တွေ ပြင်တယ်။

အဲ့အချိန်မှာ မုန့်ဖက်ထုပ်နံ့လေးဟာ သင်းပျံ့ပြီး သူ့ရဲ့နှာခေါင်းဝကို ရောက်လာတယ်။ သူ့စိတ်ထဲမှာ အမေ့လက်ရာ မုန့်ဖက်ထုပ်ကို သတိရသွားရင်း “ဘယ်အိမ်ကများ စောစောစီးစီး မုန့်ဖက်ထုပ် လုပ်နေတာပါလိမ့်…. မွှေးလိုက်တာ ” လို့ တွေးမိတယ် ။

သူ အခန်းထဲကထွက်လိုက်တော့ အဖိုးကြီးနဲ့အဖွားကြီးဟာ မုန့်ထည့်ထားတဲ့အိုးကြီးကို ၂ယောက်သား မထွက်လာတာနဲ့ လာဆုံနေတယ်။အမေဖြစ်သူဟာ သူ့သားကိုတွေ့တော့ “လာ…. လာ ငါ့သား…. မုန့်တွေအခုပဲ ပေါင်းအိုးထဲကထုတ်လာတာ။ ပူပူနွေးနွေးလေး ဖြစ်နေတုန်း အရင်လာစားလိုက်။ ပြီးတော့မှ သွားတိုက်လို့ရပါတယ် ”

အ‌ဖေဖြစ်သူကလည်း “ဟုတ်တယ်….. ပူပူနွေးနွေးဖြစ်နေတုန်း လာစား။ မင်းအမေက မင်းကို အရမ်းစားစေချင်နေတာ။” ဆိုပြီး မုန့်တွေ ပန်းကန်ထဲထည့်ရင်း ကမ်းပေးတယ်။သူဟာ အငွေ့တစ်ထောင်းထောင်းထနေတဲ့ မုန့်ပန်းကန်ကို လှမ်းယူရင်း သူ့ရဲ့အဖေနဲ့အမေကို မယုံနိုင်တဲ့မျက်လုံးနဲ့ လှမ်းကြည့်မိတယ်။

ညက သူ အမေ့ကို ကျေနပ်သွားအောင် ‌မြောက်‌ပြောလိုက်တဲ့ စကားလေးတစ်ခွန်းအတွက်နဲ့ အမေတို့ ဒီလောက်အထိ အသဲအသန် ဖြစ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။ အသက် ၆၀ ကျော်နေတဲ့ အဖေနဲ့အမေဟာ သူစားဖို့ မုန့်ဖက်ထုပ်ကို တစ်ညလုံး မအိပ်ဘဲ လုပ်ကျွေးခဲ့ကြတယ်။

သူဟာ မုန့်ကို ပါးစပ်က ဝါးနေရင်း အဖေနဲ့အမေကို စိုက်ကြည့်ပြီး မျက်ရည်တွေ ပါးပြင်ပေါ် ဒလဟော စီးကျလာ‌တော့တယ်။ဒီလောကမှာ ကိုယ့်ကို အသက်လောက်ချစ်ပါတယ် ဆိုတာ တကယ်တော့ ဘယ်သူတွေများလဲနော် ?

ကိုယ်ဟာဘယ်လောက်ပဲ လူလားမြောက် ကြီးပြင်း လာတယ်ဆိုဆို မိဘတွေမျက်လုံးထဲမှာ သားသမီးဆိုတာ ချစ်စရာ ခလေးငယ်လေးတွေလိုပါပဲ။ ဘာမျော်လင့်ချက်မှ မထားပဲချစ်တာပါ ။

ဒီလိုအချစ်မျိုးကို တစ်ခြားဘယ်သူစိမ်းဆီကများ ရနိူင်အုံးမှာတဲ့လဲ ? …..လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာ ရွေးချယ်မလားဆိုတာ မူတည်သွားတာပါ။orginal writer / photo;facebook from