ဓမ္မရာဇက ဘုရားနားက စိတ်ထားကောင်းပြီး နှလုံးသားလှတဲ့ ပုဂံသူလေး…

ၾကားသိရသမ်

ကြၽန္ေတာ့္ Family မ်ား ဒီပိုစ့္ေလးကို ဆံုးေအာင္ ဖတ္ေပးပါေနာ္…please….

ဒီပံုထဲက သမီးေလးဟာ ကြၽန္ေတာ့္ရဲ႕ သမီးေလးလို ခ်စ္ရတဲ့ ပုဂံသူေလးပါ။ သူ႔နာမည္က ေအးျမသင္းေက်ာ္ ျဖစ္ပါတယ္။

သူက ဓမၼရာဇက ဘုရား​ေရွ႕မွာ အမွတ္တရပစၥည္းေလးေတြ ​ေရာင္းၿပီး သူ႕အေမနဲ႔အတူ ေအးေအးခ်မ္းခ်မ္း ေနထိုင္ပါတယ္။

လစဥ္ကြၽန္ေတာ္တို႔ အနာဂတ္ၾကယ္ပြင့္ေလးမ်ား Safe House ကို ၂၅၀၀၀ လႉတာ ႏွစ္ခ်ီၾကာၿပီ။(ေရေဘး ေတြ ၊ တျခား ပရဟိတေတြမွာလည္း လွမ္းလႉေပး႐ွာတယ္..)

သူ႔ဆီက အလႉေငြေရာက္တိုင္း ကြၽန္ေတာ္ ပီတိစိတ္နဲ႔အတူ စိတ္မေကာင္းလည္း ျဖစ္ရပါတယ္။

ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီေငြေၾကးဟာ သူ႔အတြက္ မ်ားျပားတဲ့ ပမာဏ တစ္ခုျဖစ္ေနလို႔ပါပဲ။

တစ္ခါတုန္းကဆို သူစီးေနတဲ့ ဖိနပ္ေလး ေဟာင္းေနလို႔ အသစ္ဝယ္ဖို႔ ပိုက္ဆံစုေနတယ္ဆိုၿပီး ပိုစ့္ေလးတင္ထားတာ ေတြ႔ဖူးတယ္။

သိပ္မၾကာခင္ကပဲ ကြၽန္ေတာ့္ဆီ အလႉေငြ ႏွစ္ေသာင္းခြဲ လႉထားတာမို႔ ကြၽန္ေတာ္ ပိုၿပီးစိတ္ထိခိုက္ရပါတယ္။

ကြၽန္ေတာ္ သမီးေလးကို ဘာျပန္ေပးႏို္င္မလဲ စဥ္းစားတဲ့အခါ ကြၽန္ေတာ္ သူ႔ဆိုင္ေလးကို ေၾကာ္ျငာဖို႔ပဲ တတ္ႏိုင္ပါတယ္။

ထူးထူးျခားျခား ဘာမွ မဟုတ္ပါဘူး…..ပုဂံသြားရင္ ေနရာအႏွံ႔မွာ အလြယ္တကူ ဝယ္လို႔ရတဲ့ အမွတ္တရ အက်ႌ လံုခ်ည္ ဦးထုတ္ မ်က္မွန္ေလးေတြပါပဲ..

ဒါေပမဲ့ (ျဖစ္ႏိုင္ရင္) ဓမၼရာဇက ဘုရားေရာက္တဲ့အခါ သူဆိုင္ေလးမွာ တကူးတက အားေပးၾကပါလို႔ ကြၽန္ေတာ့္ မိတ္ေဆြမ်ားကို ခ်စ္ခင္စြာ လက္တို႔ပါရေစ..။

ဆိုင္နာမည္လည္း မ႐ွိပါဘူး….ဒါေပမဲ့ အလြယ္တကူ သိႏိုင္တာက ဓမၼရာဇက ဘုရားဝင္ေပါက္နဲ႔ အနီးဆံုး အစြန္ဆံုး ဆိုင္ဟာ သူတို႔ဆိုင္ပါပဲ..။

(ဒါေလးကို မွတ္ထားေပးပါေနာ္..ဓမၼရာဇက ဘုရား ဝင္ေပါက္နဲ႔အနီးဆံုး ၊ အစြန္ဆံုး ဆိုင္ဆိုရင္ မမွားပါဘူး..ဘယ္ ညာ ႏွစ္ဆိုင္လံုးဟာ သူနဲ႔ သူ႔မိခင္ တစ္ဆိုင္စီ ထိုင္ၾကတာပါ..)

သူဟာ ကြၽန္ေတာ့္ သမီးလို ခ်စ္ရတဲ့ သူမို႔ကြၽန္ေတာ့္ကို ခ်စ္ခင္ အားေပးတဲ့ Family မ်ား ပုဂံေရာက္တဲ့အခါ သူ႔ဆိုင္မွာလည္း ခ်စ္ခင္စြာ အားေပးၾကပါအံုးေနာ္….။

ေက်းဇူဒျပဳျပီး ရွဲလ္ေပးျခင္းျဖင့္ ျပန္လည္မွ်ေ၀ေပးၾကပါအုန္းေနာ္….။ကိုစိုးထိုက္ (ဖဒို)

unicode

ကျွန်တော့် Family များ ဒီပိုစ့်လေးကို ဆုံးအောင် ဖတ်ပေးပါနော်…please….

ဒီပုံထဲက သမီးလေးဟာ ကျွန်တော့်ရဲ့ သမီးလေးလို ချစ်ရတဲ့ ပုဂံသူလေးပါ။ သူ့နာမည်က အေးမြသင်းကျော် ဖြစ်ပါတယ်။

သူက ဓမ္မရာဇက ဘုရားရှေ့မှာ အမှတ်တရပစ္စည်းလေးတွေ ရောင်းပြီး သူ့အမေနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ပါတယ်။

လစဉ်ကျွန်တော်တို့ အနာဂတ်ကြယ်ပွင့်လေးများ Safe House ကို ၂၅၀၀၀ လှူတာ နှစ်ချီကြာပြီ။(ရေဘေး တွေ ၊ တခြား ပရဟိတတွေမှာလည်း လှမ်းလှူပေးရှာတယ်..)

သူ့ဆီက အလှူငွေရောက်တိုင်း ကျွန်တော် ပီတိစိတ်နဲ့အတူ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ဒီငွေကြေးဟာ သူ့အတွက် များပြားတဲ့ ပမာဏ တစ်ခုဖြစ်နေလို့ပါပဲ။

တစ်ခါတုန်းကဆို သူစီးနေတဲ့ ဖိနပ်လေး ဟောင်းနေလို့ အသစ်ဝယ်ဖို့ ပိုက်ဆံစုနေတယ်ဆိုပြီး ပိုစ့်လေးတင်ထားတာ တွေ့ဖူးတယ်။

သိပ်မကြာခင်ကပဲ ကျွန်တော့်ဆီ အလှူငွေ နှစ်သောင်းခွဲ လှူထားတာမို့ ကျွန်တော် ပိုပြီးစိတ်ထိခိုက်ရပါတယ်။

ကျွန်တော် သမီးလေးကို ဘာပြန်ပေးနိုင်မလဲ စဉ်းစားတဲ့အခါ ကျွန်တော် သူ့ဆိုင်လေးကို ကြော်ငြာဖို့ပဲ တတ်နိုင်ပါတယ်။

ထူးထူးခြားခြား ဘာမှ မဟုတ်ပါဘူး…..ပုဂံသွားရင် နေရာအနှံ့မှာ အလွယ်တကူ ဝယ်လို့ရတဲ့ အမှတ်တရ အင်္ကျီ လုံချည် ဦးထုတ် မျက်မှန်လေးတွေပါပဲ..

ဒါပေမဲ့ (ဖြစ်နိုင်ရင်) ဓမ္မရာဇက ဘုရားရောက်တဲ့အခါ သူဆိုင်လေးမှာ တကူးတက အားပေးကြပါလို့ ကျွန်တော့် မိတ်ဆွေများကို ချစ်ခင်စွာ လက်တို့ပါရစေ..။

ဆိုင်နာမည်လည်း မရှိပါဘူး….ဒါပေမဲ့ အလွယ်တကူ သိနိုင်တာက ဓမ္မရာဇက ဘုရားဝင်ပေါက်နဲ့ အနီးဆုံး အစွန်ဆုံး ဆိုင်ဟာ သူတို့ဆိုင်ပါပဲ..။

(ဒါလေးကို မှတ်ထားပေးပါနော်..ဓမ္မရာဇက ဘုရား ဝင်ပေါက်နဲ့အနီးဆုံး ၊ အစွန်ဆုံး ဆိုင်ဆိုရင် မမှားပါဘူး..ဘယ် ညာ နှစ်ဆိုင်လုံးဟာ သူနဲ့ သူ့မိခင် တစ်ဆိုင်စီ ထိုင်ကြတာပါ..)

သူဟာ ကျွန်တော့် သမီးလို ချစ်ရတဲ့ သူမို့ကျွန်တော့်ကို ချစ်ခင် အားပေးတဲ့ Family များ ပုဂံရောက်တဲ့အခါ သူ့ဆိုင်မှာလည်း ချစ်ခင်စွာ အားပေးကြပါအုံးနော်….။

ကျေးဇူဒပြုပြီး ရှဲလ်ပေးခြင်းဖြင့် ပြန်လည်မျှဝေပေးကြပါအုန်းနော်….။ကိုစိုးထိုက် (ဖဒို)