ျမန္​မာ့ဂုဏ္​​ေဆာင္​ ​ေရႊတိဂုံ ဘုရား​ေပၚက မျဖစ္​သင္​့​ေသာ ျဖစ္​ရပ္​တခု….

ဗဟုသုတစုံ

 

ျမန္​မာ့ဂုဏ္​​ေဆာင္​ ​ေရႊတိဂုံ ဘုရား​ေပၚက မျဖစ္​သင္​့​ေသာ ျဖစ္​ရပ္​တခု….

ဒီေန႕ေရႊတိဂံုဘုရားေပၚမွာ ဂ်ပန္တစ္ေယာက္ကိုဓာတ္ပံုရိုက္ေပးရင္းနဲ႕ဟိုဟာဒီဟာေျပာတုန္း ျမန္မာျပည္ကဘုရားတက္ခေတာ္ေတာ္ ေပးရတာပဲေနာ္တဲ့။

ျမန္မာနိုင္ငံသားေတြကမေပးရပါဘူး။နိုင္ငံျခားသားဆို၈၀၀၀ေပးရပါတယ္လို႕ေျပာေတာ့ သူက ၃၀၀၀၀ေပးခဲ့ရတယ္လို႕ေျပာပါတယ္။

အဲဒါနဲ႕ေစ်းတက္သြားျပီလားလို႕ ဓာတ္ေလွကားကလူကိုေမးၾကည့္ေတာ့ ဒီအတိုင္းပါဘဲ။ပုဆိုးငွားရင္စရံ၃၀၀၀ယူပါတယ္တဲ့။

ဒါနဲ႕ေတာင္ဘက္မုဒ္ နိုင္ငံျခားသားေကာင္တာေရာက္ေတာ့ w(လူေတြ႕တာနဲ႕မ်က္နွာစပ်က္ေနတဲ့) ဝန္ထမ္းေတြကို အက်ိဳးအေၾကာင္းေမးၾကည့္ေတာ့ဝင္ခရယ္၊ ပုဆိုးကေရာင္းေပးလိုက္တဲ့အတြက္၅၀၀၀ရယ္၊ အားလံုးေပါင္း ၁၃၀၀၀ပါတဲ့။

ဟုတ္မယ္ေလ၊ အဂၤလိပ္လို 『Thirteen w』လို႕ေျပာတာကို ဂ်ပန္ကနားၾကားမွားျပီး『Thirty』လို႕ထင္ျပီး၅၀၀၀တန္၆ ရြက္ထုတ္ေပးလိုက္တာေပါ့။

ဒါနဲ႕သူက၅၀၀၀တန္၆ရြက္ေပးလိုက္တာျပန္မအမ္းဘူးလို႕ေျပာတယ္လို႕ဆိုေတာ့၊အဒါကိုလက္ခံလိုက္တဲ့လူကျပန္သြားလို႕ဆိုျပီးဖုန္းဆက္ၾကည့္မယ္ဘာညာေျပာ။

ဖုန္းဆက္ျပန္ေတာ့ကၽြန္ေတာ္တို႕စာရင္းစစ္ေနတုန္းမို႕မသိရေသးပါဘူးတဲ့။မမွတ္မိဘူးတဲ့ေျပာတယ္။

၁၃၀၀၀ကိုဘယ္လိုမွားမွား ၅၀၀၀တန္ေပးတာကိုအေၾကြျပန္မေပးတာကိုကအဓိပၸါယ္မရွိဘူးဘာညာေျပာမွဒါဆိုရင္ျပန္အမ္းေပးပါမယ္ဆိုျပီးစာရင္းေတာင္မစစ္ပဲ၁၇၀၀၀ျပန္အမ္းတယ္။

ဘာျဖစ္လို႕လဲ……???

အဲဒီဂ်ပန္ေလးဟာအသက္၂၀ပဲရိွေသးတဲ့တကၠသိုလ္ေက်ာင္းသားေလးပါ။

ကၽြန္ေတာ္ထင္တယ္သူဟာကိုယ့္ဘာသာကိုအခ်ိန္ပိုင္းအလုပ္ေတြလုပ္ပိုက္ဆံစုျပီးေက်ာင္းပိတ္ရက္ေလးမွာနိုင္ငံျခားကိုလာေရာက္ေလ့လာေနတာပါ။

ျမန္မာျပီးရင္ထိုင္းတို႕အေရွ႕ေတာင္အာရွနို္င္ငံေတြလဲသြားဦးမယ္လို႕ေျပာပါတယ္။

သူရဲ႕နိုင္ငံျခားအေတြ႕အၾကံဳမွာကၽြန္ေတာ္တို႕ျမန္မာလူမ်ိဳးေတြဟာw『လစ္သိုမိေပး』ေတြဆိုျပီးထင္သြားတာဟာအရမ္းဝမ္းနဲဖို႕ေကာင္းပါတယ္။

ကေလးေပါက္စစီက၁၇၀၀၀ယူျပီးဦးေလးၾကီးတို႕ဘယ္မွာသြားသံုးၾကမလို႕လဲ???

ေရႊတိဂံုဘုရားမွာအလုပ္လုပ္ေနတဲ့ဝန္ထမ္းမ်ားသို႕မိမိသည္ဘုရားေျမေပၚမွာအလုပ္လုပ္ေနသည္ ဆိုသည္ကို သိတတ္နားလည္ဖို႕ေတာင္းပန္ပါတယ္။

ေရႊတိဂံုဘုရားဆိုတာ ျမန္မာနိုင္ငံရဲ႕ w『မ်က္နွာ』ပါ။

မိမိေၾကာင့္နိုင္ငံရဲ႕မ်က္နွာ၊ ဗုဒၶဘာသာကို『အိုးမဲမသုပ္မိေစပါနဲ႕』လို႕ေျပာခ်င္ပါတယ္….။

santhit

Unicode

မြန်​မာ့ဂုဏ်​​ဆောင်​ ​ရွှေတိဂုံ ဘုရား​ပေါ်က မဖြစ်​သင်​့​သော ဖြစ်​ရပ်​တခု

ဒီနေ့ရွှေတိဂုံဘုရားပေါ်မှာ ဂျပန်တစ်ယောက်ကိုဓာတ်ပုံရိုက်ပေးရင်းနဲ့ဟိုဟာဒီဟာပြောတုန်း မြန်မာပြည်ကဘုရားတက်ခတော်တော် ပေးရတာပဲနော်တဲ့။

မြန်မာနိုင်ငံသားတွေကမပေးရပါဘူး။နိုင်ငံခြားသားဆို၈၀၀၀ပေးရပါတယ်လို့ပြောတော့ သူက ၃၀၀၀၀ပေးခဲ့ရတယ်လို့ပြောပါတယ်။

အဲဒါနဲ့စျေးတက်သွားပြီလားလို့ ဓာတ်လှေကားကလူကိုမေးကြည့်တော့ ဒီအတိုင်းပါဘဲ။ပုဆိုးငှားရင်စရံ၃၀၀၀ယူပါတယ်တဲ့။

ဒါနဲ့တောင်ဘက်မုဒ် နိုင်ငံခြားသားကောင်တာရောက်တော့ w(လူတွေ့တာနဲ့မျက်နှာစပျက်နေတဲ့) ဝန်ထမ်းတွေကို အကျိုးအကြောင်းမေးကြည့်တော့ဝင်ခရယ်၊ ပုဆိုးကရောင်းပေးလိုက်တဲ့အတွက်၅၀၀၀ရယ်၊ အားလုံးပေါင်း ၁၃၀၀၀ပါတဲ့။

ဟုတ်မယ်လေ၊ အင်္ဂလိပ်လို 『Thirteen w』လို့ပြောတာကို ဂျပန်ကနားကြားမှားပြီး『Thirty』လို့ထင်ပြီး၅၀၀၀တန်၆ ရွက်ထုတ်ပေးလိုက်တာပေါ့။

ဒါနဲ့သူက၅၀၀၀တန်၆ရွက်ပေးလိုက်တာပြန်မအမ်းဘူးလို့ပြောတယ်လို့ဆိုတော့၊အဒါကိုလက်ခံလိုက်တဲ့လူကပြန်သွားလို့ဆိုပြီးဖုန်းဆက်ကြည့်မယ်ဘာညာပြော။

ဖုန်းဆက်ပြန်တော့ကျွန်တော်တို့စာရင်းစစ်နေတုန်းမို့မသိရသေးပါဘူးတဲ့။မမှတ်မိဘူးတဲ့ပြောတယ်။

၁၃၀၀၀ကိုဘယ်လိုမှားမှား ၅၀၀၀တန်ပေးတာကိုအကြွေပြန်မပေးတာကိုကအဓိပ္ပါယ်မရှိဘူးဘာညာပြောမှဒါဆိုရင်ပြန်အမ်းပေးပါမယ်ဆိုပြီးစာရင်းတောင်မစစ်ပဲ၁၇၀၀၀ပြန်အမ်းတယ်။

ဘာဖြစ်လို့လဲ…..???

အဲဒီဂျပန်လေးဟာအသက်၂၀ပဲရှိသေးတဲ့တက္ကသိုလ်ကျောင်းသားလေးပါ။

ကျွန်တော်ထင်တယ်သူဟာကိုယ့်ဘာသာကိုအချိန်ပိုင်းအလုပ်တွေလုပ်ပိုက်ဆံစုပြီးကျောင်းပိတ်ရက်လေးမှာနိုင်ငံခြားကိုလာရောက်လေ့လာနေတာပါ။

မြန်မာပြီးရင်ထိုင်းတို့အရှေ့တောင်အာရှနို်င်ငံတွေလဲသွားဦးမယ်လို့ပြောပါတယ်။

သူရဲ့နိုင်ငံခြားအတွေ့အကြုံမှာကျွန်တော်တို့မြန်မာလူမျိုးတွေဟာw『လစ်သိုမိပေး』တွေဆိုပြီးထင်သွားတာဟာအရမ်းဝမ်းနဲဖို့ကောင်းပါတယ်။

ကလေးပေါက်စစီက၁၇၀၀၀ယူပြီးဦးလေးကြီးတို့ဘယ်မှာသွားသုံးကြမလို့လဲ???

ရွှေတိဂုံဘုရားမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းများသို့မိမိသည်ဘုရားမြေပေါ်မှာအလုပ်လုပ်နေသည် ဆိုသည်ကို သိတတ်နားလည်ဖို့တောင်းပန်ပါတယ်။

ရွှေတိဂုံဘုရားဆိုတာ မြန်မာနိုင်ငံရဲ့ w『မျက်နှာ』ပါ။

မိမိကြောင့်နိုင်ငံရဲ့မျက်နှာ၊ ဗုဒ္ဓဘာသာကို『အိုးမဲမသုပ်မိစေပါနဲ့』လို့ပြောချင်ပါတယ်…..။

santhit