“ဒီဇင်ဘာ (၂၆)ရက်နေ့မှာ နေ (မီးကွင်း)ကြတ်မည်”

ၾကားသိရသမ်

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ (၂၆) ရက္၊ ကရင္ႏွစ္သစ္ကူးေန႔မွာေတာ့.. ေန (မီးကြင္း) ၾကတ္ျခင္း (Annular Solar Eclipse) ျဖစ္စဥ္ျဖစ္ေပၚမွာျဖစ္ၿပီး.. က်ေနာ္တို႔ ျမန္မာႏိုင္ငံမွလည္း ေန တပိုင္းၾကတ္ျခင္းကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ေနၾကတ္ျခင္းဟာ လကြယ္ေန႔ 🌚 မွာသာျဖစ္ၿပီး.. လၾကတ္ျခင္းကိုေတာ့ လျပည့္ 🌕 ေန႔မွာသာ ျမင္ေတြ႕ရတာ ျဖစ္ပါတယ္။

ေနၾကတ္ျခင္းဟာ ကမာၻနဲ႔ ေနအၾကား လ ေရာက္ရွိၿပီး အဲ့ဒီ့လရဲ႕အရိပ္ဟာ ကမာၻေပၚသို႔ က်ေရာက္သြားျခင္း ျဖစ္ပါတယ္။ လအရိပ္က်ေရာက္တဲ့ ေဒသေတြမွာ ေနကို မျမင္ရေတာ့ပဲ ေနၾကတ္ျခင္းကိုသာ ခဏတာ ေတြ႕ျမင္ရတာျဖစ္ပါတယ္။ ေနၾကတ္ခ်ိန္မွာ လ ေရာက္ရွိတဲ့ေနရာ (အကြာအေဝး) ေပၚမူတည္ၿပီး ေနကို အျပည့္ဖုံးအုပ္ျခင္း (တနည္း) ေနအျပည့္ၾကတ္ျခင္း နဲ႔ ေနကို အလယ္မွ ျဖတ္ပိတ္ျခင္း (ေနမီးကြင္းၾကတ္ျခင္း) ဆိုၿပီး ခြဲျခားလို႔ရပါတယ္။

ေနမီးကြင္းၾကတ္ျခင္းမွာ လ ေရာက္ရွိတဲ့ေနရာဟာ ကမာၻမွ အတန္ငယ္ေဝးကြာေသာေၾကာင့္ လရဲ႕ အ႐ြယ္အစားဟာ ေနရဲ႕အ႐ြယ္အစားထက္ ေသးငယ္ၿပီး ေနကို အျပည့္အဝ မဖုံးကြယ္ႏိုင္ျခင္းေၾကာင့္.. ေနရဲ႕ ေဘးႏႈတ္ခမ္းသားမ်ားဟာ မီးကြင္းတစ္ခုလို ျဖစ္ေပၚရျခင္း ျဖစ္ပါတယ္။ ယခုတေခါက္ ေနမီးကြင္းျဖစ္ျခင္းကို ေဆာ္ဒီအာေရးဗီးယား၊ အိႏၵိယ ေတာင္ပိုင္း၊ သိရိလကၤာေျမာက္ပိုင္း၊ အိႏၵိယ သမုဒၵရာ နဲ႔ အင္ဒိုနီးရွားႏိုင္ငံမွသည္ ပစိဖိတ္သမုဒၵရာ အထိ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ (ေျမပုံ)

ျမန္မာႏိုင္ငံမွာေတာ့ ေနတျခမ္းၾကတ္ျခင္းကိုသာ ျမင္ေတြ႕ရမွာျဖစ္ၿပီး.. ေတာင္ဘက္ျခမ္းက်တဲ့ ေဒသေတြမွာ ပိုျမင္ရပါမယ္။ ေနၾကတ္မယ့္ အခ်ိန္ကေတာ့ ဒီဇင္ဘဘာလ (၂၆) ရက္ နံနက္ ၉ နာရီ ၄၆ မိနစ္မွ ၁၂ နာရီ ၅၆ မိနစ္အထိျဖစ္ပါတယ္။ အမ်ားဆုံး (အျမင့္ဆုံး) ၾကတ္ခ်ိန္ ၁၁ နာရီ ၁၆ မိနစ္မွာေတာင္ (၅၀%) ေလာက္သာ ဖုံးအုပ္မွာျဖစ္လို႔.. ေနကို အကာအကြယ္မပါပဲ မ်က္စိျဖင့္ တိုက္႐ိုက္မၾကည့္ဖို႔ အထူးမွာၾကားလိုပါတယ္။

 

ေနၾကတ္ျခင္းကို ၾကည့္ရႈႏိုင္မယ့္ ေနၾကည့္ မ်က္မွန္ကို က်ေနာ္တို႔ အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူပစၥည္းဆိုင္မွ ေရာင္းခ်ေပးေနပါတယ္။ (ပုံ)။ ေနၾကတ္ျခင္းအေၾကာင္းကို တတိယတန္း၊ စတုထၳတန္း၊ ဆဌမတန္း သိပၸံနဲ႔ ပထဝီ သင္ခန္းစာမ်ားမွာ က်ေနာ္တို႔ သက္ၾကားၾကရပါတယ္။ ဒီတႀကိမ္ကေတာ့.. လက္ေတြ႕ျမင္ရမွာပါ။ ၂၀၂၀ ခုႏွစ္ ဇြန္လ (၂၁) ရက္ေန႔မွာ ေနာက္တႀကိမ္ထပ္မံ ျမင္ရၿပီးလွ်င္ေတာ့.. ဆယ္စုႏွစ္ အေတာ္ၾကာသည္အထိ ျမန္မာႏိုင္ငံမွ ေနၾကတ္ျခင္းကို မေတြ႕ရေတာ့ပါ။

 

 

ေနာက္တႀကိမ္ ျပန္လည္ၿပီး ျမန္မာႏိုင္ငံကိုျဖတ္ေက်ာ္မယ့္ ေနၾကတ္ျခင္းဟာ ၂၀၇၄ ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္ေန႔ပဲ ျဖစ္ပါေတာ့တယ္..။

အနာဂတ္ပညာေရးအတြက္… သန႔္ဦး (အာကာသႏွင့္စၾကဝဠာ သင္ေထာက္ကူမ်ား)

unicode

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်၊ ကရင်နှစ်သစ်ကူးနေ့မှာတော့.. နေ (မီးကွင်း) ကြတ်ခြင်း (Annular Solar Eclipse) ဖြစ်စဉ်ဖြစ်ပေါ်မှာဖြစ်ပြီး.. ကျနော်တို့ မြန်မာနိုင်ငံမှလည်း နေ တပိုင်းကြတ်ခြင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နေကြတ်ခြင်းဟာ လကွယ်နေ့ 🌚 မှာသာဖြစ်ပြီး.. လကြတ်ခြင်းကိုတော့ လပြည့် 🌕 နေ့မှာသာ မြင်တွေ့ရတာ ဖြစ်ပါတယ်။

နေကြတ်ခြင်းဟာ ကမ္ဘာနဲ့ နေအကြား လ ရောက်ရှိပြီး အဲ့ဒီ့လရဲ့အရိပ်ဟာ ကမ္ဘာပေါ်သို့ ကျရောက်သွားခြင်း ဖြစ်ပါတယ်။ လအရိပ်ကျရောက်တဲ့ ဒေသတွေမှာ နေကို မမြင်ရတော့ပဲ နေကြတ်ခြင်းကိုသာ ခဏတာ တွေ့မြင်ရတာဖြစ်ပါတယ်။ နေကြတ်ချိန်မှာ လ ရောက်ရှိတဲ့နေရာ (အကွာအဝေး) ပေါ်မူတည်ပြီး နေကို အပြည့်ဖုံးအုပ်ခြင်း (တနည်း) နေအပြည့်ကြတ်ခြင်း နဲ့ နေကို အလယ်မှ ဖြတ်ပိတ်ခြင်း (နေမီးကွင်းကြတ်ခြင်း) ဆိုပြီး ခွဲခြားလို့ရပါတယ်။

နေမီးကွင်းကြတ်ခြင်းမှာ လ ရောက်ရှိတဲ့နေရာဟာ ကမ္ဘာမှ အတန်ငယ်ဝေးကွာသောကြောင့် လရဲ့ အရွယ်အစားဟာ နေရဲ့အရွယ်အစားထက် သေးငယ်ပြီး နေကို အပြည့်အဝ မဖုံးကွယ်နိုင်ခြင်းကြောင့်.. နေရဲ့ ဘေးနှုတ်ခမ်းသားများဟာ မီးကွင်းတစ်ခုလို ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ယခုတခေါက် နေမီးကွင်းဖြစ်ခြင်းကို ဆော်ဒီအာရေးဗီးယား၊ အိန္ဒိယ တောင်ပိုင်း၊ သိရိလင်္ကာမြောက်ပိုင်း၊ အိန္ဒိယ သမုဒ္ဒရာ နဲ့ အင်ဒိုနီးရှားနိုင်ငံမှသည် ပစိဖိတ်သမုဒ္ဒရာ အထိ မြင်တွေ့ရမှာဖြစ်ပါတယ်။ (မြေပုံ)

မြန်မာနိုင်ငံမှာတော့ နေတခြမ်းကြတ်ခြင်းကိုသာ မြင်တွေ့ရမှာဖြစ်ပြီး.. တောင်ဘက်ခြမ်းကျတဲ့ ဒေသတွေမှာ ပိုမြင်ရပါမယ်။ နေကြတ်မယ့် အချိန်ကတော့ ဒီဇင်ဘဘာလ (၂၆) ရက် နံနက် ၉ နာရီ ၄၆ မိနစ်မှ ၁၂ နာရီ ၅၆ မိနစ်အထိဖြစ်ပါတယ်။ အများဆုံး (အမြင့်ဆုံး) ကြတ်ချိန် ၁၁ နာရီ ၁၆ မိနစ်မှာတောင် (၅၀%) လောက်သာ ဖုံးအုပ်မှာဖြစ်လို့.. နေကို အကာအကွယ်မပါပဲ မျက်စိဖြင့် တိုက်ရိုက်မကြည့်ဖို့ အထူးမှာကြားလိုပါတယ်။

နေကြတ်ခြင်းကို ကြည့်ရှုနိုင်မယ့် နေကြည့် မျက်မှန်ကို ကျနော်တို့ အာကာသနှင့် စကြဝဠာ သင်ထောက်ကူပစ္စည်းဆိုင်မှ ရောင်းချပေးနေပါတယ်။ (ပုံ)။ နေကြတ်ခြင်းအကြောင်းကို တတိယတန်း၊ စတုထ္ထတန်း၊ ဆဌမတန်း သိပ္ပံနဲ့ ပထဝီ သင်ခန်းစာများမှာ ကျနော်တို့ သက်ကြားကြရပါတယ်။ ဒီတကြိမ်ကတော့.. လက်တွေ့မြင်ရမှာပါ။ ၂၀၂၀ ခုနှစ် ဇွန်လ (၂၁) ရက်နေ့မှာ နောက်တကြိမ်ထပ်မံ မြင်ရပြီးလျှင်တော့.. ဆယ်စုနှစ် အတော်ကြာသည်အထိ မြန်မာနိုင်ငံမှ နေကြတ်ခြင်းကို မတွေ့ရတော့ပါ။

နောက်တကြိမ် ပြန်လည်ပြီး မြန်မာနိုင်ငံကိုဖြတ်ကျော်မယ့် နေကြတ်ခြင်းဟာ ၂၀၇၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ပဲ ဖြစ်ပါတော့တယ်..။

အနာဂတ်ပညာရေးအတွက်…သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူများ)